Dr. Martin Luther King Jr က လွတ်လပ်တဲ့စီးပွားရေးစနစ်ကသာ ကောင်းသောအကျိုးရလာဒ်တွေကို ဆောင်ကျဥ်းပေးလာမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်အများစုနိုင်ငံအဖြစ် သွားမယ်ဆိုရင် ကြွယ်ဝချမ်းသာမှုပိုမိုမျှတရမှာဖြစ်ပေမဲ့ ကွန်မြူနစ်/ဆိုရှယ်လစ်စနစ်တွေကိုတော့ သွားဖို့မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်စနစ်ဆိုတာ ရုပ်ဝါဒလွမ်းမိုးမှုများတဲ့အပြင် သူတို့ရဲ့ လူ့ကျင့်ဝတ်တွေဟာလည်း အခြားသူတွေလက်ခံနိုင်မယ့်အနေအထားမရှိတဲ့အတွက် ဘယ်ခရစ်ယာန်ဘာသာဝင်မှ လက်ခံနိုင်မှာမဟုတ်ပါဘူးလို့ ပြောသွားပါတယ်။ Dr. King က ဆက်လက်ပြီး လူမည်းတွေသာမြင့်မြတ်တယ်ဆိုတဲ့ အယူအဆကလည်း လူဖြူတွေသာမြင့်မြတ်တယ် ဆိုတဲ့အယူအဆလို ဆိုးရွားတာပါပဲ။ ကျွန်တော်တို့ဟာ လူမည်းလွတ်လပ်ရေး၊ လူညို/လူဝါလွတ်လပ်ရေးဆိုတာထက် လူသားအားလုံးလွတ်လပ်ဖို့ ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောသွားပါသေးတယ်။ DEPAUW.EDUCivil Rights Leader Rev. Martin Luther King Jr. Speaks on the DePauw Campus – DePauw University”BlackContinue reading “Dr. Martin Luther King Jr”
Category Archives: Uncategorized
ဒီဇင်ဘာ ၁၄ ရက် ၂၀၂၁
နယူးယောက်ပြည်နယ်ရဲ့ Joint Commission on Public Ethics က ပြီးခဲ့တဲ့နှစ်က ရောင်းအားအကောင်းဆုံး စာရင်းဝင်သွားတဲ့ ဂါဗာနာပြုတ် ကိုမိုရဲ့ American Crisisဂ Leadership Lessons from the COVID-19 Pandemic စာအုပ်ရောင်းရတာက ရတဲ့ ဒေါ်လာ ၅.၁ သန်းထဲက ၅သန်းကို ရက် ၃၀အတွင်း ရှေ့နေချုပ်ရုံးကို လွှဲပြောင်းပေးဖို့ ၁၁-၂ မဲနဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကိုမိုကတော့ ပြန်တရားစွဲဖို့ ရှေ့နေငှားထားပြီးပါပြီ။ သူ့ရဲ့စာအုပ် deal ကိုလည်း ပြည်နယ်ရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ရာထူးယူထားသူတွေက ရာထူးမှာ ရှိနေစဥ် နောက်အလုပ်တခု လုပ်ခွင့်မရှိပါဘူး။ ကိုယ်ပိုင်အချိန်မှာ လုပ်လို့ရတယ်ဆိုပေမယ့် အလုပ်သဘောသဘာဝအရ ပြည်သူအတွက် လိုအပ်ချိန်တိုင်းမှာ အဆင်သင့်ဖြစ်နေရမယ့်အပြင် ပန်ဒဲမစ်ကာလလည်းContinue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၁”
ဒီဇင်ဘာ ၁၂ ရက် ၂၀၂၁
ဒီတပတ်ထဲ အမေရိကန် ကုန်းတွင်းပိုင်းပြည်နယ်တွေမှာ အချိန်အခါမဟုတ် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်သွားမှုကြောင့် လူ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး သေဆုံးစာရင်းက ၁၀၀ ကျော်သွားနိုင်တယ်လို့ ဆိုပါတယ်။ မိုင် ၂၀၀ကျော်ရှည်တဲ့ လေဆင်နှာမောင်းလမ်းကြောင်းမှာ သေဆုံးသူများအပြင် ပျောက်ဆုံးနေသေးသူများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ အိုးအိမ် ပစ္စည်းဥစ္စာ အပျက်အစီးအများအပြား ဖြစ်ပွားခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားသူများ ကောင်းရာမွန်ရာမှာ အေးချမ်းနိုင်ကြပါစေ၊ ကျန်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဘဝကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘိုင်ဒန်ရဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် ထုတ်ပြန်တဲ့ ဗက်ဆင်းမန်ဒိတ်ကို တရားရုံးတွေက အသီးသီး ပယ်ချနေကြပေမယ့် တပ်ထဲက လူတွေအတွက်တော့ ကူရာမဲ့ ဖြစ်နေဆဲပါ။ အမေရိကန် တိုက်ရေယာဥ် တစီးဖြစ်တဲ့ USS Winston S. ChurchillContinue reading “ဒီဇင်ဘာ ၁၂ ရက် ၂၀၂၁”
ပညာရေးနှင့် အတွေးအခေါ် သင်းသပ်ခြင်း အနုပညာ
အမေရိကန်မှာ အတန်းကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ၊ အလုပ်ခွင်တွေနဲ့ တပ်တွေထဲမှာ အတွေးအခေါ်ပုံစံသွင်းခံနေရတာ နှစ်ကြာလာတာနဲ့အမျှ လက်ဝဲစွန်းအယူအဆတွေကို တန်ပြန်မေးခွန်းထုတ်ခြင်းမျိုးမပြုပဲ ပုံမှန်လို လက်ခံလာနေကြပါတယ်။ လက်ဝဲဝါဒ ဆန့်ကျင်သူတွေကို မီဒီယာကရော ဆိုရှယ်မီဒီယာကရော ဦးနှောက်ဆေးခံထားရတဲ့ အဖွဲ့အစည်းတွေကရော ပညာပေးကြတာ မကြာမကြာတွေ့နေရတော့ သိပ်သဘောမတူရင်တောင် နှုတ်ဆိတ်နေလိုက်တာက အန္တရာယ်ကင်းတယ်လို့ မြင်လာကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံစံခွက်ထဲ သွပ်သွင်း သင်းသပ်ခြင်းမှာ နှစ်ပိုင်းရှိတာ တွေ့ရပါတယ်။ တပိုင်းက အမေရိကန်တွေ တန်ဖိုးထားတဲ့ အမေရိကန်ကို ဂုဏ်တက်စေတဲ့ သမိုင်းကြောင်းတွေကို အမှားတွေ အလိမ်တွေလို့ တံဆိပ်တပ်ပြီး အမေရိကန်ကို မုန်းအောင် အမေရိကန်ဖြစ်ရတာ ရှက်စရာဖြစ်အောင် အတွေးအခေါ် သင်းသပ်တာပါ။ ဥပမာပေးရရင် ကျွန်စနစ်ကို အမေရိကန်က စခဲ့တာမဟုတ်သလို ကျင့်သုံးခဲ့တာလည်း အမေရိကန် တနိုင်ငံတည်း မဟုတ်ပါဘူး။ တကမ္ဘာလုံးပါ။ အမေရိကန်ကContinue reading “ပညာရေးနှင့် အတွေးအခေါ် သင်းသပ်ခြင်း အနုပညာ”
ဒီဇင်ဘာ ၈ ရက် ၂၀၂၁
ထရမ့်ကို ထောက်ခံတဲ့ အောက်လွှတ်တော်အမတ် Matt Gaetz က ၂၀၂၂ ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်အများစုနိုင်ခဲ့ရင် ထရမ့်ကို လွှတ်တော် ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ခန့်အပ်ဖို့ လှုံ့ဆော်ကြိုးစားနေပါတယ်။ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူက အင်္ဂါစဥ် ၃ ဖြစ်ပြီး သမ္မတနဲ့ ဒုသမ္မတတို့ မရှိတော့လျင် (သို့) တာဝန်မထမ်းဆောင်နိုင်ခဲ့လျင် သမ္မတရာထူးကို ရယူရမယ့်သူပါ။ အဲဒီရာထူးကိုရဖို့ လွှတ်တော်အမတ် ဖြစ်စရာ မလိုဘူးလို့ ဆိုပါတယ်။ သမ္မတထရမ့်ကို သူ့ရဲ့ အကြံအစည်ပြောထားတယ်ဆိုပေမယ့် လက်ခံမယ်/မခံဘူးဆိုတာကိုတော့ ထရမ့်ဘက်က ပြောရေးဆိုခွင့်ရှိသူတွေက အကြောင်း မပြန်သေးပါဘူး။ တခုပဲရှိတာက လွှတ်တော်ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သမ္မတနေရာကို ရောက်ဖို့ဆိုလျင် သမ္မတကို အောင်အောင်မြင်မြင် impeach လုပ်ပြီး ဖြုတ်ချရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်ကို impeachment ဖြတ်ဖို့က ထက်ဝက်ကျော်မဲရဖို့ အခက်အခဲမရှိပေမယ့် အထက်လွှတ်တော်မှာ ၃ပုံContinue reading “ဒီဇင်ဘာ ၈ ရက် ၂၀၂၁”
ဒီဇင်ဘာ ၇ ရက် ၂၀၂၁
အိပ်မပျော်သူတွေအတွက် မစွဲပဲ အိပ်ပျော်စေတဲ့ ဆေးတမျိုးဖြစ်တဲ့ မယ်လာတိုနင်ဆေးက ကိုဗစ် ပေါ့စတစ်ဖြစ်နိုင်ခြေကို လျော့ချပေးရုံမက သွေးခဲတာ၊ အဆိပ်တက်တာနဲ့ ကိုဗစ်ကြောင့် ဖြစ်ရတဲ့ ဆိုးရွားတဲ့ လက္ခဏာတွေကို ရှောင်ရှားနိုင်တဲ့အပြင် ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရတာတွေကိုပါ လျော့ချနိုင်စွမ်းရှိကြောင်း တွေ့ရှိရတယ်လို့ အဓိကစမ်းသပ်ချက် ၂ခုမှာ ဖော်ပြထားကြောင်း သိရပါတယ်။ ဒါ့အပြင် ကိုယ်ခံအား ထိန်းညှိခြင်း၊ အကျိတ်အခဲများ ကြီးထွားခြင်းမှ ရပ်တံ့စေခြင်း၊ ကယ်လ်စီယံအပေါ် မှီခိုနေရတဲ့ ဇီဝဖြစ်စဥ် စတာတွေအပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ မယ်လာတိုနင်ကို ခန္ဓာကိုယ်ထဲက တစ်ရှုးတော်တော်များများက ထုတ်နိုင်ပေမယ့် အဓိကထုတ်လုပ်ပေးနေတာကတော့ ဦးနှောက်အလယ်နားမှာရှိတဲ့ pineal gland ဆိုတာလေးက ထုတ်ထာများပါတယ်။ စမ်းသပ်ချက်တွေမှာ မလာတိုနင်ပေးထားတဲ့ အုပ်စုမှာ သေနှုန်း ၁.၂ % ရှိပြီး မပေးတဲ့အုပ်စုမှာ ၁၇.၁%Continue reading “ဒီဇင်ဘာ ၇ ရက် ၂၀၂၁”
ဒီဇင်ဘာ ၆ ရက် ၂၀၂၁
ဘိုင်ဒန်အစိုးရက ပေကျင်းမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ကို တရုပ်စီစီပီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကြောင့် သံတမန်ရေးရာအရ သပိတ်မှောက်မယ်လို့ ကနေ့ကြေငြာပါတယ်။ သံတမန်ရေးအရဆိုတာက အစိုးရအရာရှိ မလွှတ်ဘူးလို့ပဲ ပြောတာပါ။ အသင်းတွေ သွားမပြိုင်ဘူးလို့ မပြောပါဘူး။ သွားပြိုင်မယ့်သူတွေကို ငါတို့ ဒီကနေ အားပေးနေမှာပါလို့ ဘိုင်ဒန့်ပြန်ဝန်က ပြောသွားပါတယ်။ ဒီမိုကရက်တွေက ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်တတ်တဲ့ နေရာမှာ ပြိုင်စံရှားပါပဲ။ အစိုးရပိုင်းမသွားတော့ တခုခု ပြဿနာရှိရင် ကိုယ့်နိုင်ငံသားတွေကို ကိုယ်မကာကွယ်နိုင်တာကလွဲလို့ ဘာမှ ထူးသွားမှာမဟုတ်တော့ တရုပ်ကြီးက အပြုံးမပျက်ပါပဲ။ အမျိုးသမီးတင်းနစ်အသင်း (WTA) ကတော့ စီစီပီထိပ်တန်းအရာရှိတဦးနဲ့ လိင်ပိုင်းပတ်သက်ခဲ့တဲ့ တရုပ်တင်းနစ်မယ် ပန်းရွှေ ပျောက်ဆုံးသွားတာကြောင့် အိုလံပစ်အပါအဝင် တရုပ်ပြည်မှာ ကျင်းပမယ့် တင်းနစ်ပွဲတွေကို သပိတ်မှောက်မယ်လို့ ခပ်စောစောထဲက ကြေငြာထားတာပါ။ အဲဒါကိုContinue reading “ဒီဇင်ဘာ ၆ ရက် ၂၀၂၁”
ဒီဇင်ဘာ ၅ ရက် ၂၀၂၁
The Cato Institute’s နောက်ဆုံးအစီရင်ခံစာဖြစ်တဲ့ Freedom in the 50 states မှာ ပြည်နယ်၅၀ရဲ့ ငွေကြေးပေါ်လစီ၊ အစိုးရဥပဒေများနဲ့ လွတ်လပ်စွာရေးသားပြောဆိုဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ဆောင်ရွက်/လှုပ်ရှားခွင့်စတဲ့ မက်ထရစ်တွေအများကြီးအပေါ်မှာ သုံးသပ်ထားတဲ့ ထုတ်ပြန်ချက်မှာ အနီပြည်နယ်တွေက ပြည်သူတွေ ဘဝအရည်အသွေး မြင့်မြင့်မားမားနဲ့ နေရဖို့ ပိုအားထုတ် လေ့ရှိတယ်လို့ တွေ့ရှိရကြောင်း ဒေးလီးဝိုင်ယာက ဘန်ဇေးစ်လော့ဖ်က တင်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ တခုနဲ့တခု အဖြည့်ခံဖြစ်တဲ့ စီးပွားရေးလွတ်လပ်မှုနဲ့ လူမှုရေးလွတ်လပ်မှုတွေကို ထည့်သွင်း သုံးသပ်ထားပါတယ်။ စီးပွားရေးအရ လွတ်လပ်ပေမယ့် ပုဂ္ဂလိက လွတ်လပ်ခွင့်မမြင့်မားတဲ့ စင်္ကာပူလိုနေရာမှာ လစ်ဘရယ်ထုံးတမ်းစဥ်လာအရ လက်ခံနိုင်တဲ့ လွတ်လပ်မှုမျိုး မရှိသလို ပုဂ္ဂိုလ်ရေးအရ လွတ်လပ်ခွင့်မြင့်မားပေမယ့် စီးပွားရေးလွတ်လပ်မှုမမြင့်တဲ့ အာဂျင်တီးနားမှာ လူတွေရဲ့ အစွမ်းအစ ကုံလုံကြွယ်ဝအောင် ဖန်တီးနိုင်မှု လုံလုံလောက်လောက်Continue reading “ဒီဇင်ဘာ ၅ ရက် ၂၀၂၁”
ဟန်းတားလက်ပ်တော့ပ်ထဲက ထပ်ထွက်လာတဲ့ အစများ
ဟန်းတားဘိုင်ဒန်ရဲ့ လက်ပ်တော့ပ်မှာ ဟန်းတားက သူ့ရဲ့ တရုပ်က ဘောစိများကို ဘယ်သူ့ကို ဘယ်လိုပိုင်ကြောင်း ကြွားထားတာတွေ တွေ့ရတယ်လို့ သိရပါတယ်။ သူပြောထားတဲ့ထဲမှာ ပထမဆင့် ပစ်မှတ်ထားတဲ့ ပရောဂျက်တွေအတွက် ပြည်တွင်းက အရေးပါတဲ့ အဆက်အသွယ်တွေအနေနဲ့ ဂယ်ဗင်နယူဆမ်၊ အန်ဒရူးကိုမို၊ ဆီနိတ်တာများဖြစ်ကြတဲ့ ချပ်ခ်ရှူးမား၊ ခရစ်စတန် ဂျီလီဘရန်းတို့အပြင် ဒိုင်ယန်းဖိုင်းစတိုင်းနဲ့ ကမလာတို့ ပါဝင်ပါတယ်။ နယူဆမ်ကိုတော့ ဟန်းတားရဲ့ သူငယ်ချင်းလို့ ဖော်ပြထားပြီး အဲဒီအချိန်မှာ ပလိုးစီရဲ့တူ နယူဆမ်က ဆန်ဖရန်မြို့ဝန်လုပ်နေဆဲပါ။ ဘိုင်ဒန် ဒုသမ္မတလုပ်နေတုန်းက ဟန်းတားကို တလ ဒေါ်လာ ၈၃,၃၃၃ ပေးထားတဲ့ ယူကရိန်းက ဘူရစ်စ်မာပိုင်ရှင်ကလည်း ဟန်းတားရဲ့ တာဝန်တွေဖြစ်တဲ့ သူတို့အပေါ် နားလည်မှုရှိတဲ့ သံအမတ်ကို ယူကရိန်းမှာထားဖို့၊ သူတို့ကုမ္ပဏီအကြောင်းကို ပရိုက်ဗိတ်ဆက်တာမှာရော ပါ့ဘလစ်ဆက်တာမှာပါ ကောင်းသတင်းပျံ့နှံ့ဖို့၊ ကုမ္ပဏီဥက္ကဋ္ဌကိုContinue reading “ဟန်းတားလက်ပ်တော့ပ်ထဲက ထပ်ထွက်လာတဲ့ အစများ”
ဒီဇင်ဘာ ၄ ရက် ၂၀၂၁
ဘိုင်ဒန်အစိုးရက ခရီးသွားခွင့်ပိတ်ထားတဲ့ အာဖရိက ၈ နိုင်ငံမှာ ၂ နိုင်ငံမှာပဲ မျိုးကွဲသစ်တွေ့ရှိရပြီး ကျန် ၆နိုင်ငံမှာ မျိုးကွဲသစ် လုံးဝ မတွေ့ရှိရသလို တခြားမျိုးကွဲတွေ ဖြစ်ပွားမှု စိတ်နေတာမျိုးလည်း မဟုတ်ဘူးလို့ Today’s News Africa က သတင်းထောက် Simon Ateba က ဖောက်စ်သတင်းဌာနက ဂျက်ဆီ ဝပ်တားစ်ကို ပြောကြားလိုက်ပါတယ်။ အဲဒီအာဖရိက သတင်းထောက်က မျိုးကွဲသစ် လုံးဝမရှိတဲ့ ၆ နိုင်ငံကို မတရားပိတ်လိုက်တာကို မကျေနပ်လို့ ဘိုင်ဒန့်ပြန်ဝန်ကို နေ့စဥ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြမေးခွန်းတွေ မေးခဲ့ပေမယ့် ပြန်ဝန် ဂျန်ဆာကီဖြေတာတွေက လှီးလွှဲဖြေနေသလို ဖြစ်နေတာပါ။ သူက မင်းဖြေတာမှားနေတယ်လို့ ပြောပေမယ့် သူမက နောက်တဦးဆီ ကျော်သွားခဲ့ပါတယ်။ ဘိုင်ဒန်ပြဌာန်းလိုက်တဲ့ ခရီးသွားခွင့်ပိတ်လိုက်တာက အဲဒီမှာတင်Continue reading “ဒီဇင်ဘာ ၄ ရက် ၂၀၂၁”