ဒီကနေ့ ၄၅ရဲ့ ဖလော်ရီဒါက အိမ်ကို အက်ဖ်ဘီအိုင်က အင်အားနဲ့ ဝင်စီး ဝင်ရှာပြီး မီးခံသေတ္တာ ဖွင့်ခိုင်းကာ ပုံး၁၅လုံးခန့်ရှိ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ဆိုပြီး သိမ်းသွားပါတယ်။ သမ္မတထရမ့်က အစိုးရဌာနတွေ စစ်ချင် ဆေးချင်တာရှိတိုင်း ငါတို့ ပူးပေါင်းဆောင်ရွက်နေတာပဲ၊ အခုလို မပြောမဆိုနဲ့ ဝင်စီးတာ ဝင်စစ်တာမျိုး လုပ်စရာ မလိုအပ်သလို လုပ်ဖို့လည်း မသင့်တော်ဘူးလို့ ဆိုပါတယ်။ အခုလို အင်အားသုံးစီးနင်းတာက ထရမ့်က ၂၀၂၄ရွေးကောက်ပွဲကို ဝင်မယ့်သဘောမျိုး အရိပ်အမြွက် နောက်ဆုံးပြောခဲ့ပြီး ၂ရက်အကြာမှာ ဖြစ်ပါတယ်။ သမ္မတထရမ့်က အဆိုပါစီးနင်းမှုအပေါ် “တရားရေးဌာနရဲ့ မလျှော်ကန်တဲ့ အပြုအမူဖြစ်ကြောင်း၊ လက်ဝဲစွန်းတွေက သူ့ကို ၂၀၂၄မှာ ဝင်ပြိုင်လို့ မရအောင် တရားရေးစနစ်ကြီးတခုလုံးကို လက်နက်သဖွယ် အသုံးချနေတာဖြစ်ကြောင်း၊ အမေရိကန်သမိုင်းမှာ ဘယ်သမ္မတမှ မကြုံခဲ့ဖူးဘူးကြောင်း၊ ဒီမိုကရက်တွေကContinue reading “FBI Raid on Trump Home 1”
Author Archives: Omma
ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)
နယ်သာလန်မှာ နိုက်ထရိတ်အသုံးပြုမှုကို ကန့်သတ်လိုက်သလိုမျိုး ကနေဒါအစိုးရကလည်း စတင်ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ နိုက်ထရိတ်ကန့်သတ်တယ်ဆိုပေမယ့် အဲဒါက ဓါတ်မြေဩဇာ အသုံးပြုတဲ့ သမားရိုးကျ စိုက်ပျိုးမှုအားလုံးကို အကျုံးဝင်စေမှာဖြစ်လို့ ထိခိုက်မှုက အကြီးကြီးဖြစ်မှာပါ။ ကန့်သတ်တဲ့အကြောင်းရင်းကတော့ နယ်သာလန်တုန်းကလိုပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သဘောတူညီမှု၊ အဲဒါရဲ့ တွန်းအားက ယူနိုက်တက်နတ်သင်းရဲ့ ၂၀၃၀အာဂျင်ဒါပဲ ဖြစ်ပါတယ်။ အင်မတန်ရိုးသားအေးဆေးတဲ့ နယ်သာလန်က လယ်သမားတွေလိုပဲ ကနေဒါကလယ်သမားတွေလည်း စတင်ဆန္ဒပြကုန်ကြပြီ ဖြစ်ပါတယ်။ ဓါတ်မြေဩဇာကနေ သဘာဝအော်ဂဲနစ်ကို ချက်ချင်းပြောင်းလို့ ရတာမဟုတ်တော့ အများစုက အလုပ်တွေ ရပ်ပစ်ရမယ့် အနေအထား ဖြစ်နေတာပါ။ လယ်သမားတွေ အလုပ်မဖြစ်တော့ရင် ကုန်ကားမောင်းသူတွေပါ ထိမှာဖြစ်လို့ ကုန်ကားသမားတွေပါ ဆန္ဒပြ နေကြပါတယ်။ အခုလို ကမ္ဘာနဲ့ အဝှမ်း ရိက္ခာရှားပါး (သို့) ဈေးတွေ ခေါင်ခိုက်နေချိန်မှာ ဓါတ်မြေဩဇာContinue reading “ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)”
Congratulations West Virginia!! Way to go!!
အနောက်ဗာဂျီးနီးယားပြည်နယ် ဘဏ္ဍာရေးမှူးရိုင်လီမောရ်က BlackRock (ကမ္ဘာ့အကြီးဆုံးအက်ဆက်မန်နေဂျာ), Wells Fargo, JP Morgan Chase, Morgan Stanley နဲ့ Goldman Sachs တို့ဟာ ရေနံ/ဓါတ်ငွေ့/ကျောက်မီးသွေး စတဲ့ ရုပ်ကြွင်းလောင်စာ ကို သပိတ်မှောက်တဲ့အတွက် သူ့ပြည်နယ်မှာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘာကန်ထရိုက်မှ မရစေရလို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် အဆိုပါ ဘဏ်ကြီးတွေဟာ တနှစ်ဝင်ငွေ ၁၈ဘီလီယံ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဘဏ်ကြီးတွေကတော့ သဘောမတူကြောင်း ပြောခဲ့ကြပါတယ်။ အခုလို ဆုံးဖြတ်ရတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးက ၁၉ရာနှုန်းသာ ဖြည့်စည်ပေးနေတာဖြစ်ပေမယ့် အနောက်ဗာဂျီးနီးယားက လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရဲ့ ၈၉ရာနှုန်းကို ကျောက်မီးသွေးကနေ ရတာပါ။ ၂၀၁၈တုန်းက ဒီပြည်နယ်မှာ ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်သူပေါင်း ၁၄,၀၀၀ နီးပါးရှိပြီးContinue reading “Congratulations West Virginia!! Way to go!!”
ဇူလိုင် ၂၇ရက် ၂၀၂၂
၂၀၁၇တုန်းက စီစီပီက ဒီစီမှာ သန်း၁၀၀ကုန်ကျမယ့် တရုပ်ပန်းခြံ လှလှလေးတခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါပန်းခြံမှာ လှပခန့်ညားတဲ့ ဗိမ္မာန်တွေ၊ မဏ္ဍပ်တွေအပြင် ပေ၇၀မြင့်တဲ့ စေတီဖြူတဆူ ပါဝင်မှာဖြစ်လို့ ဒီစီအုပ်ချုပ်သူတွေက တိုးရစ်တွေ ထောင်နဲ့ချီတိုးလာမယ့်အရေးကို တွေးပြီး ဝမ်းပမ်းတသာ လက်ခံဖို့ တာစူနေခဲ့ကြပါတယ်။ အက်ဖ်ဘီအိုင်က ပန်းခြံပရောဂျက် အဆိုပြုချက်ကို သေချာကြည့်တော့မှ စေတီတည်မယ့်နေရာက ကာပီတိုနဲ့ နှစ်မိုင်ပဲ ဝေးပြီး ဒီစီရဲ့ အမြင့်ဆုံးနေရာတွေထဲက တခုမှာ ဖြစ်နေတော့ အမေရိကန်တွေရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စတဲ့ ဆစ်ဂ်နယ်လ်တွေ ထောက်လှမ်းဖမ်းယူနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ တရုပ်အရာရှိတွေက အဲဒီစေတီကို တည်ဆောက်မယ့် ပစ္စည်းတွေကို သံတမန်ကင်းလွတ်ခွင့်နဲ့ အစစ်အဆေးမရှိ ဝင်လာတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ဆောက်လုပ်ချင်တာ တွေ့ရှိခဲ့တဲ့အတွက် အက်ဖ်ဘီအိုင်က ကန့်ကွက်ခဲ့ကြောင်းContinue reading “ဇူလိုင် ၂၇ရက် ၂၀၂၂”
ဇူလိုင် ၂၄ ရက် ၂၀၂၂
အမေရိကန်မှာ ၃လပတ် နှစ်ခုဆက်တိုက် ဂျီဒီပီ ကျဆင်းခဲ့တာဖြစ်လို့ ပုံမှန်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ စီးပွားရေးဆုတ်ယုတ်မှု ရီဆက်ရှင်ကာလထဲ ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ ငွေဖောင်းပွမှုနှုန်းက ၉.၁ရာနှုန်းဖြစ်ၿပီး ဘိုင်ဒန်အစိုးရက ကုစားဖို့ ဘာမှပြင်ဆင်နေတာ မရှိတဲ့အပြင် ဒီမိုကရက်ဦးစီးတဲ့ လွှတ်တော်က ကန်ဂါးရူးခုံရုံးလိုမျိုးဖွဲ့ပြီး ထရမ့်လူတွေကိုပဲ အပြစ်ကြီးကြီးချဖို့ လုံးပမ်းနေပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အကြောင်းပြပြီး အစိုးရအသုံးစားရိတ်တွေချည့် လှိမ့်တောင်းနေခဲ့တာကြောင့် သတင်းကောင်းမြင်ရဖို့က ဝေးနေသေးတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အိမ်ဖြူက ရီဆက်ရှင်နဲ့ပတ်သက်ပြီး လုံးဝ အလုပ်မလုပ်တာတော့ မဟုတ်ပါဘူး။ အိမ်ဖြူဝက်ဘ်စာမျက်နှာမှာ “ ရီဆက်ရှင်ရဲ့ လက်ရှိအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားဝင်လည်းမဟုတ်၊ စီးပွားရေးကြီးတခုလုံးကို တပတ်လည်အောင် ပညာရှင်တွေ သုံးသပ်ထားတာလည်း မဟုတ်တဲ့အတွက် လုပ်အားဈေးကွက်၊ ပြည်သူနဲ့ လုပ်ငန်းတွေရဲ့ အသုံး၊ ကုန်ထုတ်လုပ်မှု၊ ဝင်ငွေ စတာတွေအပေါ်မှာ ခြုံငုံသုံးသပ်ရပါမယ်၊Continue reading “ဇူလိုင် ၂၄ ရက် ၂၀၂၂”
သီရိလင်္ကာပြီးတော့ ဘယ်နိုင်ငံတွေ ဒေဝါလီခံဖို့ နီးပြီလဲ
တရုပ်ရဲ့ ကြီးမား၊ အကုန်အကျများပြီး တွက်ခြေမကိုက်တဲ့ စီမံကိန်းတွေကို လက်ခံခဲ့ကြတဲ့ နိုင်ငံတွေ တဖြည်းဖြည်းနဲ့ မရှုနိုင်မကယ်နိုင် ဖြစ်လာကြပါပြီ။ အရင်က နိုင်ငံခြားကုမ္ပဏီတွေရဲ့ စီမံကိန်းတွေက နှစ် ၃၀ စာချုပ်ကြတာများပြီး တွက်ခြေကိုက်ခဲ့ကြပါတယ်။ တရုပ်က နောက်ပိုင်းမှာ စီမံကိန်း အကြီးကြီးတွေ အဆိုပြုပြီး အနှစ် ၉၉နှစ် စီမံကိန်းတွေ လုပ်လာကြပါတယ်။ အဲဒီလိုစီမံကိန်းတွေ အများစုကလဲ သူတို့ရဲ့ ခါးပတ်လမ်းစီမံကိန်းအတွက် ဆောက်တာပါ။ ခါးပတ်လမ်းကြီး အကောင်အထည်ပေါ်လာရင် ဘယ်လောက်တောင် ပိုက်ဆံရမယ်၊ အလုပ်အကိုင်တွေ ပေါမယ် စတာတွေနဲ့ ဆွဲဆောင်ကြလို့ ကျသွားတာတွေ ရှိသလို စီမံကိန်းကြီးလေ အဆင့်ဆင့်ဝိုက်ပြီး စောရသူဌေး အမြန်ဆုံးဖြစ်နိုင်လို့ လက်ခံပေးကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ လာဘ်မစားဘဲ ပြည်သူကို အလေးထားတဲ့ အစိုးရတွေမှာသာ တရုပ်နဲ့ အကျေအလည်ညှိနှိုင်းပြီး တိုင်းပြည်/ပြည်သူContinue reading “သီရိလင်္ကာပြီးတော့ ဘယ်နိုင်ငံတွေ ဒေဝါလီခံဖို့ နီးပြီလဲ”
ဇူလိုင် ၁၈ရက် ၂၀၂၂
အမေရိကန်မှာ ကလေးနို့မှုန့် ရှားပါးပြတ်လပ်မှု ဖြစ်နေခဲ့တာ လအနည်းငယ်ရှိသွားပြီ ဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရက လေယာဥ်တွေနဲ့ ဥရောပနဲ့ ဩစတေးလျက နို့မှုန့်တွေကို သယ်ယူလာပြီး ဖြန့်ဖြူးပေးခဲ့တယ်လို့ ဂုဏ်ဆာခဲ့ကြပေမယ့် အဲဒါက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းတာ မဟုတ်တော့ နို့မှုန့်ရှားပါးမှုက လျော့မသွားပါဘူး။ ဆိုင်တွေမှာ တင်နေကျ နို့မှုန့်တွေရဲ့ ၂၈.၃ရာနှုန်းက ပစ္စည်းပြတ်နေပြီး မေလနှောင်းပိုင်းမှာ ၂၃.၇ရာနှုန်း ပစ္စည်းပြတ်တာနဲ့စာရင် ပိုဆိုးလာပါတယ်။ သယ်ယူလာတဲ့ နို့မှုန့်တွေကို ပြည်သူတွေ အလကားမရပေမယ့် နယ်စပ်က ခိုးဝင်တွေအတွက်တော့ အလျှံပယ် ပို့ပေးနေတာပါ။ ခိုးဝင်အတွက်ဆိုရင် နို့မှုန့်မပြောနဲ့ ကိုယ်ဝန်ဖျက်ချချင်ရင်တောင် အစိုးရစားရိတ်နဲ့ ဖျက်ချလို့ရတဲ့ ပြည်နယ်ကို ပို့ဆောင်အကုန်ခံပေးဖို့ အိုက်စ်ယာယီဒါရိုက်တာ တေးဂျွန်ဆန်က အိုက်စ်အန်ဖို့စ်မန့်ဌာန ခေါင်းဆောင် ကိုရီပရိုက်စ်ဆီ ပို့တဲ့မီမိုမှာ ဖော်ပြထားပါတယ်။ ဝယ်ယူသူတွေကလဲ အရင်လို တပေါင်ဗူးတွေContinue reading “ဇူလိုင် ၁၈ရက် ၂၀၂၂”
Where are the Democrats at the border?
မက္ကဆီကိုကနေ နယ်စပ်ကို ဖြတ်လာဖို့ဆိုတာ အရိပ်မရှိတဲ့ ကွင်းပြင်ကြီးတွေနဲ့ မြစ်တွေကိုပါ ဖြတ်လာရတာပါ။ အခုလို နွေခေါင်ခေါင်မှာဆိုရင် ညနဲ့ မနက်စောစောလောက်ပဲ သွားဖို့ အဆင်ပြေပါတယ်။ ဝင်လာကြတဲ့လူတွေထဲမှာ မိဘမပါတဲ့ အသက် ၅-၆-၇-၈နှစ် ကလေးငယ်လေးတွေပါ ပါနေတာပါ။ လမ်းမှာ သေကုန်တာတွေ၊ မုဒိန်းကျင့်ခံရတာတွေလဲ မနဲပါဘူး။ ၅-၆နှစ်ကလေးမလေးတွေလဲ ချမ်းသာမပေးပါဘူး။ ဝင်လာကြတာက မက္ကဆီကန်တွေတင်မဟုတ်ပဲ ဂွာတီမာလာတို့လို အနီးပတ်ဝန်းကျင်နိုင်ငံတွေကလည်း ပါပါတယ်။ နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးချက်ကြ ထုတ်ကြနဲ့ဆိုတော့ မူးယစ်ဆေးမှောင်ခိုတွေ လူမှောင်ခို လက်နက်မှောင်ခို စတဲ့ ဒုစရိုက်သမားတွေပဲ ကြီးစိုးကြတာပါ။ အဲဒီဒေသတွေကို ဖြတ်လာဖို့ဆိုတာ လူကုန်ကူးသူတွေကို ပိုက်ဆံပေးပြီးမှပဲ လာလို့ ရကြပါတယ်။ ဝင်လာကြသူတွေမှာ လူကုန်ကူးတွေကို ပိုက်ဆံဘယ်လောက်ပေးပြီးပြီ၊ ဘယ်လောက်ပေးဖို့ကျန်သေးတယ်ဆိုတဲ့ အမှတ်အသားကို အရောင်ခွဲပြီး လက်ပတ်လေးတွေ ပတ်ပေးထားကြပါတယ်။ မြစ်နားတဝိုက်မှာ ဖြတ်ကူးဖို့ကြိုးစားရင်းContinue reading “Where are the Democrats at the border?”
ဖြစ်လာတော့မယ့် ကမ္ဘာ့အစားအစာအကျပ်အတည်းရဲ့ လက်သည်
အမေရိကန်အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးမှာ အစားအစာဆိုတာ ပြောစရာမလိုအောင်ကို အမျိုးအမည်ရော အရေအတွက်ပါ ပေါများလှပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ အစားအစာ ရှားပါး လာတော့မယ်လို့ ပြောရင် အများစုက ဘယ်လိုမှ ယုံနိုင်ကြမှာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆိုရင်လဲ ကမ္ဘာနဲ့ချီပြီး စားစရာရှားမယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒေသတချို့မှာ ပြဿနာဖြစ်ရင် တခြားဒေသ/နိုင်ငံတွေက ရိက္ခာတွေနဲ့ ဖြည့်တင်းလို့ ရနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်ပဲ ကမ္ဘာကြီးရဲ့ ရိက္ခာအိုးတော်တော်များများကို အဖွဲ့အစည်းတချို့က ကြိုးကိုင်ပြီး တပုံစံထဲ တွန်းလာပြီဆိုရင်တော့ တခါမှ မကြုံဖူးတဲ့ အတိုင်းအတာတွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်မှာ ယူကရိန်း-ရုရှားစစ်စပြီးနောက် အဲဒီ နှစ်နိုင်ငံက ဂျုံနဲ့ ဓါတ်မြေဩဇာတွေ အဓိက တင်သွင်းနေရတဲ့အတွက် အမေရိကန်စားသောက်ကုန်ကဏ္ဍကို ထိခိုက်လာပါတယ်။ ဓါတ်မြေဩဇာကို အစားထိုးလောက်တဲ့ ကြက်ချေး၊ နွားချေး၊ မြေဆွေးဆိုတာတွေကContinue reading “ဖြစ်လာတော့မယ့် ကမ္ဘာ့အစားအစာအကျပ်အတည်းရဲ့ လက်သည်”
ဆရာဦးသာနိုးအမှတ်တရ
၂၀၂၂ ဇူလိုင် ၁၂ရက်နေ့ ညနေမှာ ဆရာဦးသာနိုးဆုံးသွားတယ်လို့ သိရပါတယ်။ ဆရာ့ရဲ့ အင်္ဂလိပ်စာသင်တန်းကို ၁၀တန်းအောင်ပြီးတုန်းက စတက်ဖြစ်တာပါ။ ဆရာက ချည်သားရှပ်အင်္ကျီအဖြူလက်ရှည်နဲ့ ရခိုင်လုံချည်ကို အမြဲဝတ်တတ်သူဖြစ်ပြီး ပိုး ဖဲ တွေနဲ့စာရင် သူကတော့ cotton ချည်သားလေးတွေပဲ ကြိုက်ကြောင်း ပြောလေ့ရှိတာ မှတ်မိပါတယ်။ ဆရာ့ဆီမှာ စတက်တုန်းက တခြားသင်တန်းတွေနဲ့ မတူတာတခု သတိထားမိပါတယ်။ ကျူရှင်ကျောင်းတွေ တွေ့ဖူးသလောက်က စာသင်ခန်းထဲမဝင်ခင် ကျောင်းလခပေးတဲ့ စာအုပ်ရောင်းတဲ့ စားပွဲတွေကို ဖြတ်လာရပါတယ်။ မှတ်မိသလောက် ဆရာ့စာသင်ခန်းမှာတော့ ကျောင်းလခ ပေးရမယ့်ရက်ဆို တကူးတက သွားရတဲ့ အခန်းဒေါင့်က ဆရာ့ဆီပဲ တိုက်ရိုက်သွားပေးကြပြီး ဆရာကလည်း သေချာစာရင်းနဲ့ မှတ်နေတာမျိုးမဟုတ်သလို မော့တောင် မကြည့်ပါဘူး။ နောက်တော့မှ ဆရာကတော်က ဘေးက ပံ့ပိုးပေးတဲ့အတွက် ဆရာက ငွေမကိုင်Continue reading “ဆရာဦးသာနိုးအမှတ်တရ”