ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ့်ပိုင်ဆိုင်မှုတွေကို ရင်းပြီး ကြိုးစားနေတဲ့ အီလွန်ကို စတင်တိုက်ခိုက်လာတဲ့ထဲမှာ မိုက်ကရိုဆော့ဖ်ဖောင်ဒါ ဘေလ်ဂိတ်စ်လဲ ပါလာပါပြီ။ ဂိတ်စ်က တက်စ်လာစတော့တွေကို အလုံးအရင်းနဲ့ ရှော့ဆေးလ်စလုပ်နေပါတယ်။ ရှော့ဆေးလုပ်ကြတာက လုပ်တဲ့စတော့ရဲ့ဈေးတွေ ပြုတ်ကျတော့မယ်လို့ ခန့်မှန်းသူတွေ လုပ်ကြတာပါ။ ဂိတ်စ်က လောလောဆယ် တက်စ်လာစတော့ သန်း၅၀၀ဖိုး ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။ ခုရက်ထဲတင်မှ ဝင်ငွေစံချိန်တင်ထားတဲ့ တက်စ်လာကို ရှော့ဆေးလ်လုပ်တယ်ဆိုတာက သွေးရိုးသားရိုးဖြစ်ဖို့တော့ ခက်ပါတယ်။ ဂိတ်စ်နဲ့ မတ်စ် အပြန်အလှန်ပို့ကြတဲ့ စာတိုမက်ဆေ့ချ်မှာ မတ်စ်က ခင်ဗျားမှာဘီလီယံဝက်ဖိုး တက်စလာကို ရှော့ထားတာ ရှိသေးလားလို့ မေးတော့ ဂိတ်စ်က ရှိသေးတယ်လို့ ပြန်ခဲ့ပြီး မာ့စ်ခ်ကို ကလိုင်းမိတ်ချိန့်နဲ့ ပတ်သက်တဲ့ ပရဟိတအလုပ်တွေ တွဲလုပ်ဖို့ ဆွယ်ပါတယ်။ ပြောရရင်တော့ ဂရူးမင်း အယုံသွင်းခြင်း တမျိုးပါပဲ။ အီလွန်ကContinue reading “ဧပြီ ၂၃ ရက် ၂၀၂၂”
Author Archives: Omma
ဧပြီ ၂၁ ရက် ၂၀၂၂
အီလွန်က သူ တွဒ်တာကို ဝယ်ဖို့ ၄၆.၅ ဘီလီယံ ရှာထားပြီးဖြစ်ကြောင်းနဲ့ မကြာမီ တန်ဒါအော်ဖာ ကမ်းလှမ်းသွားဖို့ စီစဥ်နေကြောင်း ကနေ့အက်စ်အီးစီကို လျောက်ထားချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို တန်ဒါအော်ဖာလုပ်ခြင်းဖြင့် ဘုတ်အဖွဲ့ကို ဖြတ်စရာ မလိုတော့ပဲ ၉၀.၈ရာနှုန်းသော ရှယ်ယာရှင်တွေက သူ့ကမ်းလှမ်းချက်ကို လက်ခံ/မခံ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ၉၀.၈ဆိုတာက ကျန်တဲ့ ၉.၂ရာနှုန်းက သူပိုင်ပြီးသားမို့ပါ။ အကုန်လုံးတော့ ဖြစ်စရာမလိုပါဘူး၊ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ ပမာဏက သတ်မှတ်ရက်မှာ စျေးတခုသတ်မှတ်ပေးဖို့ပဲ လိုတာပါ။ အဲဒီလို ဖြစ်လာရင် ဘုတ်အဖွဲ့က ပွိုင်ဆန်ပေလ်လည်း လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တန်ဒါအော်ဖာလုပ်လိုက်ရင် တွဒ်တာဘုတ်က ကောင်တာအော်ဖာ လုပ်နိုင်ဖို့ နောက်ထပ် ဝယ်သူတယောက် ပြရမှာဖြစ်ပါတယ်။ မပြနိုင်ရင်တော့ မတ်စ်နဲ့ ဆွေးနွေးဖို့ပဲ ရှိပါတော့တယ်။ ခုအချိန်အထိတော့ တကယ်အဲဒီလိုContinue reading “ဧပြီ ၂၁ ရက် ၂၀၂၂”
ဧပြီ ၂၀ ရက် ၂၀၂၂
ဖရီးစပိချ်ကို ကာကွယ်ဖို့ ပိုက်ဆံအများကြီး အကုန်ခံပြီး ကြိုးစားနေတဲ့ တက်စ်လာ၊ စပေ့စ်အိတ်စ်၊ ဘောရင်းကုမ္ပဏီတို့ရဲ့ စီအီးအို အီလွန်မတ်စ်က တွဒ်တာကိုတင် ဝေဖန်နေတာ မဟုတ်ပဲ ဖဘကလည်း ဇကဘနဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် ၂၀၂၀တုန်းက ၂၃.၄သန်း၊ ၂၀၂၁မှာ ၂၇သန်း သုံးနေရတာကို များလွန်းတယ်လို့ ဝေဖန်ပါတယ်။ ဒါ့အပြင် နက်ဖလစ်စ်ကိုလည်း ဘယ်လိုမှ ကြည့်လို့ အဆင်မပြေလောက်အောင်ကို ဝုခ်ဖြစ်လွန်းနေတယ်လို့ ဝေဖန်သွားပါတယ်။ အဲဒီလို လက်ဝဲစွန်း အာဂျင်ဒါတွေ ထည့်လာလို့လည်း ဒီနှစ် ပထမ ၃လမှာ လပေးကြည့်ရှုသူပေါင်း ၂သိန်းလောက် လျော့ကျသွားလို့ စတော့ဈေးတွေလည်း ၂၅ရာနှုန်းလောက် ပြုတ်ကျသွားပါတယ်။ ဝုခ်ဆိုတာ တရားဝင်ဖွင့်ဆိုချက်အရတော့ ကိုယ့်ကိုယ်ကို (သို့) လူမှုရေးအရ သတိထားနေတဲ့သူလို့ ဆိုလိုတာပါ။ အနှစ်သာရအပိုင်းမှာတော့ လူတွေကို အသားအရောင်၊ လိင်၊Continue reading “ဧပြီ ၂၀ ရက် ၂၀၂၂”
ဧပြီ ၁၉ ရက် ၂၀၂၂
အီလွန်က တွဒ်တာဘုတ်ကို တုန့်ပြန်ရာမှာ အဲလ်ဗစ်စ် ပရက်စလေဆိုခဲ့တဲ့ လဖ်မီတန်ဒါ (ငါ့ကို ကြင်ကြင်နာနာချစ်ပါ)လို့ တွိခဲ့ပါတယ်။ အဓိပ္ပါယ်က ကြင်နာတာအပြင် ကမ်းလှမ်းချက်ကို လက်ခံတာ၊ သဘောတူစာချုပ်အတိုင်း ငွေပေးချေပြီး အရောင်းအဝယ် အထမြောက်တာလိုလည်း ဖွင့်ဆိုလို့ ရပါတယ်။ တွဒ်တာကို ဝယ်ဖို့ကိစ္စနဲ့ နီးစပ်သူတွေအဆိုအရ အီလွန်က သူပိုင်ငွေ ၁၀-၁၅ဘီလီယံ အထိကို ထည့်ဝင်ဖို့ လိုလိုလားလားရှိပြီး နောက်ထပ် ၁၀ဘီလီယံလောက်ကိုတော့ ဘဏ်က ချေးယူကောင်း ချေးယူနိုင်တယ်လို့ သိရပါတယ်။ ဒီသတင်းတွေကိုတော့ တက်စ်လာကရော တွဒ်တာကပါ မတုန့်ပြန်ကြသေးပါဘူး။ ဧပြီ ၁၄ရက်တုန်းက တက်ဒ်တော့ခ်မှာတုန်းက သူက လူ့အဖွဲ့အစည်း၊ လူ့ယဥ်ကျေးမှုအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့အတွက် ဖရီးစပိချ်ကို ကန့်သတ်လာတဲ့ တွဒ်တာကို ဝယ်ဖို့ လုပ်နေတာဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်က သူ့အတွက် အရေးမကြီးဘူးလို့ ဆိုပါတယ်။ သူ့ရဲ့Continue reading “ဧပြီ ၁၉ ရက် ၂၀၂၂”
ဧပြီ ၁၈ ရက် ၂၀၂၂
အီလွန်က လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ထိန်းသိမ်းဖို့အတွက် တွဒ်တာကို အပိုင်ဝယ်ယူဖို့ ကြိုးစားတဲ့အပေါ် တွဒ်တာဘုတ်အဖွဲ့က ခါးခါးသီးသီး တုန့်ပြန်ကြတာနဲ့ ပတ်သက်ပြီး တွဒ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်စီက ဝေဖန်လိုက်ပါတယ်။ ဒေါ်စီက ဒီဘုတ်အဖွဲ့က လုပ်လိုက်ရင် အမြဲ ကမောက်ကမချည့်ပဲလို့ ပြောလိုက်တာပါ။ သူက ပြီးခဲ့တဲ့ ဒီဇင်ဘာက တွဒ်တာစီအီးအိုအဖြစ်က ဆင်းပေးခဲ့ပေမယ့် ဘုတ်အဖွဲ့ဝင်အဖြစ်တော့ ဆက်ရှိနေပါသေးတယ်။ သူက တွဒ်တာမှာ ဘုတ်အဖွဲ့ရဲ့ တုန့်ပြန်မှုအကြောင်း ပြောဆိုနေကြတဲ့ တွိထဲမှာ ဝင်ရောက်ပြောဆိုသွားတာဖြစ်ပါတယ်။ အီလွန်က တွဒ်တာကို ဝယ်ယူမယ်ဆိုတဲ့ ၅၄.၂၀ဈေးက အီလွန်ဝယ်ယူမှုတွေမစခင် ဒီနှစ် ဇန်နဝါရီနှောင်းပိုင်းတုန်းက ပေါက်ဈေးဖြစ်တဲ့ ၃၄ ဝန်းကျင်ထက် ၆၀ရာနှုန်းနီးပါး များနေပြီးသားပါ။ ပုံမှန်ရှယ်ယာရှင် အများစုက လက်ခံကြဖို့ စဥ်းစားကြမှာဖြစ်ပေမယ့် ဘုတ်အဖွဲ့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ဘာမှ ဟုတ်တိပတ်တိ ရှိမနေတာကြောင့်Continue reading “ဧပြီ ၁၈ ရက် ၂၀၂၂”
ဧပြီ ၁၆ ရက် ၂၀၂၂
တွဒ်တာက အီလွန်သူတို့ကို မဝယ်နိုင်အောင် စီမံလိုက်တဲ့ ပွိုင်ဆန်ပေလ် အဆိပ်လုံးဟာ အီလွန် တွဒ်တာကို ဝယ်ဖို့ ပိုခက်ကောင်းခက်သွားမှာ ဖြစ်နိုင်ပေမယ့် လုံးဝတော့ မတားနိုင်ဘူးလို့ ဒေးလီးဝိုင်ယာက ဆိုပါတယ်။ အဆိပ်ဆေးကတော့ နာမည်အတိုင်းပါပဲ။ သူ့ရဲ့ အလုပ်လုပ်ပုံဟာ နျူဗုံးကြဲသလိုပဲ အားလုံးအကျိုးမဲ့ဖြစ်သွားနိုင်တာပါ။ အဆိပ်ဆေးစီမံလိုက်တဲ့အတွက် ဖြစ်နိုင်တာ ၃ ခုက ၁။ အီလွန်က ရှယ်ယာရှင်တွေ စုပေါင်းအားနဲ့ ဒါရိုက်တာအဖွဲ့ကို ဖြုတ်ချပြီး အဆိပ်လုံးအစီအမံကို ဖျက်ပစ်နိုင်တယ်။ ၂။ အီလွန်က တွဒ်တာကို ကယ်တင်မယ့် သူရဲကောင်း(သို့) နောက်ဝယ်သူတဦးကို ရှာခိုင်းပြီး (အဆိပ်လုံးပလန်နဲ့ အတွင်းလူတွေကို ဈေးလျော့ရောင်းမယ့်) ရှယ်ယာတွေကို ဈေးပိုပေးပြီး ဝယ်ယူစေခြင်းဖြင့် သူ့လက်ရှိရှယ်ယာတန်ဖိုးတွေ တက်လာစေမယ်။ ၃။ အီလွန်က တွဒ်တာကို လုံးဝ လှည့်မကြည့်တော့ရင် ရှယ်ယာရှင်တွေက သူတို့ရှယ်ယာတန်ဖိုးတွေContinue reading “ဧပြီ ၁၆ ရက် ၂၀၂၂”
ဧပြီ ၁၅ ရက် ၂၀၂၂
အီလွန်က တွဒ်တာတခုလုံးကို ဝယ်ဖို့ ကမ်းလှမ်းချက်က ဧပြီ ၂၀ရက်အထိ အကျုံးဝင်ပါတယ်။ အဲဒီအတောအတွင်း တွဒ်တာဘက်က အီလွန်၁၅ရာနှုန်းထက် ပိုမဝယ်နိုင်အောင် ကန့်သတ်ဖို့ ပြင်နေတယ်လို့ ပြောကြသလို အီလွန်ဘက်ကလည်း သူနဲ့အတူပါဝင်ဖို့ ပါတနာတွေ ဖိတ်ခေါ်ဆွေးနွေးနေတယ်လို့ ဆိုကြပါတယ်။ အဲဒီထဲက တဖွဲ့က ဆေးလ်ဗားလိတ်ခ်ဆိုတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံတဲ့အဖွဲ့တခုဖြစ်ပြီး ၂၀၁၈တုန်းက အီလွန်က တက်စ်လာရှယ်ယာတွေ အကုန်ပြန်ဝယ်ပြီး ပုဂ္ဂလိကပိုင် လုပ်ဖို့ကြိုးစားတုန်းကလည်း အီလွန်နဲ့ ပူးပေါင်းခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ တွဒ်တာက ရှယ်ယာဝယ်ခွင့် ကန့်သတ်မယ်ဆိုရင် အက်စ်အီးစီကို သူတို့ဘယ်လိုဖြစ်ချင်တယ်ဆိုတာ လျောက်ထားရမှာဖြစ်ပြီး ခုထိတော့ မတင်ရသေးဘူးလို့ သိရပါတယ်။ နောက်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံတဲ့ သောမတ်စ်ဘရာဗိုဆိုတဲ့ အက်ဆက် ၁၀၃ဘီလီယံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီကလည်း တွဒ်တာတခုလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အားလုံးပေါင်းမှ ၁၀၃ရှိတာဆိုတော့ အီလွန်ရဲ့Continue reading “ဧပြီ ၁၅ ရက် ၂၀၂၂”
ဧပြီ ၁၄ ရက် ၂၀၂၂
အီလွန်မာစ့်က တွဒ်တာကို လူထုဟစ်တိုင်သဘောမျိုး ဆင်ဆာမရှိပဲ ဘယ်သူလာဟစ်ဟစ် ဟစ်လို့ ရစေချင်တဲ့ အနေအထားမျိုး ဖြစ်စေချင်တဲ့အတွက် တွဒ်တာရဲ့ရှယ်ယာ ၉.၂ ရာနှုန်းဝယ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှာလည်း လုပ်နိုင်တာ အကန့်အသတ်ရှိနေတဲ့အပြင် မကြိုက်တာအကုန် ဆင်ဆာလုပ်ပစ်၊ ကြည့်မရတဲ့အကောင့်တွေ ပိတ်ပစ်လို့ရတဲ့ အာဏာကို ခံတွင်းတွေ့နေတဲ့ ဝန်ထမ်းတွေကြားမှာလည်း အာဏာစွန့်ရမှာကို သေမလောက်ကြောက်နေသူလိုပဲ အပြင်းအထန် ပွက်လောရိုက်ကုန်ကြပါတယ်။ ကနေ့မှာတော့ အီလွန်က တွဒ်တာရှယ်ယာအားလုံးကို တရှယ်ယာကို ၅၄.၂၀ပေးပြီး ၄၁.၃ဘီလီယံနဲ့ ငွေပေးချေဝယ်ယူပြီး ပုဂ္ဂလိကပိုင် ကုမ္ပဏီလုပ်ပစ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူ့ကမ်းလှမ်းတာ လက်မခံရင်တော့ သူ့ရှယ်ယာတွေ ထုတ်ရောင်းသင့် ရောင်းရမယ်လို့လည်း ပြောလိုက်ပါတယ်။ အီလွန်ရဲ့ ရှယ်ယာအကုန်ထုတ်ရောင်းလိုက်ရင် တွဒ်တာဈေး ထိုးဆင်းသွားတော့မှာပါ။ အီလွန်က တွဒ်တာဟာ အများကြီးအလားအလာရှိတဲ့ ကုမ္ပဏီဖြစ်ပြီး သူလက်ထဲရောက်ရင် တက်လမ်းတွေအကုန် ဖွင့်ပေးလိုက်မယ်လို့ ဆိုပါတယ်။Continue reading “ဧပြီ ၁၄ ရက် ၂၀၂၂”
ဧပြီ ၁၃ ရက် ၂၀၂၂
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မစ်စိုးရီပြည်နယ် အမြင့်ဆုံးတရားရုံးက စိန့်လူးဝစ်မြို့က ဒီမိုကရက်ဆားကစ်ရှေ့နေ ကင်ဘာလေဂါဒ်နာကို သူမက မစ်စိုးရီဂါဗာနာဟောင်း အဲရစ်ဂရစ်တန်စ်ကို တရားစွဲရာမှာ မအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်မှတ်တမ်းတွေ တောင်းခံရာမှာ ပေးအပ်ဖို့၊ တရားရုံးအမိန့်နာခံဖို့ အမိန့်ချလိုက်ပါတယ်။ ၂၀၁၈တုန်းက အမွှေစိန် ဆိုရော့စ်ရဲ့ အထောက်အပံ့နဲ့ အစိုးရရှေ့နေဖြစ်လာတဲ့ ဂါဒ်နာက အဲဒီတုန်းက ရီပါဘလစ်ကန်ဂါဗနာ ဂရစ်တန်စ်ကို သူနဲ့ငြိစွန်းနေတဲ့ အမျိုးသမီးရဲ့ မဖော်ပြအပ်တဲ့အနေအထားကို ဓါတ်ပုံရိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ သူမစွပ်စွဲတဲ့ဓါတ်ပုံကို မတင်ပြနိုင်တဲ့နောက် စွဲချက်ကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။ သူမစွဲချက်ကို စိန့်လူးဝစ်က နယ်မြေခံရဲတွေက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်း တဦးဖြစ်တဲ့ ဝီလီယံ တီစာဘီကို ငှားရမ်းပြီး သူမစွပ်စွဲထားတဲ့အမှုအတွက် သက်သေခံရလိုရငြား ကြိုးစားခဲ့ပါတယ်။ သူမ ငှားထားတဲ့ တီစာဘီက သက်သေခံအထောက်အထား ဖျောက်ဖျက်/ပြောင်းလဲစေမှုနဲ့ တရားစွဲခံထားရပြီးContinue reading “ဧပြီ ၁၃ ရက် ၂၀၂၂”
ဧပြီ၁၂ ရက် ၂၀၂၂
တက်စ်လာရဲ့ အီလွန်မာ့စ်က တခြားဘီလျှံနာတွေနဲ့ လုံးဝမတူတဲ့အချက် တခုကတော့ ဇကာဘတ်တို့၊ ဘီဇိုစ်တို့၊ ပီတာသီယဲလ်တို့၊ ဆာဂေးဘရင်တို့၊ လာရီပေ့ဂျ်တို့၊ လာရီအယ်လီဆင်တို့က အသက်ရှည်ဖို့နဲ့ မအိုဖို့သုတေသနေတွေကို သန်းပေါင်း ဆယ်ချီကနေ ရာချီပြီး သုံးနေကြတာပါ။ သူတို့ထက် ပိုချမ်းသာသွားတဲ့ အီလွန်ကတော့ အသက်ရှိသလောက် ကျန်းမာနေချင်တယ်၊ ထိုက်သင့်သလောက်လဲ နေချင်တယ်၊ ဒါပေမဲ့ သူကတော့ သေရမှာ မကြောက်ဖူး၊ တကယ်တမ်းမှာ သက်တမ်းစေ့နေပြီး သေသွားရတာက ပေါ့တောင်သွားဦးမှာပါလို့ ဆိုပါတယ်။ အီလွန်က သူဌေးဖြစ်လာပေမယ့် ဇိမ်ခံနေတာမျိုးမဟုတ်ပဲ အလုပ်ထဲမှာ အချိန်ပြည့် စိတ်နှစ်ပြီး လုပ်တတ်သူဖြစ်လို့ နားဖို့ကို စိတ်ကူးထဲမှာ မရှိပါဘူး၊ သူစိတ်ဝင်စားတာတွေ အချိန်ပြည့်လုပ်နေရတော့ ပင်ပန်းတယ်လို့လည်း မထင်တဲ့အတွက် နားစရာလည်း မလို၊ နားလည်း မနားချင်ဖြစ်နေတာပါ။ သူ့အတွေးက လူတွေက အသက်ဘယ်လောက်ရှည်ရှည် သေသွားသည့်တိုင်Continue reading “ဧပြီ၁၂ ရက် ၂၀၂၂”