တက္ကဆက်စ်ပြည်နယ် ဥဗောဒီမြို့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ရဲတွေကို အချိန်မီ ပစ်မိန့်မပေးခဲ့တဲ့ ကျောင်းခရိုင်ရဲအကြီးအကဲ ပီတာအရီဒွန်ဒိုကို ပစ်ခတ်မှုအပြီး တပတ်အကြာမှာ မြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသလို ကျောင်းဘုတ်အဖွဲ့ကလည်း အဲဒီရဲမှာ အပြစ်မရှိဘူးလို့ သတ်မှတ်ပြီး ရာထူးတာဝန်တွေက ရပ်နားခြင်း မပြုခဲ့ပါဘူး။ အရီဒွန်ဒိုကို သတင်းထောက်တွေက ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ မေးမြန်းရာမှာ မဖြေချင်သလိုလို ဖြစ်နေခဲ့လို့ ထပ်လိုက်ကြတော့မှ လူတွေသေထားတာဆိုတော့ မိသားစုတွေ ပူဆွေးသောကရောက်နေချိန်မို့လို့ မစစ်ရသေးတာပါ၊ ပြီးရင်စစ်ပါမယ်လို့ အကြောင်းပြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေ့က အဲဒီလူက ပစ်မိန့်မပေးခဲ့တဲ့အတွက် သူ့အုပ်ချုပ်မှုအောက်ကမဟုတ်တဲ့ ဘော်ဒါပက်ထရိုက ဝင်ပစ်ခဲ့လို့ ၂၁ဦးနဲ့ ရပ်သွားခဲ့တာပါ။ ကျည် ၃၀၀ကျော် ဝယ်ထားတဲ့သူအတွက် ဆက်ပစ်ဦးမယ်ဆိုရင် အများကြီး ပိုဆိုးသွားနိုင်ပါသေးတယ်။ ပစ်ခတ်သူရာမို့စ်က အဖိုးအဖွားတွေအိမ် ဧည့်ခန်းမှာအိပ်ပြီး အဖွားက ဖုံးဘေလ်ကအစ ပေးနေရတာပါ။ အဖွားကိုContinue reading “ဇွန် ၆ ရက် ၂၀၂၂”
Category Archives: Uncategorized
ဇွန် ၂ ရက် ၂၀၂၂
ဘိုင်ဒန်က မေ ၃၀တုန်းက အမေရိကန်အနေနဲ့ ယူကရိန်းကို ရုရှားထိရောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်တွေကို ပေးပို့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး နောက်တရက် မေ ၃၁မှာထုတ်ဝေတဲ့ နယူးယောက်တိုင်းမ်စ်မှာ ဘိုင်ဒန်က ယူကရိန်းကို အဆင့်မြင့် ဒုံးစနစ်တွေနဲ့ စစ်လက်နက်ခဲယမ်းတွေ ပေးပို့သွားတော့မယ်လို့ ဘိုင်ဒန်က ရှင်းလင်းထားကြောင်း ရေးထားပါတယ်။ အဲဒါက သန်း ၇၀၀တန် လက်နက်တွေ ယူကရိန်းကို ပို့သွားမယ့်အစီအစဥ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒုံးစနစ်အပြင် ဂျေဗလင် တင့်ကားပစ်ဒုံးတွေ၊ စတင်ဂါလေယာဥ်ပစ်ဒုံးတွေ၊ ရေဒါစနစ်တွေ၊ မောင်းသူမဲ့ လေယာဥ်တွေ၊ အမ်အိုင် ၁၇ ရဟတ်ယာဥ်တွေနဲ့ တခြားလက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ဝက်စတန်းဂျာနယ်က ဆိုပါတယ်။ အခုပို့မယ့် လက်နက်တွေက ယူကရိန်းအနေနဲ့ ရုရှားနယ်မြေထဲအထိ ပစ်ခတ်စေနိုင်မှာဖြစ်လို့ ယူကရိန်းစစ် ပိုကြီးမားကျယ်ပြန့်လာမှာကို မလိုချင်ဘူး၊ ရုရှားနဲ့လဲ ထိပ်တိုက်မတွေ့ချင်ဘူးဆိုတဲ့Continue reading “ဇွန် ၂ ရက် ၂၀၂၂”
မေ ၃၁ ရက် ၂၀၂၂
အက်ဖ်ဘီအိုင်ကို လိမ်လည်တိုင်တန်းခဲ့တဲ့ ကလင်တန်ရှေ့နေ မိုက်ကယ်လ်ဆပ်စ်မန်အမှုက ပြီးသွားပြီဖြစ်ပြီး ရီပါဘလစ်ကန်တွေ မသင်္ကာခဲ့သလိုပဲ အပြာရင့်ရောင် နယ်မြေမှာဆိုတော့ ဂျူရီအဖွဲ့က အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ပြောရရင် အဲဒီလို အခြေခံအချက်တွေမှာတောင် နှစ်ပါတီထောက်ခံသူတွေ ကွာကြတာပါ။ ရီပါဘလစ်ကန်နယ်မြေမှာ တရားတဘောင်ဖြစ်ကြရင် အပြစ်ထင်ရှားနေတဲ့ ရီပါဘလစ်ကန်က လွှတ်နိုင်ခြေ နည်းပါးလှပေမယ့် ဒီမိုကရက်လွှမ်းမိုးတဲ့ပြည်နယ်မှာ ပြစ်မှုထင်ရှားသော်လည်း ထိပ်တန်းဒီမိုကရက်တွေနဲ့ ပတ်သက်နေရင် ကွင်းလုံးကျွတ်လွတ်လေ့ရှိပြီး ပြစ်ဒဏ် ကျခဲ့ရင်တောင် မဖြစ်စလောက်အမှုနဲ့ အနည်းဆုံးတွေ့ပဲ ကျကြတာပါ။ အပြစ်လုပ်တဲ့ ရီပါဘလစ်ကန်ကိုလည်း ရီပါဘလစ်ကန်ချင်း အပြစ်တင်ဖို့ ဝေဖန်ဖို့ ဝန်မလေးကြပေမဲ့ ဒီမိုကရက်တွေကတော့ ကိုယ့်လူ ဘာလုပ်လုပ် မြုံနေတတ်ကြပါတယ်။ ဘိုင်ဒန်ဘယ်လောက် ခြစားစား၊ ဘယ်လောက်ပြည်သူကိုဒုက္ခပေးပေး အပြစ်မမြင်နိုင်ကြသေးတာကိုသာ ကြည့်ပါ။ Memorial Day weekend မှာ ဓါတ်ဆီဈေးတွေ ထပ်တက်သွားပြန်တဲ့အတွက် ထရမ့်လက်ကထက်Continue reading “မေ ၃၁ ရက် ၂၀၂၂”
မေ ၂၉ ရက် ၂၀၂၂
တက္ကဆက်စ်က သေနတ်သမား ဝင်သွားခဲ့တဲ့ အနောက်တံခါးကိုလည်း အဲဒီလူမဝင်ခင် မိနစ်ပိုင်းလေးမှာမှ ဆရာ/မတဦးက ဖွင့်ထားလိုက်တာပါ။ အပြင်မှာ ပစ်ခတ်သံတွေ ကြားလိုက်ရအပြီးမှာတောင် သွားပြန်မပိတ်ခဲ့တာက ခပ်ချာချာ ဆရာ/မတယောက်ရဲ့ နမော်နမဲ့ အမှားလို့ တွေးနိုင်ပေမယ့် တခြားမသင်္ကာစရာတွေကလည်း ရှိနေသေးတော့ ပဟေဠိများ ကွင်းဆက်မိတဲ့အထိ ဆက်စောင့်ကြည့်ရဦးမှာပါပဲ။ အဆောင်ဆောင်ရှိတဲ့ ကျောင်းဝင်းကြီးတခုလုံးမှာမှ အဲဒီတံခါးတပေါက်ပွင့်နေတယ်ဆိုတာ ပစ်ခတ်သူက ဘယ်လိုသိနေသလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ပုံမှန်ပိတ်နေရမယ့်တံခါးပေါက်တခုဟာ သေချာမပိတ်မိလို့ ဟစိဖြစ်နေရင်တောင် အဝေးက သိနိုင်ဖို့ မလွယ်ပါဘူး။ သေနတ်သမားပစ်လိုက်တဲ့ ကလေးတိုင်းကလည်း ချက်ချင်း သေသွားတာ မဟုတ်ပါဘူးလို့ သတင်းတွေ ထပ်ထွက်လာပါတယ်။ တချို့ကလေးတွေဟာ အပစ်ခံရပြီး တနာရီကျော် ကြာတဲ့အထိ ရဲကဝင်မကယ်တဲ့အတွက် သွေးလွန်သေဆုံးခဲ့ရတာပါလို့ မိဘများကို လူနာတင်ကားက ဆေးမှုးတွေက ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ သေဆုံး ကလေးContinue reading “မေ ၂၉ ရက် ၂၀၂၂”
မေ ၂၇ ရက် ၂၀၂၂
တက္ကဆက်စ်က သေနတ်သမားအကြောင်း သတင်းလေးတွေ ပိုထွက်လာပါတယ်။ ထုံးစံအတိုင်းပါပဲ၊ ချက်ချင်း ထွက်လာတဲ့သတင်းတိုင်းက အမှန် ဖြစ်ချင်မှ ဖြစ်တတ်သလို တခါတခါကျတော့လည်း ဖြစ်ရပ်စုံကို ရက်အတန်ကြာမှ သိလာနိုင်တာမျိုးပါ။ ထပ်ထွက်လာတဲ့ သတင်းတွေအရ လူသတ်သမားက ကျောင်းထဲမဝင်ခင် ကျောင်းပြင်မှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပြောကြပြီး ကျောင်းထဲကိုတော့ သော့မခတ်ထားတဲ့ နောက်ပေါက်ကနေ ဝင်လာတာလို့ ဆိုပါတယ်။ ကျောင်းထဲကို ရဲတွေက မဝင်ပဲ ဆရာမတွေ တံခါးသော့ချထားလို့ ဝင်မရတဲ့အခန်းတွေက ကလေးတွေကိုသာ ပြူတင်းပေါက်တွေကတဆင့် ကယ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လူသတ်ကောင် ဝင်ပြီး ပိတ်ထားတဲ့ အခန်းနဲ့ ကပ်လျက်အခန်းတို့မှာ ပိတ်မိနေတဲ့ ကလေးတွေက ဆရာမပြောတဲ့အတိုင်း ခုံအောက်တွေမှာ ပုန်းနေခဲ့ကြတာမှာ မသေပဲ ကျန်ခဲ့တဲ့ ကလေးတဦး ပြန်အပြောအရ ရဲက မင်းတို့ အကူအညီလိုရင် HelpContinue reading “မေ ၂၇ ရက် ၂၀၂၂”
မေ ၂၆ ရက် ၂၀၂၂
၂၄ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ပစ်ခတ်သူ ဆာလ်ဗေဒိုရာမို့စ် ကျောင်းထဲဝင်သွားပြီးတာကနေ ဘော်ဒါပက်ထရိုက ပစ်သတ်ခဲ့တဲ့အချိန်အထိ မိနစ် ၄၀-၁နာရီလောက် ကြာမြင့်ခဲ့ကြောင်း၊ သူက ဆက်နေတဲ့ စာသင်ခန်း ၂ခုရဲ့ ထဲမှာ အခိုင်အမာ ခြေကုတ်ယူထားခဲ့တာဖြစ်ကြောင်း၊ ရဲတွေက ခပ်စောစောထဲက ရောက်နေပေမယ့် တော်တော်ကြာတဲ့အထိ မဝင်ခဲ့တဲ့အတွက် မစောင့်နိုင်တော့တဲ့ မိဘတွေက “ဘာလုပ်နေတာလဲ၊ ဝင်လေ၊ မင်းတို့မဝင်ရင် ဖယ်၊ ငါတို့ဝင်မယ်၊ စသဖြင့် ပြောဆိုခဲ့တယ်လို့ ကျောင်းနားက မျက်မြင်သက်သေတွေက ပြောကြားခဲ့ကြောင်း သိရပါတယ်။ တက္ကဆက်စ်က လူထုလုံခြုံရေးဒါရိုက်တာ စတိဗ်မက္ကရောကတော့ ရဲတွေရှိပါတယ်၊ ချက်ချင်းအန်ဂေ့ချ် လုပ်တာပါပဲ၊ ရာမို့စ်ကို အခန်းထဲမှာ ပိတ်ထားနိုင်ခဲ့ပါတယ်လို့ ဖြေပါတယ်။ သူ့အဖြေက အားရစရာ မရှိတဲ့အတွက် ဒီထက်ပိုတိကျတဲ့အဖြေ မပေးနိုင်ရင် ဘာတွေ ဖုံးကွယ်ထားသလဲ၊ ပိုတိကျတဲ့အဖြေပေးဖို့ ဘာအခက်အခဲတွေContinue reading “မေ ၂၆ ရက် ၂၀၂၂”
မေ ၂၅ ရက် ၂၀၂၂
မနေ့က တက္ကဆက်စ်ပြည်နယ် မက္ကဆီကိုနယ်စပ်နားက လူဦးရေ ၁၆,၀၀၀ လောက်ပဲရှိတဲ့မြို့ကလေးက မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး ဆရာ/မ ၂ဦးနဲ့ စာသင်ခန်း တခန်းထဲက ၄တန်းကျောင်းသား/သူ ၁၉ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်သူက ၁၈နှစ်အရွယ် လက်တီနိုလူငယ်ဖြစ်ပြီး နောက်တခန်းထဲကို ဝင်မလို့ လုပ်နေတုန်းမှာ ဆရာမက တံခါးသော့ချလိုက်လို့ ဝင်မရခဲ့ပါဘူး။ ပစ်ခတ်သူ ဆယ်လ်ဗေဒို ရာမို့စ်ဟာ ကျောင်းကို မလာခင်ကလည်း သူ့အဖွားကို ပစ်ခတ်သွားပြီးမှ ကျောင်းဖက်ကို မောင်းလာပြီး ကျောင်းထဲ ဝင်ပစ်သွားတာလို့ ဆိုကြပါတယ်။ သူ့ကို သေနတ်သံကြားလို့ အပြေးလာတဲ့ ဘော်ဒါပက်ထရိုလ်ရဲက နောက်လာမယ့် ပစ်ကူမစောင့်တော့ပဲ ပစ်သတ်ခဲ့လိုက်ပါတယ်။ ပစ်ခတ်သူက အေအာ-၁၅နဲ့ သေနတ်တို ပေါင်းနှစ်လက် ယူဆောင်လာတာပါ။ ကနေ့ထပ်မံရရှိတဲ့ သတင်းတွေအရ ပစ်ခတ်သူဟာ လစ်ပ်စ်ဆိုတဲ့ တချို့အသံတွေContinue reading “မေ ၂၅ ရက် ၂၀၂၂”
မေ ၂၃ ရက် ၂၀၂၂
ဘိုင်ဒန်ရဲ့ အာရှပစိဖိတ်ခရီးစဥ်က တောင်ကိုးရီးယားကို သွားလည်တာ ဘာမှ ရမလာခဲ့ပါဘူး။ တ/ကရယရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့နိုင်ငံက ချမ်းသာနေပြီဖြစ်တဲ့ နိုင်ငံဆီက ကျသင့်သလောက်တော့ ပြန်ရသင့်ပါတယ်။ အထူးသဖြင့်တိုင်းပြည်က ကြွေးတွေနစ်ပြီး ပြည်သူတွေ အကြပ်တွေ့နေချိန်မှာ တ/ကအနေနဲ့ မိတ်ဆွေကောင်း မဟာမိတ်ကောင်း ပီသဖို့ လိုပေမယ့် မတောင်းပဲတော့ ဘယ်သူမှ ပေးကြမှာ မဟုတ်ပါဘူး။ ထရမ့်လက်ထက်က အဲဒီလို နိုင်ငံတွေဆီက ရသင့်ရထိုက်တာ ရအောင် တောင်းနိုင်ခဲ့ပေမယ့် ဘောမရှိတဲ့ အိမ်ကျယ်ဘိုင်ဒန်ကတော့ လက်ဗလာနဲ့သာ ပြန်လာရပါတယ်။ ဂျပန်ကလည်း သူတို့ ပြဿနာနဲ့သူတို့၊ ဖိလစ်ပိုင်ကိုလည်း တရုပ်လက်မပါခင် ပြန်မဆွဲနိုင်လို့ စစ်စခန်းတွေပါ မထားတော့ဘူးဆိုရင် အာရှမှာ ချိန်ခွင်လျှာ တော်တော်ပြောင်းသွားနိုင်ပါတယ်။ ရဲရင့်ထက်မြက်တဲ့ ထရမ့်လက်ထဲမှာ နျူခလုတ်ထားရတာကို အီးထွက်မတတ် ကြောက်ပြနေခဲ့ကြတဲ့ ဒီမိုကရက်တွေက အခုလို ကဘောက်တိကပေါက်ချာတွေContinue reading “မေ ၂၃ ရက် ၂၀၂၂”
မေ ၂၂ရက် ၂၀၂၂
ပလိုးစီက အကန့်အသတ်မရှိ ကိုယ်ဝန်ဖျက်ချတာကို ဖက်ဒရယ်အဆင့် ခွင့်ပြုဖို့ ကြိုးစားနေတာကို သူနေတဲ့ ဆန်ဖရန်စ္စကိုမြို့က အာ့ခ်ဘိရှော့က သူမကို ရွေးချယ်ခွင့် နှစ်ခုပေးလိုက်ပါတယ်၊ သူမအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ အားပေးနေတာကို ရပ်တန့်ဖို့နဲ့ မရပ်တံ့ခဲ့ရင် သူမကိုယ်သူမ ကက်သလစ်ဘာသာဝင်လို့ မပြောဖို့တွေ ဖြစ်ပါတယ်။ အဲဒီလို မရွေးချယ်ခဲ့ရင် သူတို့ဘုရားကျောင်းက ဟိုလီကွန်မြူနီယံကို လာခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရင်ကတဲက ကိုယ်ဝန်ဖျက်ချတာကို ဒီမိုကရက်တွေက ထောက်ခံလေ့ရှိပေမယ့် အကန့်အသတ်မရှိ မဟုတ်ခဲ့ကြသလို လူသိရှင်ကြားလည်း ပြောလေ့မရှိကြပါဘူး။ အာ့ခ်ဘိရှော့က အဲဒီလိုပြောလိုက်တဲ့အပေါ်မှာ အက်စ်အက်ဖ်အိတ်ဇမင်းနာ အယ်ဒီတာအဖွဲ့က အဆိုပါ အာ့ခ်ဘိရှော့ကို ဖြုတ်ပစ်ဖို့ ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုလိုက်ပါတယ်။ ပလိုးစီနှပ်ပစ်ခံရတာ ဒီတခုထဲတော့ မဟုတ်ပါဘူး။ မြောက်အိုင်ယာလန်ကိစ္စ အငြင်းပွားမှုမှာ အီးယူနဲ့ ယူကေကြား ဝင်ပါခဲ့လို့ ယူကေက ဒီမိုကရက်တစ်ယူနီယံနစ်ပါတီခေါင်းဆောင် ဆာဂျက်ဖရီဒေါ်နယ်လ်ဆန်ကContinue reading “မေ ၂၂ရက် ၂၀၂၂”
မေ ၂၁ ရက် ၂၀၂၂
တသက်လုံးထောက်ခံလာတဲ့ ဒီမိုကရက်တွေကို အခုကစပြီး မဲမပေးတော့ဘူး၊ ရီပါဘလစ်ကန်ကိုပဲ မဲပေးတော့မယ်လို့ ပြောလာတဲ့ အီလွန်မတ်စ်ကို ဒီမိုကရက်ကို မထောက်ခံသူတွေ ကြုံတွေ့ရတဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်ရေးထိုးနှက်မှုတွေ၊ လိင်ကိစ္စ စွပ်စွဲမှုတွေနဲ့ အောက်လုံးထိုး တိုက်ခိုက်လာကြပါတယ်။ သူ့တက်စ်လာကုမ္ပဏီကိုပါ S&P 500 ESG ကပါ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းမှာ အီလွန်မတ်စ်က သူ့ကို တိုက်ရိုက် အစီရင်ခံရမယ့် အမာခံတရားစီရင်ရေးဌာနကို ဖွဲ့စည်းဖို့ စီစဥ်လိုက်ပါတယ်။ ပယ်ရှားလိုက်တဲ့ အကြောင်းပြချက်က အသားအရောင်ခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ အမှုဖြစ်ဖူးတာရယ်၊ အော်တိုပိုင်းလော့မှာ ကာတိုက်ဖူးတာရယ်ကြောင့်လို့ ရိုက်တာက ရေးပေမယ့် S&P ESG ကို ဦးဆောင်သူ မာဂရက်ဒွန်းကတော့ တက်စ်လာက သူ့ကားတွေ ကာဗွန်ထုတ်လွှင့်မှုနည်းတဲ့ အကြောင်းတွေကို အသေးစိတ်ရေးသားထုတ်ဝေမထားတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တခြားကားတွေမှာ ယူစာမန်နျူရယ်စာအုပ်ပါပေမယ့် တက်စ်လာမှာContinue reading “မေ ၂၁ ရက် ၂၀၂၂”