ထရမ့်က ကနေဒါတို့ မက္ကဆီကိုတို့ တရုတ်တို့ကို tariff ထပ်တိုးကောက်တယ်ဆိုတာ အရင်သက်တမ်း တုန်းကလည်း လုပ်ဖူးသလို အခုတခါလည်း မဲဆွယ်ကာလကတည်းက ပြောခဲ့ပြီးသားပါ။ မီဒီညာနဲ့ ဒီမိုကရက်တွေကတော့ အာဏာရှင်ကြီး ဖျင်ယားပြီးကောက်သလိုလို ပုံဖော်ကြပေမယ့် အမှန်မှာက သူတို့အမေရိကန်အပေါ် ကျူးလွန်ထားတာတွေ ရပ်တန်းကရပ်နိုင်အောင် သတိပေးလိုက်တာပါပဲ။ မက္ကဆီကိုတို့ တရုတ်တို့ကလုပ်တာ မြင်သာပေမယ့် ကနေဒါက အမေရိကန်အပေါ် ဘယ်လိုတွေ ကျူးလွန်နေသလဲဆိုတာ မသိကြတာများပါတယ်။ ဘိုင်ဒန့်လက်ထက် အကြမ်းဖက်တွေနဲ့ ဆက်နွယ်မှု ရှိနိုင်သူ ၆၈၇ဦး တောင်ဖက်နယ်စပ်က ဝင်လာတယ်လို့ တွေ့ရှိရချိန်မှာ ကနေဒါကနေ ဝင်လာတဲ့ အကြမ်းဖက်က ၁၂၁၆ဦး ဖြစ်ပါတယ်။ ထရူဒိုကလည်း တရုတ်ဘောမပဲဆိုတော့ မူးယစ်ဆေးတွေ၊ အကြမ်းဖက်တွေ ခိုးဝင်တွေနဲ့ အမေရိကန်ကို နှစ်ဖက်ညှပ်ပြီး ဒုက္ခပေးနေကြတာပါ။ ခိုးဝင်တွေ အကြမ်းဖက်တွေကြောင့် ရာဇဝတ်မှုတွေပေါ၊ မူးယစ်ဆေးကြောင့်Continue reading “ဖေဖေါ်ဝါရီ၃ ရက် ၂၀၂၅”
Category Archives: Uncategorized
ဖေဖေါ်ဝါရီ ၁ ရက် ၂၀၂၅
တနေ့က ဖြစ်သွားတဲ့ လေယာဥ်နဲ့ ရဟတ်ယာဥ် ဝင်တိုက်တာမျိုးက ဖြစ်လေ့မရှိပေမယ့် အဲဒီလေဆိပ်မှာပဲ အဲဒီမတိုင်ခင်တရက်က လေယာဥ်က တည့်တည့်ဝင်လာနေတဲ့ ရဟတ်ယာဥ်ကို လမ်းကြောင်းပြောင်းပြီး ရှောင်လိုက်ရတာမျိုး နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တကြိမ်က ယခုဖြစ်စဥ်မတိုင်ခင် တရက်အလိုကပါ။ အခုတော့ FAA က ရေဂင်လေဆိပ်နားမှာ ရဟတ်ယာဥ်မပျံဖို့ ကန့်သတ်လိုက်ပါပြီ။ ရေဂင်လေဆိပ်က လေကြောင်းထိန်းသိမ်းရေးတာဝါမှာ ပုံမှန်ဆို လူ ၃၀ခန့်ထားရမှာပေမယ့် ခုတော့ ၁၉ဦးနဲ့ ဖြစ်အောင် လုပ်နေကြရတာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ ပုံမှန် ကွန်ထရိုလာ ၂ဦးရှိရမယ့်အစား ကြီးကြပ်သူက တဦးကို စောစောပေးပြန်လိုက်တဲ့အတွက် ၁ယောက်ပဲ ကျန်ခဲ့တာပါ။ တိုက်လုလု ဖြစ်သွားခဲ့တဲ့ နောက်တရက်မှာပဲ ၂ဦးနေရာမှာ ၁ဦးပဲ ထားလိုက်တာ ဖြစ်ပါတယ်။ ဒီမိုကရက်အုပ်ချုပ်မှုအောက်မှာ သူတို့ရဲ့ လက်ကိုင်ဒုတ် (သို့) သူတို့ခြစားတာ ဖုံးဖိပေးမယ့်ဌာနများမှာ လူအများကြီးတိုးခန့်ဖို့Continue reading “ဖေဖေါ်ဝါရီ ၁ ရက် ၂၀၂၅”
ဇန်နဝါရီ ၃၀ ရက် ၂၀၂၅
ဖေ့စ်ဘုတ်က ဂျန်၆ကိစ္စအကြောင်းပြပြီး သမ္မတထရမ့်အကောင့်ကို ၂နှစ်ကျော်ကြာ ပိတ်ပင်ခဲ့တာနဲ့ ပတ်သက်ပြီး ၂၅သန်းပေးလျော်ဖို့ ထရမ့်နဲ့ သဘောတူညီမှု ရယူလိုက်ပါတယ်။ ထရမ့်က အဲဒီထဲက ၂၂သန်းကို အမေရိကန်သမ္မတတွေလုပ်လေ့ရှိတဲ့ Trump’s presidential library အတွက် သုံးမှာဖြစ်ပြီး ကျန်တာကိုတော့ ရှေ့နေခတွေ၊ ပူးတွဲတရားစွဲသူတွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း ABC သတင်းဌာနက မန်ဟက်တန်က ထရမ့်ဖျာချတယ်ဆိုတဲ့အမှုမှာ ထရမ့်ကပဲ မုဒိမ်းကျင့်သလို ဂျူရီက ဆုံးဖြတ်ခဲ့သယောင် တင်ပြခဲ့လို့ ထရမ့်က အသရေဖျက်မှုနဲ့ စွဲထားတာကို ၁၅သန်းပေးလျော်ခဲ့ရပါတယ်။ အဲဒီ ၁၅သန်းကိုလည်း သမ္မတစာကြည့်တိုက်အတွက်ပဲ သုံးစွဲသွားမှာပါ။ ကာကွယ်ရေးဝန်ကြီးသစ် Hegseth က ဘိုင်ဒန်မဆင်းခင် မိနစ်ပိုင်းအလိုကမှ ပါဒန်ပေးလိုက်တဲ့ အငြိမ်းစား ကြယ်လေးပွင့် ဝုခ်ဗိုလ်ချုပ်ကြီးမီလီရဲ့ သက်တော်စောင့်တွေနဲ့ ထိပ်တန်းလျို့ဝှက်တွေ သိခွင့်၊ အရေးကြီးနေရာContinue reading “ဇန်နဝါရီ ၃၀ ရက် ၂၀၂၅”
ဇန်နဝါရီ၂၈ရက် ၂၀၂၅
သမ္မတထရမ့်ရဲ့ Executive Order တွေရဲ့ လူဝင်မှုကိစ္စများအပေါ် သက်ရောက်မှုကို အင်တာနက်ပေါ်က လူဝင်မှုရှေ့နေများက ဘယ်လိုပြောထားကြလဲဆိုတော့ ၁။ ပြည်သူနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံကို ပြည်ပအကြမ်းဖက်တွေရန်က ကာကွယ်ဖို့အမိန့်မှာ ၂။ အမေရိကန်နိုင်ငံသားဖြစ်မှုရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို ကာကွယ်ဖို့အမိန့်မှာ ၃။ တောင်ပိုင်းနယ်စပ် လုံခြုံစေဖို့ အရေးပေါ်ကြေငြာတဲ့ အမိန့်မှာ ၅။ အမေရိကန်ပြည်သူတွေကို ကျူးကျော်မှုမှ ကာကွယ်တဲ့အမိန့်မှာ ၆။ ပြည်နယ်တွေကို ကျူးကျော်မှုမှ ကာကွယ်ဖို့ ထုတ်တဲ့အမိန့်မှာ ၇။ ဒုက္ခသည်ဝင်ခွင့်ပြုရေးအစီအစဥ် USRAP ပြန်လည်ချိန်ညှိမယ့်အမိန့်မှာ ICE က တနင်္ဂနွေနေ့တနေ့တည်း ခိုးဝင်ရာဇဝတ်သား ၉၅၆ဦး ဖမ်းဆီးမိထားပါတယ်။ ကြာသပတေးနေ့အထိ ၁၃၀၀ခန့် ဖမ်းဆီးထားပြီး တချို့ကို ဆိုင်ရာနိုင်ငံ ပြန်ပို့ပြီးဖြစ်ပါတယ်။ အရင်ဆုံး ဖမ်းတာတွေက ဒီနိုင်ငံထဲမှာ ၁၀နှစ် ၁၅နှစ်လောက်Continue reading “ဇန်နဝါရီ၂၈ရက် ၂၀၂၅”
ဇန်နဝါရီ ၂၃ ရက် ၂၀၂၅
Trump 2.0 လက်ထက်မှာ ရကပမတိုင်ခင် ပဝေသဏီကတဲက ပြည်သူကို ကြိုချပြခဲ့တဲ့အတိုင်း WHO က ထွက်လိုက်တယ်၊ ပဲရစ်ကလိုင်းမိတ်သဘောတူညီချက်က ထွက်လိုက်တယ်၊ ခိုးဝင်တွေကို ပြန်ပို့ဖို့လုပ်တယ်၊ ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ခွင့်တွေ ပြန်ဖွင့်ပေးလိုက်တယ်၊ ယူကရိန်းစစ်ရပ်ဖို့ အကွက်ချ ဗျူဟာဆင်တယ်၊ မိန်းမနဲ့ ယောက်ျား လိင် ၂မျိုးပဲရှိကြောင်း ကြေငြာတယ်၊ JFK, RFK & MLK တို့ကို လုပ်ကြံမှုတွေကို လျို့ဝှက်အဆင့်က ပယ်ဖျက်ပေးလိုက်တဲ့အပြင် ဂျေ၆နဲ့ မတရားပြစ်ဒဏ် ချခံနေရသူတွေကို လွတ်ငြိမ်းပေးလိုက်ပါတယ်။ ခိုးဝင်တွေကို ပြန်ပို့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ခန့်ထားတဲ့ ဘော်ဒါဇာ Tom Homan က သူတို့ ပစ်မှတ်ထားတာက ခိုးဝင်တွေကိုဖြစ်ကြောင်း၊ ခိုးဝင်တွေကို ပြစ်မှုရှိမှ ပြန်ပို့လို့ရမယ်ဆိုတဲ့ ဥပဒေ မရှိပေမယ့် လောလောဆယ်တော့ ပြစ်မှုကြီးရှိသူတွေကိုContinue reading “ဇန်နဝါရီ ၂၃ ရက် ၂၀၂၅”
ဇန်နဝါရီ၂၀ ရက် ၂၀၂၅
ဘိုင်ဒန်က မဆင်းခင် ပြည်သူအတွက် အကောင်းဆုံးအလုပ်လုပ်ပေးမယ့် ထရမ့်အတွက် အခက်အခဲတွေ အများကြီး ဖန်တီးထားခဲ့သလို တိုင်းပြည်နဲ့ ပြည်သူအတွက် အန္တရာယ်ကောင်တွေကို ဘွဲ့ထူး ဂုဏ်ထူးတွေပေးပြီး နောက်ဆုံး မဆင်းခင် နာရီပိုင်းအလိုမှာကျမှ သူ့ကိုယ်စား လာဘ်ယူပြီး ဝေမျှစားကြတာ ပေါ်လွင်နေတဲ့ သူ့မိသားစု၊ တရုတ်နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ ကဗပိုးကို မရအရ တင်သွင်းကာ အမေရိကန်ပြည်သူ သန်းပေါင်းများစွာကို အသေမများ များအောင် ဗလောင်းဗလဲပြော မောင်းခဲ့ပြီး စာတိုက်မဲနဲ့မိုးခဲဇတ်လမ်းဖြစ်အောင် အရောက်ပို့ခဲ့တဲ့ ဒေါက်တာဖောက်ချီ၊ အရင်ထရမ့်လက်ထက်နှောင်းပိုင်းမှာ တရုတ်ဖက်ကို စစ်ဖက်ကိစ္စမှန်သမျှ ထရမ့်ကိုကျော်ပြီး သူ့နဲ့ ဆက်သွယ်ဖို့ ပြောခဲ့တဲ့အပြင် အာဖဂန်က နောက်ဆုံးပေါ် အမေရိကန်လက်နက် ယာဥ်ယန္တယားတွေကို တရုတ်နဲ့ အကြမ်းဖက်တွေလက်ထဲ တမင်ထားပစ်ခဲ့တဲ့ တရုတ်ကြောက် ဗိုလ်ချုပ်ကြီးမီလီ၊ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မကိုင်ကြပဲ ငြိမ်းချမ်းစွာContinue reading “ဇန်နဝါရီ၂၀ ရက် ၂၀၂၅”
ဇန်နဝါရီ၁၅ ရက် ၂၀၂၅
အောက်လွှတ်တော် ရီပါဘလစ်ကန်စပီကာ မိုက်ခ်ဂျွန်ဆန်က ဒေါ်နယ်ဂျေထရမ့် ၄၇ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ၂၀ရက် တနင်္လာနေ့မှာ လွှတ်တော်နယ်မြေအတွင်း အလံတွေကို ပုံမှန်လွှင့်ထူသွားမယ်လို့ အမိန့်ထုတ်လိုက်သလို ရီပါဘလစ်ကန်ဂါဗာနာများကလည်း သူတို့ပြည်နယ်တွေရဲ့ လွှတ်တော်တွေနဲ့ အစိုးရအဆောက်အဦတွေမှာ ပုံမှန်လွှင့်ထူကြဖို့ အသီးသီး အမိန့်ထုတ်ထားကြပါတယ်။ ကျမ်းကျိန်ပြီး နောက်တရက်ဖြစ်တဲ့ ၂၁ကနေ ဘိုင်ဒန်သတ်မှတ်ထားတဲ့ ၂၈ရက်နေ့အထိကိုတော့ တိုင်ဝက်ပြန်ချကြမှာဖြစ်ပါတယ်။ သေသူနဲ့ ရှင်သူ နှစ်ဦးလုံးကို မျှမျှတတ လေးစားသမှုနဲ့ အခုလို အမိန့်ထုတ်တာလို့ စပီကာဂျွန်ဆန်က ဆိုပါတယ်။ ထရမ့်ကျမ်းကျိန်တဲ့နေ့မှာ အလံတွေ တိုင်ဝက်ဖြစ်နေအောင်လုပ်ပြီး ဟားကြမယ့် ညစ်သိမ်သိမ်အတွေးရှင်များ လောင်စေရော့။ နျူဆမ်နဲ့ ကာလီဖိုးနီးယားက ဒီမိုကရက်တွေဟာ ပြည်နယ်ကို ထရမ့်အစိုးရပေါ်လစီတွေရဲ့ သက်ရောက်မှု မရှိအောင် Trump proof လုပ်ဖို့နဲ့ ပြည်နယ်တွင်းက ခိုးဝင်တွေကို ကာကွယ်ဖို့ သန်းContinue reading “ဇန်နဝါရီ၁၅ ရက် ၂၀၂၅”
ဇန်နဝါရီ ၁၃ ရက် ၂၀၂၅
ဒီမနက်သတင်းတွေအရ ကာလီဖိုးနီးယားမှာ Palisades မီးက ၂၃,၇၁၃ ဧကအထိ ကျယ်ပြန့်လာပြီး ၁၄% ထိန်းထားနိုင်ပါပြီ။ ဒုတိယအကြီးဆုံး Eaton မီးက ၁၄,၁၁၇ ဧက ရောက်လာပြီး ၃၃%ကို ထိန်းထားနိုင်ပါပြီ။ ဒါပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ညအထိ လေပြန်ထန်လာဦးမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ အဆိုးဆုံး ဖြစ်လာမယ်လို့ မိုးလေဝသက ဟောကိန်းထုတ်ထားပါတယ်။ လောင်ပြီးသွားတဲ့ နေရာတွေကို လူတွေပြန်လာပြီး ကျန်နိုင်တာလေးတွေ တွေ့လိုတွေ့ငြား ရှာဖွေနေကြပါတယ်။ မီးက လျင်မြန်လွန်းတော့ အများစုက အဝတ်တထည် ကိုယ်တခုနဲ့ ရှောင်ပြေးကြရတာပါ။ မီးလောင်မြေရဲ့ ၆၂ စကွဲမိုင်အတွင်း အကွက်လိုက် ရှာဖွေရေးစလုပ်ကြရာမှာ ခုထိ Palisades မီးထဲ လူ ၈ဦးနဲ့ Eaton မီးထဲ လူ ၁၆ဦး မီးလောင်သေဆုံးသွားတာ တွေ့ရှိထားပြီးContinue reading “ဇန်နဝါရီ ၁၃ ရက် ၂၀၂၅”
ဇန်နဝါရီ ၁၀ ရက် ၂၀၂၅
LA ကမီးတွေမှာ အသေးလေးတွေ ငြိမ်းတာငြိမ်းပေမယ့် အကြီးတွေက လောင်ကောင်းနေဆဲပါပဲ။ ၃ရက်အတွင်း ဧက ၃၆,၀၀၀ လောင်တယ်ဆိုတဲ့အားက ယုံနိုင်ဖွယ်မရှိပါ။ တရက်ကို မန်ဟက်တန်ကျွန်း တခုစာနီးပါးနှုန်းပါ။ အချမ်းသာဆုံးဆိုတဲ့နိုင်ငံက အချမ်းသာဆုံးပြည်နယ်၊ အချမ်းသာဆုံးတွေနေတဲ့ သန်းဆယ်ချီတန်တဲ့အိမ်တွေရှိတဲ့မြို့၊ အဲဒီလိုနေရာမှာ မီးသတ်ကားမဝင်နိုင်တဲ့ ကျူးကျော်ရပ်ကွက်ထဲ မီးလောင်သလို လက်တဖျစ်အတွင်း အကုန်ပြောင်တယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စလား။ လောင်ရတဲ့ အကြောင်းရင်းတွေမှာ လေထန်တာရယ်၊ ခြောက်သွေ့တာရယ်က ဘာမှလုပ်လို့ မရပေမယ့် တောအခြေတွေ၊ အပင်သေတွေ၊ ခြုံပုတ်ခြောက်တွေကို ရှင်းမထားတာရယ်၊ ရေလှောင်ကန်တွေ အလုံအလောက် ဖြည့်တင်းထားဖို့ရယ်၊ အရင်လုပ်နေကျဖြစ်တဲ့ နှစ်တိုင်း controlled burn နဲ့ ရှင်းလင်းရင်း လေ့ကျင့်၊ လေ့ကျင့်ရင်းရှင်းလင်းတာတွေ လုပ်ဖို့ရယ်၊ အဆန်းမဟုတ်တဲ့ မီးဘေးကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ဘတ်ဂျက်အလုံအလောက် ပစ္စည်း/လူ အလုံအလောက်ရှိထားဖို့ရယ်၊ လူတိုင်း သက်သက်သာသာContinue reading “ဇန်နဝါရီ ၁၀ ရက် ၂၀၂၅”
ဇန်နဝါရီ ၈ ရက် ၂၀၂၅
ထရမ့်က ကနေဒါကို USA ရဲ့ ၅၁ခုမြောက်ပြည်နယ်အဖြစ် လုပ်မှပဲ လက်ရှိရနေတဲ့ အခွင့်အရေးတွေ ရမယ်လို့ ထရူဒိုကို ပြောလိုက်တာဟာ ကျီစားလိုက်တာတခုထက် ပိုပါတယ်။ ကနေဒါရဲ့ လူဦးရေက ကာလီဖိုးနီးယားလောက်ပဲရှိပေမယ့် GDP က ကယ်လီဖိုးနီးယားရဲ့ တဝက်စွန်းစွန်းလေးပဲ ရှိတာပါ။ ကနေဒါရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ကနေဒါပြည်ပပို့ကုန် အားလုံးရဲ့ ၄ပုံ ၃ပုံကို အမေရိကန်က ဝယ်ယူနေတာဖြစ်ပါတယ်။ ကနေဒါက လက်ရှိဝယ်ယူ/တင်သွင်း နေတဲ့ ကားတွေ ရေနံ/ဓါတ်ငွေ့တွေက ထရမ့်လက်ထက် အမေရိကန်မှာ အလွယ်တကူထုတ်နိုင်မှာ ဖြစ်သလို အမေရိကန်က ကနေဒါကနေ မရှိမဖြစ် ဝယ်ရမယ်ဆိုတဲ့အရာ မရှိသလောက်ဖြစ်ပြီး NAFTA ကြောင့်သာ အကျိုးအမြတ်များနေတာဖြစ်တဲ့အတွက် ကုန်သွယ်ခွန် ကောက်လိုက်ရင် ကနေဒါရဲ့ စီးပွားရေး အကြပ်တွေ့သွားနိုင်ပါတယ်။ ဒါဟာ ထရမ့်ကြောင့်မဟုတ်ပဲ ကနေဒါကိုContinue reading “ဇန်နဝါရီ ၈ ရက် ၂၀၂၅”