By Joseph Mercola January 28, 2022 Story at-a-glance There’s an even worse offender than sugar for your immune system and overall health: industrially processed seed oils, often referred to as “vegetable oils” At the root of the harmful biochemical reactions triggered by seed oils is linoleic acid, the primary fatty acid found in polyunsaturated fatty acids (PUFAs)Continue reading “The Worst Ingredient for Your Immune System”
Category Archives: Uncategorized
ဇန်နဝါရီ ၂၈ ရက် ၂၀၂၂
မနေ့ကတင်တဲ့ Supreme Court Justice Breyer အနားယူမယ်ဆိုတာ တရားဝင်ကြေငြာသေးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အနားယူမှာတော့ သေချာတယ်လို့ ဆိုပါတယ်၊ မယူယူအောင်လည်း ဖိအားပေးနေကြပုံ ရပါတယ်။ လောလောဆယ် Supreme Court မှာ အင်အားက ၆-၃ ဖြစ်နေတော့ ဒီမိုကရက်တွေ ဆီးနိတ်မှာ ၅၀ ရနေတုန်း ငယ်ငယ်ရွယ်ရွယ် လက်ဝဲစွန်းတယောက်ယောက်တင်မှ ဖြစ်မယ်လို့ တွက်ကြတာဖြစ်မှာပါ။ ၂၀၂၀တုန်းက ဆုံးသွားတဲ့ Ginsberg ကိုလည်း အနားယူစေချင်လို့ စကားခေါ်နေခဲ့ကြတာပါပဲ။ အိုနေပြီဆိုတော့ ထရမ့်လက်ထက်မှာ လစ်လပ်သွားခဲ့ရင် ကွန်ဆာဗေးတစ်တရားသူကြီး တက်ဖို့က များနေတာကိုး၊ အဲဒီအတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ခုတော့ အဲဒီလိုမဖြစ်အောင် ကြိုစီစဥ်ကြတာပါ။ ပြဿနာက ဒီကိစ္စက ထိပ်ပိုင်းကလူတွေကြား ဆွေးနွေးကြတာဖြစ်ပြီး အခုလို သတင်းပေါက်ကြားတာက တော်တော်ကို ဖြစ်ခဲပါတယ်လို့Continue reading “ဇန်နဝါရီ ၂၈ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၇ ရက် ၂၀၂၂
ဒီမိုကရက်တွေက အခုမှ ယူကရိန်းနယ်စပ်ကို ကျူးကျော်ရဲကျော်ကြည့်တို့ နယ်စပ်ကို ကျူးကျော်တယ်ဆိုတာ အချုပ်အချာအာဏာကို စော်ကားတာတို့ လျောက်ပြောနေပေမယ့် အိုဘားမားလက်ထက် ၂၀၁၄တုန်းကလည်း ရုရှားတွေ ခရိုင်းမီးယားကို ကျူးကျော်ပြီး လအနည်းငယ်အတွင်း ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေဖြန့်ချထားခဲ့တာ၊ စစ်ရေးပြင်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ ပန်တဂွန်က ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတော့ ယူကရိန်းစစ်သားတွေအတွက် ရိက္ခာရာရှင်တွေပို့ပေးခြင်းဖြင့် အကြီးအကျယ် ကူညီခဲ့ပါတယ်။ ဘုရှ်အငယ်တုန်းကလည်း ဂျော်ဂျီယာနဲ့ ရုရှားစစ်မဖြစ်ခင် ရာဇသံတွေ ပေးခဲ့တာပါပဲ။ အီရတ်ကို ပူးတွဲစစ်ဆင်ရေးအတွက် ရောက်နေတဲ့ ဂျော်ဂျီယာစစ်တပ်ကို ဂျော်ဂျီယာကို လေယာဥ်တွေနဲ့ ပြန်ပို့ပေးခဲ့ပါတယ်။ ပင်လယ်နက်ထဲကို ရေတပ်သင်္ဘောတွေပို့တာကတော့ ၅ရက်ကြာ စစ်အပြီး အပစ်အခတ်တွေရပ်ပြီး ၁၀ရက်ကြာမှ လူသားချင်းစာနာမှုအထောက်အပံ့တွေ သွားပို့တာပါ။ စစ်ကလည်း ရုရှားက သူ့ဖာသာသူ ရှေ့ဆက်မတိုးတော့တာလို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံကို အပြီးဝင်တိုက်ဖို့တို့ တက်သိမ်းဖို့တို့ဆိုတာ အရင်းအနှီးကြီးပါတယ်။ အဲဒါကြောင့်Continue reading “ဇန်နဝါရီ ၂၇ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၆ ရက် ၂၀၂၂
ဒီနေ့ကတော့ ဘိုင်ကြီးနေ့လို့ပဲ ပြောရမယ်ထင်ပါတယ်။ မနေ့ကတနေ့လုံးမှာ ဘိုင်ကြီးက အစည်းအဝေးတခုလားရှိတာကို သတင်းထောက်က ထောက်ပြပြီး သူ့ရဲ့တနေ့တာအစီအစဥ်ကို ပြောလို့ ရမလားမေးခဲ့ပါတယ်။ ပြန်ဝန်ကတော့ ထုံးစံအတိုင်း ဖာပါတယ်၊ လျောက်ပြောပါတယ်။ ဗီဒီယိုတွေထဲမှာတော့ ဘိုင်ကြီးက အမျိုးသမီးအဝတ်ဆိုင်တွေ လျောက်ကြည့်လိုက်၊ ရေခဲမုန့်ဆိုင်လေးမှာစားလိုက်နဲ့ တိုင်းပြည်မှာ/ကမ္ဘာမှာ ဘာမှဖြစ်မနေသလို သာသာယာယာပါပဲ။ ရှောန်ဟန်နတီကတော့ ပြီးခဲ့တဲ့ရက်က ဘိုင်ကြီးသတင်းစာရှင်းလင်းပွဲတုန်းက အထစ်အငေါ့တွေ များလွန်းတဲ့ ဗီဒီယိုကို ပြပြီး ကြည့်လေ သူက သမ္မတတယောက်ရဲ့တာဝန်တွေ မထမ်းဆောင်နိုင်တော့တာ ထင်ရှားတယ်၊ အိမ်ဖြူမှာ ကြိုးကိုင်နေသူတယောက်တော့ ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။ ဘယ်သူကြိုးကိုင်တယ်ဆိုတာတော့ အများသိပြီးလည်းဖြစ်၊ ထုတ်ပြောလို့ကောင်းတဲ့ကိစ္စလည်း မဟုတ်တော့ ရှောန်က ပြောတော့ မသွားပါဘူး။ မစ္စတာဘောင်းဝေါင်းကလွဲလို့တခြားသူဖြစ်နိုင်ဖို့ ခက်ပါတယ်။ ထရမ့်လက်ထက်မှာ အမည်မည်းစာရင်းထဲ ထည့်ထားခံရတဲ့ ဟ-ဝ ဖုံး/နည်းပညာကုမ္ပဏီက ဒီမိုကရက်တွေကို အကြီးစားငွေလှူနေတဲ့Continue reading “ဇန်နဝါရီ ၂၆ ရက် ၂၀၂၂”
Frontline Doctor Highlights His Preferred COVID-19 Treatments
While the Omicron variant of the the CCP (Chinese Communist Party) virus seems to be causing less severe disease than the Delta variant, it’s still landing some people in hospitals, highlighting the need for effective treatment before cases progress to that stage, a frontline doctor says. Dr. Syed Haider has treated more than 4,000 COVID-19-positive patients so far duringContinue reading “Frontline Doctor Highlights His Preferred COVID-19 Treatments”
ဇန်နဝါရီ ၂၅ ရက် ၂၀၂၂
အသက် ၈၁နှစ်ရှိပြီဖြစ်တဲ့ နန်စီပလိုးစီက ဒီနှစ်နိုဝင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ်လို့ ကြေငြာလိုက်တာကြောင့် သူမအနားယူမှာလားလို့ သိချင်နေသူတွေရဲ့ သံသယကို ချေဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့ နှစ်နှစ်သက်တမ်းအတွက် အရွေးခံတဲ့ထဲမှာ သူမက အကြီးဆုံးတော့ မဟုတ်ပါဘူး၊ အရင်က အသက် ၉၀ကျော်ပြီးထိ အရွေးခံနေသူတွေ ရှိခဲ့ပါတယ်။ အသက်အလွန်ကြီးနေတဲ့ အမတ်တွေရဲ့ ၉၀%ကျော်က ဒီမိုကရက်ပါတီကဖြစ်ပါတယ်။ အသက်ဆိုတာနံပါတ်တခုလို့ ပြောကြပေမယ့်လည်း စကားတွေ တောင်ရောက်မြောက်ရောက်ဖြစ်နေပြီဆိုရင်တော့ နားသင့်ပြီလို့ ထင်ပါတယ်။ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ရင် သင့်နဲ့ သင့်မိသားစုကို လုံခြုံကောင်းမွန်တဲ့ ဘဝတည်ဆောက်ဖို့ အထောက်အကူမပြုမှာကြောင့် မရွေးကြဖို့ လိုပါတယ်။ Customs and Border Protection က ဟောင်ကောင်က တင်သွင်းလာတဲ့ ယာဥ်မောင်းလိုင်စင်အတု ၁၀၀၀ ကျော်ကို အင်ဒီယားနားပြည်နယ်က Indianapolis မှာ ဖမ်းမိလိုက်ပါတယ်။Continue reading “ဇန်နဝါရီ ၂၅ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၄ ရက် ၂၀၂၂
ဘိုင်ဒန်က ပူတင်နဲ့ တွေ့တုန်းက ရုရှားတွေဆိုင်ဘာတိုက်ခိုက်မှုလုပ်တာက အရေးကြီးတဲ့ ကဏ္ဍ၁၆ခုကို မထိဘူးဆိုရင် အမေရိကန်က အိုကေပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသာဓကရှိထားတော့ ယူကရိန်းကို နဲနဲကျူးကျော်တယ်ဆိုရင်လည်း အများကြီး အရေးမယူပါဘူးလို့ ပြောခဲ့တာက နောက်မှအိမ်ဖြူဝန်ထမ်းတွေက ဘယ်လောက်ပဲလိုက်ဖာဖာ ပူတင်က အတည်ယူတော့မှာလို့ တွေးလို့ရပါတယ်။ ယူကရိန်းသမ္မတကတော့ ဘယ်ကျူးကျော်မှုမှ မသေးဘူး၊ ဘယ်အချုပ်အချာအာဏာပိုင်နိုင်ငံမှလည်း နိုင်ငံသေးမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ ရုရှားက ကျူးကျော်လို့ စစ်ဖြစ်ခဲ့ရင် အမေရိကန်တွေကို ကယ်ထုတ်ဖို့ မဖြစ်နိုင်တဲ့အတွက် ယူကရိန်းကို သွားဖို့မသင့်တဲ့ နိုင်ငံစာရင်းထဲ ထည့်လိုက်ပြီး အမေရိကန်သံရုံးမိသားစုတွေကို ပြန်ခေါ်ခဲ့တာကလည်း ရုရှားက အသေအချာဝင်တော့မှာလို့ နမိတ်ပြနေသလိုပါပဲ၊ ယူကရိန်းသမ္မတက သံရုံးမိသားစုတွေက ရာဇဝတ်မှုတွေ မတရားတက်နေတဲ့ အမေရိကန်မှာထက် ယူကရိန်းမှာက ပိုတောင် လုံခြုံသေးတယ်လို့ တုန့်ပြန်ပါတယ်။ ရုရှားကတော့ ယူကရိန်းနယ်စပ်မှာ တပ်အင်အား တသိန်းလောက်Continue reading “ဇန်နဝါရီ ၂၄ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၃ ရက် ၂၀၂၂
ဒီတပတ်အတွင်း ဘိုင်ဒန်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ဆီးနိတ်ရီပါဘလစ်ကန် ခေါင်းဆောင် မက်ကောနယ်လ်ကို ဖောက်စ်နယူးစ်က ဘရက်ဘေယာက မေးမြန်းထားပါတယ်။ ဘိုင်ဒန်က ရုရှားအနေနဲ့ ယူကရိန်းမှာ အငယ်စားကျူးကျော်မှုလေး လုပ်ခဲ့တယ်ဆိုရင် သူ့အနေနဲ့ အရေးယူမှူ ကြီးကြီးမားမား မလုပ်ပါဘူးလို့ ပြောခဲ့တာပါ။ အဲဒီအတွက် သူ့ကို ရုရှားယူကရိန်းကိုဝင်ဖို့ မီးစိမ်းပြလိုက်တယ်လို့ ပြောနေကြလို့ အိမ်ဖြူဝန်ထမ်းတွေက အဲဒီလိုမဟုတ်ပါဘူးလို့ ထွက်ဖာရပြန်ပါတယ်။ သတင်းထောက်တဦးကလည်း ဘာဖြစ်လို့ ပူတင်အကွက်စရွှေ့တာကို စောင့်နေတာလဲလို့ မေးတာကိုတော့ ဘိုင်ဒန်က စတူးပစ်ကွက်ရှင်လို့ စော်ကားပြီး ဟားခဲ့ပါတယ်။ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်ဆိုရင်တော့ ရန်သူ့ထက် ၂ကွက် ၃ကွက်ကြိုရွှေ့ထားမှာဖြစ်လို့ ထိပ်တိုက်တွေ့တဲ့အခြေအနေကို ရောက်လာဖို့ သိပ်မလွယ်ပါဘူး။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က မက်ကောနယ်လ်ကိုလည်း သူအောင်မြင်သွားမှာစိုးလို့ သူလုပ်သမျှ လိုက်ပြီး ကဖျက်ယဖျက်လုပ်နေသူအဖြစ် စွပ်စွဲသွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ မက်ကောနယ်လ်ကContinue reading “ဇန်နဝါရီ ၂၃ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၂ ရက် ၂၀၂၂
၂၀၀၁ မတ်လဆိုရင် အာဖဂန်က ဘာမယံရပ်တော်မူဗုဒ္ဓဘုရားရုပ်ပွားတော်ကြီးနှစ်ဆူကို တာလီဘန်တွေ ဗုံးခွဲဖျက်ဆီးခဲ့တာ အနှစ် ၂၀ပြည့်တော့မှာပါ။ ဘာမယံရုပ်ပွားတော်တွေက ၂ဆူဖြစ်ပြီး ၁၂၅ပေမြင့်တဲ့ အရှေ့ဖက်ကအဆူကို ၅၇၀အေဒီမှာ ထွင်းထုခဲ့ပြီး ပေ၁၈၀မြင့်တဲ့ အနောက်ဖက်က အဆူကိုတော့ ၆၁၈အေဒီတုန်းက တောင်စောင်းက ကျောက်တောင်ထဲမှာ ထွင်းထားတာဖြစ်ပါတယ်။ ဆင်းတုတော်နားက စာတွေက ပါးရှန်းလူမျိုးစုထဲကတခုရဲ့ စာတွေဖြစ်ပါတယ်။ အဲဒီစော်ကားဖျက်ဆီးမှုရဲ့ အနှစ် ၂၀ နှစ်ပတ်လည်အဖြစ် တရုပ်ပြည်မှာလည်း တိဗက်က ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခြင်းဖြင့် ဂုဏ်ပြုခဲ့ပါတယ်။ ဂါဇေးတိဘက်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ”ဒေသရဲ့ ဒရာဂိုကောင်တီမှာ ၉၉ပေမြင့်တဲ့ ရုပ်ပွားတော်ကြီးကို မြင့်လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုပ်အစိုးရက ဖျက်ဆီးခဲ့ပြီး မြင့်လွန်းတယ်ဆိုတဲ့ ရုပ်ပွားတော်တင်မက တိဘက်တွေ ဆုတောင်းရွတ်ဖတ်ရာမှာ အသုံးပြုတဲ့ ဘီးတွေကိုဖြုတ်ပစ်၊ အလံတွေမီးရှို့၊ ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ၉ရက်ကြာပြုလုပ်ခဲ့ပါတယ်။ ပိုယုတ်မာတယ်လို့ ပြောလို့ရမယ့်အချက်ကတော့ တရုပ်အစိုးရကContinue reading “ဇန်နဝါရီ ၂၂ ရက် ၂၀၂၂”
ဇန်နဝါရီ ၂၁ ရက် ၂၀၂၂
နယူးယောက်မြို့က အမေရိကန်သဘာဝသမိုင်းပြတိုက် အပြင်မှာ ထားရှိတဲ့ အမေရိကန်ရဲ့ ၂၆ဦးမြောက် သမ္မတ သီအိုဒိုရုစဗဲ့ရဲ့ ၁၀ပေမြင့်တဲ့ မြင်းစီးကြေးရုပ်တုကြီးကို ကရိန်းတွေသုံးပြီး ငွေ ၂သန်း အကုန်ခံကာ ဖယ်ရှားလိုက်ပါတယ်။ တည်ထားခဲ့တာကတော့ ၁၉၄၀ခုနှစ်ပါ။ အဲဒီရုပ်တုဟာ ဘေးက အမေရိကန်အင်ဒီးယန်းတဦးနဲ့ လူမည်းတဦးတို့ ဘေးက ခြံရံလမ်းလျောက်လိုက်ပါလာတဲ့ပုံ ထုထားတာပါ။ အဲဒီရုပ်တုကို လွန်ခဲ့တဲ့ အနှစ် ၈၀လုံး ဘယ်သူတွေက အပြစ်မြင်ခဲ့တယ်လို့ တခါမှ မကြားခဲ့ဖူးပေမယ့် အခုအခါမှာတော့ ကိုလိုနီစနစ်နဲ့ လူမျိုးရေးခွဲခြားမှုကို အမွှမ်းတင်တဲ့ပုံလို့ သတ်မှတ်ပြီး ဆန္ဒပြတာတွေ ဖြစ်လာကြတာကြောင့် ပယ်ရှားခဲ့တာပါ။ ဒီရုပ်တုကိုတော့ မြောက်ဒါကိုတာပြည်နယ်မှ စာကြည့်တိုက်တခုက နှစ်ရှည်ငှားရမ်းလိုက်ပါတယ်။ သမိုင်းကို သမိုင်းလို့ပဲ မြင်ပြီး ကောင်းတာဆိုရင်လည်း ဂုဏ်ယူရ အတုခိုးရအောင် မကောင်းတာဆိုရင်လည်း သင်ခန်းစာအဖြစ်နဲ့ နောက်မဖြစ်အောင် သတိပေးတဲ့အနေနဲ့ပဲ ယူသင့်တယ်လို့Continue reading “ဇန်နဝါရီ ၂၁ ရက် ၂၀၂၂”