အမေရိကန်နဲ့ အီရန်တို့ဟာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားခဲ့ပေမယ့် ပစ်ခတ်မှုတွေကြောင့် ပျက်ပြားသွားရပါတယ်။ နှစ်နိုင်ငံအဖွဲ့တွေဟာ ကာတာနိုင်ငံ ဒိုဟာမှာ အင်္ဂါနေ့မှာတွေ့ဆုံပြီး ဟော်မုဇ်မှာ ကုန်သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊ မကြာသေးမီက သဘောတူညီချက်မှာပါတဲ့ ဆန်ရှင်နဲ့ အမေရိကန်ပိတ်ဆို့မှု ဖယ်ပေးဖို့ကိစ္စ၊ စစ်တပ်ချင်း ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ အီရတ်မှာ ရောက်ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝက အာရာ့ချီကတော့ အမေရိကန်နဲ့ လက်မှတ်ထိုးထားတဲ့ စာချွှန်လွှာအရ အီရန်က ဟော်မုဇ်ရေလမ်းကြောင်းကို ထိန်းချုပ်ခွင့် ပေးထားတယ်လို့ ပြောသွားပြီး ဟော်မုဇ်ကို စီမံရာမှာ ဘယ်အဖွဲ့မှ ဝင်မစွက်ဖက်ဖို့ တိုက်တွန်းသွားပါတယ်။ အဲဒီလိုပဲ လိုရာဆွဲအဓိပ္ပါယ်ဖွင့်နေရင်တော့ ခက်ဦးမှာပါ။ အစ္စရေးနဲ့ လက်ဘနွန်တို့ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် သဘောတူညီချက်အပေါ် ဟဇ်ဘိုလာ ခေါင်းဆောင်တဦးဖြစ်တဲ့ Naim Qassem က အဲဒီသဘောတူညီချက်ဟာ တရားဝင်မှု မရှိဘူးလို့Continue reading “Operation Epic Fury (94)”
Category Archives: Uncategorized
Operation Epic Fury (93)
မနေ့က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်က ဘာရိန်းနဲ့ ကူဝိတ်ရှိ အမေရိကန်စစ်စခန်းတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ဟော်မုဇ်ကို ဖြတ်သွားတဲ့ ပနားမားအလံတင် ရေနံတင်သင်္ဘော MT Kiku ကို ပစ်ခတ်ခဲ့ပါတယ်။ ဘာရိန်းနဲ့ ကူဝိတ်ရဲ့ လေ/ကာစနစ်တွေက အီရန်ဒရုန်း/ ဒုံးတွေကို ဖျက်ချပေးနိုင်ခဲ့ပါတယ်။ အရပ်ဖက်သင်္ဘောကို ပစ်ခတ်ခဲ့တဲ့အပေါ် အမေရိကန်က ဒဏ်ပေးတဲ့အနေနဲ့ ဒီနေ့ညမှာ ဟော်မုဇ်နဲ့ ပတ်ဝန်းကျင်က အီရန်ရဲ့ စစ်ရေးပစ်မှတ် ၁၀ခုကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ သမ္မတထရမ့်က အမေရိကန်တိုက်လေယာဥ်တွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရာနေရာတွေ၊ ကမ်းရိုးတမ်းက ရေဒါထားရှိရာနေရာတွေကို အပစ်ရပ်ချိုးဖောက်မှုကြောင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း၊ သူတို့က အမှတ်မရှိဘူးဆိုတာမျိုးလည်း အများကြီးဖြစ်နိုင်သေးကြောင်း၊ ငါတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်မနေနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ရင် စစ်အင်အားနဲ့ ပွဲပြီးအောင်Continue reading “Operation Epic Fury (93)”
Operation Epic Fury (92)
မနေ့က အီရန်က ဟော်မုဇ်ကိုဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ နိုင်ငံတကာရေပြင်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ စင်္ကာပူအလံတင် the Ever Lovely ကွန်တိန်နာတင်သင်္ဘောကြီးကို ဒရုန်းနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သင်္ဘောကို ထိန်းချုပ် မောင်းနှင်တဲ့ ဦးခန်းရဲ့ ပြူတင်းပေါက်တွေ အနည်းငယ်ထိခိုက်ပျက်စီး သွားခဲ့ပါတယ်။ လူထိခိုက်မှုမရှိ၊ အပျက်အစီးသိပ်များတဲ့အတွက် သင်္ဘောက ဦးတည်ရာ ဆိပ်ကမ်းဆီ ဆက်လက်ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။ စင်္ကာပူက အဆိုပါပစ်ခတ်မှုဟာ နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး the Maritime & Port Authority က ဒီကိစ္စကို စစ်ဆေးပေးဖို့ တိုက်တွန်းထားပါတယ်။ အခုလိုတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ဟော်မုဇ်မှာ စည် ၂သန်းဆန့် ရေနံတင်သင်္ဘော အကြီးစား ၃စီး အပါအဝင် အနည်းဆုံး ၄စီးဟာ ဟော်မုဇ်ကိုဖြတ်ပြီး ရေနံတင်ဖို့ ရောက်ရှိလာနေပါတယ်။Continue reading “Operation Epic Fury (92)”
Operation Epic Fury (91)
ဒီနေ့ အတွေ့များတဲ့သတင်းတခုက ပစ်ချခံရတဲ့ အမေရိကန်တိုက်လေယာဥ်ရဲ့ ပိုင်းလော့က အီရန်မှာ ဒရုန်းတွေ jellyfish လိုပုံစံနဲ့ အုပ်စုဖွဲ့ ပျံနေကြတာကို တွေ့ခဲ့တယ်လို့ ပြောနေကြတာပါ။ အဲဒီမှာ ထပ်ကွန့်လိုက်တော့ လူတွေလုပ်တာတော့ မဖြစ်နိုင်ဘူး၊ တခြားဂြိုလ်သားတွေက လုပ်နေသယောင်၊ တချို့ကလည်း သူကဒဏ်ရာနဲ့ဆိုတော့ တကယ်မဟုတ်တာကို မြင်ယောင်တာလည်း ဖြစ်မှာပေါ့လို့ ဆိုကြပါတယ်။ တကယ်တော့ jellyfish လို အသေးအကြီးတွေ ရောနေတဲ့ ဒရုန်းတွေ ကောင်းကင်မှာ ဖြန့်ကြဲထားတာဟာ လေထဲမှာ မိုင်းကွင်းလုပ်ထားတဲ့ သဘောပါပဲ။ swarm drones လို့ ခေါ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ တချို့မြို့တွေ ကောင်းကင်မှာ ဒရုန်းတွေ ပုံဖော်ပြီး ပျံသန်းကြသလိုပါပဲ။ ဒါမျိုးကို စိုက်ပျိုးရေး၊ ဖျော်ဖြေရေးနဲ့ စစ်ရေးတွေမှာ သုံးလေ့ရှိကြပါတယ်။ အီရန်ဘာလုပ်လုပ် ကောင်းတယ်လို့ မြင်စေချင်သူတွေကတော့ မကြုံစဖူးContinue reading “Operation Epic Fury (91)”
Operation Epic Fury (90)
ဒီနေ့ ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ အမေရိကန်နဲ့ အီရန်ဆွေးနွေးပွဲမှာ အီရန်ဘက်က ယူရေနီယံကိစ္စ အတွက် IAEA က တာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခွင့်ပြုဖို့ သဘောတူညီခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနိုင်တာတွေကို ကာကွယ်ဖို့နဲ့ ကုန်သင်္ဘောတွေ အခမဲ့ ဖြတ်သန်းနိုင်တာ သေချာစေဖို့ တိုက်ရိုက်တယ်လီဖုံး hotline တည်ထောင်ဖို့ နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ လောလောဆယ် အီရန်ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ရောင်းခွင့်ရဖို့အတွက် အမေရိကန်က ဆန်ရှင်တွေကို ယာယီဖြေလျော့ပေးမယ်လို့လည်း ကြေငြာသွားပြီး အမေရိကန် ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှု ၁၂ဘီလီယံကို လွှတ်ပေးလိုက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်ကို ပြန်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ သမ္မတထရမ့်က ပြောသွားတဲ့ထဲမှာ အဲဒီပိုက်ဆံတွေနဲ့ ပြောင်း၊ ပဲပိစပ်၊ ဂျုံ စတဲ့Continue reading “Operation Epic Fury (90) “
Operation Epic Fury (89)
သမ္မတထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ကိုပဲ ဓါးစာခံလုပ်ပြီး ပိတ်လိုက်ဖွင့်လိုက် လုပ်နေမယ်ဆိုရင် အမေရိကန်အနေနဲ့ ဟော်မုဇ်ကို ဝင်ရောက်ထိန်းချုပ်ရလိမ့်မှာဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးရမယ် ဆိုရင် ကုန်ကျစားရိတ် ကာမိဖို့အတွက် ဖြတ်သန်းခကောက်ခံရလိမ့်မှာဖြစ်ကြောင်း သတိပေးလိုက်ပြီး အီရန်က လက်ဘနွန်က ဟဇ်ဘိုလာတွေလို proxy တွေကို ထောက်ပံ့နေတာ ချက်ချင်းရပ်တံ့ဖို့နဲ့ မငြိမ်သက်မှုတွေ ဆက်ဖြစ်နေရင် အရင်ထက် ကြီးမားတဲ့ စစ်ရေးတုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဟော်မုဇ်ကို လုံခြုံရေးပေးခက အဲဒီကို ဖြတ်သွားတဲ့ရေနံရဲ့ ၂၀% ကို ရယူဖို့ ဖြစ်ပါတယ်။ သမ္မတထရမ့်က အမေရိကန်အဖွဲ့နဲ့ ဆွေးနွေးဖို့ ဆွစ်ဇာလန်ကို ရောက်ရှိနေတဲ့ အီရန်အဖွဲ့ကိုလည်း မင်းတို့ဟော်မုဇ်ကို ပိတ်လိုက်ရင် မင်းတို့ ပြန်စရာနိုင်ငံမရှိပဲ ဖြစ်သွားမယ်လို့ ကြိမ်းထားပါတယ်။ အဲဒီ ခြိမ်းခြောက်မှုတွေအပေါ် အီရန်အဖွဲ့က ဂါလီဘတ်ဖ်က အမေရိကန်တွေContinue reading “Operation Epic Fury (89)”
Operation Epic Fury (88)
လက်ဘနွန်ထဲက Kfar Tebnit ဆိုတဲ့ ရွာလေးမှာ တင့်ကားတစီးကို ဟဇ်ဘိုလာတွေက ပစ်ခတ်ခဲ့လို့ တပ်မှူးကြီးတဦးအပါအဝင် အစ္စရေးစစ်သည် ၄ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နေတန်ယာဟုက ဟဇ်ဘိုလာတွေဆီက ကြေးကြီးကြီးပြန်ယူမယ်လို့ ကြုံးဝါးပြီး လက်ဘနွန် တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ဟဇ်ဘိုလာပစ်မှတ် ၈၀ကို ၁၉ရက်နေ့က အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုခိုက်မှုမှာ ၄၇ဦး သေဆုံးပြီး ၉၇ဦး ဒဏ်ရာရတယ်လို့ လက်ဘနွန်ဘက်ကို ကိုးကားပြီး ဘီဘီစီက တင်ထားပါတယ်။ ၁၉ရက်နေ့ နေ့လည်ပိုင်းရောက်တော့ အပစ်ရပ်ဖို့ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ သဘောတူကြပြန်ပြီလို့ ဆိုပါတယ်။ တကယ်တော့ စာချွန်လွှာက ပြီးခဲ့တဲ့ တနင်္ဂနွေကတည်းက လက်မှတ်ထိုးပြီးတာပါ။ အီရန်က ခုမထုတ်ပြန်ပါနဲ့ဦး၊ သောက်ြာနေ့မှ ထုတ်ပြန်ပါဆိုလို့ စောင့်နေတာဖြစ်ကြောင်း ဂျေဒီက ရှင်းပြသွားပါတယ်။Continue reading “Operation Epic Fury (88)”
Operation Epic Fury (87)
ဒီနေ့ဟာ သမ္မတကြီးထရမ့်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ ဖြစ်ပါတယ်။ အီရန်နဲ့ စစ်ပွဲကို ဝင်စေ့စပ်ပေးကြသူတွေက ဒီနေ့ကို မှတ်မှတ်ရရ အီရန်နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ဖို့ ဝိုင်းတွန်းကြဟန်တူပါတယ်။ ခပ်စောစောထဲက deal ရဖို့ နီးနေပြီ၊ e-signature ပဲလိုတော့တယ်၊ အဲဒါကို ကာတာရီတွေက တီဟီရန်မှာ ရောက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ မကြာခင်မှာပဲ သဘောတူညီချက် ရသွားပြီဆိုတဲ့သတင်း တက်လာပါတယ်။ သမ္မတထရမ့်ကလည်း သဘောတူညီချက်က ပြီးမြောက်သွားပါပြီ၊ အဲဒါကြောင့် ဒီသောက်ြာမှာ လက်မှတ်ထိုးပြီးကြတာနဲ့ သူ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခပေးစရာမလိုပဲ ပြန်ဖွင့်စေဖို့ အမိန့်ချလိုက်ကြောင်း၊ တချိန်ထဲမှာပဲ အမေရိကန်က အီရန်ကို ပိတ်ဆို့ထားတဲ့ သူတို့ရဲ့ရေတပ်တွေကို ချက်ခြင်းရုပ်သိမ်းပေးဖို့ အမိန့်ချကြောင်း ပို့စ်လုပ်ထားပါတယ်။ ဒီသောက်ြာလို့ ဆိုရတာက မိုင်းတွေ ရှင်းပေးဖို့ဖြစ်ကြောင်း၊ ဆီကလည်း ဒေသတွင်းမှာ အဝင်ရောContinue reading “Operation Epic Fury (87)”
Operation Epic Fury (86)
အီရန်ကို လက်မှတ်မထိုးမချင်း ညတိုင်း အကြီးအကျယ်ဆော်ပြီး ခါ့ဂ်ကျွန်းနဲ့ ရေနံကို သိမ်းမယ်လို့ လုပ်နေဆဲနောက်ဆုံးမိနစ်နားမှာကျမှ အီရန်ဘက်က ညှိနှိုင်းပါမယ်ဆိုလို့ ပစ်ခတ်မယ့်အမိန့်ကို ပြန်ရုတ်ဆိုင်းလိုက်ကြောင်း သမ္မတထရမ့်က ကြေငြာသွားပါတယ်။ သဘောတူညီချက်က အီရန်ဘက်က လက်မှတ်ထိုးရုံပဲဆိုတော့ လုပ်မယ်ဆို နာရီပိုင်းအတွင်း ဖြစ်နိုင်ပါတယ်။ တကယ်ချပြီဟေ့ဆိုရင် လူတွေသေမှာ၊ ပျက်စီးမှာအပြင် ဟော်မုဇ်အကြာကြီးထပ်ပိတ်သွားလို့ ဆီဈေးတွေ ကုန်ဈေးနှုန်းတွေတက်မှာကို သမ္မတထရမ့်က မလိုလားတဲ့အတွက် စာရွက်ပေါ် လက်မှတ်ထိုးစေဖို့ကို အခွင့်အရေးပေးနေတာပါ။ CENTCOM ကလည်း ဟော်မုဇ်ကနေ လုံလုံခြုံခြုံ ဖြတ်သွားနိုင်ဖို့ လမ်းကြောင်းတွေ လုပ်ပေးထားကြောင်း၊ အီရန်နဲ့ မပတ်သက်တဲ့ ဘယ်ရေယာဥ်မဆို သွားလာနိုင်ကြောင်း၊ ပြီးခဲ့တဲ့ ၂လမှာ ရာနဲ့ချီတဲ့ သင်္ဘောတွေ ဖြတ်သွားခဲ့ကြောင်း၊ အမေရိကန်တပ်တွေက အီရန်ရဲ့ ရန်လိုမှုကနေ ကာကွယ်ပေးဖို့ အသင့်ရှိကြောင်း၊ အီရန်က ဟော်မုဇ်ကို ထိန်းချုပ်နေတာContinue reading “Operation Epic Fury (86)”
Operation Epic Fury (85)
မနေ့က တိုက်ခိုက်မှုတွေဟာ ခဏရပ်သွားသလိုရှိပေမယ့် အီရန်ဘက်က လေလည်းမလျော့၊ ဆွေးနွေး တာမှာလည်း တိုးတက်မှုမရှိနေတဲ့အတွက် အမေရိကန်က တိုးမြှင့်တိုက်ခိုက်ခဲ့ပါတယ်။ တိုမာဟော့ခ် ဒုံးကျည် ၄၉ခုနဲ့ IRGCရဲ့ ကွပ်ကဲရေးဌာနတွေအပြင် အီရန်အနောက်တောင်ပိုင်းကို ဖိုက်တာဂျက်တွေနဲ့ ဗုံးတွေပါ ကြဲခဲ့သေးတာပါ။ ဗုံးကြဲတယ်ဆိုတာ စကားအရ ပြောတာဖြစ်ပေမယ့် တကယ်တမ်းက surgical precision နဲ့ ပစ်ခတ်တာပါ။ ပစ်ခတ်ခံရတဲ့ထဲမှာ တီဟီရန်ကနေ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဘက်ကို သွားတဲ့ အဝေးပြေးလမ်းဆုံ၊ ကက်စပီယံပင်လယ်နားက Alborz စက်မှုမြို့လည်း ပါဝင်သွားပါတယ်။ မြို့တော်တီဟီရန်နဲ့ အနီးဆုံးပစ်မှတ်က မြို့တော်ကနေ မိုင် ၄၀လောက်ပဲ ဝေးတာဖြစ်ပါတယ်။ ညကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ မီးလျှံတွေ၊ ထပ်ဆင့် ပေါက်ကွဲသံတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ကမ္ဘာ့ရေကြောင်းသွားလာမှုကို နှောက်ယှက်လာခဲ့ရင် ဒီလို အကျွေးခံရလိမ့်မယ်ဆိုတာ သင်ခန်းစာContinue reading “Operation Epic Fury (85)”