China Coup Rumor

တရုပ်ပြည်မှာ အာဏာသိမ်းမှုဖြစ်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာတယ်ဆိုတာ မတော်တဆဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ စစ်ကားတွေသွားနေတာကလည်း စစ်ကားတွေက အမြဲဟိုသွား ဒီသွား လုပ်တတ်ကြတာဖြစ်သလို လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းတယ်ဆိုတာလည်း ကပ်ပိုးနောက်ပိုင်း ကမ္ညာအနှံဲ့မှာ ဖြစ်လေ့ရှိတာထက် အများကြီးမပိုပါဘူး။ နိုင်ငံတကာသတင်းဌာနကြီးတွေ တခုကမှ အတည်ပြုထားတာမဟုတ်တာကလည်း မသင်္ကာစရာ ကောင်းစေတာပါ။ ရှီက ဒီနှစ်ထဲမှာလုပ်မယ့် ပါတီထိပ်သီးညီလာခံမှာ ရာသက်ပန်အာမ္မတလုပ်ဖို့ ကြံစည်နေသူဖြစ်တော့ ပါတီတွင်းအားပြိုင်မှုတွေ ရှိနေခဲ့တာ လအတော်ကြာခဲ့ပါပြီ။ ဒီလထဲမှာ ကျန်ဇီမင်းကို သစ္စာခံသူတွေထဲက အောက်ခြေပိုင်းတွေကို စဖြိုခဲ့ပါတယ်။ ထောင်ဒဏ်တွေနဲ့ မချိမဆန့်ဒဏ်ကြေးတွေ၊ ပိုင်ဆိုင်မှုအကုန်သိမ်းတာတွေ ပါသလို စမုံတုံးမယ့်ပြစ်ဒဏ်တွေအထိ ပါဝင်ပါတယ်။ အောက်ခြေကို စကိုင်တာကတော့ လုပ်ရိုးလုပ်စဥ်ပါပဲ။ အောက်ခြေက သေဒဏ်/မဆပ်နိုင်လောက်တဲ့ ဒဏ်ကြေးတွေကို ရှောင်ဖို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အထက်ကို ဖော်ကောင်/ လိမ်ကောင် လုပ်ရပါတော့တယ်။ အဲဒီလိုနဲ့Continue reading “China Coup Rumor”

သားရေကွင်းတရားရေး

အရင်က ဗြိတိန်နိုင်ငံသားဖြစ်ခဲ့ဖူးတဲ့ အသက် ၃၄နှစ်ရှိ ဆူဒန်ဖွား အယ်လ်ရှဖီအယ်လ်ရှိခ်ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ ၂၀၁၂ကနေ ၂၀၁၅အတွင်း ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပြီး အမေရိကန် ၄ဦးပါဝင်တဲ့ ဂျာနယ်လစ်နဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်း ၂၆ဦးကို ပြန်ပေးဆွဲ၊ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အယ်လ်ရှိခ်က သူတို့ခေါင်းဖြတ်/ မီးရှို့သတ်ခဲ့တာတွေကို ကင်မရာနဲ့ လိုက်ဖ်လွင့်မှတ်တမ်းတင်လေ့ ရှိသူဖြစ်ပါတယ်။ သူ့ကို အရင်ရှေ့နေချုပ် ဝီလီယံဘားက သေဒဏ်ကနေ လွှတ်ပေးလိုက်ပြီး ဗာဂျီးနီးယားက ခရိုင်တရားရုံးတခုက တသက်တကျွန်း ၈ကြိမ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အယ်လ်ရှိခ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ သူ့ကို ဆူပါမက်စ်အဆင့်ရှိတဲ့ အမေရိကန်ရဲ့ လုံခြုံရေးတင်းကျပ်မှု အမြင့်ဆုံးအကျဥ်းထောင် ADX Florence မှာ တသက်လုံး တနေ့ကို ၂၃နာရီ တိုက်ပိတ်ခံထားရမှာဖြစ်ပြီး ကျန်တဲ့ ၁နာရီမှာလည်း နေရောင်အောက်မှာဆိုပေမယ့်Continue reading “သားရေကွင်းတရားရေး”

ကျန်းမာရေးသတင်းလေးများ

အသက်ကြီးတဲ့ လူအချို့မှာ ဖြစ်တတ်ကြတဲ့ သတိမေ့/သူငယ်ပြန် ဒီမန်းရှားရောဂါကို မဖြစ်ခင် ၁၀စုနှစ်လောက်ထဲက သိရှိနိုင်ကြောင်း သုတေသနတွေ့ရှိချက်တချို့ကို ထုတ်ပြန်ထားပါတယ်။ ဒီမန်းရှားမရှိသူ လူပေါင်း ၆၀၅ဦးကို ၁၃နှစ်ကြာ  သုတေသန ပြုထားတာမှာ အသက် ၃၅-၅၄ကြားလူလတ်ပိုင်းတွေအနေနဲ့ တပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် အိပ်မက်ဆိုး ပုံမှန်မက်နေတယ်ဆိုရင် တခြားသူတွေထက် ဒီမန်းရှားဖြစ်နိုင်ခြေ ၄ဆရှိတယ်လို့ ဆိုပါတယ်။ နောက်သုတေသနတခုမှာတော့ အသက် ၈၀အထက် ဒီမန်းရှားမရှိသူ ၂၆၀၀ကို ၅နှစ်ကြာ လေ့လာခဲ့ရာမှာ အိပ်မက်ဆိုး ပုံမှန်မက်လေ့ရှိသူတွေက တခြားသက်တူရွယ်တူတွေထက် ဒီမန်းရှားဖြစ်နိုင်ခြေ ၂ဆ တက်သွားကြောင်း သိရှိရပါတယ်။ အိပ်မက်ဆိုး ပုံမှန်မက်တိုင်း ဒီမန်းရှားဖြစ်လိမ့်မယ်လို့ ကျိန်းသေပေါက် မပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေများတာကြောင့် ကြိုတင်စစ်ဆေးကာကွယ်မှုတွေ ပြုလုပ်ဖို့ အကြံပြုထားတာပါ။ နောက်သတင်းတပုဒ်မှာလည်း အမျိုးသမီးတဦးဟာ သူ့အမျိုးသား ပါကင်ဆန်ရောဂါဖြစ်နေကြောင်း မသိရခင်Continue reading “ကျန်းမာရေးသတင်းလေးများ”

ဘူလီအက်ဖ်ဘီအိုင်

မနေ့တုန်းက “ငါ့ခေါင်းအုံး”ကုမ္ပဏီပိုင်ရှင် မိုက်ခ်လင်းဒဲလ်ဟာ အိုင်အိုဝါပြည်နယ်မှာ အလုပ်ကိစ္စနဲ့ ခရီးသွားနေစဥ် အမြန်စားသောက်ဆိုင်တခုမှာ ကားထဲကနေ မှာယူဖို့ စောင့်ဆိုင်းနေတုန်းမှာ အဖွဘီအိုင်က ရှာဖွေဝရမ်းနဲ့ သူ့ရဲ့ ဖုံးကို သိမ်းဆည်းသွားပါတယ်။ သူ့ရဲ့ကားကို ရှေ့ကနေကန့်လန့်ဖြတ်တစီး၊ ဘေးကနေတစီး၊ နောက်တစီးနဲ့ ညှပ်ထားပြီး အစပိုင်းမှာ သူ့ရဲ့ ရှေ့နေဆီ ဖုန်းခေါ်ခွင့် မပြုသလို ဘာကြောင့် ဘာပြစ်မှုမှမရှိတဲ့ အရပ်သားတဦးကို အခုလို ရာဇဝတ်သားလို လက်နက်တွေနဲ့ လာဖမ်းရတယ်ဆိုတာ ၁၉၃၀ပြည့်လွန်နှစ်တွေက ဂျာမဏီနိုင်ငံလို ဖြစ်နေတာပါ။ မိုက်ခ်ရဲ့ တိုင်းပြည်ရဲ့ အဆီအငေါ်မတည့်မှုတွေအပေါ် သူရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တာတွေ၊​ သူ့ထုတ်ကုန်တွေကို လက်ဝဲဆိုင်ကြီးတွေက တင်ရောင်းပေးနေတာတွေ ရပ်စဲခဲ့ပေမယ့် ပြည်သူအများက သူ့ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက် အင်တိုက်အားတိုက် ဝယ်ယူအားပေးကြတာကို အဖွဘီအိုင်က မျက်စေ့စပါးမွှေး စူးနေပုံရပါတယ်။ ထရမ့်ရဲ့ ဖလော်ရီဒါကContinue reading “ဘူလီအက်ဖ်ဘီအိုင်”

ဒီမိုကရက် မျက်လှည့်

လူဆိုး၊ သူခိုး၊ မုဒိမ်းကောင်၊ ဘိန်းစား စတာတွေအပေါ် အင်မတန်မှ အလိုလိုက်တဲ့ ဘိုင်ကြီးအစိုးရဟာ ဆေးလွန်သေဆုံးနှုန်း မတရားတက်လာတာကို ကုစားဖို့အတွက် ဒေါ်လာ ၃.၆သန်း အသုံးပြုပြီး ကန်တပ်ကီကျေးလက်ပိုင်းက ဆေးသမားတွေ စုနေတဲ့ နေရာတွေမှာ မူးယစ်ဆေးအပါအဝင် တခြား တိုတိုထွာထွာလေးတွေ ရယူနိုင်တဲ့ စက်လေးတွေ ထားရှိပေးလိုက်ပါတယ်။ အဲဒီလိုထားပေးရတာက ဆေးသမားတွေ ဆေးသုံးကြတဲ့အပေါ် လူတွေ မကောင်းမြင်နေကြတာကို လျော့ချဖို့နဲ့ ကုသမှုခံယူပြီး ပြန်ကောင်းစေဖို့လို့ ဆိုပါတယ်။ ဆန်ဖရန်တို့ အယ်လ်အေတို့မှာတော့ ဆေးထိုးအပ်ပါ အခမဲ့ လွယ်လင့်တကူရနိုင်အောင် ထားပေးထားတာပါ။ ချစ်တာလား နှစ်တာလားဆိုတာတော့ ကိုယ့်သားသမီးဆေးစွဲနေရင် ဆေးဖြတ်ခိုင်းမလား၊ အိမ်ကဘီဒိုထဲ မူးယစ်ဆေးအပြည့်အစုံ ထည့်ပေးထားမလား၊ စဥ်းစားကြည့်ကြပေါ့။ ဒါပေမယ့် ဘိုင်ကြီးက ဟန်းတားကို အဲဒီလို ပျိုးထောင်လာတာဆိုတော့ ဟန်းတားဆေးသမားဖြစ်တာ ဆန်းတော့ မဆန်းပါဘူး။Continue reading “ဒီမိုကရက် မျက်လှည့်”

9/11 Tribute

9/11 မှာ နှစ်ပတ်လည် နှစ်ခုရှိပါတယ်။ ၂၀၀၁ တုန်းက WTC မှာဖြစ်သွားတဲ့ ကိစ္စကို လူအများသိကြပေမယ့် ၂၀၁၂တုန်းက လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကတော့ မူလ ၉/၁၁လောက် လူသိမများပါဘူး။ အဲဒီဘန်ဂါဇီအကြမ်းဖက်မှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ သံရုံးဝန်ထမ်းတဦး၊ စီအိုင်အေကန်ထရိုက်တာနဲ့ နေဗီဆီးလ်ဟောင်း နှစ်ဦး ပေါင်း ၄ဦး အသတ်ခံခဲ့ရပါတယ်။ အဲဒီနေ့တုန်းက သံရုံးကို ခုခံကာကွယ်ခဲ့တဲ့ ၆ဦးအဖွဲ့ထဲက ဒဏ်ရာရပေမယ့် မသေပဲ ကျန်ရှိနေခဲ့တဲ့ စီအိုင်အေက လုံခြုံရေးကန်ထရိုက်တာ မာ့ခ်ဂိုက်စ်နဲ့ ဖြစ်စဥ်ကို အင်တာဗျူးခဲ့စဥ်မှာ နေဗီဆီးလ်ဟောင်း နှစ်ဦးက စိန်ပြောင်းတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်စဥ် တကြိမ်မှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး သူကတော့ ဒဏ်ရာပဲ ရခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်စိန်ပြောင်းတွေနဲ့ သံရုံးဝင်းထဲကို ထပ်ပစ်ရင် သူသေမှာContinue reading “9/11 Tribute”

ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေ ဘာကြောင့် မုန်းကြသလဲ

တနေ့က ကံတော်ကုန်သွားတဲ့ ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေက တော်တော် မုန်းတီးကြတာပါ။ မကွယ်လွန်မီ ၂ရက်ကမှ ဝန်ကြီးချုပ်အသစ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး အဲဒီနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရချိန်မှာ နဂ္ဂတစ်မေတ္တာ ဝိုင်းပို့နေခဲ့ကြတာပါ။ ကာနက်ဂျီမယ်လွန်လို နာမည်ကြီးတက္ကသိုလ်က ပါမောက္ခဆိုသူကတောင် ဖိနှိပ်ချုပ်ချယ်တဲ့ နယ်ချဲ့နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ ဘုရင်မကြီး နာနာကျင်ကျင် ခံစားပြီးမှ ပင်ပန်းဆင်းရဲစွာ သေပါစေလို့ တွိထားတဲ့အထိပါပဲ။ တကယ်တမ်း ဘုရင်မကြီးက စည်းမျဥ်းခံ ရုပ်ပြဘုရင်ပါ။ ဘာနိုင်ငံရေးအာဏာမှ မရှိပါဘူး။ ကိုလိုနီပြုတာ အဲဒီခေတ်မတိုင်ခင် ပဝေသဏီကတည်းကနေ အဲဒီနောက်ပိုင်းအထိ ပြုနေကြတာပါပဲ။ ကိုလိုနီပြုတာ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် အင်္ဂလိပ်တွေ မြန်မာ့သစ်တောတွေကို စည်းကမ်းတကျ ခုတ်ပြီး ပြန်စိုက်ပေးသွားတာ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေ၊ အဆောက်အဦတွေ ကောင်းကောင်းမွန်မွန် ဖောက်/ဆောက်ပေးခဲ့တာ၊ ထောင်တွေလဲပါတာပေါ့။Continue reading “ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေ ဘာကြောင့် မုန်းကြသလဲ”

ကယ်လီဖိုးနီးယားရဲ့ လက်တွေ့မကျတဲ့ စွမ်းအင် ပေါ်လစီ

တကမ္ဘာလုံးရဲ့ ကလိုင်းမိတ်ရှေ့ဆောင်အဖြစ် ဂုဏ်ယူဝင့်ကြွားနေတဲ့ ကယ်လီဖိုးနီးယားရဲ့ နျူဆမ်အဆိုးရဟာ ဓါတ်ဆီ/ဓါတ်ငွေ့ကားသစ်ရောင်းချမှုကို ၂၀၃၅မှာ လုံးဝ ပိတ်ပင်သွားမယ်လို့ ကြေငြာပြီး တပတ်ခန့်အကြာမှာ မြောက်ပိုင်းကယ်လီဖိုးနီးယားကို တပတ်ခန့်ကြာတဲ့ အပူလှိုင်း ဖြတ်ပါတယ်။ အမြဲအေးတဲ့ ဆန်ဖရန်စစ္စကိုမှာတောင် ၉၇ဖာရင်ဟိုက်ရှိပြီး လီဗာမောမြို့က အမြင့်ဆုံးအပူချိန်က ၁၁၆နဲ့ နှစ် ၅၀စံချိန်တင်သွားပါတယ်။ အပူလှိုင်းက ကနေ့ညနေအထိ ရှိနေဦးမှာပါ။ အပူလှိုင်းမဖြတ်ခင်ကတောင် ပုံမှန်ထက် နည်းနည်းပိုပူပြီဆိုတာနဲ့ လူသုံးအများဆုံးဖြစ်တဲ့ ညနေ ၄နာရီက ၉နာရီအတွင်း လျှပ်စစ်ကားတွေ အားမသွင်းရတို့၊ ပါဝါဆွဲအားများတဲ့ မိုက်ခရိုဝေ့ဖ်တို့၊ အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ပန်းကန်ဆေးစက် စတာတွေ မသုံးဖို့၊ အိမ်တွင်းသာမိုစတက်ကို ၇၈အထက် ထားဖို့တွေ တချိန်လုံးပြောနေ လွှင့်နေတာပါ။ မီးအလှည့်ကျဖြတ်ဖို့လည်း အိမ်တွေကို အုပ်စုခွဲပြီး တန်းစီထားပါပြီ။ မိုးကလည်းခေါင်တော့ ရေသုံးစွဲတာလည်း ကန့်သတ်ထားတဲ့အတွက် ကမ္ဘာ့Continue reading “ကယ်လီဖိုးနီးယားရဲ့ လက်တွေ့မကျတဲ့ စွမ်းအင် ပေါ်လစီ”

Quiet Quitting

အခုတလော အပြောများနေတဲ့ အကြောင်းအရာတခုကတော့ တိုးတိုးတိတ်တိတ် ဖယ်ခွာခြင်းလို့ အဓိပ္ပါယ်ရမယ့် quiet quitting ပဲ ဖြစ်ပါတယ်။ အဲဒါကို လုပ်ငန်းခွင်တွေမှာ အတွေ့များလာတဲ့ အမူအကျင့်တခုအဖြစ် သိလာကြပြီး အချစ်ရေးအချစ်ရာလို လူမှုရေးကိစ္စတွေမှာပါ တွေ့ရှိလာကြတာပါ။ တိုးတိုးတိတ်တိတ် ဖယ်ခွာတယ်ဆိုတာက အလုပ်ခွင်မှာဆိုရင် အလုပ်ဖြစ်အောင်၊ အလုပ်တွင်အောင်၊ ပြီးစီးအောင်မြင်အောင်၊ တိုးတက်ကြီးပွားအောင် လုပ်ဆောင်လိုစိတ်များမရှိပဲ မလုပ် မရှုပ် မပြုတ်လို မျှောလိုက်နေတာမျိုးဖြစ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွေမှာလည်း ဘာမှ ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်တော့ပဲ တဘက်ဘက်က သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုး မရောက်သ၍ အရင်အရှိန်နဲ့ ဆက်လိမ့်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ တွေ့ရတဲ့ quiet quitting ကို တချို့က အလုပ်ရှင်တွေအပေါ် ပြစ်တင် ဝေဖန်ကြပါတယ်။ အလုပ်ရှင်ဆိုးတွေက နေရာတိုင်းမှာ ရှိတတ်ကြပေမယ့်Continue reading “Quiet Quitting”

ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်

ဟူစိန်အိုကို သူတို့လင်မယားရဲ့ နက်ဖလစ်စီးရီးမှာ နောက်ခံစကားပြောကောင်းလို့တဲ့ အမ်မီဆု ပေးလိုက်ပါတယ်။ ဆုရမယ့်သာရတာပါ၊ အဲဒီစီးရီးက တဆီဆန်တောင်မခံလိုက်ပါဘူး၊ ထွက်ပြီး မကြာခင်မှာပဲ ကြည့်မယ့်လူမရှိလို့ ကန်ထရိုက်ကို ကန်ဆယ်လ်လုပ်လိုက်ပါပြီ။ စကားပြောကောင်းတာကတော့ လူလိမ်တိုင်းဆိုတော့ သိပ်တော့ မဆန်းဘူးပေါ့လေ။ သူ့အကြောင်းနဲ့ သူ့ဖခင်အကြောင်း ရေးခဲ့တဲ့ နှစ်အုပ်ကို ပြန်ဖတ်တာမှာလည်း ဂရမ်မီ နှစ်ကြိမ်ရခဲ့တဲ့ ဟူစိန်ကို လွှတ်ကြည်ညိုနေတဲ့ အေပီသတင်းဌာနက ဟူစိန်ဟာ အမ်မီ၊ ဂရမ်မီ၊ အော်စကာ၊ တိုနီ စတဲ့ အီဂေါ့တ် ဆုလေးမျိုးရဲ့ တဝက်ကို ရောက်နေပြီလို့ မွှန်းပါတယ်။ အဲဒါကို သံယောင်လိုက်တာကတော့ ဟူ့စိန်ဘောမမီဒီယာများဖြစ်ကြတဲ့ စီဘီအက်စ်၊ အေဘီစီ၊ နယူးယောက်တိုင်းမ်စ်တို့ ဖြစ်ပါတယ်။ အော်စကာကလည်း ရသင့်နေတာပါပဲ၊ သူ့သရုပ်ဆောင်မှုအောက်မှာ တိုင်းပြည်တဝက်နီးပါး ခုထိမျောနေကြတုန်းပဲလေ။ နောက်ခြစားတဦးဖြစ်တဲ့ အရင်က နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုလည်းContinue reading “ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်”