Operation Epic Fury (26)

ဒီနေ့ သမ္မတထရမ့်က “ဟော်မုဇ်ကို ခြိမ်းခြောက်မှုမပါပဲ ၄၈နာရီအတွင်း အပြည့်အဝ ပြန်ဖွင့်ပါ၊ သတ်မှတ်ချိန်အတွင်း ပြန်မဖွင့်ခဲ့ရင် ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်သွားမယ်၊ အကြီးဆုံးကို အရင်ဆုံးစဆော်မယ်” လို့ ရာဇသံပေးလိုက်ပါပြီ။ ပြည်သူနဲ့ တိုင်းပြည်နစ်နာမှာမကြောက်တဲ့ အီရန်က ဖွင့်ပါပြီလို့ ပြောမှာမဟုတ်တော့ ပြန်ဖွင့်/မဖွင့် ဘယ်လိုစမ်းမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ အီရန်ဘက်ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုပြီး တောင်းဆိုမှုတွေ ပြုလုပ်လာပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိရင် ဖြစ်နိုင်တဲ့ နီးစပ်တဲ့ အခြေအနေတခုကို ကမ်းလှမ်းရမှာပါ။ ခေါင်းဆောင်တွေရော ရေတပ် လေတပ်ရော လေ/ကာစနစ်ရော တခုမှမကျန်တော့ပဲ လေကြီးနေတာက သူတို့အတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးမရှိပါဘူး။ ထရမ့်အစိုးရကလည်း အီရန်ဖက်က အလျော့ပေးလာအောင် ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးနေကြပြီး စစ်ရပ်ဖို့ သဘောတူညီရမယ်ဆိုရင် အီရန်ဖက်က အရင်ဆုံး ဟော်မုဇ်ကို ဖွင့်ပေးရမယ်၊Continue reading “Operation Epic Fury (26)”

Operation Epic Fury (25)

ဒီကနေ့ အစ္စရေးရဲ့ ဒရုန်းနဲ့ ရှင်းလင်းခံရသူ ၂ဦးက IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ali Mohammad Naini နဲ့ ၂၀၂၀တုန်းက နပမ်းချန်ပီယံ Navid Afkari ကို သေဒဏ်ပေးခဲ့တဲ့ (မ)တရားသူကြီး Mohammad Khosravani တို့ ဖြစ်ပါတယ်။ အဆိုးရကို ဆန့်ကျင်သူတွေ အတော်များများကို သေဒဏ်ပေးခဲ့တဲ့ ခိုစရာဗာနီကို သူ့ကားထဲမှာရှိနေစဥ် ဒရုန်းနဲ့ ရှင်းလိုက်တာဖြစ်ပါတယ်။ မနေ့က လူမြင်ကွင်းမှာ ကြိုးပေးခံခဲ့ရတဲ့ နပမ်းချန်ပီယံလေးကို သေဒဏ်ပေးတာ သူဟုတ်/မဟုတ် မသိရပေမယ့် အာဏာရှင်အောက်ဆွဲများထုံးစံအတိုင်း အစိုးရကိုဆန့်ကျင်လို့ သေဒဏ်ချခံရတယ် ဆိုတာမျိုး အမြင်မခံလိုကြပါဘူး။ အဲဒါကြောင့် ဘုရားသခင်ကို စစ်ဆင်သူလို့ ဝန်ခံလာအောင် နှိပ်စက်ပြီးမှ အဲဒီအမှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ တန်းဝင်တဲ့ အားကစားသမားတဦး ဖြစ်လာအောင် နှစ်ပေါင်းများစွာ အချိန်ပေးကြိုးစားရင်တောင်Continue reading “Operation Epic Fury (25)”

Operation Epic Fury (24)

အီရန်မှာ စစ်ဆင်ရေးသွားခဲ့တဲ့ F-35 တိုက်လေယာဥ်ဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်အခြေစိုက်စခန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေသူရဲဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကြောင်းနဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း CENTCOM ပြောရေးဆိုခွင့်ရှိသူက ရှင်းသွားပါတယ်။ IRGC က သူတို့ပစ်ချတာပါ၊ ပျက်ကျဖို့များပါတယ်လို့ ဗီဒီယိုတင်ထားပေမယ့် အဲဒီဗီဒီယိုထဲမှာ လေယာဥ်ကို ဖျက်ချတဲ့ ဒုံးက ပေါက်ကွဲတာကို ပြနေပေမယ့် လေယာဥ်ကို ထိထားတာ မတွေ့ရသလို ဒီစစ်ဆင်ရေး စကတည်းက အီရန်ဘက်က အမေရိကန်/အစ္စရေးလေယာဥ်တွေကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တာလည်း တစီးမှမရှိခဲ့ဘူးဆိုတော့ ဗီဒီယိုအစစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ မတ်လ ၁၇ရက်နေ့က သုတ်သင်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင် လာရီဂျာနီရဲ့ နေရာမှာ အသက် ၆၈နှစ်ရှိ ကာဝန်ဟောင်း Hossein Dehghan ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဟိုစိန်က ကာဝန်ရာထူးကContinue reading “Operation Epic Fury (24)”

Operation Epic Fury (23)

အစ္စရေးတို့ရဲ့ လူဆိုးရှင်းလင်းတဲ့ပွဲမှာ ဒီနေ့အလှည့်ကျသူက အီရန်ထောက်လှမ်းရေးဝက Esmaeil Khatib ဖြစ်ပါတယ်။ သူသည်လည်း ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ အဓိကတရားခံတဦး ဖြစ်သလို ကမ္ဘာတလွှားက အကြမ်းဖက်တွေကို ဦးဆောင်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ကို တိုက်ခိုက်စေသူ ဖြစ်ပါတယ်။ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူကို စေလွှတ်ခဲ့တာလည်း သူပါပဲ။ အစ္စရေးတပ်တွေဟာ အီရန်နဲ့ သူ့ရဲ့ proxy ဖြစ်တဲ့ လက်ဘနွန်က ဟဇ်ဘိုလာ ပစ်မှတ်တွေကို ဒီနေ့ လက်ဆောင်အကြီးကြီးပေးသွားဖို့ရှိတယ်လို့ အစ္စရေးကာဝန် Katz က ပြောသွားပါတယ်။ ဘီဘီနဲ့ ကက်ဇ်တို့က အီရန်ထိပ်ပိုင်းလက်ကျန်တွေကို ဆက်ရှင်းဖို့ အထက်ကို အမိန့်ထပ်တောင်းနေစရာ မလိုအောင် ခွင့်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်အဆိုးရရဲ့ Basij တပ်တွေဟာ အစ္စရေးတို့ရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ တံတားအောက်တွေ၊Continue reading “Operation Epic Fury (23)”

Operation Epic Fury (22)

ဒီနေ့မှာ အစ္စရေးတပ်တွေက Secretary of the Supreme National Security Council Ali Larijani နဲ့ Basij ရဲ့ ကွန်မန်ဒါချုပ် ဗိုလ်မှူးချုပ် Gholamreza Soleimani တို့ကို ရှင်းနိုင်ခဲ့ပါပြီ။ တီဟီရန်ကတော့ အတည်မပြုသေးပါဘူး။ လာရီဂျာနီက “စစ်စတယ် ဆိုတာ လွယ်ပါတယ်၊ ဒါပေမယ့် တွိလေးနဲနဲနဲ့ အနိုင်မရနိုင်ပါဘူး၊ မင်းရဲ့ သိပ်ကိုမှားယွင်းတဲ့တွက်ကိန်း အတွက် ဝမ်းနည်းနောင်တရမယ့် အချိန်အထိ ငါတို့က မဆုတ်မနစ် ပြန်တိုက်သွားမှာပါ”လို့ ၁၂ရက်နေ့ကမှ ထရမ့်ကို ရည်ရွယ်ပြီး ပြောထားခဲ့တာပါ။ သူကိုယ်တိုင် ရက်ပိုင်းအတွင်း အနိစ္စသဘောနဲ့ ကိစ္စချောမယ်မှန်း မသိခင်ကပေါ့။ အီရန်အဆိုးရကို ကြိုးကိုင်သူ de facto ခေါင်းဆောင်တဦးဖြစ်တဲ့ လာရီဂျာနီကို သုတ်သင်ပုံက IDF တွေဟာContinue reading “Operation Epic Fury (22)”

Operation Epic Fury (21)

သမ္မတထရမ့်က မတ် ၃၁-ဧပြီ ၂ရက်အထိ တရုတ်ပြည်ကို သွားရောက်လည်ပတ်မယ့် ခရီးစဥ်ကို မပြီးပြတ်သေးတဲ့ အီရန်စစ်ပွဲကြောင့် တလခန့် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။ တရုတ်ပြည်ကို သွားလည်ချင်ပေမယ့် စစ်ကြောင့် သူဒီမှာ ရှိနေချင်သလို ရှိနေဖို့လည်း လိုအပ်တာကြောင့်ဖြစ်ပြီး တခြားအကြောင်း မရှိဘူးလို့ ဆိုပါတယ်။ တချို့ကတော့ ဟော်မုဇ်ကို ကာကွယ်ဖို့ ဟော်မုဇ်ကို အားထားနေရတဲ့ နိုင်ငံတွေကို ဝိုင်းဝန်းကာကွယ်ဖို့ပြောတာကို တရုတ်က မတုန့်ပြန်တာကြောင့်လို့ ခန့်မှန်းကြပေမယ့် အစိုးရအဖွဲ့ဝင်တွေက မဟုတ်ကြောင်း တုန့်ပြန်ကြပါတယ်။ သမ္မတထရမ့် တရုတ်ကို သွားတာ မသွားတာက အမေရိကန်အတွက် မဖြစ်မနေလုပ်ရမယ့်ကိစ္စ မဟုတ်ပေမယ့် ပြည်တွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဝိုင်းဝိုင်းလည်နေလို့ ထရမ့်ရဲ့ ခရီးစဥ်နဲ့ ဆွဲထိန်းနေရတဲ့ ရှီကျင်ပင်း အတွက်တော့ အောင့်သက်သက် ဖြစ်သွားစေနိုင်တာ ဖြစ်ပါတယ်။ ရှီကContinue reading “Operation Epic Fury (21)”

Operation Epic Fury (20)

မတ် ၁၂ရက် ကြာသပတေးနေ့က အစ္စရေးလေတပ်ဟာ Parchin-Taleghan 2 က နျူအဆောက်အဦကို ဗုံးကြဲဖျက်ဆီးခဲ့ရာမှာ နျူသုတေသနပညာရှင် ၂၀ခန့် ပါသွားခဲ့ပါတယ်။ မနှစ်ဇွန်လတုန်းက IDF က အီရန်နဲ့ နျူဆိုက် အများစုကို ဖျက်ဆီးပစ်ခဲ့ပေမယ့် အခုနေရာက ဆောက်လုပ်ဆဲဖြစ်ပုံရပါတယ်။ အောက်တိုဘာ ၂၀၂၄တုန်းက အီရန်တို့က ပဲ့ထိန်းဒုံးကျည် အများအပြားနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ပစ်မှတ် ၂၀ခန့်ကို တိုက်ခိုက်ခဲ့အပြီးမှာ ဒီနေရာကို ရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ IDF ထောက်လှမ်းရေး တွေက အီရန်ကို သွားရောက်နေတဲ့ နျူသိပ္ပံပညာရှင်တွေကို ခြေရာခံခဲ့ရာက ဒီနေရာကို တွေ့ရှိလာခဲ့တာပါ။ အများစုက ယူရေနီယံသန့်စင်တာကိုပဲ အာရုံစိုက် နေကြပေမယ့် သန့်စင်ပြီး ယူရေနီယံကနေ နျူလက်နက် ဖြစ်လာအောင်လုပ်ဖို့ လိုအပ်တဲ့ centrifuge အပိုင်းတွေကိုContinue reading “Operation Epic Fury (20)”

Operation Epic Fury (19)

မင်းသား​ရီဇာပါလာဗီက မသေသောအစောင့်တပ် “Immortal Guards” ကို အစိုးရတပ်တွေကို တိုက်ခိုက်မှုတွေ စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီတပ်က ဇန်နဝါရီလ ဆန္ဒပြပွဲတွေမှာ သန္ဓေတည်ခဲ့ပြီး ဘုရင်စနစ်ကို လိုလားတဲ့ တော်လှန်ရေးအုပ်စုဖြစ်ပါတယ်။ ရှားမင်းသားက ပြီးခဲ့တဲ့ ၃လအတွင်း ပြခဲ့တဲ့ ရဲစွမ်းသတ္တိအတွက် အဆိုပါတပ်ကို ချီးကျူးလိုက်ပြီး အခုအခါ အကူအညီတွေ ရောက်လာပြီဆိုတော့ အစ္စရေးက Basij ရဲကင်း/ စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပေးနေတဲ့ အချိန်မှာ အစ္စလာမ္မစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားကို အားပျော့သွားအောင် ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ လူထုဆန္ဒထွက်ပြတာမျိုးမဟုတ်ပဲ အဆုံးအဖြတ်ပေးမယ့်အချိန်အထိ တပ်သားတွေရဲ့ အသက်ကို လုံခြုံအောင်ထားဖို့လိုကြောင်း၊ အဲဒီအခါကျရင် သန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ပြန်ထွက်လာကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူက အဆိုပါတပ်တွေကို ပါးရှန်းရာဇဝင်ထဲက မကောင်းဆိုးဝါးတွေကိုနိုင်အောင် ချခဲ့တဲ့Continue reading “Operation Epic Fury (19)”

Operation Epic Fury (18)

ဟော်မုဇ်ရေလက်ကြားနဲ့ အကြပ်ကိုင်ချင်တဲ့ အီရန်ကို သူတို့စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေလက်ကြားရဲ့ အနောက်မြောက် ရေမိုင်၁၆မိုင်အကွာရှိ Kharg ကျွန်းပေါ်က စစ်ရေးပစ်မှတ် အားလုံးကို အမေရိကန်တပ်တွေက ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းသမိုင်းမှာ အကြီးဆုံးဗုံးကြဲမှုလို့ ဆိုပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀-၉၅% က ဒီကျွန်းကနေ တင်ပို့တာဖြစ်ပြီး အဲဒီကျွန်းကို အရပ်သားတွေ ဝင်ရောက်ခွင့် မပေးထားပါဘူး။ သမ္မတထရမ့်က ကျွန်းပေါ်က ရေနံနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အဦကိုတော့ ယဥ်ကျေးသောအားဖြင့် ငါတို့မဖျက်ဆီးခဲ့ပါဘူး၊ ဒါပေမယ့် အီရန်(သို့) အခြားတဖွဲ့ဖွဲ့က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ဖြတ်သန်းသွားလာနေတာကို နှောက်ယှက်ရင်တော့ အဲဒီဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ပြင်ရပါလိမ့်မယ်လို့ ရေးသွားပါတယ်။ စွမ်းအင်အကြပ်အတည်း မဖြစ်ဖို့အတွက် ပင်လယ်ပြင်မှာ ရောက်နှင့်ပြီးဖြစ်တဲ့ ရုရှားရေနံတွေအပေါ် ဆန်ရှင်ထားရှိမှုကို ဧပြီ​၁၁ရက်အထိ တလကြာContinue reading “Operation Epic Fury (18)”

Operation Epic Fury (17)

မနေ့က အီရန်အစိုးရတီဗီက ဟော်မုဇ်ကို ဆက်ပိတ်ထားဖို့နဲ့ လက်တုန့်ပြန်ဖို့ဆိုတဲ့ ဆူပရင်းမ်လီဒါ အသစ်ရဲ့ ထုတ်ပြန်ချက်ဆိုတာကို ဓါတ်ပုံနဲ့ ဖတ်ပြပေမယ့် ခေါင်းဆောင်ကြီးက လူလုံးထွက်ပြတာ၊ အသံဖမ်းထားပြီး ပြန်ဖွင့်ပြတာမျိုး လုံးဝမရှိနေသေးတဲ့အတွက် ခြေ ၂ဖက်လုံး ဖြတ်ထားရသလိုလို၊ အတွင်းကလီစာတွေ ထိခိုက်ထားသလိုလို၊ကိုမာရနေလို့ သူ့ကိုခန့်လိုက်တာတောင် သူမသိနေသလိုလို စတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်လို့ နေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ အစိုးရသတင်းမှာ နဲနဲ ဒဏ်ရာရတယ်လို့ ဆိုပြီး လူထွက်မပြနိုင်ရင် ဒဏ်ရာများနိုင်တယ်ဆိုတာ လူအများ ခန့်မှန်းနိုင်ကြပါတယ်။ မိသားစုကြီးတခုလုံး အကုန်သေတဲ့ တိုက်ခိုက်မှုမှာ အတူရှိနေတဲ့သူက ပွန်း ပဲ့ အရိုးအက်လောက်ပဲဆိုတာထက်တော့ အများကြီးပိုပါလိမ့်မယ်။ အီရန်ပြည်သူတွေဟာ IRGC နဲ့ Basij တွေ ပုန်းနေတဲ့နေရာတွေကို အင်တာနက်ပေါ်ကနေ Crowdsourcing နဲ့ ပေးပို့ခြင်းဖြင့် အမေရိကန်နဲ့ အစ္စရေးတပ်တွေကိုContinue reading “Operation Epic Fury (17)”