ထရမ့်အပေါ် အပုတ်ချ စမီးယားကမ်ပိန်းကို မီဒီယာမျိုးစုံနဲ့ မှိုင်းတိုက်လာတာ ၁၀နှစ်လောက် ကြာခဲ့ပြီ ဖြစ်လို့ ထရမ့်မုန်းတဲ့ ရောဂါဟာလည်း လူအများမှာ အမြစ်တွယ်နေပြီဖြစ်ပါတယ်။ ဘိုင်ဒန်-ဟဲရစ်နဲ့ ထရမ့်အုပ်ချုပ်ရေး ကွာခြားတာကို မျက်ဝါးထင်ထင် သိမြင်လိုက်ပြီးတဲ့နောက် အများအပြား အမှန်မြင်ပြီး ဘက်ပြောင်းလာခဲ့ကြပေမယ့် လူအများရဲ့ အခက်အခဲတွေကို မမြင်သူများကတော့ အမုန်းတံတိုင်းကြီးကို ကျော်ပြီးကြည့်ဖို့ မကြိုးစားကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ လွဲမှားနေတဲ့ အမြင်တွေက သူ့အလိုလို ရောက်လာတာမဟုတ်ပဲ အခြေအမြစ် မရှိတဲ့ လံကြုတ်ဇတ်လမ်းတွေကို နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ လွှင့်နေတာကနေ အမြစ်တွယ်လာကြတာပါ။ ဥပမာ ထရမ့်ဟာ သူ့အပေါ် အပုတ်ချလွန်းတဲ့ သူ့ရဲ့ပြိုင်ဖက်တွေ မီဒီယာလောကသားကို ဟာသနှောပြီး နာမည်ပြောင် ပေးတတ်တာမှန်ပေမယ့် သာမာန်ပြည်သူတွေအပေါ်ကိုတော့ သူ့ကို မထောက်ခံသည့်တိုင် စော်ကားလေ့မရှိပါဘူး။ သာမာန်ပြည်သူထဲက ဘယ်သူ့ကို ဘယ်လိုလှောင်တယ်ဆိုတာContinue reading “ထရမ့်အပေါ် လွဲမှားနေတဲ့ မြန်မာတို့ရဲ့ အမြင်များ”
Category Archives: Uncategorized
အောက်တိုဘာ ၁၄ ရက် ၂၀၂၄
ကနေ့ ကိုလံဘတ်စ်နေ့မှာ ကမလာအရင်ကပြောခဲ့တဲ့ ဗီဒီယိုတခု ပြန်တက်လာပါတယ်။ အဲဒီထဲမှာ ကမလာက ၁၉၃၄ ခုနှစ်ကတဲက အောက်တိုဘာလတိုင်း ဥရောပက လူတစု အမေရိကတိုက်ကို တွေ့ရှိပြီး ရွှေ့ပြောင်းလာခဲ့ကြတာကို သတိတရ ကျင်းပခဲ့ကြပါတယ်၊ တွေ့ရှိ/ ပြောင်းရွှေ့လာတာတင် မကသေးပါဘူး၊ အဲဒီရွှေ့ပြောင်းလာသူတွေက ဒေသခံတွေကို တိုက်ခိုက်တယ်၊ မြေတွေလုတယ်၊ ရောဂါပိုးတွေ သယ်လာတယ်၊ အဲဒီလို ရှက်ဖွယ်အတိတ်ကနေ ငါတို့ ရှောင်သွားလို့ မဖြစ်ပါဘူး၊ ငါတို့က ဒေသခံတွေအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖော်ထုတ်အလင်းပြရမှာ ဖြစ်ပါတယ်လို့ ပြောခဲ့တာပါ။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၅၀၀က ဖြစ်ခဲ့တာပါ။ ကမလာ့လက်ထက်မှာ ခိုးသွင်းခဲ့တဲ့ ၁၅သန်းလောက်ထဲမှာ ဘက်ဂရောင်းမချက်လို့ ပါလာတဲ့ သောင်းချီတဲ့ လူဆိုး သူခိုးတွေက အပြစ်မဲ့ပြည်သူတွေကို လုယက်၊ ရိုက်နှက်၊ မုဒိမ်းကျင့်၊Continue reading “အောက်တိုဘာ ၁၄ ရက် ၂၀၂၄”
အောက်တိုဘာ ၁၃ရက် ၂၀၂၄
မနေ့က တောင်ပိုင်းကယ်လီဖိုးနီးယား ကိုချီလာမြို့မှာကျင်းပတဲ့ လူထုဟောပြောပွဲတခုမှာ ထရမ့်ကို လုပ်ကြံဖို့ကြံစည်နေတဲ့ လပ်စ်ဗေးဂပ်စ်က သေနတ်အရှည်၊ အတိုနဲ့ ကျည်ကပ်တွေ သယ်ဆောင်ထားသူ ဗမ်မေလာကို ထရမ့်နဲ့ မိုင်ဝက်အကွာမှာ ညနေ ၅နာရီမထိုးခင် ဖမ်းမိခဲ့ပါတယ်။ အဲဒီလူကို ကျည်အပြည့်လက်နက်နဲ့ ၁၀တောင့်အထက်ကျည်ကပ်ပိုင်ဆိုင်မှုနဲ့ အချုပ်ထဲပို့ပြီး ချက်ချင်းလိုပဲ ငွေ၅၀၀၀ အာမခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။ ရုံးချိန်းကတော့ ဇန်နဝါရီမှ ဖြစ်ပါတယ်။ မေလာဟာ ဟောပြောပွဲကို VIP သတင်းသမား ဝင်ခွင့်အတုနဲ့ ကားနဲ့ဝင်ဖို့ ကြိုးစားခဲ့တာပါ။ သူ့ဆီမှာ နာမည်မျိုးစုံနဲ့ နိုင်ငံကူးလက်မှတ်အတုတွေ၊ ယာဥ်မောင်းလိုင်စင်အတုတွေ တွေ့ရသလို သူမောင်းလာတဲ့ကားကလည်း နံပါတ်ပြားအတုနဲ့ ဖြစ်ပြီး တချို့သေနတ်တွေက မှတ်ပုံတင်မထားဘူးဆိုတော့ ကြေးစားအဆက်ဆင်နဲ့တောင် တူနေပါသေးတယ်။ မေလာကို ရီပါဘလစ်ကန်ပါလို့ လိုကယ်သတင်းတွေက ပြောကြပေမယ့် အတုတွေများပြားလှတဲ့သူ ဆိုတော့ ဘာကအစစ်ဆိုတာ ပြောဖို့Continue reading “အောက်တိုဘာ ၁၃ရက် ၂၀၂၄”
အောက်တိုဘာ ၁၀ ရက် ၂၀၂၄
အီလွန်က အမေရိကားပက်ခ်လို့ခေါ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မီတီသစ်တခုကို ဖွဲ့စည်းပြီး နယ်စပ်လုံခြုံရေးအားပေးသူ၊ ပြည်သူ/မြို့လုံခြုံရေး အားပေးသူ၊ မျှတတဲ့ တရားရေးစနစ်ကို အားပေးသူ၊ အစိုးရအသုံးစာရိတ်ကို စီစီစစ်စစ်သုံးမယ့်သူ၊ ဖရီးစပိချ်နဲ့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို အားပေးမယ့်သူ စတဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ကန်ဒီဒိတ်တွေကို ထောက်ခံ/ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အီလွန်က တွဒ်တာကိုဝယ်လိုက်ကတဲကစပြီး ခုလို ထရမ့်နဲ့ မာဂါကို ခြေစုံပစ်ထောက်ခံလိုက်တာဟာ သူ့ကို ဘိုင်ဒန်-ဟဲရစ်အစိုးရက ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။ အမေရိကန်မှာ အာကသကို သွားနိုင်တဲ့ ကုမ္ပဏီ သိပ်မရှိပါဘူး။ အီလွန်ရဲ့ ဂြိုလ်တုနဲ့ အာကာသလွန်းပျံယာဥ်တို့က စိတ်အချရဆုံးဖြစ်ပေမယ့် နာဆာက ကန်ထရိုက်အများစုကို အငြင်းပွားစရာသတင်းတွေ ခဏခဏ တက်နေတဲ့ ဘိုးအင်းကိုပေးပြီး အီလွန်ရဲ့ စပေ့စ် X က နဲနဲပဲ ရတာပါ။Continue reading “အောက်တိုဘာ ၁၀ ရက် ၂၀၂၄”
အောက်တိုဘာ ၈ ရက် ၂၀၂၄
အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်တွေရဲ့ ကော်မန်ဒါဟောင်း အငြိမ်းစားကြယ်၄ပွင့်ဗိုလ်ချုပ်ကြီး ဖရန့်ခ်မက်ကန်းဇီက အီရန်ဟာ သမ္မတထရမ့်ကို လုပ်ကြံဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ လက်ရှိအီရန်အစိုးရအတွက် ခြိမ်းခြောက်မှုကြီးဖြစ်တာကြောင့် မရမကကို လုပ်ကြံချင်နေကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးက CBS က မာဂရက်ဘရန်နန်နဲ့ အင်တာဗျူးမှာ အီရန်က ပြီးခဲ့တဲ့အပတ်က အစ္စရေးကို ဘော်လစ်စတစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို အစ္စရေးက ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ မေးခွန်းကို အီရန်ရဲ့ အဓိကပန်းတိုင်က သူတို့အစိုးရ မြဲနေဖို့ပဲ၊ ထရမ့်တက်လာရင် သူတို့ခုံလှုပ်ပြီ၊ အစ္စရေးကို သူများမြှောက်ပေးပြီး တိုက်တာကနေ ကိုယ်တိုင် တိုက်ခိုက်လာတာလည်း ထရမ့်တက်မှာကြောက်ပြီး သွေးပျက်နေလို့ပဲလို့ ဖြေသွားပါတယ်။ အစ္စရေးက ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတော့ အီရန်ခေါင်းဆောင်ကို တခါထဲရှင်း၊ (သို့) အီရန်ရဲ့ နျူအစီအစဥ်ကို ရှင်းပစ်၊ (သို့) ရေနံတွင်း/ထုတ်ယူတဲ့စနစ်တွေကိုဖျက်ပစ်၊ (သို့)Continue reading “အောက်တိုဘာ ၈ ရက် ၂၀၂၄”
အောက်တိုဘာ ၆ ရက် ၂၀၂၄
မနေ့က ထရမ့်က သူသေနတ်ပစ်ခံခဲ့ရတဲ့ ဘတ်တလာမြို့ကို ထပ်မံသွားရောက်ခဲ့ပါတယ်။ ဒီတခါတော့ ကျည်ကာမှန်တွေ ကာထားပေးတာတွေ့ရပါတယ်။ ကျည်ကာမှန်ကာ တဖက်က ကောင်းသလို တဖက်မှာလည်း စီးကရက်ဆားဗစ်က ဒီလိုဖက်စလတီမပေးနိုင်ဘူးဆိုပြီး တချို့သော rally တွေကို ခွင့်မပြုခဲ့ပါဘူး။ အဲဒီပွဲမှာ ကွင်းထဲ ဝင်ခွင့်မရမှာစိုးလို့ ညအိပ်စောင့်သူတွေ အများကြီးရှိတာ တွေ့ရသလို ထရမ့်အပစ်ခံရပြီးမှ ထရမ့်ကို လုံးဝ ခြေစုံပစ် ထောက်ခံလာခဲ့တဲ့ အီလွန်မတ်စ်လဲ တက်ရောက်ခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရဟာ ပြည်သူတွေရဲ့ အလားအလာတွေကို အဟန့်အတား အကန့်အသတ်မရှိ အစွမ်းရှိသလောက် ထိပ်ဆုံးကို ရောက်စေဖို့ ရေခံမြေခံကောင်းဖြစ်အောင် အဖက်ဖက်က ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဘဝကို ကျေနပ်ဂုဏ်ယူတဲ့၊ မိသားစုကို ဖူဖူလုံလုံ ပံ့ပိုးပေးနိုင်တဲ့ ပြည်သူတွေ ဖြစ်လာတာ မြင်ချင်ကြောင်း၊ ရာဇဝတ်မှုတွေမရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း၊ ငါတို့ရဲ့Continue reading “အောက်တိုဘာ ၆ ရက် ၂၀၂၄”
အောက်တိုဘာ ၄ရက် ၂၀၂၄
မမျှော်လင့်ပဲ ရေလွှမ်းခဲ့တဲ့ မြောက်ကာရိုလိုင်းနားနဲ့ တန်နက်စီတို့မှာ ရောက်ရှိနေတဲ့ ဖီးမားတပ်ဖွဲ့ဝင်တွေဟာ အလွယ်တကူဝင်လို့မရတဲ့နေရာကို မဝင်ပေးနိုင်ဘူးဆိုလို့ ဒေသခံတွေက ပေါက်ကွဲနေကြပါတယ်။ အမေရိကန်မှာ ထုံးစံအတိုင်း တခုခုဖြစ်ရင် လာဝိုင်းကူကြတဲ့လူတွေ ဝိုင်းလှူကြတာတွေ ရှိပါတယ်။ အဲဒီလို အပြင်က လာကူကြ၊ လာလှူကြတဲ့လူတွေကိုလည်း လာခွင့်မပြုပါဘူးတဲ့။ အဲဒီဒေသကလူတွေက မီးမရ၊ ရေမရအပြင် ရေလွှမ်းတဲ့ ဒေသတွေဟာ ကျယ်ပြန့်လွန်းလို့ ပြည်သူရဲ့ အကူအညီမပါပဲ ဒုက္ခရောက်နေတဲ့လူတွေဆီ အကူအညီ အမြန်ဆုံး ရောက်နိုင်ဖို့ လုံးဝ မလွယ်ပါဘူး။ အီလွန်က ရေဘေးဒုက္ခသည်တွေဆီ ကယ်ဆယ်/ကူညီရေးပစ္စည်းတွေ အစားအစာတွေ ချပေးမယ့် ရဟတ်ယာဥ်တွေ ဆင်းသက်နိုင်ဖို့ ကွင်းအကြီး၂ခုကို မီးအပြည့်အစုံနဲ့ ဆင်ထားပေးတဲ့အပြင် ဆက်သွယ်ရေးအဆင်ပြေဖို့အတွက် စတားလင့်ခ်ပေါင်း ၃၀၀ကျော်ကိုလည်း အဲဒီဒေသအတွက် ချထားပေးလိုက်ပါတယ်။ ပြဿနာက ဖီးမားက မအလတို့လိုပဲ ကူညီ/ကယ်ဆယ်ပစ္စည်းတွေကို ဝင်မရအောင်Continue reading “အောက်တိုဘာ ၄ရက် ၂၀၂၄”
Submerged Vehicle Guidance
ရေလွှမ်းခံရတဲ့ ဒေသတွေက လျှပ်စစ်ကားတချို့မှာ ရေထိထားတဲ့ ဘက်ထရီက ရှော့ဆားကစ်ဖြစ်ရာက မီးထလောင်တာ ပေါက်ကွဲတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဖလော်ရီဒါမှာ ရေနစ်ထားတဲ့ လျှပ်စစ်ကားတွေကနေ မီးထလောင်တာ တမ်ပါဘေးမှာတင် ၁၆စီး ရှိပြီဖြစ်ပြီး အနည်းဆုံး အိမ် ၆လုံး မီးလောင်သွားပါတယ်။ ဖြစ်တာက ဘယ်လျှပ်စစ်ကားမှာမဆို ဖြစ်နိုင်သလို ဟိုက်ဘရစ်တွေလည်း သတိထားနိုင်ရင် ပိုကောင်းပါတယ်။ တက်စ်လာက သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ရေနစ်ထားတဲ့ ကားတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက် ပေးထားပါတယ်။ လိုအပ်မယ့်သူတွေအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။ ရေမြုပ်တဲ့မော်တော်ယာဥ်ဟာ ရေကြီးတာကြောင့်ဖြစ်နိုင်သလို အခြားရာသီဥတုအကြောင်း တခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အန္တရာယ်အနည်းဆုံးဖြစ်အောင် အောက်ပါအချက်တွေကို သေချာဖတ်ရှုပြီး သတိထားကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မိုးလေဝသဟောကိန်းမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ပါလာရင် အကောင်းဆုံးက သင့်ရဲ့ လျှပ်စစ်ကားကို ရေလွှမ်းနိုင်ခြေမှ လွတ်မယ့်နေရာ (သို့)Continue reading “Submerged Vehicle Guidance”
အောက်တိုဘာ ၂ ရက် ၂၀၂၄
မနေ့က ဒုသမ္မတလောင်းဒီဘိတ်မှာ ဗန့်စ်က ဒုသမ္မတလောင်းတယောက်အဖြစ် သူ့ရဲ့ အရည်အချင်းကို အပီအပြင် ပြသနိုင်ခဲ့သလောက် တင်မ်ကတော့ မြို့နယ်အဆင့်လောက်မှာတောင် နိုင်နိုင်တဲ့ အရည်အချင်းရှိသူမဟုတ်တာ ထင်ရှားနေပါတယ်။ ထရမ့်နဲ့ ကမလာဒီဘိတ်လိုပဲ ၃ယောက် ၁ယောက် ဒီဘိတ်ဖြစ်တဲ့အပြင် ဗန့်စ်ကို အတင်းဖက်ချက်၊ မိုက်ခ်ပိတ်၊ မုသားတွေဆင်နဲ့ ဗျာများနေကြတာလည်း ရီစရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ တင်မ်တို့ ကမလာတို့လိုအဆင့်နဲ့ ကမ္ဘာမှာ ဘယ်လိုပွဲလည်တင့်ကြမှာတဲ့လဲ၊ အဲဒီ ၂ယောက်လုံးက ဘက်မလိုက်တဲ့ဌာနတွေမှာလုပ်မယ့် ဒီဘိတ်ဆိုရင် တီဆားကြောက်သလို တွန့်ကြလွန်းလို့ အစဥ်အလာကိုဖျက်ပြီး ဒီမိုကရက်ဘက်လိုက်တဲ့ ဆီမှာချည့် လုပ်ပေးနေရတာ ရှက်တတ်ရင် ရှက်စရာပါ။ ဒီဘိတ်သာ ဘက်လိုက်တဲ့ဌာနမှာ လုပ်ဖို့ သဘောတူလို့ရပေမယ့် သတင်းစာရှင်းလင်းပွဲကျတော့ သူတို့လူချည့်ထည့်ထားဖို့ မလွယ်တဲ့အတွက် လုံးဝ မလုပ်ရဲဘူးဖြစ်နေတာ တွေ့ရမှာပါ။ မလွယ်ဘူးလို့ပဲပြောတာက ရာထူးမရခင်အထိ မလွယ်တာကြောင့်ပါ၊Continue reading “အောက်တိုဘာ ၂ ရက် ၂၀၂၄”
စက်တင်ဘာ ၃၀ ရက် ၂၀၂၄
အမေရိကန်လဝက ICE မှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ လူသတ်ကောင် ၁၃,၀၀၀ နဲ့ ရာဇဝတ်ကောင် ၆၆၂,၀၀၀ ကျော်တို့ကို ပြည်တွင်းမှာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ အဲဒီထဲမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်လို့ အပြစ်ပေးခံရသူ ၅၀၀၀ကျော်အပြင် အခြား လိင်ရာဇဝတ်သားနဲ့ ပြန်ပေးဆွဲသူ ထောင်ကျော် ပါဝင်နေပါတယ်။ ICE ရဲ့ ဒုညွှန်မှူး ပက်ထရစ် လေလစ်တနာက ဘိုင်ဒန်အစိုးရဟာ ၂၀၂၃ မေလလယ်ကစလို့ လူပေါင်း ၈၉၃,၀၀၀ ကို ပြန်ပို့တယ်လို့ အစီရင်ခံထားပေမယ့် ရာဇဝတ်သားအများအပြားကတော့ ပြည်တွင်းမှာ ရှိနေပါသေးတယ်။ ကမလာ အီရီဇိုးနားက နယ်စပ်ကို သွားတဲ့ပွဲမှာ ကယ်လီဖိုးနီးယားခရိုင်ရှေ့နေဟောင်း ဗစ်တိုးရီးယား ဗာဘာစလေဇာကို ပွဲထုတ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားက ရာဇဝတ်ကောင်တွေ အထူးသဖြင့် ကလေးလိင်မုဆိုး ပီဒိုတွေပေါ်မှာ အလွန်ကိုContinue reading “စက်တင်ဘာ ၃၀ ရက် ၂၀၂၄”