ဇန်နဝါရီ ၂၄ ရက် ၂၀၂၂

ဘိုင်ဒန်က ပူတင်နဲ့ တွေ့တုန်းက ရုရှားတွေဆိုင်ဘာတိုက်ခိုက်မှုလုပ်တာက အရေးကြီးတဲ့ ကဏ္ဍ၁၆ခုကို မထိဘူးဆိုရင် အမေရိကန်က အိုကေပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသာဓကရှိထားတော့ ယူကရိန်းကို နဲနဲကျူးကျော်တယ်ဆိုရင်လည်း အများကြီး အရေးမယူပါဘူးလို့ ပြောခဲ့တာက နောက်မှအိမ်ဖြူဝန်ထမ်းတွေက ဘယ်လောက်ပဲလိုက်ဖာဖာ ပူတင်က အတည်ယူတော့မှာလို့ တွေးလို့ရပါတယ်။ ယူကရိန်းသမ္မတကတော့ ဘယ်ကျူးကျော်မှုမှ မသေးဘူး၊ ဘယ်အချုပ်အချာအာဏာပိုင်နိုင်ငံမှလည်း နိုင်ငံသေးမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။​ ရုရှားက ကျူးကျော်လို့ စစ်ဖြစ်ခဲ့ရင် အမေရိကန်တွေကို ကယ်ထုတ်ဖို့ မဖြစ်နိုင်တဲ့အတွက် ယူကရိန်းကို သွားဖို့မသင့်တဲ့ နိုင်ငံစာရင်းထဲ ထည့်လိုက်ပြီး အမေရိကန်သံရုံးမိသားစုတွေကို ပြန်ခေါ်ခဲ့တာကလည်း ရုရှားက အသေအချာဝင်တော့မှာလို့ နမိတ်ပြနေသလိုပါပဲ၊ ယူကရိန်းသမ္မတက သံရုံးမိသားစုတွေက ရာဇဝတ်မှုတွေ မတရားတက်နေတဲ့ အမေရိကန်မှာထက် ယူကရိန်းမှာက ပိုတောင် လုံခြုံသေးတယ်လို့ တုန့်ပြန်ပါတယ်။ ရုရှားကတော့ ယူကရိန်းနယ်စပ်မှာ တပ်အင်အား တသိန်းလောက်Continue reading “ဇန်နဝါရီ ၂၄ ရက် ၂၀၂၂”

ဇန်နဝါရီ ၂၃ ရက် ၂၀၂၂

ဒီတပတ်အတွင်း ဘိုင်ဒန်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ဆီးနိတ်ရီပါဘလစ်ကန် ခေါင်းဆောင် မက်ကောနယ်လ်ကို ဖောက်စ်နယူးစ်က ဘရက်ဘေယာက မေးမြန်းထားပါတယ်။ ဘိုင်ဒန်က ရုရှားအနေနဲ့ ယူကရိန်းမှာ အငယ်စားကျူးကျော်မှုလေး လုပ်ခဲ့တယ်ဆိုရင် သူ့အနေနဲ့ အရေးယူမှူ ကြီးကြီးမားမား မလုပ်ပါဘူးလို့ ပြောခဲ့တာပါ။ အဲဒီအတွက် သူ့ကို ရုရှား​ယူကရိန်းကိုဝင်ဖို့ မီးစိမ်းပြလိုက်တယ်လို့ ပြောနေကြလို့ အိမ်ဖြူဝန်ထမ်းတွေက အဲဒီလိုမဟုတ်ပါဘူးလို့ ထွက်ဖာရပြန်ပါတယ်။ သတင်းထောက်တဦးကလည်း ဘာဖြစ်လို့ ပူတင်အကွက်စရွှေ့တာကို စောင့်နေတာလဲလို့ မေးတာကိုတော့ ဘိုင်ဒန်က စတူးပစ်ကွက်ရှင်လို့ စော်ကားပြီး ဟားခဲ့ပါတယ်။ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်ဆိုရင်တော့ ရန်သူ့ထက် ၂ကွက် ၃ကွက်ကြိုရွှေ့ထားမှာဖြစ်လို့ ထိပ်တိုက်တွေ့တဲ့အခြေအနေကို ရောက်လာဖို့ သိပ်မလွယ်ပါဘူး။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က မက်ကောနယ်လ်ကိုလည်း သူအောင်မြင်သွားမှာစိုးလို့ သူလုပ်သမျှ လိုက်ပြီး ကဖျက်ယဖျက်လုပ်နေသူအဖြစ် စွပ်စွဲသွားပါတယ်။​ အဲဒါနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ မက်ကောနယ်လ်ကContinue reading “ဇန်နဝါရီ ၂၃ ရက် ၂၀၂၂”

ဇန်နဝါရီ ၂၂ ရက် ၂၀၂၂

၂၀၀၁ မတ်လဆိုရင် အာဖဂန်က ဘာမယံရပ်တော်မူဗုဒ္ဓဘုရားရုပ်ပွားတော်ကြီးနှစ်ဆူကို တာလီဘန်တွေ ဗုံးခွဲဖျက်ဆီးခဲ့တာ အနှစ် ၂၀ပြည့်တော့မှာပါ။ ဘာမယံရုပ်ပွားတော်တွေက ၂ဆူဖြစ်ပြီး ၁၂၅ပေမြင့်တဲ့ အရှေ့ဖက်ကအဆူကို ၅၇၀အေဒီမှာ ထွင်းထုခဲ့ပြီး ပေ၁၈၀မြင့်တဲ့ အနောက်ဖက်က အဆူကိုတော့ ၆၁၈အေဒီတုန်းက တောင်စောင်းက ကျောက်တောင်ထဲမှာ ထွင်းထားတာဖြစ်ပါတယ်။ ဆင်းတုတော်နားက စာတွေက ပါးရှန်းလူမျိုးစုထဲကတခုရဲ့ စာတွေဖြစ်ပါတယ်။​ အဲဒီစော်ကားဖျက်ဆီးမှုရဲ့ အနှစ် ၂၀ နှစ်ပတ်လည်အဖြစ် တရုပ်ပြည်မှာလည်း တိဗက်က ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခြင်းဖြင့် ဂုဏ်ပြုခဲ့ပါတယ်။ ဂါဇေးတိဘက်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ”ဒေသရဲ့ ဒရာဂိုကောင်တီမှာ ၉၉ပေမြင့်တဲ့ ရုပ်ပွားတော်ကြီးကို မြင့်လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုပ်အစိုးရက ဖျက်ဆီးခဲ့ပြီး မြင့်လွန်းတယ်ဆိုတဲ့ ရုပ်ပွားတော်တင်မက တိဘက်တွေ ဆုတောင်းရွတ်ဖတ်ရာမှာ အသုံးပြုတဲ့ ဘီးတွေကိုဖြုတ်ပစ်၊ အလံတွေမီးရှို့၊ ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ၉ရက်ကြာပြုလုပ်ခဲ့ပါတယ်။ ပိုယုတ်မာတယ်လို့ ပြောလို့ရမယ့်အချက်ကတော့ တရုပ်အစိုးရကContinue reading “ဇန်နဝါရီ ၂၂ ရက် ၂၀၂၂”

ဇန်နဝါရီ ၂၁ ရက် ၂၀၂၂

နယူးယောက်မြို့က အမေရိကန်သဘာဝသမိုင်းပြတိုက် အပြင်မှာ ထားရှိတဲ့ အမေရိကန်ရဲ့ ၂၆ဦးမြောက် သမ္မတ သီအိုဒို​ရုစဗဲ့ရဲ့ ၁၀ပေမြင့်တဲ့ မြင်းစီးကြေးရုပ်တုကြီးကို ကရိန်းတွေသုံးပြီး ငွေ ၂သန်း အကုန်ခံကာ ဖယ်ရှားလိုက်ပါတယ်။​ တည်ထားခဲ့တာကတော့ ၁၉၄၀ခုနှစ်ပါ။​ အဲဒီရုပ်တုဟာ ဘေးက အမေရိကန်အင်ဒီးယန်းတဦးနဲ့ လူမည်းတဦးတို့ ဘေးက ခြံရံလမ်းလျောက်လိုက်ပါလာတဲ့ပုံ ထုထားတာပါ။ အဲဒီရုပ်တုကို လွန်ခဲ့တဲ့ အနှစ် ၈၀လုံး ဘယ်သူတွေက အပြစ်မြင်ခဲ့တယ်လို့ တခါမှ မကြားခဲ့ဖူးပေမယ့် အခုအခါမှာတော့ ကိုလိုနီစနစ်နဲ့ လူမျိုးရေးခွဲခြားမှုကို အမွှမ်းတင်တဲ့ပုံလို့ သတ်မှတ်ပြီး ဆန္ဒပြတာတွေ ဖြစ်လာကြတာကြောင့် ပယ်ရှားခဲ့တာပါ။​ ဒီရုပ်တုကိုတော့ မြောက်ဒါကိုတာပြည်နယ်မှ စာကြည့်တိုက်တခုက နှစ်ရှည်ငှားရမ်းလိုက်ပါတယ်။​ သမိုင်းကို သမိုင်းလို့ပဲ မြင်ပြီး ကောင်းတာဆိုရင်လည်း ဂုဏ်ယူရ အတုခိုးရအောင် မကောင်းတာဆိုရင်လည်း သင်ခန်းစာအဖြစ်နဲ့ နောက်မဖြစ်အောင် သတိပေးတဲ့အနေနဲ့ပဲ ယူသင့်တယ်လို့Continue reading “ဇန်နဝါရီ ၂၁ ရက် ၂၀၂၂”

ဘိုင်ဒန်နဲ့ ယူကရိန်း

ဘိုင်ဒန်က ယူကရိန်းမှာ ခြစားထားတာတွေ အရင်အကြိမ်ကြိမ်ရေးခဲ့ပြီဆိုတော့ သိလောက်ကြပြီထင်ပါတယ်။ အခုယူကရိန်းနယ်မြေထဲကို ဝင်လာရင် အဲဒါက ကျူးကျော်တာပဲ၊ အဲဒီလိုလုပ်ရင် ရုရှားတွေ ပြင်းထန်ပြီး (မဟာမိတ်တွေ) ပူးပေါင်းဆင်နွဲမယ့် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ တုန့်ပြန်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်တွေ ကူညီနေတာ ၈ဘီလီယံလောက် ရှိနေပါပြီ။ များသောအားဖြင့် လက်နက်တပ်ဆင်ပေးတယ်ဆိုပေမယ့် ယူကရိန်းမှာလည်း ခရိုနီတွေက ကြီးစိုးနေတော့ အမြှီးတွတ် ခေါင်းတွတ်နဲ့ တကယ်ကူညီတဲ့ထဲ ဘယ်လောက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ နောက်တချက်က ယူကရိန်းမှာ အမေရိကန်အကျိုးစီးပွားလည်း ဟုတ်တိပတ်တိ ဘာမှ မရှိပါဘူး။ ဘာဖြစ်လို့ အခုလို ကြိမ်းမောင်းနေသလဲဆိုတော့ ဖြစ်နိုင်တာ ၃ခုရှိပါတယ်။ ၁။ ပြည်တွင်းမှာ နေရာတိုင်း ကဏ္ဍတိုင်း ဘိုင်ဒန်အစိုးရ အသုံးမကျတာ ဗူးပေါ်သလို ပေါ်နေတာကြောင့် ပြည်သူထောက်ခံမှု ရုပ်ပျက်ဆင်းပျက်ကျဆင်းနေတာကို အာရုံလွှဲဖို့Continue reading “ဘိုင်ဒန်နဲ့ ယူကရိန်း”

ဇန်နဝါရီ ၁၉ ရက် ၂၀၂၂

မနေ့ကရေးတဲ့ သတင်းထဲမှာပါတဲ့ ကာပီတိုမှာ အနီးကပ်ပစ်သတ်ခံခဲ့ရတဲ့ လေတပ်ထဲမှာ ရဲလုပ်ခဲ့တဲ့ အက်ရှ်လေ ဘက်ဘစ်က ကာပီတိုထဲမှာ ဆူပူသူတွေက အစောင့်ရဲတွေရှေ့တင် ပြူတင်းပေါက်တွေ ခွဲနေတာကို ဝင်တားရင်း ရဲတွေကို စစ်ကူထပ်ခေါ်ဖို့ အကြိမ်ကြိမ် အော်ဟစ်ပြောခဲ့တာကို ဗီဒီယိုတွေထဲမှာ တွေ့မြင်ရတယ်လို့ သည်အဲပစ်တိုင်းမ်းစ်မှာ ရေးသားထားပါတယ်။​ အဲဒီဗီဒီယိုကို ရိုက်ကူသူက အလွတ်သတင်းထောက်တဦးဖြစ်တဲ့ တေလာ ဟန်ဆန်ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အက်ရှ်လေက ဆူပူသူ ဇာကရီအလမ်နဲ့ ရဲ ၃ဦးထဲက တဦးကြား ဝင်ရောက်ကာကွယ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တပ်ကလာတဲ့ရဲပီပီ ရဲတွေအနေနဲ့ အမိန့်မရရင် ဘာမှ ပြန်လုပ်လို့မရတာကို သိနေတဲ့ အက်ရှ်လေက ဆူပူသူတွေ ရဲကို ရန်ပြုလို့မရအောင် ကာကွယ်ပေးပြီး ရဲတွေကို စစ်ကူ ခေါ်ခိုင်းနေခဲ့တာပါ။ ရဲတွေကရော ဆူပူသူကပါ သူပြောတာကို ဂရုမစိုက်ပဲContinue reading “ဇန်နဝါရီ ၁၉ ရက် ၂၀၂၂”

ဇန်နဝါရီ ၁၈ ရက် ၂၀၂၂

၂၀၂၂ခုနှစ်မှာ ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၀၀အထိ ရောက်သွားလိမ့်မယ်လို့ Goldman Sachs က ဟောကိန်းထုတ်လိုက်ပါတယ်။ ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ ဈေးကွက်ထဲမှာရှိတဲ့ စွမ်းအင်က ကွာဟချက်ကြီးမားနေတဲ့အတွက် ဝယ်လိုအားက ရောင်းလိုအားထက်များလျှင် ဖြစ်လေ့ရှိတဲ့အတိုင်း ဈေးတက်ကြတာပဲဖြစ်ပါတယ်။ ဈေးချဖို့အတွက် ဘိုင်ဒန်က အိုပက်ကို တိုးထုတ်ခိုင်းပေမယ့် ကိုယ့်ခြံထဲက ရေနံတွင်းတွေ ကျတော့ ပိတ်ခိုင်းထားပြီး ကိုယ့်အိမ်သုံးလို့ မလောက်တော့မှ​ သူများခြံကရေနံကို ပိုမထုတ်လို့ အပြစ်တင်မယ်ဆိုရင် အဲဒါ စိတ်မှန်တဲ့သူတွေ လုပ်မယ့်အလုပ်လားလို့ အရင် ပြန်မေးကြပါ။ ထရမ့်ဝယ်ထားခဲ့တဲ့ အရံရေနံစည် သန်း၅၀ ထုတ်သုံးမယ်ဆိုတဲ့နောက်မှာ တဂါလံ ၂ပြားလောက် ကျသွားတာကို ဂရပ်ဖ်ကြီးနဲ့ တခုတ်တရ ချီးမွမ်းနေတဲ့ မီဒီယာတွေရဲ့ ဦးနှောက်ကလည်း အံ့ဩစရာပါပဲ။ အမေရိကန်နိုင်ငံမှာ တနေ့ကို ရေနံစည် ၁၈သန်း သုံးနေတော့Continue reading “ဇန်နဝါရီ ၁၈ ရက် ၂၀၂၂”

ဇန်နဝါရီ ၁ရ ရက် ၂၀၂၂

ဒီလ ၈ရက်နေ့က ရေးခဲ့တဲ့ CalCare အတွက် တိုးမယ့်အခွန်ထဲက ACA 11 ကို အတည်ပြုဖို့ ပြည်နယ်လွှတ်တော် နှစ်ရပ်လုံးမှာ သုံးပုံ နှစ်ပုံ ထောက်ခံမှုရရမှာ ဖြစ်ပါတယ်။​ အဲဒီအဆင့်ကို အောင်မြင်ခဲ့ရင်တော့ ပြည်သူက မဲပေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အပြာရင့်ရောင် ကယ်လီဖိုးနီးယားမှာ သုံးပုံနှစ်ပုံက ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ပြည်သူ့မဲမှာလည်း နိုင်ငံသားမဟုတ်သူတွေပေါများပြီး သံသယဖြစ်ဖွယ်ကောင်းတဲ့ မဲပေးစနစ်နဲ့ဆိုတော့ ဒီအဆို မနိုင်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ အတည်ဖြစ်လာခဲ့ရင် ပျှမ်းမျှအားဖြင့် တအိမ်ထောင်ကို အခွန် $12,250 တက်သွားမှာဖြစ်လို့ နဂိုထဲက မြင့်နေတဲ့အခွန်နှုန်းတွေက ၂ဆလောက်နီးပါး ထပ်မြင့်သွားတော့မယ်လို့ The Tax Foundation က သုံးသပ်ထားပါတယ်။ အဲဒီအခွန်တွေအပါအဝင် တခြားခေါင်းစဥ်မျိုးစုံနဲ့ တိုးမြှင့်မယ့် အခွန်တွေကနေ တနှစ်ကို လက်ရှိရနေတဲ့ အခွန်တွေအပြင်Continue reading “ဇန်နဝါရီ ၁ရ ရက် ၂၀၂၂”

ဇန်နဝါရီ ၁၆ ရက် ၂၀၂၂

ကွန်နက်တီကပ်ပြည်နယ်မှာ ၁၃နှစ်သား ၇တန်းကျောင်းသားတဦးက ဖန်တနိုင်းလ်ဆေးလွန်ပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကြာသာပတေးနေ့က ကျောင်းက Gym မှာ လဲကျ သတိလစ်သွားခဲ့လို့ ဆေးရုံပို့ခဲ့ရာက စနေနေ့ညနေမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်​။ ဆေးလွန်တယ်ဆိုပေမယ့် အများကြိး သုံးထားတာမဟုတ်ပါဘူး၊ သူ့သွေးထဲမှာတွေ့ရတဲ့ opiate က နဲနဲလေးသုံးရင်တောင် သေနိုင်ပါတယ်၊ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ပါတယ်။ နောက်ကလေး ၂ဦးကလည်း မူးမော်တယ်ဆိုလို့ ဆေးရုံပို့ထားပေမယ့် အခုတော့ အိမ်ပြန်ရောက်သွားပါပြီ။​ ရဲတွေက အနံ့ခံခွေးတွေသုံးပြီး ကျောင်းထဲရှာဖွေရာမှာတော့ ဖန်တနိုင်းလ်အမှုန့်ပါတဲ့ အထုတ်ကလေး ၄၀ကို စာသင်ခန်း ၂ခန်းနဲ့ Gym မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဖွင့်ထားတဲ့ နယ်စပ်က မူးယစ်ဆေးတွေရော ဆေးဖြန့်တဲ့စနစ်တွေရော အတားအဆီးမရှိ ဝင်နေတဲ့နောက်တော့ ဒီလို အဖြစ်ဆိုးတွေက ပုံမှန်လို ဖြစ်လာတော့မှာပါ။ မျက်မွှေးတဆုံးလောက်ပဲContinue reading “ဇန်နဝါရီ ၁၆ ရက် ၂၀၂၂”

Joseph Mercola: More Children Die From the COVID Shot Than From COVID?

Joseph Mercola January 15, 2022 Updated: January 15, 2022 Commentary According to published research, children are at risk for potentially lifelong health effects from the jab. Read here to learn what the experts say.Video Player00:0003:27 The video above features Collette Martin, a practicing nurse who testified before a Louisiana Health and Welfare Committee hearing December 6, 2021. Martin claims she and herContinue reading “Joseph Mercola: More Children Die From the COVID Shot Than From COVID?”