မေ ၈ ရက် ၂၀၂၂

အီလွန်ဟာ ၂၀၂၈ခုနှစ်မှာ တွဒ်တာရဲ့ ဝင်ငွေကို ၂၆.၄ဘီလီယံဖြစ်လာဖို့ မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံသူတွေကို ပြောသွားတယ်လို့ နယူးယောက်တိုင်းမ်စ်က သတင်းပို့ပါတယ်။ တွဒ်တာရဲ့ မနှစ်ကဝင်ငွေက ၅ဘီလီယံဖြစ်တဲ့အတွက် ၅ဆလောက် တက်လာမယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။ အဲဒီ ၂၆.၄ဘီလီယံထဲက ၁၂ဘီလီယံက ကြော်ငြာတွေကနေ ရမှာဖြစ်ပြီး လစဥ်ကြေးတွေကနေ ရမှာက နောက်ထပ် ၁၀ဘီလီယံ ဖြစ်ပါတယ်။ ငွေလည်ပတ်မှု Cash Flow ခန့်မှန်းချက်ကတော့ ၂၀၂၅ မှာ ၃.၂ဘီလီယံ ဖြစ်ပြီး ၂၀၂၈မှာ ၉.၄ဘီလီယံဖြစ်ပါတယ်။ ၂၀၂၃မှာ တွဒ်တာပေးကနေ ၁၅မီလီယံ ဝင်ဖို့ မှန်းထားပြီး ၂၀၂၈မှာတော့ ၁.၃ဘီလီယံအထိ တိုးလာဖို့ဖြစ်ပါတယ်။ အတည်ပြု(သို့) မှတ်ချက်ပေးဖို့တော့ မတ်စ်ကို ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ အီလွန်မတိုင်ခင် ၁.၉ဘီလီယံနဲ့ တွဒ်တာရဲ့ အကြီးဆုံးContinue reading “မေ ၈ ရက် ၂၀၂၂”

မေ ၅ ရက် ၂၀၂၂

အီလွန်က တွဒ်တာကို ဝယ်ရာမှာ အကျိုးတူပူးပေါင်းပြီး ဝယ်ယူကြမယ့်သူတွေကို ခေါ်ယူဖို့ စီစဥ်လာတယ်လို့ သိရပါတယ်။ အဲဒီလူတွေကို ပြောတဲ့ထဲမှာ တွဒ်တာကို အမြဲတမ်း ပုဂ္ဂလိကအဖြစ် ထားမှာမဟုတ်ပဲ အချိန်အနည်းငယ်ကြာပြီး သင့်တော်တဲ့အခါမှာ အများပိုင်ကုမ္ပဏီအဖြစ် ပြန်ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီနှစ်နှောင်းပိုင်း လွဲပြောင်းမှုတွေ အပြီးမှာ လအနည်းငယ်ဖြစ်ဖြစ် တွဒ်တာရဲ့ စီအီးအိုအဖြစ် တာဝန်ယူသွားမယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ တွဒ်တာရှယ်ယာတွေ ဈေးတက်ပြီး တက်စ်လာရှယ်ယာတွေ ဈေးကျသွားပါတယ်။ မတ်စ်ရခဲ့တဲ့ ၇.၁ဘီလီယံဖိုး ကတိကဝတ်တွေထဲမှာ အော်ရေကယ်တည်ထောင်သူ လာရီအယ်လီဆင်၊ ဆော်ဒီမင်းသား အယ်လ်ဝါလိဒ်နဲ့ တရုပ်ခရစ်ပ်တိုကာရန်စီအိတ်စ်ချိန့်ဘီနန့်စ်တို့ ပါဝင်ပါတယ်။ တွဒ်တာတည်ထောင်သူ ဒေါ်စေနဲ့လည်း ဆွေးနွေးဆဲဖြစ်ပြီး သူပါ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ အီလွန်တွဒ်တာကို​ ဝယ်ပြီး ဖရီးစပိချ်ကို အားပေးမယ့်အပေါ် စေဗလ်အဖွဲ့ ၂ဒါဇင်ကျော်က တွဒ်တာမှာ ကြော်ငြာထည့်နေကျ ကုမ္ပဏီကြီးတွေကိုContinue reading “မေ ၅ ရက် ၂၀၂၂”

မေ ၃ရက် ၂၀၂၂

မနေ့ညက ဆူပရင်းမ်ကုတ်က လူများစုဖြစ်တဲ့ ကွန်ဆာဗေးတစ်တရားသူကြီး ၅ဦးရဲ့ ရိုး-ဝိဒ် ဆိုတဲ့ ကိုယ်ဝန်ဖျက်ချခွင့်စီရင်ထုံးကို ပြန်လှန်မယ့် ၈၉စာမျက်နှာရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းဆိုတဲ့ စာကြမ်းဖိုင်ကို အတွင်းလူတဦးက ဖောက်ချခဲ့ရာက အင်တာနက်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီဖိုင်က ဖေဖော်ဝါရီတုန်းက ရေးသားခဲ့တာဖြစ်ပြီး ဒီနှစ်နွေမှာ ဆုံးဖြတ်ရမယ့်အမှုအတွက် ဖြစ်ပါတယ်။ အခုလိုဖောက်ချလိုက်တာက ရေးသားတဲ့ ကွန်ဆာဗေးတစ်တရားသူကြီးတွေအပေါ် လူ့အသက်ကို သတ်ချင်သလိုသတ်လို့ရတယ်လို့ မပြောရုံတမယ်ဖြစ်နေတဲ့ ကလေးဖျက်ချဖို့ အားသန်လွန်းနေတဲ့ လက်ဝဲစွန်းတွေက ခြိမ်းခြောက်လာခဲ့ရင် တရားသူကြီးတွေများ ကြောက်ပြီး စိတ်ပြောင်းလိုပြောင်းငြား ဖြစ်လာစေဖို့ (သို့) ကိုယ်ဝန်ဖျက်ချစေချင်ကြတဲ့ လက်ဝဲစွန်းထောက်ခံသူများကို တပ်လှန့်ပေးလိုက်ဖို့ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖောက်ချတဲ့ဖြစ်ရပ်အပေါ် ဆူပရင်းမ်ကုတ်က ဒီလုပ်ရပ်ဟာ ဌာနအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဆူကရင်းမ်ကုတ်က ရဲတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ရှားရှားပါးပါး ကြေငြာချက်ထုတ်ပါတယ်။ အဲဒီလို ဖောက်ချနိုင်တဲ့သူContinue reading “မေ ၃ရက် ၂၀၂၂”

မေ ၁ရက် ၂၀၂၂

တရုပ်ပြည်မှာ လော့ဒေါင်းတွေလုပ်တယ်ဆိုတာက အမေရိကန်တို့ မြန်မာပြည်တို့မှာလို မဟုတ်ပါဘူး။ တိုက်တွေအောက်ကို သံဇကာတွေ ကာပစ်လိုက်သလို လမ်းတဘလောက်လုံးကိုပါ ခြံတံခါးလို သံတိုင်တွေကို ဆက်ဆက်ပြီး ကာသွားတာပါ။ လမ်းတွေ ဟိုဖက်ထိပ် ဒီဖက်ထိပ်ကနေ သံတိုင်တွေနဲ့ အသေပိတ်ထားသလိုပါ။ စားစရာတောင် ထွက်ဝယ်လို့ မရပါဘူး။​ အစိုးရက ဝေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အိမ်မှာရှိတဲ့ ခေါက်ဆွဲခြောက်လို အခြောက်အခြမ်းတွေ စည်သွတ်ဗူးတွေပဲ စားနေကြရတယ်လို့ ဆိုပါတယ်။​ ဝယ်ထားတာမရှိရင်လည်း ငတ်ရုံပါပဲ။ အစိုးရကပေးတဲ့ ရာရှင်တွေကိုလည်း တချို့နေရာတွေမှာ ပေးချင်ယောင်ဆောင် အပေါက်ဝမှာ ချပေးထားတာ ဓါတ်ပုံရိုက်ပြီး ပြန်ယူသွားတာတွေလည်း ရှိပါတယ်။ ထွက်ချင်ရင် သူတို့ခွင့်ပြုတဲ့ မဖြစ်မနေထွက်ရမယ့် အကြောင်းတွေထဲက တခုခုရှိမှသာ ရပ်ကွက်ကောင်စီလိုမျိုးကို ခွင့်ပြုချက်တောင်းပြီး လိုအပ်တဲ့အထောက်အထားတွေ အကုန်ပြနိုင်ရင်တောင် ထွက်ခွင့်ရနိုင်ဖို့က မသေချာပါဘူး။ အခုလိုဖြစ်နေတာ လနဲ့ချီနေပြီး မြို့ကြီးတွေကContinue reading “မေ ၁ရက် ၂၀၂၂”

ဧပြီ ၃၀ ရက် ၂၀၂၂

အီလွန်က တွဒ်တာကိုဝယ်ဖို့ ဘဏ်ကချေးထားတဲ့ငွေတွေကို ပြန်ဆပ်နိုင်ဖို့ တွဒ်တာပေးလုပ်ဖို့ အစီအစဥ်ရှိကြောင်း၊ ဘုတ်အဖွဲ့ကို ပေးနေရတဲ့ လစာတွေကို ဖယ်ရှားသွားမယ့်အကြောင်း၊ တွိတွေကနေ ငွေဝင်အောင် နည်းလမ်းသစ်တွေ ရှာဖွေသွားမယ့်အကြောင်း မြီရှင်တွေကို ပြောကြားသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ် သုံးစွဲသူတွေက အကောင့်အစစ်အမှန် ဖြစ်ကြောင်း ဘလူးမာ့ခ်ရဖို့အတွက် တလကို ၃ဒေါ်လာ ပေးနေရတာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ဖို့ သေချာစစ်ဆေးတာမျိုး မရှိတဲ့အတွက် စက်တွေကနေ အကောင့်တုတွေ အများကြီးဖန်တီးပြီး ကလဖန်ထိုးနေကြတာက ပြဿနာတခုဖြစ်နေတဲ့အတွက် သုံးစွဲသူစီစစ်ဖို့ကို ကွန်ဆာဗေးတစ်တွေက တောင်းဆိုနေကြတာပါ။ ဘုတ်အဖွဲ့ရဲ့ စတော့အပါအဝင် ခံစားခွင့်တွေကလည်း ၂၀၂၁ မှာ သန်း၆၃၀ ဖြစ်လို့ ၂၀၂၀တုန်းကထက် ၃၃ရာနှုန်း ပိုများလာတာပါ။ ကုမ္ပဏီရဲ့ ဝင်ငွေနဲ့စာရင် အုပ်ချုပ်သူတွေရဲ့ ခံစားခွင့်က မဟားတရား များနေတာကိုယ်၌က ဘုတ်အဖွဲ့ရဲ့Continue reading “ဧပြီ ၃၀ ရက် ၂၀၂၂”

ဧပြီ ၂၈ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်ပြီးတာနဲ့ စတွေ့ရတဲ့ အပြောင်းအလဲတွေက အားရစရာပါ။ အရင်က ဘန်းထားတဲ့ (သို့) ညစ်လွန်းလို့ ထွက်သွားကြတဲ့ ကွန်ဆာဗေးတစ်အများအပြား ပြန်ဝင်လာကြတဲ့အပြင် ဖော်လိုဝါတွေ ကြောက်ခမန်းလိလိ တက်လာကြပါတယ်။ ဖလော်ရီဒါဂါဗာနာ ရွန်ဒီဆန်းတစ်စ်နဲ့ ဒွန်ဂျူနီယာ (ထရမ့်သားကြီး)တို့က ၂ရက်အတွင်း ဖော်လိုဝါ ၂သိန်းလောက် တက်လာပြီး တပ်ကာက ၁သိန်းခွဲနဲ့ တခြားရီပါဘလစ်ကန်အမတ်တွေနဲ့ ဂျိမ်းစ်ဝုဒ်စသူတို့က ၇သောင်းကျော်လောက် တက်ခဲ့တာပါ။ ယှဥ်ကြည့်မယ်ဆိုရင် သူတို့အကောင့်တွေမှာ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး ဖော်လိုဝါတွေ အလကားနေရင်း သောင်းချီ သိန်းချီပြုတ်ကျနေခဲ့ပြီး ဘယ်အချိန် ဘယ်သွားသွား ဆဲမယ့်လူကလွဲလို့ အားပေးမယ့်သူမရှိတဲ့ ဘိုင်ဒန်လိုလူက ဖော်လိုဝါတွေ မျက်လှည့်ပြသလို တက်သွားခဲ့တာက သွေးရိုးသားရိုးမဟုတ်နိုင်ပါဘူး။ ဖောက်စ်နယူးစ်က မိုးလေဝသတင်ဆက်သူ ပညာရှင် ဂျနစ်စ်ဒီင်းက တွဒ်တာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အရမ်းကို သုံးလို့ကောင်းနေတယ်၊Continue reading “ဧပြီ ၂၈ ရက် ၂၀၂၂”

ဧပြီ ၂၇ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်အပြီးမှာ ပထမဆုံးလို့ ပြောလို့ရတဲ့ ပြင်းထန်တဲ့တွိကတော့ ဘိုင်ဒန်တို့ သားအဖနဲ့ ပတ်သက်ပါတယ်။ အီလွန်ကနေ့တွိတာကတော့ သတင်းဌာနကြီးတခုက တကယ့်သတင်းအမှန် တင်ပြထားတာကို ပိတ်ပင်တာက တကယ့်ကို မသင့်လျော်တဲ့လုပ်ရပ်ဆိုတာ အသိသာကြီးလို့ ဆိုပါတယ်။ နောက်တွိတခုမှာလည်း ဘိုင်ဒန်က ခြေအိတ်ကို လက်မှာစွပ်ပြီး ပါးစပ်လို စကားပြောဟန်လုပ်တဲ့ ရုပ်သေးလူသားပါပဲလို့ ရေးပြန်ပါတယ်။   စတာက ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဝါရှင်တန်ပို့စ်က ဟန်းတားရဲ့ လက်ပ်တော့ပ်အကြောင်း ဖွင့်ချလိုက်ပါတယ်။ တရားဝင်ထရမ့်ကမ်ပိန်းတွဒ်တာအကောင့်က အဲဒီသတင်းကို ကိုးကားပြီး ဂျိုးဘိုင်ဒန်က လူလိမ်၊ တိုင်းပြည်ကို ရောင်းစားနေတာ နှစ်ပေါင်းများစွာရှိနေပြီလို့ တွိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၁၉ရက်အလိုမှာ တရားဝင်ထရမ့်ကမ်ပိန်းအကောင့်ရော နယူးယောက်ပို့စ်က အကောင့်ရော အပိတ်/ရပ်နားခံလိုက်ရတာပါ။ တွဒ်တာက ဆင်ဆာကင်ပေတိုင်များကတော့ သူများရဲ့ ပုဂ္ဂိုလ်ရေးတွေကို ကာယကံရှင်ခွင့်ပြုချက်မရပဲContinue reading “ဧပြီ ၂၇ ရက် ၂၀၂၂”

ဧပြီ ၂၆ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်လိုက်တဲ့အပေါ်မှာ တုန့်ပြန်မှုများစွာ ရှိကြတဲ့အထဲက စိတ်ဝင်စားစရာ အကောင်းဆုံးတခုကတော့ တွဒ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်စေရဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဒေါ်စေက အီလွန်မတ်စ်ဟာ သူယုံကြည်တဲ့ တခုတည်းသောအဖြေဖြစ်တယ်လို့ ပြောသွားပါတယ်။ သူက ငါတွဒ်တာကို ချစ်တယ်၊ တွဒ်တာက ကမ္ဘာ့အဆင့်အသိတရားရှိမှုနဲ့ အနီးစပ်ဆုံးဖြစ်တယ်၊ ငါ့အတွက်တော့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းရော ဆားဗစ်စ် ဝန်ဆောင်မှုရောက အရေးအကြီးဆုံးပဲ၊ အဲဒီနှစ်ခုကို ကာကွယ်ဖို့ ဘာပဲလုပ်ရလုပ်ရ ငါလုပ်မယ်၊ တွဒ်တာကုမ္ပဏီက ငါ့ရဲ့ဂရုအစိုက်ဆုံး ကိစ္စဖြစ်သလို ငါ့ရဲ့ အကြီးဆုံးနောင်တလည်းဖြစ်တယ်၊ (အများပိုင်ကုမ္ပဏီဖြစ်သွားပြီးနောက်) ဝေါလ်စထရိနဲ့ (ဝင်ငွေအတွက်) ကြော်ငြာမော်ဒယ်တွေက ပိုင်သွားတော့တာပါပဲ၊ အခုလို ဝေါလ်စထရိက ပြန်ရယူလိုက်တာက လမ်းမှန်ကိုသွားမယ့် ပထမဆုံးခြေလှမ်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒေါ်စေက မူအားဖြင့်ဆိုရင်တော့ တွဒ်တာကို ဘယ်သူကပိုင်သင့်တယ်၊ ဘယ်သူက စီမံသင့်တယ်ဆိုတာမျိုးContinue reading “ဧပြီ ၂၆ ရက် ၂၀၂၂”

ဧပြီ ၂၅ ရက် ၂၀၂၂

တွဒ်တာဘုတ်အဖွဲ့ကတော့ အီလွန့်ကို ၄၄ဘီလီယံနဲ့ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။​ ဆင်ကြံကြံလို့လည်း မရတော့ဘူးလေ။ သူတို့ဘက်က ကောင်တာအော်ဖာပေးမယ့်သူက ဘယ်လောက်ပေးနိုင်မှာမို့လဲ။ ငြင်း/ညစ်လိုက်လို့ အီလွန်ဖက်က စိတ်ကုန်သွားခဲ့ရင် စတော့တွေက ပြုတ်ကျဦးမယ့်အပြင် ရှယ်ယာရှင်တွေက အလုံးအရင်းနဲ့ တရားဝိုင်းစွဲတာ ခံရဦးမှာ။ လက်ခံတယ်လို့ အကြောင်းမပြန်ခင်လေးတင်မှာ တွဒ်တာက သူတို့ရဲ့ ဆို့စ်ကုဒ်တွေကို လော့ခ်ချထားလိုက်ပါတယ်။ ဘယ်သူမှ ပြင်လို့၊​ ဖျက်လိုဖျက်ဆီးလုပ်လို့ မရအောင်လုပ်တာမျိုး ဖြစ်မယ်ထင်ပါတယ်။ နောက်သတင်းတပုဒ်မှာတော့ အဲဒီလို လော့ခ်မလုပ်ခင်ကို တချို့ဝန်ထမ်းတွေက ပါ့ဘလစ်ဒေတာထားသိုတဲ့ ရီပိုစစ်ထရီအလွတ်တခုကို ထည့်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒါက အီလွန်ကို မနှစ်သက်တဲ့ ဝန်ထမ်းတွေရဲ့ မက်ဆေ့ချ်ဖြစ်နိုင်ပါတယ်။ အီလွန်ဖက်ကလည်း ငါ့ကို အဆိုးရွားဆုံး ဝေဖန်နေတဲ့သူတွေကိုတောင် တွဒ်တာမှာ ဆက်ရှိနေစေချင်ပါတယ်၊ ဒါမှ ဖရီးစပိချ်ပီသမှာပေါ့လို့ တွိသွားပါတယ်။ ဝန်ထမ်းတွေကို ပြောတာတော့ ဟုတ်ဟန်မတူပါဘူး။​Continue reading “ဧပြီ ၂၅ ရက် ၂၀၂၂”

ဧပြီ ၂၄ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ်ပိုင်ဓနကို အလုံးအရင်းနဲ့ သုံးပြီး ကြိုးစားတာ အရှိန်ရလာချိန်မှာတော့ ပြည်နယ်/ဖက်ဒရယ်အစိုးရတွေက နည်းမျိုးစုံနဲ့ ခြေထိုးလာကြပါတယ်။ အီလွန့်လုပ်ရပ် သက်ရောက်မှု အတိုင်းအတာဘယ်လောက်ကြီးလဲဆိုတော့ လက်ဝဲသမားတွေက သူတို့ဖက်က အိုဘားမားတို့ ဟေလာရီတို့လို လက်ကြီးတွေ အကုန်ထုတ်သုံးလာရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါကလည်း ဘိုင်ဒန်နဲ့ ကာမလာတို့က သုံးစားမရမှန်း ပိုသိသာစေတာပါပဲ။ ဟူစိန်အိုဘားမားက စတန်းဖို့ဒ်က ဆိုင်ဘာပေါ်လစီစန်တာမှာ ပေးတဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် အစိုးရက အင်တာနက်နဲ့ သတင်းအချက်အလက်တွေကို ပိုထိန်းချုပ်သင့်တယ်လို့ ပြောသွားပါတယ်။ သူပြောတဲ့ အစိုးရကဆိုရာမှာ ဖရီးစပိချ်ကို အားပေးတဲ့ ရီပါဘလစ်ကန်အစိုးရ တွေတော့ ပါမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ရီပါဘလစ်ကန်တွေကို ဆဲဆိုဝေဖန်လို့ ဘယ်သူမှ ထောင်မကျ၊ အပိတ် အဘန်းမခံရပေမယ့် ဒီမိုကရက်တွေ၊ ဒီမိုကရက်ပေါ်လစီတွေ၊ တရုပ်လိုContinue reading “ဧပြီ ၂၄ ရက် ၂၀၂၂”