လူမဲလှုပ်ရှားမှုရဲ့နောက်ကွယ်မှာ ဘာရှိသလဲ

အခုဖြစ်နေတဲ့ လူမဲအုံကြွမှုရဲ့ အဓိကအကြောင်းလို့ဆိုနိုင်တဲ့ George Floyd သေဆုံးရတဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးရွားတဲ့လူမျိုးရေးပြဿနာတခုဖြစ်ပြီး လူမဲတွေဟာ စနစ်တကျဖိနှိပ်ခံနေရပါတယ်လို့ အများကမြင်အောင် မီဒီယာက လမ်းကျောင်းထားပါတယ်။ ဒီကိစ္စမှာ Floyd သေဆုံးရမှုဟာ တရားပါတယ်လို့ ဘယ်သူမှလည်းမပြော အမှုမှာပါဝင်တဲ့ ရဲတွေကိုလည်း အပြစ်ပေးထားပြီးသားဖြစ်ပါလျက်နဲ့ ဒေါသတွေဆက်လက်ပေါက်ကွဲမဆုံးဖြစ်နေကြတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးစရာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် သူတို့အုံကြွမှုမှာ အသက်ပေးခဲ့ရတဲ့ လူမဲရဲတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရတဲ့ လူမဲတွေအကြောင်းကတော့ သူတို့မီဒီယာတွေမှာ သိပ်ဖော်ပြမခံရတာတွေက အပေါ်ကသံသယကို ပိုမိုကြီးထွားလာစေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတခုကတော့ သူတို့ပြောတာကို သဘောမတူတဲ့ လူမဲတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ တကယ်လို့သာ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက မျှမျှတတတင်ပြပြောဆိုခဲ့ကြမယ်ဆိုရင် ခါးသီးမှုရေချိန်က အကြမ်းဖက်ဖျက်ဆီးတာတွေအထိ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ဖက်ကိုပဲ မီးမောင်းထိုးကြတဲ့အခါကျတော့ အမုန်းမီးတွေကContinue reading လူမဲလှုပ်ရှားမှုရဲ့နောက်ကွယ်မှာ ဘာရှိသလဲ

အမေရိကန်မှ လက်မဲကြီးများ

တလောက သတင်းတခုမှာ ကာတာနိုင်ငံက အစိုးရပိုင် Qatar Charity Foundation ကနေတဆင့် အနောက်နိုင်ငံတွေမှာ အစ္စလာမ်နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲနေတဲ့အကြောင်း တွေ့လိုက်ပါတယ်။ ကာတာနိုင်ငံအစိုးရက Hamas, Muslim Brotherhood, Al Qaeda စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး ထောက်ပံ့နေတယ်လို့ သတင်းတွေထွက်နေတာတော့ ကြာပါပြီ။ အဲဒါကြောင့်ပဲ ဆော်ဒီ အီဂျစ် ဘာရိန်း UAE စတဲ့နိုင်ငံတွေနဲ့ အစေးမကပ်တော့တာဖြစ်ပါတယ်။ ရုရှားနဲ့ကလဲ သိပ်အဆင်ပြေလှတာ မဟုတ်တဲ့ အတွက် ၂၀၁၇နောက်ပိုင်းမှာ အီရန် တရုတ်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်လာတာ တွေ့ရပါတယ်။ ကာတာအစိုးရက အဲဒီလိုငွေအလုံးအရင်းနဲ့ သုံးစွဲနေတာရဲ့ ရည်ရွယ်ချက်က အမေရိကန်နဲ့ အစ္စရေး တို့ကို အင်အားချိနဲ့အောင်လုပ်ပြီး အစ္စရေးနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားစေဖို့Continue reading အမေရိကန်မှ လက်မဲကြီးများ