အောက်တိုဘာ ၂၇ရက် ၂၀၂၂

အီလွန်က တွဒ်တာကို ဝယ်တဲ့လုပ်ငန်းစဥ်ကို ကနေ့ အပြီးသတ်လိုက်ပြီး တွဒ်တာက လက်ရှိစီအီးအိုအပါအဝင် ထိပ်ပိုင်းတော်တော်များများကို ဖြုတ်ပြစ်လိုက်ပါပြီ။ သူ့ရဲ့ တွဒ်တာအကောင့် ဘိုင်အိုကိုလည်း ချိဖ်တွဒ်(​တွဒ်ချုပ်ကြီး)လို့ ပြောင်းထားသလို မနေ့က တွဒ်တာရုံးချုပ်ကို သွားတုန်းကလည်း Let that sink in! ဆိုတာကို သရုပ်ပါအောင် လက်ဆေးခွက်ကြီး သယ်ပြီး ဝင်ချသွားတာပါ။ ဒီမနက်တော့ သူဘာကြောင့် တွဒ်တာကို ဝယ်ရတယ်ဆိုတာကို အောက်ပါအတိုင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ “လူတွေက ငါတွဒ်တာကို ဝယ်ရတဲ့အကြောင်းနဲ့ ကြော်ငြာတွေအပေါ် ငါဘယ်လိုထင်တယ်ဆိုတာကို မှန်းပြောနေကြတာ၊ အများစုက မှားနေပါတယ်။ ငါတွဒ်တာကို ဝယ်ရတာက အနာဂတ်လူ့ဘောင်အတွက်  ဘယ်လို ယုံကြည်မှုမျိုးရှိတဲ့သူမဆို လာရောက်ပြီး အကြမ်းဖက်ခြင်းမပြုပဲ ကောင်းကောင်းမွန်မွန် ဆွေးနွေးငြင်းခုံနိုင်တဲ့ ဒစ်ဂျစ်တယ်ရင်ပြင်လိုမျိုး ရှိဖို့ အရေးကြီးလို့ပါပဲ။ အခုအချိန်မှာ ဆိုရှယ်မီဒီယာတွေမှာContinue reading “အောက်တိုဘာ ၂၇ရက် ၂၀၂၂”

အောက်တိုဘာ ၂၆, ၂၀၂၂

ဒီဘိတ်တွေ ကြည့်ရတာလည်း ခန္တီပါရမီ တော်တော်မွေးရပါတယ်။ တချိန်လုံးက ရေနံတူးခွင့် ပိတ်ပင်ဖို့၊ ၃၈ပတ်မိခင်လောင်းကို မွေးဖျက်ဖျက်ဖို့တောင် ဆော်သြနေခဲ့တဲ့ ဒီမိုကရက်တွေက ဒီဘိတ်မှာကျတော့ ရေနံတူးခွင့်ပြုမှာလိုလို၊ ရိုးဗီဝိဒ်စီရင်ထုံးအတိုင်းပဲ ပြန်ဖြစ်စေချင်တာလိုလိုနဲ့ ညာချ ဝါးချပြီး မုသားရွှင်ရွှင်နဲ့ ပြည်သူကို အထင်သေးစော်ကားသွားကြပါတယ်။ ဘိုင်ကြီးလည်း ရကပွဲမတိုင်ခင်က အဲဒီလိုပဲ ရေနံတူးတာနဲ့ အသက်မွေးတဲ့ပြည်နယ်တွေရောက်ရင် ရေနံတူးရမှာပေါ့လို့ ပြောပြီး တခြားပြည်နယ်တွေရောက်ရင် ပေးမတူးဘူးလို့ ဗလောင်းဗလဲ ပြောပြန်ပါတယ်။ ကိုယ်ဝန်ကိစ္စလည်း အဲဒီလိုပါပဲ။ ဟိုလူမေးတမျိုး၊ ဒီလူမေးတမျိုးပါ။ အိမ်ဖြူရောက်မှ လုပ်ချင်တာလုပ်တာပါ။ ဟူစိန်လဲဒီလိုပါပဲ။ ရိုးဗီဝိဒ်စီရင်ထုံးမှာတောင် ပထမ၃လပဲ မိခင်သဘောနဲ့ ဖျက်ခွင့်ပေးတာပါ၊ ဒုတိယ ၃လက မိခင်ကျန်းမာရေးထိခိုက်မှ ဆိုင်ရာပြည်နယ် ဥပဒေနဲ့အညီ ဆုံးဖြတ်ရတာဖြစ်ပြီး တတိယ၃လကိုတော့ ကလေးက အပြင်မှာ ရှင်နိုင်တဲ့အတွက် ဖျက်ခွင့် မပြုထားပါဘူး။ အဲဒါကိုContinue reading “အောက်တိုဘာ ၂၆, ၂၀၂၂”

အောက်တိုဘာ ၂၃ရက် ၂၀၂၂

တရုပ်ပြည်မှာ ပါတီရဲ့ အထွေထွေညီလာခံနောက်ဆုံးရက်မှာပဲ လက်ရှိသမ္မတ ရှီကျင့်ပင်မတိုင်ခင်ကသမ္မတလုပ်ခဲ့တဲ့ ဟူကျင်တောင်ကို အစည်းအဝေးခန်းမထဲကနေ ရှီရဲ့ အစောင့်တွေက ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီရက်မှာပဲ ဟူကျင်တောင်က မိန့်ခွန်းပြောဖို့ စီစဥ်ထားတာပါ။ ဆင်ဟွာက ကျန်းမာရေးကြောင့်လို့ သတင်းထုတ်ပေမယ့် အဲဒီလိုမဟုတ်တာ ကမ္ဘာက မြင်သွားပါပြီ။ ကမ္ဘာဆိုပေမယ့် အဲဒီဗီဒီယိုကိုတော့ တရုပ်ပြည်တွင်းမှာ လုံးဝ အစဖျောက်ထားတာပါ။ ပါတီအစည်းအဝေး ကျင်းပခဲ့တဲ့ရက်တွေမှာ ဘေကျင်းမှာ အလုပ်အသစ်တခု ဖန်တီးထားတာ တွေ့ရပါတယ်။ ကုန်းကျော်တံတား စောင့်ကြည့်သူတွေပါ။ အဲဒီလူတွေက ကုန်းကျော်တံတားတွေကနေ ရှီကို ဆန့်ကျင်တဲ့ ဘန်နာတွေ လာမချိတ်အောင် တားဆီးရပါတယ်။ ဒီကြားထဲ တချို့က ချိတ်ဖြစ်အောင် ချိတ်သွားပါသေးတယ်။   ဟူကျင်တောင်ဟာ သူ့မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ ကျန်ဇီမင်ရဲ့ တပည့်တဦးဖြစ်ပြီး ရှီက ကျန်ကို သစ္စာခံသူတွေကို ခြစားမှုလို့ သမုတ်ပြီးContinue reading “အောက်တိုဘာ ၂၃ရက် ၂၀၂၂”

အောက်တိုဘာ ၂၀ ရက် ၂၀၂၂

ဂျာမဏီနိုင်ငံ ဝုလ်ဖ်ဘာ့ဂ်မြို့က ဈေးကြီးတဲ့ ပေါ့ရှ်ကားအရောင်းပြခန်းမှာ ကလိုင်းမိတ်ဆန္ဒပြသူတွေက သူတို့လက်တွေကို ကားပြခန်းကြမ်းပြင်မှာ ကော်နဲ့ ကပ်ထားကြပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ သူတို့ဖြစ်ချင်တာက ဂျာမဏီရဲ့ ပို့ဆောင်ရေးကဏ္ဍကို ကာဘွန်ထုတ်လွှင့်မှုကင်းအောင်အထိ ဆောင်ရွက်ဖို့အတွက် အစိုးရကို ဖိအားပေးချင်တာလို့ ဆိုပါတယ်။ သူတို့က ကာဗွန်ထုတ်လွှင့်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး လူသန်းပေါင်းများစွာ သေကုန်မယ်ဆိုတဲ့ စာတွေ ပြခန်းအနှံ့ လိုက်ကပ်ထားကြပါသေးတယ်။ အဆိုပါအမျှော်အမြင်ကြီးမားသူများ မတွေးမိတာက သူတို့လက်တွေကို ကြမ်းပြင်မှာကော်နဲ့ ကပ်ထားရင် အပေါ့အလေး ထသွားဖို့ မဖြစ်နိုင်ဘူးဆိုတာပါ။ ရှိုးရွမ်းကိုပဲ အပေါ့အလေးသွားဖို့ ခွက်စီစဥ်မပေးလို့ အပြစ်တင်ကြပါတယ်။ ပြခန်းတာဝန်ခံတွေကလည်း ညဖက်ပြခန်းပိတ်ချိန်မှာ အပူပေးစနစ်ကို ထုံးစံအတိုင်း ပိတ်လိုက်တဲ့အတွက် သဘာဝမင်းသားများ သဘာဝကျကျ နေရတဲ့အရသာကို မြည်းစမ်းကြည့်ခွင့်တော့ ရကြမှာဖြစ်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုကြောင့် နှစ်ပေါင်း ရာနဲ့ချီကြာမှ ၁ ဒီဂရီလောက်Continue reading “အောက်တိုဘာ ၂၀ ရက် ၂၀၂၂”

အောက်တိုဘာ ၁၉ ရက် ၂၀၂၂

ကြီးသထက် ကြီးမြင့်လာနေတဲ့ ငွေဖောင်းပွမှုကြောင့် ပြည်သူတွေ ကျပ်တည်းလာကြတာကို တုန့်ပြန်ဖို့အတွက် ပြည်တွင်းအခွန်က ၂၀၂၃အတွက် standard deduction ကို တဦးကို ၉၀၀တိုးပြီး နှုတ်ခွင့်ပေးလိုက်ပါတယ်။ အပတ်စဥ်/လစဥ် ရတဲ့ လုပ်ခတွေထဲက ပိုနှုတ်ခွင့်ရသွားတဲ့အတွက် အခွန်နှုတ်ပြီး ကျန်တဲ့ အသားတင်ဝင်ငွေ အနည်းငယ် တိုးသွားမှာဖြစ်ပါတယ်။ အမေရိကန်မှာ နှစ်ပတ်တခါ (သောက်ြာတပတ်ခြား) (သို့) တလနှစ်ကြိမ် (၁၅ရက်နဲ့ လကုန်ရက်) လုပ်ခရှင်းလေ့ရှိကြတဲ့အတွက် တဦးကို တကြိမ်မှာ ၃၂-၃၅ဒေါ်လာလောက် ပိုကျန်မှာဖြစ်ပါတယ်။ တနေ့ကို ၂ဒေါ်လာစွန်းစွန်းလောက်ဆိုပါတော့။ ငွေဖောင်းပွမှုနှုန်းကို လိုက်ပြီး standard deduction ကို ညှိပေးကြရတာဖြစ်တဲ့အတွက် အဲဒီနှုန်းကလည်း ငွေဖောင်းပွမှုလိုပဲ ၁၉၈၅နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ရတဲ့ ဝင်ငွေအပေါ်မှာ ကင်းလွတ်ခွင့်ကိုလည်း ၂၀၂၃မှာ တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ အခွန်လျော့တာနဲ့အတူContinue reading “အောက်တိုဘာ ၁၉ ရက် ၂၀၂၂”

အောက်တိုဘာ ၁၈ ရက် ၂၀၂၂

မစ်တမ်းရကပွဲတွေ နီးကပ်လာတဲ့အချိန်မှာ တဖက်နဲ့တဖက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေပါတယ်။ ဟိုးနှစ်ပေါင်းများစွာတုန်းကတော့ ပြည်သူအများရှေ့မှာ တဖက်နဲ့တဖက် မူတွေချပြပြီး ကိုယ့်မူက သာလွန်ကြောင်း အကျိုးများကြောင်း ဒီဘိတ်လုပ်ကြတာပါ။ တဖက်နဲ့ တဖက် အပြန်အလှန် မေးခွန်းထုတ်တာ ထောက်တာ ငြင်းတာတွေ လုပ်ခဲ့ကြသလို ပြည်သူကပါ ဝင်ပြီး မေးခွန်းထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ခေတ်ဒီမိုကရက်တွေကတော့ အလွန်ကောင်းမွန်သင့်မြတ်တဲ့ အစဥ်အလာကို စွန့်ပယ်ပြီး မျက်နှာချင်းဆိုင် ဒီဘိတ်လုပ်ကြဖို့ကို တီဆားပက်သလောက် ကြောက်နေကြတာဟာ အဆင့်ဆင့်သော ရွေးကောက်ပွဲတိုင်းလိုလိုမှာ ဖြစ်ပါတယ်။ မလွှဲမရှောင်နိုင်တဲ့ အဆုံးမှာမှ တချို့က တကြိမ်လောက်သာ လုပ်ဖို့သဘောတူကြပြီး အဲဒါကလည်း သူတို့စည်းကမ်းတွေကို လိုက်လျောမှ သဘောတူကြတာဖြစ်ပါတယ်။ အရီဇိုးနားဂါဗာနာပြိုင်ပွဲမှာ ရီပါဘလစ်ကန်ဘက်ကပြိုင်မယ့် ထရမ့်ထောက်ခံပေးထားတဲ့ သတင်းသမား ကယ်ရီလိတ်ခ်က ဒီမိုကရက်ပြိုင်ဖက် ကေတီဟော့ဘ်စ်ကို ဒီဘိတ်လုပ်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တာမှာ ကေတီကလည်းContinue reading “အောက်တိုဘာ ၁၈ ရက် ၂၀၂၂”

အောက်တိုဘာ ၁၅, ၂၀၂၂

ဥရောပမှာ ဆောင်းဦးကာလရောက်နေပြီး မကြာခင် ဆောင်းဝင်တော့မှာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းကလူတွေအတွက် နိုင်ငံတကာအစိုးရတွေက အကူအညီတွေ ပို့ကြဦးမှာ ဖြစ်ပါတယ်။ယူကရိန်းကို ထောက်ခံစာနာကြတဲ့သူတွေ အမေရိကန်မှာရော ကမ္ဘာမှာပါ အများကြီးမှ အများကြီးပါ။ တကယ်တမ်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး ကူညီတာမျိုးကတော့ တော်တော်လေး နည်းပါတယ်။ စစ်ဖြစ်တာကြိုက်သူတွေက နှစ်ပါတီစလုံးမှာ ရှိနေတာဖြစ်ပြီး တကယ်ငြိမ်းချမ်းရေးရဖို့ ဖိဖိစီးစီး ဝင်ဆွေးနွေးပေး၊ စစ်ကို တားမြစ်နိုင်ဖို့ နည်းလမ်းသစ်ရှာတာမျိုး၊ ထိရောက်တဲ့ အကူအညီပေးသူကတော့ နှစ်ပါတီလုံးမှာ နည်းပါတယ်။ စစ်ပွဲသက်ဆိုးရှည်အောင်နဲ့ စားကောင်းဝါးကောင်းအောင်လောက်သာ လုပ်နေကြသလိုပါပဲ။ အဲဒီထဲမှာ အီလွန်က စတားလင့်ခ်ဂြိုလ်တုတွေ ထောက်ပံ့ပေးထားတာဖြစ်ပြီး အဲဒီစားရိတ်က ဒီနှစ်ကုန်ဆို သန်း၁၀၀ကျော်သွားတော့မယ်လို့ ဆိုပါတယ်။ အဲဒီလောက် အကုန်ခံ အပင်ပန်းခံပြီး ကူညီထားတဲ့အီလွန်ကိုတောင် ယူကရိန်းကို ဝေဖန်တာနဲ့ပဲ ပူတင့်လူလို့ သမုတ်နေကြသေးတာပါ။ ဖိုင်နန်ရှယ်တိုင်းမ်စ်ကလည်း စတားလင့်ကContinue reading “အောက်တိုဘာ ၁၅, ၂၀၂၂”

အောက်တိုဘာ ၁၁, ၂၀၂၂

မစ်တမ်းရကပွဲနဲ့ ပတ်သက်ပြီး ဆက်ရမယ်ဆိုရင် သယ်ဗျူးတီဗီအစီအစဥ်က တင်ဆက်သူတဦးဖြစ်တဲ့ ဆန်နီဟို့စ်တင်က မဲပေးသူတွေက ငွေဖောင်းပွမှုထက် ကဝဖျက်ချပိုင်ခွင့်ကို ပိုအလေးထားကြတယ်လို့ ဆိုပါတယ်။ နေ့စေ့လစေ့ (သို့) အရှင်မွေးလာပြီးတောင်မှ မိခင်က မလိုချင်ဘူးဆိုရင် အစတုံးပေးဖို့ အကြီးအကျယ် တွန်းနေတဲ့ ကယ်လီဖိုးနီးယားလို အပြာရင့်ပြည်နယ်တွေမှာ မျိုးပွားမှုလွတ်လပ်ခွင့်အဖြစ်နဲ့ မဲပေါ်ရောက်နေကြပါပြီ။ အဲဒါက လှည့်ဖျားထားတဲ့ ခေါင်းစဥ်သာ ဖြစ်ပါတယ်။ အမှန်တကယ် ဒီတိုင်းပြည်မှာ လွတ်လွတ်လပ်လပ်ကြီးကို မျိုးပွားလို့ ရပါတယ်။ ဘယ်သူမှ မချုပ်ချယ်ထားပါဘူး။ ပိုသင့်တော်တဲ့ ခေါင်းစဥ်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းမရှိ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးတဲ့ အသက်လေးတွေကို လွတ်လွတ်လပ်လပ် အစတုံးနိုင်ခွင့်လို့ ပြောရင် ပိုမှန်မှာပါ။ ဟို့စ်တင်က အခုလို ပြောရတာဟာ အမျိုးသမီးမဲပေးမယ့်သူ အရည်အတွက် အများကြီး တိုးလာတာကြောင့်လို့ ဆိုပါတယ်။​ စီအန်အန်က စစ်တမ်းဂုရုContinue reading “အောက်တိုဘာ ၁၁, ၂၀၂၂”

မစ်တမ်းရွေးကောက်ပွဲ

မစ်တမ်းရွေးကောက်ပွဲက တလတောင် မလိုတော့တဲ့အချိန်မှာ စစ်တမ်းတွေအရ လွှတ်တော်မှာ ဒီမိုခွက်တွေ အရေးနိမ့်မယ့် အခြေအနေကို ဖေးကူဖို့ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေကြပါပြီ။ စပိန်စကားပြော တောင်အမေရိကဖွားတွေကို ဆွယ်ယူဖို့ စပိန်စကားပြောရေဒီယိုချန်နယ်တွေ ဝယ်ယူမှိုင်းတိုက်တာကို အမွှေစိန်က ထောက်ပံ့ပေးထားပါတယ်။ လူမည်းတွေမဲအတွက်တော့ ဟူစိန့်မိန်းမ ကျောထောက်နောက်ခံပေးထားတဲ့ လူမည်းဒိတ်တင်းဂရုကနေ မဲမပေးရင် ပေးမနမ်းဘူး၊ ပေးမထိဘူး၊ အတူမအိပ်ဘူးဆိုပြီး သီချင်းနဲ့ ကမ်ပိန်းလုပ်နေပါတယ်။ ဒီအိုင်ဒီယာက အဆန်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၃၃တုန်းကလည်း အေသင်နဲ့ စပါတာက မိန်းမတွေဟာ သူတို့ယောက်ျားတွေ ပီလိုပိုနီးရှန်းစစ်မှာ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းအောင် အခုလိုပဲ စမူဆာပါဝါနဲ့ အကျပ်ကိုင်ခဲ့ကြပါတယ်။ လုပ်ဟန်ချင်း ဆင်ပေမယ့် အရင်းအမြစ်တွေ နည်းပါးသေးတဲ့ လွန်ခဲ့တဲ့ နှစ် ၂၅၀၀နီးပါးက အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့ကြတာဖြစ်ပြီး နည်းပညာတွေContinue reading “မစ်တမ်းရွေးကောက်ပွဲ”

အောက်တိုဘာ ၅ ရက် ၂၀၂၂

အိုပက်က ရေနံစိမ်းဈေးတွေ ကျလာတာကို တုန့်ပြန်ဖို့ ဒီနှစ်နိုဝင်ဘာကစပြီး ရေနံထုတ်လုပ်မှုကို တနေ့ စည်နှစ်သန်းလျော့ချဖို့ ဩဂုတ်လက ဆုံးဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာလည်း နီးလာပြီဖြစ်ပြီး ကျောင်းတွေလည်းပြန်ဖွင့်၊ အလုပ်တွေကလည်း ရုံးပြန်တက်ဖို့ ဆော်ဩလာကြတဲ့အတွက် ဆီဈေးတွေလည်း တက်လာတာ ကယ်လီဖိုးနီးယားမှာ တဂါလံကို ၇ဒေါ်လာနားမှာ ဝဲနေပါပြီ။ ပရီမီယံဆိုရင် ၇.၁၉ အောက်ကို မဆင်းတော့တာတောင် ရက်အတော်လေး ကြာနေပါပြီ။ ရကပွဲကလည်း ၁လပဲ လိုတော့တာကြောင့် ဆီဈေးတက်လေ၊ လူထုကြပ်တည်းလေ၊ သူတို့အတွက် မဲနည်းလေဖြစ်ပြီး လျှပ်စစ်ကားအားသွင်းခတွေလည်း ၂ဆကနေ ၃ဆလောက်ထိ တက်ကုန်တဲ့အတွက်  ဘိုင်ကြီးတို့တတွေ ဆင်ကြံကြံရပါတော့တယ်။ ဆင်ကြံဆိုပေမယ့် သူတို့လုပ်တတ်တာက ထရမ့်လက်ထက်က အရေးပေါ်အခြေအနေမှာသုံးဖို့ ဝယ်စုထားတဲ့ ဗျူဟာမြောက်အရံရေနံတွေ ထုတ်ရောင်းတာတခုပဲ ဖြစ်တော့ လာမယ့်လမှာ ရေနံစည် ၁၀သန်း ထုတ်ရောင်းမယ်လို့ ဘိုင်ကြီးက စွမ်းအင်ဌာနကိုContinue reading “အောက်တိုဘာ ၅ ရက် ၂၀၂၂”