ဇွန် ၂၁ရက် ၂၀၂၂

နိုင်ငံရေးမဲဆွယ်ရာမှာ မူပြစရာ ခိုင်ခိုင်မာမာမရှိတဲ့အတွက် လူပိန်းကြိုက်ဖြစ်တဲ့ အသားရောင်နဲ့ လိင်ကို ဦးစားပေးမဲဆွယ်ကြတဲ့ ဒီမိုကရက်တွေအတွက် လာတီနိုတွေကြားမှာ သူတို့ကိုထောက်ခံမှု အကြီးအကျယ်ကျဆင်းနေခဲ့တာကို ကုစားဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ လာတီနိုတွေ အလုပ်များတဲ့ တပိုင်တနိုင်စီးပွားရေးလုပ်တာတို့ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် ပေါများအောင် လုပ်ပေးတာတို့တော့ မဟုတ်ပါဘူး။ အမွှေစိန်က စပန်းနစ်စကားပြောတဲ့ မီဒီယာချန်နယ်တွေ လိုက်ဝယ်နေတာပါ။ လာတီနိုတွေက ထရမ့်ရဲ့ ပထမအကြိမ်ရွေးကောက်ပွဲမှာ ဘော်ဒါဝေါဆောက်မယ်၊ မက္ကဆီကိုကို ပေးခိုင်းမယ်ဆိုတာကို နားလည်မှုလွဲခဲ့ကြလို့ ဟေလာရီကို ပုံပေးခဲ့ကြပေမယ့် ထရမ့်ရဲ့ ၄နှစ်တာက သူတို့လို တပိုင်တနိုင်စီးပွားရေးသမားတွေ၊ အခြေခံလူတန်းစားတွေအများကြီး အကျိုးရှိတာတဲ့အပြင် နယ်စပ်လုံတဲ့အတွက် နယ်စပ်နဲ့နီးတဲ့ဒေသတွေမှာ ရာဇဝတ်မှုနည်းပါးတာ သိလာကြလို့ ထရမ့်ရဲ့ ဒုတိယရွေးကောက်ပွဲမှာ လာတီနိုမဲတွေ အများကြီး တက်လာခဲ့တာပါ။ အခုလို ဘိုင်ဒန်ရဲ့ ပြည်ဖျက်စီမံကိန်းကို ကြုံလိုက်ရတော့ အနှစ် ၁၅၀ကျော်Continue reading ” ဇွန် ၂၁ရက် ၂၀၂၂”

ဇွန် ၁၇ ရက် ၂၀၂၂

ပတ်ဝန်းကျင်ရေးရာတက်ကြွလှုပ်ရှားသူတွေက ဘိုင်ဒန်အစိုးရကို ပြည်တွင်းမှာ ရေနံဆက်တူးခွင့်ပေးနေလို့ဆိုပြီး တရားစွဲလိုက်ပါတယ်။ ဘိုင်ဒန့်စာကို တုန့်ပြန်တဲ့ ရှက်ဗရွန်က ပြည်တွင်းမှာ ရေနံတွင်းအသစ် မတူးရတော့တာ နှစ်ပေါင်း ၃၀ကျော်ပြီ၊ ဒီပုံစံအတိုင်းဆို နောက်လည်း အသစ်တူးခွင့်ပေးတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရှိတဲ့တွင်းတွေကိုလည်း လုပ်ရကိုင်ရခက် စားရိတ်တက်အောင် ကြိုးနီတွေ ချုပ်ချယ်စည်းမျဥ်းတွေ ပိုလုပ်၊ ပိုက်လိုင်းတွေနဲ့ မြန်ကောင်းသက်သာ ပို့နိုင်မယ့် အစီအစဥ်တွေကို ဖျက်ပစ်နေတာတောင် ပတ်ဝန်းကျင်သမားတွေ မကျေနပ်သေးတော့ တဖက်လက်က ခြောက်ပြလိုက် နောက်တဖက်က ကြောက်ဟန်ဆောင် လိုက်လျောလိုက်နဲ့ သူတို့ဇတ်နဲ့ သူတို့တော့ ဟုတ်နေတာပါပဲ။ ပြည်သူတွေမှာသာ မျက်ဖြူဆိုက်နေတာ။ စံချိန်တင် ငွေဖောင်းပွမှုကို ချိန်ညှိဖို့ ဖက်ဒရယ်ရီဆာဗ်က ဘဏ်တိုးနှုန်းကို တကြိမ်ထဲမှာ သုံးမတ်တိုးလိုက်တဲ့နောက် ချေးငွေနဲ့ လည်ပတ်နေရတဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ပြည်သူတွေ အခက်ကြီးကြုံလာရတဲ့အပြင် အတိုးနှုန်းမြင့်လာရင် ဖြစ်လေ့ရှိတဲ့အတိုင်း စတော့မားကက်ကContinue reading “ဇွန် ၁၇ ရက် ၂၀၂၂”

ဇွန်လ ၁၆ ရက် ၂၀၂၂

ပြဿနာပေါင်း သောင်းခြောက်ထောင်ကြုံနေရတဲ့ တိုင်းပြည်မှာ ဘဘဂျိုး အရေးတကြီး လုပ်လိုက်တာကတော့ ကလေးတွေလိင်ပြောင်းလဲမှုလုပ်လို့လွယ်အောင် သမ္မတအာဏာနဲ့ လက်မှတ်ထိုးထုတ်ပြန်လိုက်တာပါ။ ပုံမှန်အားဖြင့် တိုင်းပြည်မှာ အရေးတကြီး/ချက်ခြင်း လိုအပ်နေတာမျိုး မဟုတ်ရင် လွှတ်တော်ကနေပဲ သွားတာက အဖြစ်သင့်ဆုံးနဲ့ ခြေ/ဥနဲ့အကိုက်ဆုံး ဥပဒေပြုနည်းပါ။ ဒါပေမယ့် ဒီလိုအရူးချီးပန်းဥပဒေမျိုးကို သူတို့ကြီးစိုးထားတဲ့အချိန်မှာတောင် မတင်နိုင်တာ၊ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးကြမှာကို ရင်မဆိုင်ရဲတာက ပြည်သူထောက်ခံမှု မရနိုင်တဲ့အခြေအနေကို ဖော်ပြနေတာပါ။ အဲဒီအမိန့်ဥပဒေ ထုတ်ပြန်ရတဲ့အကြောင်းကိုတော့ ပြည်နယ်တွေမှာ လိင်တူ/လိင်ပြောင်းတွေကို မုန်းလို့ချမှတ်တဲ့ဥပဒေတွေကို ကာပြန်ဖို့ဖြစ်ပြီး ဘူလီတွေကို ဂျိုးက အမြဲရင်ဆိုင်နေကြဖြစ်တယ်လို့ ထိပ်တန်းအစိုးရအရာရှိက ဆိုပါတယ်။ သူတို့ပြောတဲ့ မုန်းတီးတဲ့ဥပဒေတွေဆိုတာ မူလတန်းကလေး တွေကို လိင်တူကြိုက်/လိင်ပြောင်းကိစ္စသင်ဖို့ မသင့်တော်တဲ့ အရွယ်ဖြစ်လို့ မိဘမသိပဲ သင်ရိုးမှာ မထည့်ရဘူးလို့ ပြဌာန်းကြတာပါ။ ဘိုင်ဒန်တို့လုပ်မယ့် ဂျန်ဒါအဖမ်းမင်းကဲဆိုတာက အပျိုဖော်Continue reading “ဇွန်လ ၁၆ ရက် ၂၀၂၂”

ဟန်းတားရဲ့ အသံဖိုင်

ဟန်းတားလက်ပ်တော့ပ်ထဲက ဟန်းတားရဲ့ အသံဖိုင်ထွက်လာပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၃ရက်နေ့က အသံဖိုင်ထဲမှာ ဟန်းတားက သူ့ဖခင်ဂျိုးကို ဘယ်လောက်ပိုင်ကြောင်း ကြွားထားပါတယ်။ အဖေက သူ့နိုင်ငံရေးထိမှာတို့ဘာတို့ တွေးမှာမဟုတ်ဘူး၊ ငါကသာ ဒီကိစ္စငါ့အတွက် အရေးကြီးတယ်လို့ ပြောလိုက်ရင် အဖေက ငါဖြစ်ချင်တယ်ဆိုတာကို သူ့ပလက်ဖောင်ထဲ ကြံဖန်ပြီး ထည့်ပေးမှာ အသေအချာပဲ၊ ငါပြောစေချင်တာဆိုလည်း ဘာဖြစ်ဖြစ် သူက ပြောပေးမှာပဲ၊ အဖေက ကမ္ဘာပေါ်က ဘယ်သူ့ထက်မဆို ငါ့ကိုပို အလေးထားတယ်၊ မင်းသိသမျှ လူတွေထက်ကောင်းတဲ့သူ၊ အဖေက ဒီလောက်ကောင်းတယ် ဆိုပေမယ့် အဖေ့ထက်ကောင်းတာကတော့ ငါပေါ့၊ ဘာလို့လဲဆိုတော့ ငါ ၂နှစ်သားထဲက အဖေက ငါကသူ့ထက်သာတယ်လို့ တချိန်လုံး ပြောနေခဲ့တာလေလို့ သူ့မိတ်ဆွေ ဗြိတိသျှအနုပညာသမား ဖိလစ်ပါဟိုရန်ကို ကြွားထားပါတယ်။ အဲဒီအသံဖိုင်ရက်စွဲက ဂျိုးက ၂၀၂၀သမ္မတရွေးကောက်ပွဲကိုဝင်မယ်လို့ မကြေငြာခင်လေးမှာContinue reading “ဟန်းတားရဲ့ အသံဖိုင်”

Who’s pulling the strings of WHO?

ဂိတ်စ်နဲ့ တရုပ်ကြိုးဆွဲ ဟူးအဖွဲ့ကြီးက ပြီးခဲ့တဲ့ကပ်ပိုးကာလက တကမ္ဘာလုံးကို ဒီမိုကရက်တွေ  မီဒီယာတွေနဲ့အတူ ညာသံပေး အကြောက်မှိုင်း တိုက်ခဲ့ပြီးနောက် ကမ္ဘာမှာ သူတို့အလိုကျ အာဏာရှင်တွေ ခေါင်းထောင်လာတာ ဖြစ်ပါတယ်။ သူတို့အကြောက်မှိုင်းတိုက်ခဲ့သလိုပဲ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း လော့ဒေါင်းတွေ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့ကြလို့ အဲဒီလိုလုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ စီးပွားရေး/ပညာရေး (အထူးသဖြင့် ဝင်ငွေနည်းသူတွေနဲ့ သူတို့ရဲ့သားသမီးတွေ) စီးပွားရေး ပညာရေး အဖက်ဖက်က နောက်ကျခဲ့ကြပြီး ကမ္ဘာ့ပြည်သူအများ လူမှုရေးအပါအဝင် ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျန်းမာရေးကတော့ အားလုံးသိတဲ့အတိုင်းပေါ့။ ကမ္ဘာ့သမိုင်းရဲ့ ဖြစ်ခဲ့သမျှကပ်တွေမှာ မလုပ်ခဲ့ကြတဲ့ လော့ဒေါင်းတွေကို အလံရှူးလို စပြီး အင်တိုက်အားတိုက် လုပ်ပြတာက စိနတိုင်းကဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီ ၂၄မှာကထဲက ဟူးရဲ့ လထညွှန်ချုပ် ဘရုစ်အိုင်လ်ဝါဒ်က ကပ်ပိုးရန်ကာကွယ်ဖို့အတွက် လော့ဒေါင်းတွေက ထိရောက်ပြီး လုပ်သင့်တဲ့ကိစ္စလို့Continue reading “Who’s pulling the strings of WHO?”

ဇွန်လ ၁၃ရက် ၂၀၂၂

တန်နက်စီပြည်နယ် ဂိုင်းလ်စ်ကောင်တီ ရဲဌာနက လမ်းပေါ်မှာ ခေါက်ထားတဲ့ငွေစက္ကူတွေကိုတွေ့ရင် မကောက်ယူကြဖို့ ကောင်တီသူ/သားတွေကို သတိပေးထားပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ ကျနေတဲ့ ပိုက်ဆံခေါက်တွေထဲမှာ မက်သ်/ဖန်တနိုင်းလ်မူးယစ်ဆေးအဖြူမှုန့်လေးတွေကိုတွေ့တာ ၂ကြိမ်ရှိပါပြီ။ အဲဒီမူးယစ်ဆေးက နဲနဲလေး ရှူမိရုံနဲ့တင် နှလုံးခုန်မြန်လာ၊ သွေးတိုးလာနိုင်ပြီး အဲဒီထက်ပိုလာရင် ဆေးလွန်သေနိုင်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်။ အဆိုပါမူးယစ်ဆေးဟာ အနံ့၊ အရသာမရှိတာကြောင့် ခွဲခြားဖို့မလွယ်သလို ထိမိရင်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီလဟာ အမေရိကန်ရဲ့ အယ်လ်ဂျီဘီတီအေတူဇီဂုဏ်ပြုလဖြစ်တာကြောင့် မက္ကဆီကိုက ၆၀၀၀လောက်ရှိတဲ့ ခိုးဝင်လောင်းတွေကို သယ်ဆောင်လာတဲ့ ကားတန်းကြီးဟာလည်း အဆိုပါအုပ်စုကိုကိုယ်စားပြုတဲ့ အရောင်စုံအလံတွေ တလူလူလွှင့်ပြီး ချီတက်လာပြီလို့ဆိုပါတယ်။ ဒီဖက်ဘော်ဒါပက်ထရိုလ်က ငြင်းရင် သူတို့ရဲ့ ကွဲပြားမှုကို ခွဲခြားတာပါဆိုပြီး ပြဿနာရှာဖို့ အကြောင်းတခုရသွားပြန်တာပေါ့။ ခိုးဝင်တွေအတွက်ကတော့ အမြတ်ချည့်ဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် တိတိကျကျ လုပ်ချင်တဲ့ ဘော်ဒါပက်ထရိုတွေကတော့ အခက်တွေ့ကြဦးမှာပါ။Continue reading “ဇွန်လ ၁၃ရက် ၂၀၂၂”

ဇွန် ၁၀ ရက် ၂၀၂၂

ဗုဒ္ဓဟူးနေ့က ကွန်ဂရက်စ်အဆောက်အဦထဲမှာ နောက်အမွှေစိန်တဦးဖြစ်တဲ့ ဘေလ်ဂိတ်စ်ကို တွေ့ရပြီး ကြာသပတေးနေ့မှာတော့ တင်မ်ကွတ်ခ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါတက်ခ်သူဌေးများကို ဝါရှင်တန်မှာ တွေ့ရတဲ့အချိန်က ကွန်ဂရက်စ်က အန်တီထရပ်စ်ဥပဒေကို တင်သွင်းဖို့ ကြိုးစားနေချိန် ဖြစ်လို့ တက်ခ်လော်ဘီတွေ ခြေချင်းလိမ်နေချိန် ဖြစ်နေတာပါ။ ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲကလည်း သိပ်မလိုတော့ဘူးဆိုတော့ ကွန်ဂရက်စ်က ကြိုးစားနေတဲ့ အမေရိကန်အင်နိုဗေးရှင်းအန်ချိုက်စ် အွန်လိုင်းဥပဒေအတွက် ပြင်ဆင်ဖို့ အချိန်အများကြီး မကျန်တော့ပါဘူး။ ဒီနှစ် ပထမ ၃လမှာတင် ပန်းသီး၊ အမေဇုံ၊ ဂူဂယ်လ်နဲ့ ဖဘတို့က လော်ဘီဖိုး ၁၆.၇သန်း သုံးထားပြီးဖြစ်တယ်လို့ ဘလူမ်းဘတ်မှာ ဖော်ပြထားပါတယ်။ အဲဒီလော်ဘီတွေရော အမတ်တွေရောပေါင်းပြီး ရီပါဘလစ်ကန်အများစုမဖြစ်လာခင် သူတို့အသာရမယ့် ဥပဒေတွေ ကြိုပြဌာန်းထားဖို့ မောင်းတင်နေကြပုံပါပဲ။ အန်တီထရပ်စ်လို့ ခေါင်စဥ်ပေးထားပြီး ရည်ရွယ်ချက်က တက်ခ်ကုမ္ပဏီကြီးတွေကို ပြိုင်ဖက်တွေထက် သူတို့ကိုယ်သူတို့ ဖေဗာပေးထားတာကိုContinue reading “ဇွန် ၁၀ ရက် ၂၀၂၂”

ဇွန် ၈ ရက် ၂၀၂၂

မနေ့က ပြည်နယ်တချို့မှာ ပဏာမရွေးကောက်ပွဲတွေ လုပ်ကြပါတယ်။ ထူးခြားတာတခုက အမေရိကန်မှာ လက်ဝဲအယိမ်းဆုံးလို့ ပြောနိုင်တဲ့ ဆန်ဖရန်မှာ အမွှေစိန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီအေချီစာဘိုဒင်ကို မဲဆန္ဒရှင် ၆၀ရာနှုန်းကျော်က ပြန်ခေါ်ဖို့ မဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဘိုဒင်က ရာဇဝတ်သားတွေကို အစဥ်အလာ လိုအပ်ချက်တခုဖြစ်တဲ့ ငွေသားအာမခံတင်စေပြီးမှ အများပြည်သူအန္တရာယ်နဲရင် အပြင်မှာလွှတ်ထားကြတာကို ပယ်ဖျက်ပြီး ဘာမှုကျူးလွန်လွန် အာမခံမလိုပဲ ပြန်လွှတ်ပေးတာတွေ၊ ထောင်ခါတာတွေ၊ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူတွေကို ပြည်နှင်ဒဏ်ပေးခံရမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်ဒဏ်ချမှတ်တာမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ အယ်လ်အေတိုင်းစ်က ဆိုပါတယ်။ ဘိုဒင်နဲ့ အလားတူ ပရိုဂရက်ဆစ်ဒီအေတွေဖြစ်ကြတဲ့ ဖီလာဒဲလ်ဖီးယားက လာရီကရက်စ်နာ၊ အယ်လ်အေက ဂျော့ဂျ်ဂက်စ်ကွန်၊ မန်ဟက်တန်က အယ်လ်ဗင်ဘရက်ဂ်တို့လည်း မျက်ခုံးလှုပ်နေလောက်ပါပြီ။ အဲဒီလို ရာဇဝတ်သားတွေအပေါ် သိပ်သက်ညှာလွန်းတာကတော့ အမွှေစိန်ရဲ့ စနက်ပါပဲ၊ အဲဒီခရင်မင်နယ်ဂျပ်စ်တစ်ရီဖောင်မ်းအတွက် ငွေကြေးမနည်းမနော သုံးပြီး သူ့ဩဇာခံဒီအေတွေContinue reading “ဇွန် ၈ ရက် ၂၀၂၂”

ဇွန်လ ၇ ရက် ၂၀၂၂

နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့က အဘောရှင်းဆန့်ကျင်သူတွေ ဖွင့်ထားတဲ့ ကိုယ်ဝန်သည်တွေကို အကူအညီပေးတဲ့ ရုံးခန်းကို အဘောရှင်းတက်ကြွလှုပ်ရှားသူတွေက မီးလောင်ဗုံး ပစ်သွင်းတိုက်ခိုက် ခံခဲ့ရလို့ တော်တော်လေး မီးလောင်ပျက်စီး သွားပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှ်ဗေးလ်မြို့က ကိုယ်ဝန်သည်တွေကို ကျန်းမာရေးစောင့်ရှောက်/တိုင်ပင်/ကူညီပေးနေတဲ့ ပရိုလိုက်ဖ်ရုံးခန်းကိုလည်း အဘောရှင်းသမားများက မှန်တွေခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီအေတွေတော်တော်များများက အမွှေစိန်တို့နဲ့ မကင်းကြတော့ ဖမ်းဖို့ ဖော်ထုတ်ဖို့ကို ကြိုးစားကြမယ် မထင်ပါဘူး။ တပါတီ တဖွဲ့နဲ့ ပတ်သက်သူတွေ ဘာလုပ်လုပ် အဖမ်းမခံရပဲ ကျန်တပါတီကလူတွေ အပြစ်မလုပ်တာတောင် အမှုဆင်အဖမ်းခံနေရတာ ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ ရိုးဗီဝိဒ်က ပြန်လှန်ခံရမယ့် အနေအထားဖြစ်နေတော့ ဒီတနွေလုံး သောင်းကျန်းကြလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဂျော့ဖလွိုက်တုန်းကလိုပဲ နေမှာပေါ့။ စတိတ်ဖမ်းအာမခံကုမ္ပဏီက သူတို့အေးဂျင့်တွေကို ပိုက်ဆံထုတ်ပေးပြီး ထရန်တွေကိစ္စ ရှေ့တန်းတင်နေတဲ့ ဂျန်ဒါကူးလ်ပရောဂျက်က ကလေးဖတ်တဲ့ စာအုပ်တွေContinue reading “ဇွန်လ ၇ ရက် ၂၀၂၂”

ဇွန် ၆ ရက် ၂၀၂၂

တက္ကဆက်စ်ပြည်နယ် ဥဗောဒီမြို့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ရဲတွေကို အချိန်မီ ပစ်မိန့်မပေးခဲ့တဲ့ ကျောင်းခရိုင်ရဲအကြီးအကဲ ပီတာအရီဒွန်ဒိုကို ပစ်ခတ်မှုအပြီး တပတ်အကြာမှာ မြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသလို ကျောင်းဘုတ်အဖွဲ့ကလည်း အဲဒီရဲမှာ အပြစ်မရှိဘူးလို့ သတ်မှတ်ပြီး ရာထူးတာဝန်တွေက ရပ်နားခြင်း မပြုခဲ့ပါဘူး။ အရီဒွန်ဒိုကို သတင်းထောက်တွေက ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ မေးမြန်းရာမှာ မဖြေချင်သလိုလို ဖြစ်နေခဲ့လို့ ထပ်လိုက်ကြတော့မှ လူတွေသေထားတာဆိုတော့ မိသားစုတွေ ပူဆွေးသောကရောက်နေချိန်မို့လို့ မစစ်ရသေးတာပါ၊ ပြီးရင်စစ်ပါမယ်လို့ အကြောင်းပြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေ့က အဲဒီလူက ပစ်မိန့်မပေးခဲ့တဲ့အတွက် သူ့အုပ်ချုပ်မှုအောက်ကမဟုတ်တဲ့ ဘော်ဒါပက်ထရိုက ဝင်ပစ်ခဲ့လို့ ၂၁ဦးနဲ့ ရပ်သွားခဲ့တာပါ။ ကျည် ၃၀၀ကျော် ဝယ်ထားတဲ့သူအတွက် ဆက်ပစ်ဦးမယ်ဆိုရင် အများကြီး ပိုဆိုးသွားနိုင်ပါသေးတယ်။ ပစ်ခတ်သူရာမို့စ်က အဖိုးအဖွားတွေအိမ် ဧည့်ခန်းမှာအိပ်ပြီး အဖွားက ဖုံးဘေလ်ကအစ ပေးနေရတာပါ။ အဖွားကိုContinue reading “ဇွန် ၆ ရက် ၂၀၂၂”