အိုဘားမားလက်ထက်မှာ စစ်ထောက်လှမ်းရေးဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်စဥ် အိုဘားမားရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ခဲ့လို့ အိုဘားမားငြိုးတာခံခဲ့ရပြီး ထရမ့်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးမခန့်ဖို့ တားနေတဲ့ကြားက ထရမ့်ကခန့်ခဲ့တဲ့အတွက် ထောင်ချောက်ဆင်ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဖလင်းက ရူရှားကျူးကျော်စစ် အဆုံးသတ်အောင် ဘယ်လို လုပ်နိုင်မယ်ဆိုတာကို တင်ပြသွားပါတယ်။ သူက ဒီစစ်ပွဲက လုံးဝ ရှောင်လို့ရနိုင်တယ်ဆိုတာ သူရေးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ဘိုင်ဒန်အစိုးရက ယူကရိန်းကို သွားခဲ့တာကို ပြန်ဆန်းစစ်ကြဖို့ ပြောလိုက်ပါတယ်။ ယူကရိန်းက ဆိုဗီယက်ယူနီယံက ခွဲထွက်လာချိန်မှာ အမေရိကန်နဲ့ ရုရှားပြီးရင် ကမ္ဘာမှာ တတိယနျူလက်နက်အများဆုံး ပိုင်ဆိုင်ခဲ့တဲ့နိုင်ငံဖြစ်ကြောင်း၊ အဲဒါကို ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ၁၉၉၄ခု ဒီဇင်ဘာ ၅ရက်မှာကျင်းပခဲ့တဲ့ ဘူဒါပက်စ်သဘောတူညီချက်အရ ဘယ်လာရုစ်၊ ကာဇက်စ်တန်နဲ့ ယူကရိန်းတို့က နျူလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း၊ စာချုပ်ပါ သဘောတူညီချက်အရ အမေရိကန်နဲ့Continue reading “မတ်လ ၃ ရက် ၂၀၂၂”
Author Archives: Omma
Puberty Is Not A Medical Condition
လစ်ဘရယ်ကျတဲ့နေရာမှာ ထိပ်ဆုံးကအမြဲနေတဲ့ ဆန်ဖရန်စစ္စကိုက မိဘတွေတောင် ကလေးတွေနဲ့ ပတ်သက်လာရင် သည်းမခံကြတော့ပါဘူး။ ကိုယ့်မှာ ကလေးမရှိလို့ဖြစ်ဖြစ်၊ အဲဒီကိစ္စတွေကို စိတ်ပူရမယ့်အရွယ်မဟုတ်လို့ပဲဖြစ်ဖြစ်၊ လက်ဝဲစွန်းတွေအပေါ် သံသယလုံးဝမရှိတာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်သလို မနေသင့်တဲ့ကိစ္စပါ။ လူပျိုဖော် အပျိုဖော်ဝင်တာက ဘဝရဲ့ အရေးကြီးတဲ့အဆင့်တခုပါ။ အဲဒီမတိုင်ခင် puberty blocker တွေ မိဘမသိအောင် ပေးလိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေက တသက်လုံး ပြင်မရဖြစ်တော့မှာပါ။ အဲဒါကြောင့် လူပျို/အပျိုဖော်ဝင်တာက ဆေးပေးရမယ့်ကျန်းမာရေးပြဿနာမဟုတ်ဘူးလို့ ပြောချင်ကြတာပါ။ ကလေးတွေကို လိင်ပြောင်းလွဲတာလုပ်ဖို့ မိဘသဘောတူချက်တောင် မလိုအောင် တွန်းလာတဲ့ကိစ္စက ပါတီစွဲနဲ့ ပုဂ္ဂိုလ်ရေးကြည်ညိုတာတွေထက် အများကြီး အရေးကြီးပါတယ်။ အဲဒါကြောင့် စိုးရိမ်ကြတဲ့ မိဘတွေက ဒီလောက်ဆိုင်းဘုတ်အကြီးကြီးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် တင်ကြတဲ့အထိ စိတ်ဓါတ်ပြင်းပြကြတာကို လေးစားမိပါတယ်။ ကျမကတော့ ကလေးတွေကိုယ်ပိုင်အသိဉာဏ် မရင့်ကျက်မပြည့်စုံသေးခင် ပြင်မရတဲ့ပြောင်းလဲမှုမျိုးလုပ်ဖို့ အားပေးသူ ဘယ်လူ/ပါတီကိုမဆိုContinue reading “Puberty Is Not A Medical Condition”
Feds Endorse Plan to Demolish 4 Northern California Dams to Save Salmon
ကယ်လီဖိုးနီးယားမှာ နှစ်စဥ်လို ရင်ဆိုင်လာရတာတခုက မိုးခေါင်မှုဖြစ်ပါတယ်။ ဒီနှစ်လည်း မိုးဦးကောင်းပေမယ့် နှစ်ဆန်းထဲက ဟုတ်တိပတ်တိ မရွာသေးပါဘူး။ ဒီနှစ် ပထမ ၂လမှာ ရွာတာက အနှစ် ၁၀၀အတွင်းမှာ အနည်းဆုံးလို့ ဆိုပါတယ်။ နျူဆမ်အစိုးရက တခုခုဆိုရင် သဘာဝပတ်ဝန်းကျင်ကို လွှဲချကြပြီး ဇီးသီးဗန်းဘတ်ဂျက် တောင်းကောင်းအောင် ကလိုင်းမိတ်ချိန့်အတွက်လို့ အကြောင်းပြကြပါတယ်။ မိုးခေါင်တာအကြောင်းပြပြီး ဒဏ်ကြေးတွေချ၊ ရေဖိုးတွေတက်က မိုးမကျခင်ထဲက လုပ်နှင့်နေပါပြီ။ ရေရှားတာကတော့ စီမံခန့်ခွဲမှုညံ့လို့လို့ပဲ ပြောရမှာပါ။ အစ္စရေးလို သဲကန္တာရတွေနဲ့ တိုင်းပြည်တောင် ရအောင်စိုက်ပျိုးရေးလုပ်သေးတာပဲ။ အခုဖက်ဒရယ်အစိုးရက မိုးခေါင်ရေရှားပြဿနာရှိနေတဲ့ ကယ်လီဖိုးနီးယားက ရေလှောင်တမံ အကြီးစား ၄ခုကို ဖြိုဖျက်ပစ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဖြိုဖျက်ဖို့ အဟန့်အတားဖြစ်နေတဲ့ ဥပဒေ/လုပ်ထုံးတွေကို ရှင်းလင်းပေးလိုက်ပါပြီ။ ဒီနွေမှာ အချောသတ်မူကြမ်းမထွက်ခင် လူထုထဲက ကန့်ကွက်ချင်သူများ ကန့်ကွက်လို့ရအောင်Continue reading “Feds Endorse Plan to Demolish 4 Northern California Dams to Save Salmon”
မတ်လ ၁ရက် ၂၀၂၂
မနေ့က ရေးတဲ့ထဲမှာ တခု ကျန်သွားပါတယ်။ ဘိုင်ဒန်က ပူတင်ရဲ့ နျူလက်နက်ခြိမ်းခြောက်မှုကို အမေရိကန်တွေ စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။ အစိုးရအဖွဲ့အစည်းတခုဖြစ်တဲ့ အရေးပေါ်အခြေအနေတွေမှာ အမေရိကန်တွေကို အသင့်ဖြစ်နေအောင် ပြင်ဆင်ပေးဖို့ဆိုတဲ့ The Ready Campaign ကတော့ နျူထိပ်ဖူးတပ်ဒုံးကျည်တွေ ပေါက်ကွဲပြီးနောက်ဆက်တွဲ fallout ကနေ အဆောက်အဦတွေထဲ တိမ်းရှောင်မယ့် အမေရိကန်တွေဟာ နှာခေါင်းစည်းတပ်ရမှာဖြစ်ပြီး တဦးနဲ့တဦး ၆ ပေခြားအကွာအဝေးကို ထိန်းသိမ်းရမယ်ဆိုတဲ့ အကြံပြုချက်က ရှေ့ဆုံးက လာပါတယ်။ အဆောက်အဦထဲမှာ ၂၄နာရီနေပြီး တာဝန်ရှိသူတွေက ပါ့ဘလစ်ရှယ်လ်တာကို ပြောင်းဖို့ပြောရင် ဟန်းဆန်နတိုက်ဇာလေးတွေ ဆောင်သွားပါတဲ့၊ အော်ပဲရီရမလို ဆဲပဲလှိမ့်ဆဲရမလိုဖြစ်ရပါတယ်။ တကယ်နျူဗုံးကွဲရင် အနီးတဝိုက်က အကုန်သေမှာပါ။ မှိုပွင့်ကြီးနဲ့ ဝေးရင်တော့ အသက်မသေပေမဲ့ လိုက်နာစရာတွေက သူတို့ပြောတာနဲ့ တခြားစီပါ။ ရေဒီယိုသတ္တိကြွမှုတွေ ပြာတွေက ဘယ်လိုအန္တရာယ်အနည်းဆုံးဖြစ်အောင်Continue reading “မတ်လ ၁ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၂၈ ရက်
ရူဘယ်ငွေတန်ဖိုးနဲ့ စတော့မားကက်တွေပြုတ်ကျတော့ ရုရှားတွေအများကြီး ဘဏ်တွေမှာ တန်းစီပြီး ငွေထုတ်ဖို့ ကြိုးစားကုန်ပါပြီ။ တချိန်ထဲမှာပဲ ရုရှားဖက်က အထိအခိုက် အဆုံးအရှုံးတွေ များလာတဲ့အပြင် SWIFT ဘဏ်စနစ်ကပါ ရုရှားကိုထုတ်ပစ်လိုက်ရင်တော့ ရုရှားအဖို့ တော်တော်ကြီး အထိနာမှာဖြစ်ပါတယ်။ အဲဒီစနစ်က လူတွေနဲ့ ကုမ္ပဏီတွေရဲ့ မတူတဲ့ဘဏ်တွေ မတူတဲ့ ငွေကြေးတွေကြား ကဒ်တွေ(သို့)အီလက်ထရွန်းနစ်နဲ့ ငွေပေးချေမှုမက်ဆေ့ချ်တွေကို ကြားခံဆောင်ရွက်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ SWIFT ကနေ ရုရှားကို ကန်ထုတ်ဖို့ ယူကရိန်းက အမေရိကန်ကို တောင်းပန်နေခဲ့တာပါ။ ဘန်းဖို့ ကြန့်ကြာနေတာက ဂျာမဏီက သဘောမတူခဲ့လို့လို့ တွေ့ပေမယ့် ဘိုင်ဒန်ကလည်း သတင်းစာရှင်းလင်းပွဲမှာ တခြားဆန်ရှင်တွေက ပိုထိရောက်တယ်လို့ပြောပြီး SWIFT ကိုသုံးဖို့ စိတ်မထက်သန်နေသလို ဖြေပါတယ်။ အဲဒါကြောင့် SWIFT သုံးတယ်ဆိုရင် အီးယူနိုင်ငံတွေ G-7 နိုင်ငံတွေက ဦးဆောင်တာလို့Continue reading “ဖေဖေါ်ဝါရီ ၂၈ ရက်”
ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၂
ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ရုရှားနဲ့ ရုရှားအောက်ဆွဲတွေ ကမ္ဘာမှာ ပုံဖော်ထားတာက ယူကရိန်းက သူတို့ပိုင်နက်ဖြစ်ခဲ့တဲ့အတွက် သူတို့ပြန်ယူတာ မမှားဘူး၊ ယူကရိန်းတွေကိုယ်၌က ရုရှားကို လိုလားတာ၊ ရုရှားတွေအများစုကလည်း ဆိုဗီယက်ခေတ်ကလို မဟာအင်အားကြီးနိုင်ငံလို အခြေအနေမျိုးကို ပြန်လည်တမ်းတနေကြတယ်၊ စသဖြင့်ပေါ့။ ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားဒေသမှာလည်း ရုရှားအလံတွေလွှင့်၊ ရုရှားကောင်းကြောင်းပေါ်လစီသီချင်းတွေဆိုကြ၊ ကြည့်မကောင်းတဲ့သူတွေက ကကြနဲ့ မသိရင်တကယ်လိုလို ဘာလိုလို။ တကယ်တမ်း အဲဒီလိုလူတွေလည်း ရှိတော့ ရှိနိုင်တာပါပဲ။ အများစုဟုတ်/မဟုတ်တော့ သံသယဖြစ်စရာတွေ ရှိပါတယ်။ ဟိုတုန်းကလူတွေ ဂျန်လိတွေအတွက်တော့ ဖြစ်နိုင်မှာပါ။ ခုခေတ်လူတွေကတော့ အဲဒီလို မြင်ချင်မှ မြင်တော့မှာပါ။ စစ်အေးကာလကိုလည်း ဘယ်သူမှ ပြန်သွားချင်မယ် မထင်ပါဘူး။ ဆယ်လီတွေရော ပြည်သူတွေပါ စစ်ဆန့်ကျင်ရေးဆန္ဒပြကုန်လို့ အဖမ်းခံရတာတွေ အများကြီးပါ။ ခရိုင်းမီးယားမှာနေပြီး တောရိုင်းတိရိစ္ဆာန်ရုံဖွင့်ထားတဲ့လူက ငါက ရုရှားပါ၊ ငါရုရှားကိုချစ်ပါတယ်။Continue reading “ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၂
ရုရှား ယူကရိန်းက ခွဲထုတ်ဖို့ပြင်နေတဲ့ နှစ်နယ်က ယူကရိန်းတခုလုံးရဲ့ တဝက်လောက်ရှိတာ၊ ထုံးစံအတိုင်း သူတို့က ရုရှားကို အကူအညီတောင်း၊ ဟိုကလည်း ပြောမှ ပြောပါ့မလားလို့။ အဲဒီထဲကတနယ်ရဲ့ နယ်စပ်မှာ တင့်ကားတွေပြေးနေပြီ၊ ယူကရိန်းတွေလည်း အရေးပေါ်အခြေအနေနဲ့ စစ်ရေးလေ့ကျင့်သူကျင့်၊ သတိနဲ့နေသူနေပေါ့။ ပူတင်ကတော့ အမေရိကန်တွေ ဝင်ပါရင် အကျိုးဆက်ထိမယ်တဲ့၊ ဆီဈေးတက်ပစ်မှာနဲ့ ဂျုံဈေး နစ်ကယ်ဈေးတွေ တက်ပစ်မှာထင်ပါရဲ့။ လောလောဆယ်ဆော့ စတော့မားကက်ကျတာနဲ့တင် အတော်ထိနေပြီ။ ပင်စင်စားတွေ နားကားပြီပေါ့။ သေချာကြည့်တော့ ရုရှားအီကော်နော်မီက အီတလီ၊ တောင်ကိုးရီးယားတို့လောက်ရှိတာ။ လက်နက်နဲ့ စိုက်ပျိုးရေးကလွဲလို့ သံယံဇာတရောင်းစားတာပဲရှိတယ်။ ဒါပေမယ့် အဲဒီက အိုလီဂါ့ခ်တွေကလည်း ခေသူတွေတော့မဟုတ်ဘူး။ ဘိုင်ကြီးကိုတောင် ၃.၅သန်းပေးထားသေးတာ။ ယူကရိန်းက အိုလီဂါ့ခ်က ပေးတာမှ ၃.၄သန်းရယ်။ ဘိုင်ဒန်ကြီးကတော့ ဆန်ရှင်တွေ လုပ်ပါတယ်။ မသိရင်တော့ အဟုတ်ကြီးပါပဲ။Continue reading “ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၂၂
ယူကရိန်းကိစ္စကတော့ ညာသံပေးထားတဲ့အတိုင်းပါပဲ၊ ဘယ်သူတွေ ဘာကြီးပဲပြောနေနေ အိုဘားမားလက်ထက်ကလည်း ခရိုင်းမီးယားကို ဘာပြဿနာမှသိပ်မရှိလိုက်ပဲ သိမ်းခဲ့တဲ့အစဥ်အလာရှိနေတော့ အခုလည်း အကြောင်းတခုခုပြပြီး လုပ်ဦးမှာပဲဆိုတာ အကြီးဆုံး ဖြစ်နိုင်ချေတခုပါ။ ဘိုင်ဒန်ကတောင် မစောင့်နိုင်တော့သလို ခုဝင်တော့မှာ၊ တော်ကြာဝင်တော့မှာနဲ့ ပြောနေတာလည်း တွေ့ကြမှာပါ။ ပြောစရာရှိတာက သိနေရင်လည်း ဘာလို့ ကြိုတင်စီစဥ်တာတွေမလုပ်တာလဲ ဆိုတာပါပဲ။ ဘိုင်ဒန်တက်ပြီး တနှစ်ကျော်ကြာမှ အခုလောက်ဆိုးလာတာ၊ ပြင်ဆင်မယ်ဆို အများကြီးအချိန်ရတယ်။ မသိလို့၊ အ လို့ မစီစဥ်တတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ မလုပ်တတ်ရင်လည်း ထရမ့်လမ်းစဥ်တွေ ဘာမှမပြင်ပဲနဲ့ အဲဒီအရှိန်အတိုင်းပဲ ဆက်သွားပေါ့။ တကယ်လည်း အလုပ်ဖြစ်နေတာပဲဥစ္စာ။ ဂျာမဏီကလည်း ခုမှ ပိုက်လိုင်းအကြောင်း ထည့်ပြောနေတယ်။ ပူတင်က အိုလံပစ်ပွဲသွားတုန်းက ရှီဆီ ဓါတ်ငွေ့ရောင်းထားနှင့်ပြီ။ အခုလူကြားကောင်းအောင် ပိတ်ဖို့အော်နေလည်း ခဏနေ အော်တာတွေ အရှိန်သေသွားရင် တိတ်တိတ်လေးContinue reading “ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၂၀ရက် ၂၀၂၂
ကနေဒါနိုင်ငံအနှံ့မှ ထိပ်တန်း သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေ၊ မူဝါဒချမှတ်သူတွေပါဝင်တဲ့ သိပ္ပံနဲ့ ပေါ်လစီကော်မီတီက နိုင်ငံတဝှမ်းမှာချမှတ်ထားတဲ့ ကပ်ပိုးနဲ့ပတ်သက်တဲ့ Manဒိတ်တွေနဲ့ ထိုးပြီးသက်သေကဒ်တွေအပါအဝင် ကန့်သတ်ချက်တွေအားလုံးကို ချက်ချင်း ပယ်ဖျက်သင့်ပြီလို့ တောင်းဆိုလိုက်ပါတယ်။ အခုအချိန်ဟာ ပန်-မစ်အချိန်ကို ကျော်လွန်လာပြီး အန်ဒဲမစ်ဖြစ်လာပြီဖြစ်လို့ လက်ရှိအနေအထားနဲ့ ကိုက်ညီတဲ့ အထွေထွေခုခံအားနဲ့ပဲ ဆက်သွားကြဖို့ ၂/၁၈ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းသွားတာပါ။ ကနေဒါမှာ ပန်-မစ်ပြီးသွားကြောင်း တရားဝင် ကြေငြာခဲ့တာက ၂/၁၆ထဲကပါ။ ဒါပေမယ့်လည်း အာဏာရှင်ထရူဒိုအစိုးရကတော့ မန်ဒိတ်တွေရပ်ဖို့ တောင်းဆိုနေတဲ့ ထရပ်ကာတွေကို အကြီးအကျယ်နှိမ်နှင်းနေဆဲပါ။ ထရပ်ကာတွေဘက်က အားဖြည့်တဲ့အနေနဲ့ အော့တဝါမှာ ပြည်သူထောင်ချီပြီး လမ်းတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်မှာလည်း ကွန်ဗွိုင်မစခင် မန်ဒိတ်တွေ ဖယ်ပေးလိုက်ရင် ပေါ့ပေါ့ပါးပါး ပြီးသွားနိုင်ပါတယ်။ အပြာရင့်မြို့တွေဖြစ်တဲ့ ဘော်စတွန်နဲ့ ဒီစီတို့တောင် လုပ်ငန်းတွေအပေါ်ထားတဲ့ မန်ဒိတ်တွေContinue reading “ဖေဖေါ်ဝါရီ ၂၀ရက် ၂၀၂၂”
ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၂
ကနေဒါမှာတော့ အော့တဝါရဲတွေက ပွဲကြမ်းကုန်ပါပြီ။ မြင်းစီးရဲတွေ ရာဘာကျည်ထည့်ထားတယ်လို့ ယူဆရတဲ့ လက်နက်တွေနဲ့ နှိမ်နှင်းကြပြီး ထရပ်ကာတဦးရဲ့ ကားပြူတင်းပေါက်မှန်တွေကို ရိုက်ခွဲပြီး ကားထဲက ဆွဲထုတ်သွားတယ်လို့ ဆိုပါတယ်။ ဖမ်းမယ့်နေရာကို အပြင်လူဝင်လို့မရအောင် ပိတ်ထားလိုက်ပြီး ချက်ပွိုင့်ပေါင်း ၁၀၀ လောက် ချထားတယ်လို့ အော့တဝါရဲချုပ်က ဆိုပါတယ်။ အပိတ်အဆို့ အဖမ်းအဆီးတွေ အရမ်းကြမ်းနေတာရော ဒေသခံတွေအဆင်ပြေဖို့အတွက်ပါ ထရပ်ကားသမားတွေကို ရှောင်ထွက်သွားကြဖို့ စီစဥ်သူက ဆော်ဩထားပါတယ်။ ကနေဒါကို အားကျပြီး ကနေဒီယန်ထရပ်ကာတွေကိုလည်း အားဖြည့်ရင်း၊ ပြည်တွင်းချုပ်ချယ်မှုတွဗကလည်း လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေကြတဲ့ထဲမှာ နယူးဇီလန်က လွတ်လပ်မှု မြတ်နိုးသူတွေနဲ့ အစ္စရေးက ကွန်ဗွိုင်တို့လည်း ပါဝင်ပါတယ်။ နှစ်ခုလုံးစတာ ရက်အတော်ရလာပါပြီ။ အမေရိကန်ကတော့ ရှေ့တပတ်ထဲမှ စမှာပါ။ နယူးဇီလန်က ဆန္ဒပြသူတွေက ပါလီမန်ကို ထရပ်၊ ဗန်၊ ဆိုင်ကယ်Continue reading “ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၂၂”