နိုဝင်ဘာ ၁၂ ရက် ၂၀၂၅

၄၃ ရက်ကြာခဲ့တဲ့ သမိုင်းဝင် အကြာရှည်ဆုံး အစိုးရယန္တယားရပ်တံ့မှုက ဒီနေ့အဆုံးသတ်သွားခဲ့ပါပြီ။​ ဆီးနိတ်က ဘေလ်ကို အောက်လွှတ်တော်က အတည်ပြုပြီး သမ္မတက ညတွင်းချင်း လက်မှတ်ထိုး ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒီမိုကရက်တွေ ထပ်မံတောင်းဆိုလာတဲ့ အိုဘားမားကဲအတွက် အစိုးရအထောက်အပံ့တွေကို ၃နှစ် ထပ်တိုးပေးဖို့ကိုလည်း လိုက်လျောစရာမလိုပဲ​ နောက်လကျမှ မဲထပ်ခွဲဖို့ သဘောတူလိုက်ကြပါတယ်။ ဒီနေ့လက်မှတ်ထိုးလိုက်တဲ့ funding bill က ဇန်နဝါရီလကုန် အထိဖြစ်ပြီးစိုက်ပျိုးရေးဝကဌာန၊ စစ်ပြန်ရေးရာဌာနနဲ့ legislative branch တို့ကို စက်တင်ဘာ ၂၀၂၆အထိ ဘတ်ဂျက်အပြည့်အဝ ပေးသွားမှာ ဖြစ်သလို SNAP နဲ့ အမျိုသမီး၊ မွေးကင်းစနဲ့ ကလေးတွေအတွက် အစီအစဥ်တွေအတွက် တနှစ်စာ ဘတ်ဂျက်ပါဝင်ပါတယ်။ ပြီးခဲ့တဲ့လက မပေးခဲ့ရတဲ့ လစာတွေ ပြန်ပေးဖို့၊ ဆိုင်းငံ့ထားတဲ့ ဝန်ထမ်းတွေ အမြန်ဆုံးContinue reading “နိုဝင်ဘာ ၁၂ ရက် ၂၀၂၅”

နိုဝင်ဘာ ၆ ရက် ၂၀၂၅

ဒီကနေ့ အိမ်ဖြူတော်မှာ သမ္မတထရမ့်က ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Eli Lily နဲ့ Novo Nordisk တို့နဲ့ ညှိနှိုင်းပြီး မက်ဒီကဲနဲ့ မက်ဒီကိတ်ကနေ အဝလွန်တာကို ကုသပေးမယ့် GLP-1 ဆေးဝါးတွေကို TrumpRx.gov ကတဆင့် ပြည်သူတွေဆီကို ဈေးသက်သက်သာသာနဲ့ တိုက်ရိုက်ဖြန့်ဖြူးပေးသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အမေရိကန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ဆေးဝါးဈေးအကြီးဆုံး နိုင်ငံဖြစ်တာကြောင့် အသက်ကြီး/မကျန်းမာတဲ့ အမေရိကန်တွေဟာ ကိုယ့်နိုင်ငံ/ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးဖိုး မတတ်နိုင်ရင် ဈေးချိုတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကိုပဲ ရတဲ့နည်းနဲ့ ရှာကြံဝယ်ပြီး သုံးစွဲနေရတာဖြစ်ပါတယ်။ အခုလို မူရင်းဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက ဈေးလျော့ပေးတဲ့အတွက် အမေရိကန်အများစုက မူရင်းဆေးတွေကိူ လက်လှမ်းမီ သုံးစွဲလာနိုင်ကြတော့မှာပါ။ ဆီးချိုဆေးအပါအဝင် လူသုံးများတဲ့ ဆေးတိုင်းကို သမ္မတထရမ့်က လိုက်ညှိပေးနေတာContinue reading “နိုဝင်ဘာ ၆ ရက် ၂၀၂၅”

ဒိစတိတ်အကြောင်း

ရီပါလလစ်ကန်ဆီနိတ်တာ ဂရပ်စ်လေထုတ်ပြန်တဲ့ ဒါဟမ်နောက်ဆက်တွဲ(ရီပို့)နဲ့ တူလ်စီဂက်ဘတ်ရဲ့ အမျိုးသားထောက်လှမ်းရေးရုံးရီပို့တို့ကနေ ဒိစတိတ်ခြအုံကြီးရဲ့ ပုံကြမ်းကို ပုံဖော်နိုင်ကြပါမယ်လို့ ဘလေ့ဇ်က ဂလန်ဘက်ခ်က တင်ပြထားပါတယ်။ အဲဒီဖိုင်တွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေ၊ မီဒီယာအခင်းအကျင်းတွေ၊ တတ်သိပညာရှင်(သင့်ခ်တန့်ခ်)တွေ၊ အန်ဂျီအိုတွေက အစိုးရနဲ့ စင်ပြိုင်လို လှုပ်ရှားနေတာကို ဖော်ညွှန်းပြနေပါတယ်။ ဒိစတိတ်ဆိုတာက အီလိဒိုနာတွေက ငွေထောက်ပံ့ ပေးထားပြီး ဗျူရိုကရက်တွေက အကာအကွယ်ပေးထားကာ အစိုးရရုံးလုပ်ပိုင်ခွင့်အာဏာနဲ့ ပုဂ္ဂလိကဩဇာ လွှမ်းမိုးမှုတွေကြား တာဝန်ယူမှု/ တာဝန်ခံမှုမရှိပဲ လွန်းထိုးလှုပ်ရှားနေသူတွေက သက်ဆိုးရှည်အောင် အသက်ဆက်ပေးနေကြတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်းတွေ ပါပေမယ့် အဓိကက လူနဲ့ ပိုက်ဆံပါပဲ။ ဒိစတိတ်ရဲ့ ထောက်လှမ်းရေးဘက်မှာ ထိပ်ဆုံးက အိုဘမရဲ့ စီအိုင်အေဒါရိုက်တာ ဂျွန်ဘရန်နန်ဖြစ်ပြီး သူက ၂၀၁၇ ရုရှားကိုလူးရှင်းနဲ့ပတ်သက်တဲ့ ထလရအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်ကို ကလဖန်ထိုး ခြယ်လှ​ယ်ခဲ့သူဖြစ်ပါတယ်။ အလားတူခြယ်လှယ်ခဲ့သူနောက်တဦးက အိုဘမရဲ့Continue reading “ဒိစတိတ်အကြောင်း”

ယူအန်၊ ဒီမိုကရက်နဲ့ မီဒီယာ

ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ ယူအန်ညီလာခံမှာ ဆီးရီးယားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာဝမ်အော်စ်မန်က သူဟာ ဆီးရီးယားနဲ့ လက်ဘနွန်ကပြားတဦးဖြစ်ကြောင်း၊ ဂါဇာစစ်ပွဲမှာ အစ္စရေးက ပြဿနာရဲ့ ရင်းမြစ်မဟုတ်တာကို ဘုရားသခင်ရှေ့တော်မှောက်မှာ တိုင်တည်ပါကြောင်း၊ အောက်တိုဘာ ၇ ကတဲက သူမအနေနဲ့ အစ္စရေးကို ၉ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ အရင်အပတ်က အစ္စရေးက ရှီရီဘီဘာ့စ်နဲ့ သူမကလေးတွေဖြစ်တဲ့ အာယယ်နဲ့ ကီယာကို မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း၊ ဟာမာ့စ်က သူတို့အဖမ်းခံရတယ်ဆိုတာလောက်ပဲ ပြောပေမယ့် သေမှုသေခင်း စစ်ဆေးမှုမှာ သူတို့ဟာ ဂါဇာမှာ လည်ပင်းညှစ်ခံရလို့ သေဆုံးတယ်လို့ ဖော်ပြထားကြောင်း၊ အစ္စရေးကိုပဲ အပြစ်တင်ချင်နေတဲ့ သူတွေက မှန်ရှေ့မှာ ကိုယ့်အပြစ်ကိုယ် ပြန်ကြည့်ကြဖို့လိုကြောင်း၊ ကာတာအနေနဲ့ ဒိုဟာမှာနေနေတဲ့ ဟာမာ့စ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဓါးစာခံတွေ ပြန်လွှတ်ဖို့ တောင်းဆိုတာမျိုး ဘာလို့ မလုပ်ခဲ့သလဲ၊ ဘာလို့ အကြမ်းဖက်တွေကိုContinue reading “ယူအန်၊ ဒီမိုကရက်နဲ့ မီဒီယာ”

စက်တင်ဘာ ၂၇ ရက် ၂၀၂၅

သမ္မတထရမ့် ယူအန်မှာ မိန့်ခွန်းသွားခြွေတုန်းက မသမာသူတွေ ကြံစည်ထားခဲ့ကြတာ စက်လှေခါးနဲ့ တယ်လီပရွမ်တာတင်မကပါဘူး၊ တယ်လီကွန်းဆိုင်ဘာအတက်ခ်ပါလုပ်ဖို့ ကြံထားခဲ့ကြတာပါ။  ဆင်းမ်ဆာဗာ ၃၀၀ကျော်၊ အသင့်သုံးနိုင်တဲ့ activate လုပ်ပြီးသား ဆင်းမ်ကဒ်ပေါင်း တသိန်းကျော်အား နယူးယောက် ယူအန်ရုံးအနီးက အတိအကျ မဖော်ပြထားတဲ့ နေရာတခုမှာ ရှာဖွေသိမ်းဆီးရမိတယ်လို့ သိရပါတယ်။ အဲဒီပမာဏက တမိနစ်ကို မက်ဆေ့ချ်ပေါင်း သန်း၃၀နှုန်းနဲ့ ကယ်ရီယာပေါင်းစုံက ဖုံးခေါ်ဆိုမှုတွေ၊ စာတိုပို့မှုတွေကို ဂျမ်းဖြစ်သွားနိုင်သလို 911 ခေါ်ဆိုမှုတွေပါ မရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယူအန်ညီလာခံအပေါ်ကိုတော့ လုံခြုံရေးအရ တိုက်ရိုက်သက်ရောက်မှု မရှိဘူးဆိုပေမယ့် ဝင်နှောက်နိုင်တဲ့ အတိုင်းအတာက ကြီးမားနေတာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီဆင်းမ်ကဒ်တွေဟာ encrypted လုပ်ထားပြီး နိုင်ငံခြားကလူတွေနဲ့ ဆက်သွယ်ကာ ပူးပေါင်းလုပ်ဆောင်တဲ့ ရာဇဝတ်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ အကြမ်းဖက်အဖွဲ့တွေက အသုံးပြုနိုင်တာဖြစ်လို့ အဲဒီဖုံးတွေရဲ့Continue reading “စက်တင်ဘာ ၂၇ ရက် ၂၀၂၅”

Jan 6

မနေ့ကထွက်လာတဲ့ သတင်းတွေအရ အက်ဖ်ဘီအိုင်က ဂျေ-၆မှာ ထရမ့် ထောက်ခံတဲ့လူအုပ်ထဲကို အရပ်ဝတ်အေးဂျင့် ၂၇၄ဦး ထည့်ထားခဲ့ပြီး အဲဒီလူတွေကပဲ ဆန္ဒပြသူတွေကို လွှတ်တော်ထဲ ဝင်ဖို့ “ကျောင်း” သွားခဲ့ကြတာပါ။ ပလိုးစီရဲ့ ကာပီတယ်ပူးလိစ်အပေါက်စောင့်တွေကလည်း အဲဒီလူတွေ ဝင်လာလို့ လွယ်အောင် အပေါက်မှာ မစောင့်ပဲ ရှောင်ပေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက မသိတဲ့လူတချို့က အလံရှူးတွေဝင်ပြတဲ့နောက် ဝင်လို့ရတယ် အမှတ်နဲ့ လိုက်ဝင်လာ ကြပေမယ့် ဘာဆူပူမှုတခုမှ မလုပ်ခဲ့ကြတဲ့အတွက် မဆူ့ဆူအောင် ဘာအန္တရာယ်မှပြုမနေတဲ့ လေတပ်ထွက် အက်ရှ်လေဘက်ဘစ်ကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါလည်း ဆူပူမလာခဲ့ပါဘူး။ ဒါပေမယ့် မီဒီညာမှာတော့ ထရမ့်က ဆူပူစေတယ်ဆိုပြီး ဝါဒဖြန့်မှိုင်းတိုက်ခဲ့လို့ TDS သမားများအားလုံးက အတုံးလိုက် အတစ်လိုက် ယုံပစ်လိုက်ကြတာပါပဲ။ ထရမ့်က တက်ရောက်လာမယ့် လူဦးရေနဲ့ လျော်ညီတဲ့ လုံခြုံရေးအင်အားတောင်းပေမယ့်Continue reading “Jan 6”

Charlie Kirk အပိုင်း ၂

မနေ့က အရီဇိုးနားက ဖီးနစ်မြို့မှာ ချာလီရဲ့ ကျန်ရစ်သူဇနီးအဲရစ်ကာက ချာလီဆုံးပြီး ပထမဆုံးအကြိမ် ဝမ်းနည်းပူဆွေးနေသူများကို စကားပြောခဲ့ပါတယ်။ အဲရစ်ကာက ချာလီဟာ နေ့စဥ်နေ့တိုင်း ပိုကောင်းတဲ့ခင်ပွန်း၊ ပိုတော်တဲ့ဖခင်ဖြစ်ဖို့ အမြဲ ကြိုးစားနေသူဖြစ်ကြောင်း၊ သူနဲ့ ကလေးတွေကိုလည်း အင်မတန် ချစ်မြတ်နိုးပြီး ချစ်ကြောင်းကိုလည်း သေသေချာချာ ပြတတ်ပါကြောင်း၊ အခုလို ဆုံးရှုံးသွားရတဲ့အပေါ် ဝမ်းနည်းမှုကတော့ ဖော်ပြဖို့ စကားလုံးတောင် ရှာမရပါကြောင်း၊ ဒီမုဆိုးမရဲ့  ငိုကြွေးသံက တိုက်ပွဲခေါ်သံလို တကမ္ဘာလုံးကို ပဲ့တင်ရိုက်ခတ်စေမှာဖြစ်ပြီး  ချာလီ လျောက်ခဲ့တဲ့လမ်း၊ ထူထောင်ခဲ့တဲ့ TP USA ကို အရှိန်မကျတဲ့အပြင် ပိုအားကောင်းအောင် လုပ်ဆောင်သွားမှာ ဖြစ်သလို ကောလိပ်တွေမှာ စကားပြောတာတွေလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ချာလီ သိပ်နှစ်သက်တဲ့ Charlie Kirk Show ကိုလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ပြောကြားသွားပါတယ်။Continue reading “Charlie Kirk အပိုင်း ၂”

စက်တင်ဘာ ၁၁ရက် ၂၀၂၅

ဒီနေ့တော့ မနေ့က လုပ်ကြံခံရတဲ့ နိုင်ငံရေးတက်ကြွလုပ်ရှားသူ ချာလီကာ့ခ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်းနဲ့ ပတ်သက်တာတွေပဲ ရေးပါမယ်။ TP USA ရဲ့ Executive Director ဖြစ်သလို TP Action ရဲ့ CEO လည်းဖြစ်ပြီး Council for National Policy ရဲ့ အဖွဲဝင်တဦးလည်း ဖြစ်တဲ့ ချာလီကာ့ခ်ကို ၁၉၉၃ အောက်တိုဘာ ၁၄ရက်နေ့မှာ ရှီကာဂိုကို ဝန်းရံတဲ့ မြို့လေးတမြို့ဖြစ်တဲ့ အာလင်တန်ဟိုက်မှာ မွေးဖွားခဲ့ပြီး အထက်တန်းကျောင်းမှာကတဲက နိုင်ငံရေး စတင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ အထက်တန်း ကျောင်းပြီးတော့ ဟာပါကောလိပ်ကို ခေတ္တပဲ တက်ရောက်ခဲ့ကာ သူ့ဖာသာသူ စာအုပ်ပေါင်းများစွာ ဘာသာရပ်ပေါင်းများစွာကို လေ့လာခဲ့ပါတယ်။ အဲဒီလို လေ့လာခဲ့တဲ့အကျိုးကြောင့် ချက်ကျလက်ကျ ရှင်းရှင်းလင်းလင်း ပြောတတ်တဲ့သူ့ကို နိုင်အောင်Continue reading “စက်တင်ဘာ ၁၁ရက် ၂၀၂၅”

စက်တင်ဘာ ၉ ရက် ၂၀၂၅

ဘိုင်ဒန်လက်ထက် ကာကွယ်ရေးဌာနဟာ တရုပ်စစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ တရုပ်တက္ကသိုလ်တွေ၊ အင်စတီကျုတွေနဲ့ ပေါင်းပြီး သုတေသနပရောဂျက် ၇၀၀ကျော် လုပ်နေခဲ့တာဖြစ်ပြီး အဲဒီ တရုပ်အဖွဲ့အစည်းတွေထဲက တချို့ဟာ အမည်မည်းစာရင်း သွင်းထားခံရတာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနတွေအတွက် ပန်တဂွန်က ၂.၅ဘီလီယံကုန်ကျခံရတာပါ။ အဲဒီအကြောင်းတွေကို အောက်လွှတ်တော် ရွေးချယ်ကော်မီတီက ရီပါဘလစ်ကန်တွေက စာမျက်နှာ ၈၀ပါ ရီပို့ထဲမှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇွန်လကနေ ၂၀၂၅ ဇွန်လအတွင်း ပြုစုခဲ့တဲ့ သုတေသနစာတမ်း ၁၄၀၀ခန့် ထဲမှာ စန်းစန်းတင့်ဖြစ်တဲ့ အေအိုင်တို့၊ ဟိုက်ပါဆိုးနစ်တို့ ကွမ်တမ်နဲ့ အာရုံခံတာတို့၊ ဆီမီးကွန်ဒပ်တာတို့ အဆင့်မြင့်ကန်အားစနစ်တို့ စတာတွေပါဝင်တဲ့ စစ်ရေးမှာ အသုံးပြုမယ့် သုတေသနတွေ ဖြစ်ပါတယ်။ ပြည်သူ့အခွန်တွေနဲ့ တိုင်းပြည်အတွက်ထက် ရန်လိုတဲ့ပြိုင်ဖက်ကို အကျိုးရှိစေမှာမျိုးက တိုင်းပြည်ကို မချစ်တဲ့ ခြအစိုးရတွေပဲContinue reading “စက်တင်ဘာ ၉ ရက် ၂၀၂၅”

စက်တင်ဘာ ၇ ရက် ၂၀၂၅

အမေရိကန်က အိမ်ဈေးတွေ မိုးပျံနေတာကို ကိုင်တွယ်ဖို့အတွက် လာမယ့် ဆောင်းဦးရာသီထဲမှာ သမ္မတထရမ့်က National Housing Emergency ကြေငြာကောင်း ကြေငြာလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။ အဲဒီလို ကြေငြာလိုက်ရင် အိမ်သစ် ဆောက်တာတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလျော့ချ၊ building code တွေကို တနိုင်ငံလုံးအတွက် standardize လုပ်ပြီး အိမ်ဆောက်ရာမှာ လိုအပ်တဲ့ သစ်၊ စတီး စတာတွေကို မြန်မြန် လွယ်လွယ် ရအောင် ပြုလုပ်ပေးခြင်းဖြင့် ဈေးချိုချိုနဲ့ အိမ်များများ ဆောက်နိုင်ဖို့အပါအဝင် တခြားလိုအပ်တာတွေပါ လုပ်ဆောင်သွားနိုင်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ၉/၃နေ့က တရုပ်နိုင်ငံသား ၂၂ဦးနဲ့ အမေရိကန် ၃ဦးကို အမေရိကန်ကို ဦးတည်တဲ့ နိုင်ငံတကာ မူးယစ် မှောင်ခိုမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။Continue reading “စက်တင်ဘာ ၇ ရက် ၂၀၂၅”