ဘာသက်သေအခိုင်အမာတခုမှ မပြနိုင်ပဲ လုပ်ကြံပုဒ်မတွေနဲ့ စွဲနေရတဲ့ ထရမ့်ကို ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ အသံကောင်းဟစ်နေခဲ့တဲ့ဘိုင်ဒန်၊ သူ့သားဟန်းတားကို ပါဒန်မလုပ်ပါဘူးလို့ အကြိမ်ကြိမ်ပြောထားတဲ့ ဘိုင်ဒန်က သူ့သားကို ပါဒန်လုပ်တော့လည်း ဇန်နဝါရီ ၁ရက် ၂၀၁၄ကနေ ဒီဇင်ဘာ ၁ရက် ၂၀၂၄အတွင်း လုပ်ခဲ့သမျှအရာအားလုံးအတွက် ချွင်းချက်မရှိ အကန့်အသတ်မရှိ လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ။ အခုလက်ရှိစွဲထားတဲ့အမှုတွေက သူကျူးလွန်ခဲ့သမျှထဲမှာ အသေးဆုံးလို့ ဆိုရမယ့်အမှုတွေပါပဲ။ အခွန်လိမ်တာနဲ့ လက်နက်ဝယ်ဖို့ဖောင်ဖြည့်တာမှာ ဖုံးကွယ်/ ထိန်ချန်တာပါ။ အဲဒီ ၂မှုစလုံးက ၂၀၁၄ထဲမှာ မဟုတ်သလို ဘိုင်ဒန့်တရားရေးဌာနက အလျော့ပေါ့ အငြင်သာဆုံးနည်းတွေနဲ့ မပေါ်အောင်ကို ရှောင်စစ်နေကြတာပါ။ ဘိုင်ဒန့်ပါဒန်မှာ ၂၀၁၄ဆိုတဲ့ ခုနှစ်ကို ဘာကြောင့်သေချာထည့်တာလဲဆိုတော့ အဲဒီနှစ်က စီအိုင်အေနဲ့ State Dept က ယူကရိန်းကို ဝင်ကြိုးကိုင်လိုက်တဲ့နှစ်ဖြစ်တဲ့အပြင် အဲဒီနှစ်မှာပဲ ဟန်းတားရဲ့Continue reading “ဒီဇင်ဘာ ၃ ရက် ၂၀၂၄”
Category Archives: Uncategorized
အစိုးရအသုံးစာရိတ်ထဲက ၂ထရီလီယံနဲ့အထက် လျော့သွားအောင် ဖြတ်ပစ်နိုင်မယ့် နည်း ၂၂နည်း
အိုင်အိုဝါက ရီပါဘလစ်ကန်ဆီနိတ်တာ Joni Ernst က DoGE အတွက် အကြံပြုထားတာပါ။ တကယ်တော့ ပြည်သူ့ဘဏ္ဍာဆိုတာ ပြည်သူ့ချွေးနဲစာဖြစ်သလို တိုင်းပြည်ကြွေးမြီဝန်ပိနေရင်လည်း ပြည်သူအတွက် ကောင်းကျိုးမရှိပါဘူး။ တိုင်းပြည်ကြွေးမြီလျော့ပါးပြီး အစိုးရယန္တယားက အလေအလွင့်အနည်းဆုံးနဲ့ အကျစ်လစ်ဆုံး လည်ပတ်နိုင်မှသာ ပြည်သူတွေ အခွန်ရော ငွေဖောင်းပွမှုပါ သက်သာမှာဖြစ်ပါတယ်။ နာတာရှည်ရောဂါဆိုးကြီးကို ပျောက်အောင်ကုသမယ့်လမ်းက ချောမွေ့လွယ်ကူမှာမဟုတ်ပေမယ့် နောင်မျိုးဆက်သစ်တွေအတွက် အကောင်းဆုံးလက်ဆောင် ပေးနိုင်ဖို့ ဒီရောဂါကြီးကို ပျောက်အောင် ကုရမှာကို နားလည်ပေးကြဖို့လိုပါတယ်။ သေချာတာကတော့ ၁ဘီလီယံကျော်ရတဲ့ ကမ်ပိန်းငွေကို သန်း၂၀အကြွေးတင်အောင်သုံးတာတောင် မရှုမလရှုံးသွားသူက တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
ထရမ့်အစိုးရသစ် အခက်တွေ့အောင် ဘိုင်ဒန်တို့ ဖန်တီးထားခဲ့တဲ့ ပြဿနာများ
ထရမ့်အုပ်ချုပ်ခဲ့တဲ့ ၄နှစ်တာကာလမှာ ဘယ်စစ်ပွဲအသစ်မှ မစခဲ့သလို မတူကွဲပြားတဲ့ ပြည်သူတွေကြား ရန်တိုက်တာလည်းမရှိ၊ ပြည်သူကို ဥပဒေအမျိုးမျိုးနဲ့ နှောင်ဖွဲ့ချုပ်ချယ်တာမျိုးလည်း မရှိခဲ့တဲ့ ထရမ့်ကို တချိန်လုံး ဟစ်တလာကြီး၊ ဖက်ဆစ်ကြီးလို့ ခေါ်နေခဲ့တဲ့ဘိုင်ဒန်က ထရမ့်အနိုင်ရပြီးတော့ အိမ်ဖြူကို ဖိတ်ခေါ်ကာ အာဏာကို ချောချောမွေ့မွေ့ လွှဲပေးပါ့မယ်ဆိုပြီး သွားအဖြဲသားနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒါကို ဆာရာဂွန်ဇာလေ့စ်က နောက်ကွယ်မှာ ချောက်ချဖို့လုပ်နေတာကို ဖုံးကွယ်ချင်တဲ့ သကာအုပ် အပြုံးလို့ သုံးသပ်ပါတယ်။ သူသုံးသပ်သလိုပဲ ချောက်ချတာတွေက တကယ်ကို လိုက်လာတာပါ။ ယူကရိန်း-ရုရှားစစ်ကို ထရမ့်က အမြန်ဆုံးရပ်အောင် ညှိနှိုင်းပေးသွားမယ်လို့ ကတိပေးထားတဲ့ကြားက ဘိုင်ဒန်တို့က တတိယကမ္ဘာစစ်ဖြစ်သွားနိုင်တဲ့အထိ စစ်ရှိန်မြင့်သွားအောင် ထွက်ခါနီးမှ ထွက်ခတ်ခတ် သွားခဲ့ပါတယ်။ သူတို့အာဘော်မီဒီညာတွေမှာတော့ ဘိုင်ဒန်တို့က မထွက်ခင် ယူကရိန်းကို အင်အားအကောင်းဆုံးအနေအထားတခု ဖန်တီးပေးခဲ့ဖို့အတွက် တွန်းလုပ်သွားမယ်လို့ အစိုးရအရာရှိကြီးတဦးကContinue reading “ထရမ့်အစိုးရသစ် အခက်တွေ့အောင် ဘိုင်ဒန်တို့ ဖန်တီးထားခဲ့တဲ့ ပြဿနာများ”
နိုဝင်ဘာ ၂၂ ရက် ၂၀၂၄
ဒီနေ့တော့ ၄၇သမ္မတထရမ့်က အစိုးရသစ်အတွက် အမည်တင်သွင်းမှုအများအပြားကို ပြုလုပ်ခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးအတွက် အရေးကြီးတဲ့ ဘဏ္ဍာရေးဝန်ကြီး Department of Treasury အတွက် Key Square Group က စီအီးအို Scott Bessent ကို လျာထားလိုက်ပါတယ်။ Scott က အမေရိကပထမအာဂျင်ဒါကို ယုံကြည်သူဖြစ်ပြီး အမေရိကန်ရဲ့ နှစ် ၂၅၀ မတိုင်ခင်မှာ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေး ရှေ့ဆောင်နိုင်ငံ၊ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းရှင်တို့ရဲ့ အချက်အချာနေရာ၊ ငွေရင်းမြစ်တွေရဲ့ ပန်းတိုင် စသဖြင့်ဘက်ပေါင်းစုံမှာ ထိပ်တန်းဖြစ်တဲ့ ရွှေခတ်သစ်တခုကို အရောက်ပို့နိုင်ဖို့ သမ္မတထရမ့်ကို ကူညီပေးပါလိမ့်မယ်။ ဒေါ်လာကိုလည်း ကမ္ဘာ့အရံငွေအဖြစ် တကမ္ဘာလုံး ယုံကြည်စွာသုံးနိုင်အောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ထရမ့်က ဒီမိုကရက်တွေလို ပြည်သူတွေကို နဖားကြိုးတပ်ထားမယ့် အစိုးရက ထိန်းချုပ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးအစားContinue reading “နိုဝင်ဘာ ၂၂ ရက် ၂၀၂၄”
နိုဝင်ဘာ ၂၁ ရက် ၂၀၂၄
ဒီကနေ့ ထရမ့်က ရှေ့နေချုပ်အဖြစ် လျာထားတဲ့ Matt Gaetz က ဆီနိတ်တာတွေနဲ့ တွေ့အပြီးမှာ သူ့ကို အတည်ပြုဖို့ ကြန့်ကြာမှာကို သိရှိသွားတဲ့အတွက် ရာထူးကို လက်မခံတော့ဘူးလို့ ကြေငြာလိုက်ပါတယ်။ Matt က ထရမ့်အစိုးရသစ်ကို အိမ်ဖြူရောက်ရောက်ချင်း အရှိန်အဟုန်ပြည့် လုပ်ငန်းစစေချင်တယ်လို့ ဆိုပါတယ်။ ထရမ့်က Matt မှာ ကောင်းမွန်တဲ့အနာဂတ်ရှိပြီး ရှေ့ဆက်ပြီး သူ့ရဲ့ အောင်မြင်မှုတွေ တွေ့ရဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။ Matt မှာ လိင်မှုစွဲချက်တခု ရှိတာကို လစ်ဗြဲမီဒီယာတွေက ဇောင်းပေးဖော်ပြကြပေမယ့် ကွန်ဂရက်စ်မှာ ရာနဲ့ချီတဲ့ အလားတူအမှုတွေအတွက် လျော်ကြေးပေးပေးတဲ့ ရန်ပုံငွေတောင် ထားရတာကိုတော့ မဖော်ပြကြပါဘူး။ ပြစ်မှုရှိတာခိုင်လုံတယ်၊ ပေါင်းလဲမစားဘူး၊ ကြိုးဆွဲလည်း မခံဘူးဆိုရင် အပြင်မှာလည်း တရားစွဲ ထောင်ချခံရပြီးဖြစ်မှာပါ။ ပြစ်မှုဘယ်လိုခိုင်လုံပေမယ့် ခြစားနေတဲ့Continue reading “နိုဝင်ဘာ ၂၁ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၉ ရက် ၂၀၂၄
အရင်ထရမ့်အစိုးရလက်ထက်က Small Business Administration ကို ဦးဆောင်ခဲ့တဲ့ Linda McMahon ကို ထရမ့်က အစိုးရသစ်ရဲ့ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်မှာ the America First Policy Institute နဲ့ America First Works တို့ မှာ ဘုတ်အဖွဲ့ဥက္ကဋ္ဌလုပ်ခဲ့ပြီး ပြည်နယ် ၁၂ခုမှာ Universal School Choice ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ School choice ဆိုတာက အိမ်လိပ်စာ/ ဝင်ငွေပေါ် မူမတည်ပဲ တက်ချင်တဲ့ကျောင်းကို ရွေးလို့ရတာမျိုးပါ။ ပညာရေးဝကအနေနဲ့ လင်ဒါက school choice ကို ပြည်နယ်တိုင်းမှာ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး မိဘတွေက သူတို့သားသမီးတွေအတွက် အကောင်းဆုံးပညာရေးကိုပေးဖို့ ဆုံးဖြတ်နိုင်စေမှာContinue reading “နိုဝင်ဘာ ၁၉ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၈ ရက် ၂၀၂၄
ထရမ့်က ဝစ္စကွန်ဆင်အမတ်ဟောင်းလည်းဖြစ် ဖောက်စ်နယူးစ်မှာ contributor လည်းဖြစ်တဲ့ Sean Duffy ကို ပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။ ရှောန်က ဝစ္စကွန်ဆင်ရဲ့ သတ္တမခရိုင်မှာ အစိုးရရှေ့နေအဖြစ် ၈နှစ်ကျော် လုပ်ခဲ့သူဖြစ်ပြီး သူ့ဇနီး ရေချယ် ကမ်ပို့စ်-ဒဗ်ဖီက Fox & Friends Weekend မှာ co-host ဖြစ်ပါတယ်။ ရှောန်က ပို့ဆောင်ရေးကမောက်ကမ ဖြစ်မှုတွေ အတွက် ဘိုင်ဒန့်ပို့ဆောင်ရေးဝက ပိ ဘူတဂျပ်ကို ဝေဖန်လေ့ရှိသူပါ။ သူက မင်နီဆိုးတားသမိုင်းမှာ အကြီးဆုံး လမ်းနဲ့ တံတားပရောဂျက်ကြီးကို ဆောက်ခွင့်ရအောင် ဒီမိုကရက်အမတ်တွေနဲ့ တွဲပြီး ဥပဒေပိုင်းဆိုင်ရာအခက်အခဲတွေကို ကျော်လွှားရှင်းလင်းပေးခဲ့သူ ဖြစ်ပါတယ်။ ရှောန်က အမေရိကန်ရဲ့ အဝေးပြေးလမ်းမကြီးတွေ၊ ဥမင်လှိုဏ်ခေါင်းတွေ၊ တံတားတွေ၊ လေဆိပ် တွေကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်သလို တိုင်းပြည်ရဲ့Continue reading “နိုဝင်ဘာ ၁၈ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၇ ရက် ၂၀၂၄
၂၀၂၄ရကပမှာ ထရမ့်ရတဲ့မဲက ၇၆သန်းခွဲကျော်သွားပါပြီ၊ မဲတွေကတော့ ဆက်ရေတုန်းပါပဲ။ ကမလာရတဲ့မဲကို မဖော်ပြဘူးဆိုတာက ID မလိုဘူးဆိုတဲ့မဲတွေဟာ အမှန်အကန်လို့ မယူဆသလို ညတွင်းချင်းမပြီးပဲ အချိန်ဆွဲရေနေတဲ့ မဲတွေကိုလည်း အစစ်အမှန်အဖြစ် မယူဆလို့ပါ။ လောလောဆယ် အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်နေရာ ၂၂၀ ရနေပါတယ်။ အရွေးချယ်ခံသမ္မတထရမ့်က Chris Wright ကို စွမ်းအင်ဝန်ကြီးနဲ့ အသစ်ဖွဲ့စည်းလိုက်ပြီး ပြည်ထဲရေးဝန်ကြီးလောင်း Doug Bergum ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အမျိုးသားစွမ်းအင်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ Chris နဲ့ Doug တို့ဟာ အရင်ကလည်း အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်။ အမေရိကန်စွမ်းအင်ကောင်စီက စွမ်းအင်ကဏ္ဍဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်နေတဲ့ ကြိုးနီစနစ်တွေကို ပယ်ရှားပေးသွားမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေး အစိတ်အပိုင်းအားလုံးမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို အသစ်အသစ်သော တီထွင်ကြံဆမှုများကိုလည်းContinue reading “နိုဝင်ဘာ ၁၇ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၅ ရက် ၂၀၂၄
သမိုင်းဝင်အောင်ပွဲတွေ ရခဲ့တဲ့ ထရမ့်ကမ်ပိန်းမှာ ပြောရေးဆိုခွင့်ရှိသူလုပ်ခဲ့တဲ့ Karoline Leavitt ဟာ ထရမ့်အစိုးရသစ်မှာ Press Secretary ဖြစ်လာတော့မှာပါ။ သူက အရင်ထရမ့်အစိုးရတုန်းက Kayleigh McEnany လက်အောက်မှာ Assistant Press Secretary လုပ်ခဲ့ပါတယ်။ ရကပမဲဆွယ်ကာလမှာ CNN က ခေါ်ဗျူးတုန်းက သူမကိုCNN Host က ဒေါပွခဲ့တာကြောင့် ကန်ထုတ်ခံခဲ့ရပါတယ်။ သူမက အသက် ၂၇ပဲ ရှိသေးတဲ့အတွက် အိမ်ဖြူသမိုင်းမှာ အငယ်ဆုံး Press Secretary ဖြစ်လာတော့မှာပါ။ မြောက်ဒါကိုတာဂါဗာတာ Doug Burgum က ပြည်ထဲရေးဝန်ကြီးရာထူးအပြင် အသစ်ဖွဲ့စည်းမယ့် အမျိုးသားစွမ်းအင်ကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာပါ။ အဆိုပါကောင်စီက စွမ်းအင်ပါမစ်ပေးတာ၊ ထုတ်ယူတာ၊ ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ပို့ဆောင်တာ၊ ဥပဒေပြုတာ အစရှိတဲ့Continue reading “နိုဝင်ဘာ ၁၅ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၄ရက် ၂၀၂၄
ရကပပြီးတာ တပတ်ကျော်လာခဲ့ပေမယ့် မဲတွေက ရေတွက်ဆဲဖြစ်ပြီး ထရမ့်ရတဲ့မဲက ၇၆သန်း ကျော်သွားပါပြီ။ ပင်ဆယ်လ်ဗေးနီးယားဆီးနိတ်နေရာမှာ ရီပါဘလစ် ဒေ့ဗ်ကန်မက်ကောမစ်က မဲ ၂၉,၃၃၈ အသာနဲ့ နိုင်ထားပေမယ့် မဲက ၀.၄၃%ပဲကွာလို့ ပြည်နယ်ဥပဒေအရ နိုဝင်ဘာ ၂၀မတိုင်ခင် ပြန်ရေရမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၇နောက်ဆုံးထားပြီး ပြည်နယ်ဝန်ကြီးဆီ အစီရင်ခံရမှာဖြစ်ပါတယ်။ ၀.၅ကွာရင်တော့ ပြန်ရေစရာမလိုပါဘူး။ ပြန်ရေရင်လည်း ကွာတာက ရာဂဏန်းထက် မပိုတတ်ပါဘူး။ မက်ကောမစ်က ထည့်ရတဲ့မဲတွေထဲမှာ ရက်စွဲမပါတဲ့ မဲတွေ ပါနေကြောင်း၊ ပြည်နယ်ဥပဒေအရ ရက်စွဲမပါရင် ပယ်မဲဖြစ်ရမှာကို ထည့်ရေလို့ တရားစွဲထားပါတယ်။ ရက်စွဲမပါဘူးဆိုတာက ရကပပြီးပြီး နောက်ရက်မှ ယူသွင်းလာတဲ့မဲတွေလည်း ဖြစ်နိုင်တာပါပဲ။ ရှုံးသွားတဲ့ ဒီမိုကရက်အမတ် ဘော့ဘ်ကေစီက လက်ရှိဆီနိတ်တာဖြစ်ပါတယ်။ အားလုံးမျှော်လင့်နေခဲ့ကြတဲ့အတိုင်းပဲ ထရမ့်က ရောဘတ်ကနေဒီဂျူနီယာကို ဝန်ထမ်း ၈သောင်းနဲ့Continue reading “နိုဝင်ဘာ ၁၄ရက် ၂၀၂၄”