ကွန်နက်တီကပ်ပြည်နယ်မှာ ၁၃နှစ်သား ၇တန်းကျောင်းသားတဦးက ဖန်တနိုင်းလ်ဆေးလွန်ပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကြာသာပတေးနေ့က ကျောင်းက Gym မှာ လဲကျ သတိလစ်သွားခဲ့လို့ ဆေးရုံပို့ခဲ့ရာက စနေနေ့ညနေမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဆေးလွန်တယ်ဆိုပေမယ့် အများကြိး သုံးထားတာမဟုတ်ပါဘူး၊ သူ့သွေးထဲမှာတွေ့ရတဲ့ opiate က နဲနဲလေးသုံးရင်တောင် သေနိုင်ပါတယ်၊ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ပါတယ်။ နောက်ကလေး ၂ဦးကလည်း မူးမော်တယ်ဆိုလို့ ဆေးရုံပို့ထားပေမယ့် အခုတော့ အိမ်ပြန်ရောက်သွားပါပြီ။ ရဲတွေက အနံ့ခံခွေးတွေသုံးပြီး ကျောင်းထဲရှာဖွေရာမှာတော့ ဖန်တနိုင်းလ်အမှုန့်ပါတဲ့ အထုတ်ကလေး ၄၀ကို စာသင်ခန်း ၂ခန်းနဲ့ Gym မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဖွင့်ထားတဲ့ နယ်စပ်က မူးယစ်ဆေးတွေရော ဆေးဖြန့်တဲ့စနစ်တွေရော အတားအဆီးမရှိ ဝင်နေတဲ့နောက်တော့ ဒီလို အဖြစ်ဆိုးတွေက ပုံမှန်လို ဖြစ်လာတော့မှာပါ။ မျက်မွှေးတဆုံးလောက်ပဲContinue reading “ဇန်နဝါရီ ၁၆ ရက် ၂၀၂၂”
Category Archives: Uncategorized
Joseph Mercola: More Children Die From the COVID Shot Than From COVID?
Joseph Mercola January 15, 2022 Updated: January 15, 2022 Commentary According to published research, children are at risk for potentially lifelong health effects from the jab. Read here to learn what the experts say.Video Player00:0003:27 The video above features Collette Martin, a practicing nurse who testified before a Louisiana Health and Welfare Committee hearing December 6, 2021. Martin claims she and herContinue reading “Joseph Mercola: More Children Die From the COVID Shot Than From COVID?”
ဇန်နဝါရီ ၁၅ရက် ၂၀၂၂
အမြင့်ဆုံးတရားရုံးက လူ၁၀၀အထက် ခန့်ထားတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာသာ ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကို ရပ်ပစ်ခဲ့ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာတော့ ဗက်ဆင်းမန်ဒိတ်ကို ဆက်ထားဖို့ ရီပါဘလစ်ကန်ခန့်တဲ့ တရားသူကြီးတွေဖြစ်တဲ့ ဂျွန်ရောဘတ်နဲ့ ဘရက်ကာဗာနာတို့က ဒီမိုကရက်တရားသူကြီးတွေဖက်က ရပ်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က အဲဒီတရားသူကြီးနှစ်ဦးကို ဇ မရှိဘူး/ပျော့ညံ့တယ်ဆိုတဲ့ သဘောမျိုး ဝေဖန်ခဲ့ပါတယ်။ ၂၀၂၀ တနှစ်လုံးနဲ့ ၂၀၂၁အစောပိုင်းအထိ ကိုဗစ်ကာလရဲ့ အဆိုးဆုံးအချိန်တွေမှာ ဘာကာကွယ်ဆေးမှမရှိပဲ လူတွေကို ကယ်ခဲ့တုန်းက ကျန်းမာရေးဝန်ထမ်းတွေကြောင့် လူနာတွေမှာ ဘာပြဿနာတွေရှိခဲ့သလဲလို့ တွေးကြည့်ရင် အဲဒီဆုံးဖြတ်ချက်က ဖြစ်သင့်/ မဖြစ်သင့် စဥ်းစားနိုင်မှာပါ။ အခုအဲဒီမန်ဒိတ်ကြောင့် ဆေးမထိုးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖြုတ်ပစ်ပြီး လူမလောက်တဲ့အခါကျတော့ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းက ကိုဗစ်ဖြစ်နေရင်လဲ အလုပ်ဆင်းနေရပါတယ်။ အဲဒါက ပိုအန္တရာယ်များ/မများ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဥ်းစားကြပါ။ ဒီနေ့မနက် တက္ကဆက်စ်ကContinue reading “ဇန်နဝါရီ ၁၅ရက် ၂၀၂၂”
ဇန်နဝါရီ ၁၃ရက် ၂၀၂၂
ဘိုင်ဒန်အစိုးရရဲ့ ဝန်ထမ်း၁၀၀အထက် ပုဂ္ဂလိကကုမ္ပဏီတွေအပေါ် ထုတ်ပြန်ထားတဲ့ OSHA ရဲ့ အရေးပေါ်အခြေအနေမှာမှ သုံးရမယ့်အမိန့်ကို ဗက်ဆင်းမန်ဒိတ်ကို အမြင့်ဆုံးတရားရုံးက ၆-၃ နဲ့ ကနေ့ ပယ်ချလိုက်ပါတယ်။ အခုလိုမျိုး လူကိုယ်တိုင် လာရောက်လျောက်လှဲကြတာကို ကြားနာပြီး ဆုံးဖြတ်တာက အမြင့်ဆုံးတရားရုံးမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်က ၁၉၇၀တုန်းကပါ။ တရားသူကြီးအဖွဲ့ထဲမှာလည်း အမြင်တွေ မတူကြလို့ အခြေအတင်မေး/ပြောတာတွေ ရှိပေမယ့် ဒီမိုကရက်ခန့်တဲ့ တရားသူကြီး ဆိုနီယာ ဆိုတိုမေယာ မန်ဒိတ်ထားချင်တဲ့ဖက်က ဆွေးနွေးသွားတာတွေဟာ အခြေအမြစ်မရှိတာတွေ တက်တက်စင်လွဲတာတွေ ဖြစ်နေတာပါ။ အမေရိကန်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီ’ အမြင့်ဆုံးတရားရုံးရဲ့ ယခုဆုံးဖြတ်ချက်က ဘိုင်ဒန်အစိုးရရဲ့ မန်ဒိတ်ကို တရားစွဲတဲ့အပေါ်မှာ ဆုံးဖြတ်တာဖြစ်တဲ့အတွက်ပြည်နယ်တွေ မြို့တွေရဲ့ အလားတူအမိန့်တွေအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် ပြည်နယ်/မြို့အဆင့်က တရားသူကြီးတွေကလည်း အမြင့်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ယူကြမယ်လို့Continue reading “ဇန်နဝါရီ ၁၃ရက် ၂၀၂၂”
ဇန်နဝါရီ ၁၂ ရက် ၂၀၂၂
တရုပ်ပြည်မှာ ဆောင်းအိုလံပစ် ကျင်းပမှာ တလတောင်မလိုတော့တဲ့အချိန်မှာ ဘေဂျင်းနဲ့ နာရီဝက်လောက်သာ ရထားစီးရတဲ့ တီယန်ဂျင်းမြို့မှာ ကိုဗစ်ပိုးတွေ ပျံ့နှံ့နေပါတယ်။ တရုပ်ကတော့ ဇီးရိုးကိုဗစ်ပေါ်လစီကို မိုက်မိုက်မဲမဲ ဆုတ်ကိုင်ထားဆဲပါ။ အိုလံပစ်ကို လာကြမယ့်သူတွေကို ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေ၊ လုပ်အားပေးတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ စားဖိုမှုးတွေ၊ ဘတ်စ်မောင်းသူတွေ အားလုံးကို အိုလံပစ်မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်ကစပြီး ပြင်ပကမ္ဘာနဲ့ လုံးဝမထိတွေ့ရအောင် လုပ်ထားမှာဖြစ်ပါတယ်။ ကစားသမားတွေကိုလည်း နေ့တိုင်း ပိုးရှိ/မရှိ စစ်ဆေးသွားမှာပါ။ ဘယ်လောက်ပဲတင်းကြပ်ထားထား အိုမီခရွန်က ရောက်ချင်လည်း ရောက်လာဦးမှာပါ။ တရုပ်ပြည်မှာ ကိုဗစ်ပိုးကူးစက်တာတွေ အလွန်များနေတဲ့ အကြောင်းရင်းတချို့က သူတို့ကာကွယ်ဆေးက အလုပ်မဖြစ်တာအပြင် ကုသဖို့လည်း နည်းကောင်းလမ်းကောင်း ဆေးကောင်းတွေ သိပ်မရှိတာကြောင့်လို့ ဆိုပါတယ်။ အဲဒါကြောင့် လွှတ်ပေးလိုက်ရင် လုံးဝ ထိန်းမနိုင်သိမ်းမရတာတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန်ပြည်သူတွေ အမြင်မှန်မရပဲ လက်ဝဲလမ်းလိုက်သွားကြရင်Continue reading “ဇန်နဝါရီ ၁၂ ရက် ၂၀၂၂”
ဇန်နဝါရီ ၁၁ ရက် ၂၀၂၂
တောင်ကာရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့မှာ ရီပါဘလစ်ကန်တွေထောက်ခံတဲ့သူက အိုဘားမားထောက်ခံမှုပေးထားတဲ့သူကို အနိုင်ရပြီး မြို့ဝန်ဖြစ်သွားပါတယ်။ အဲဒီမြို့မှာ ဒီမိုကရက်မြို့ဝန်တွေပဲ အုပ်စိုးလာတာ အနှစ် ၃၀ရှိပါပြီ။ တိုင်းပြည်ကို ဆင်းရဲကျပ်တည်း အမုန်းပွားအောင် လုပ်သူတွေဆိုရင် ဘယ်ပါတီကဖြစ်ဖြစ် မရွေးသင့်တာကို သဘောပေါက်လာကြပြီထင်ပါတယ်။ နီဗားဒါးမှာ ဂါဗာနာဝင်ပြိုင်မယ့်သူ ရီပါဘလစ်ကန်ဘက်က ၉ဦးရှိတာမှာ Clark County Sheriff Joe Lombardo က ရံပုံငွေ ၃.၁သန်းရှာနိုင်နေပြီဖြစ်လို့ နှစ်ပါတီစလုံးက ဝင်ပြိုင်မယ့်လူတွေကြား အများဆုံးရံပုံငွေ ရှာနိုင်သူဖြစ်လာပါတယ်။ လက်ရှိဒီမိုကရက်ဂါဗာနာကို ယှဥ်ပြိုင်ဖို့ ရီပါဘလစ်ကန်ပါတီက ဘယ်သူ့ကို ရွေးမယ်ဆိုတာကို ဇွန်လမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကာလီဖိုးနီးယားမှာ မြေဈေး၊ အိမ်ဈေး၊ ဆီဈေး၊ ရေဖိုး၊ မီးဖိုး၊ အခွန် အစစ ဈေးကြီးသထက် ကြီးလာတဲ့အတွက် ပြောင်းထွက်ကုန်ကြပါတယ်။ အဲဒါကြောင့် လူဦးရေကို အခြေခံတဲ့Continue reading “ဇန်နဝါရီ ၁၁ ရက် ၂၀၂၂”
တရုပ်စီစီပီက ကမ္ဘာကို လိမ်တဲ့အချက် ၅ချက်
၅။ စီစီပီက တရုပ်ပြည်သူ သန်း၈၀၀ ကို ဆင်းရဲတွင်းထဲကနေ ကယ်ထုတ်နိုင်ခဲ့တယ်။ – မှားပါတယ်။ ကွန်မြူနစ်ဝါဒ အပြည့်အဝအသက်သွင်းလိုက်ချိန်မှာ အစဉ်အလာလည်ပတ်နေတဲ့ ယန္တယားတွေ ရပ်သွားတဲ့အတွက် မကြာမီအတွင်း ပြည်သူအများ ငတ်မွတ်ကြပြီး လူ ၁၀သန်းကျော် သေကုန်ကြပါတယ်။ မော်သေပြီးနောက်မှ ကွန်မြူနစ်စနစ်မတိုင်ခင်က လူတွေနေထိုင်အသက်မွေးကြသလို စိုက်တဲ့သူကစိုက်၊ မွေးမြူရေးလုပ်သူကလုပ်၊ ဈေးရောင်းတဲ့သူကရောင်း၊ ကုန်သွယ်သူကကုန်သွယ်စသဖြင့် ကိုယ်ကျွမ်းကျင်ရာလုပ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အငတ်ဘေးက လွတ်ခဲ့တာဖြစ်ပါတယ်။ – နောက်တချက်က ဆင်းရဲမှု poverty line က နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်တာဖြစ်လို့ တဦးချင်း တနေ့ဝင်ငွေ $1.9 ကို တပြားလောက် ကျော်လိုက်ရင်ကို ဆင်းရဲတွင်းကလွတ်ပြီး ဝင်ငွေနည်းအုပ်စုထဲ ရောက်ပြီလို့ ဝိနည်းလွတ်ပြောလို့ရပါတယ်။ တကယ်တမ်း တရုပ်ပြည်မှာ သန်း၉၀၀လောက်က ဝင်ငွေနည်းအဆင့်မှာပဲ ရှိနေသေးတာပါ။ တဦးချင်းContinue reading “တရုပ်စီစီပီက ကမ္ဘာကို လိမ်တဲ့အချက် ၅ချက်”
ဇန်နဝါရီ ၁၀ ရက် ၂၀၂၂
အမေရိကန်မှာ ကုန်ဈေးနှုန်းတွေ ဆီဈေးနှုန်းတွေတက်နေတာက ဘိုင်ဒန်ရဲ့ ပေါ်လစီမှားယွင်းမှုတွေ ကြောင့်လို့ ဝန်မခံပဲ တချို့ကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘကြောင့်လို့ အပြစ်တင်လိုက်တဲ့အပေါ် အစိုးရအတွင်း/အပြင်က စီးပွားရေးပညာရှင်တွေကြား အမြင်တွေ ကွဲကုန်ပါတယ်။ တချို့က ဒီမိုကရက်တွေအနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်တွေကို ရင်ဆိုင်ဖို့ ငွေဖောင်းပွမှုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဥ်းစားကြဖို့သင့်ပြီလို့ အကြံပြုကြပါတယ်။ တကယ်တမ်း သူတို့ကြောင့် တက်တာမဟုတ်ပဲ အခြားအကြောင်းတွေကြောင့်ဆိုရင်တောင် လူထုအကျိုးစီးပွားကို ကာကွယ်ပေးရမယ့်တာဝန် ယူထားတဲ့အတွက် တက်ရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်ကောင်းက ဘလိမ်းဂိမ်းမလုပ်ပါဘူး။ အီရန်မှာ ထရမ့်ရှင်းပစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ် ဆိုလေမာနီရဲ့ ရုပ်တုတွေကို အီရန် နိုင်ငံနေရာအချို့မှာ ခါမေနီအစိုးရက လိုက်လံဖွင့်လှစ်ခဲ့ပြီး အမေရိကန်တွေ အဲဒီအတွက် အမေရိကန်နိုင်ငံထဲမှာ သွေးကြွေး ပြန်လည်ပေးဆပ်ရမယ်လို့ အစ်စမေးဂါနီက ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီလိုလုပ်ဖို့ သူတို့ကို ထောက်ခံတဲ့လူတွေရဲ့ အကူအညီနဲ့Continue reading “ဇန်နဝါရီ ၁၀ ရက် ၂၀၂၂”
ဇန်နဝါရီ ၈ ရက် ၂၀၂၂
အမေရိကန်နိုင်ငံဟာ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ရှေ့ဆောင်နိုင်ငံတခု ဖြစ်နေဆဲပါ။ ဒါပေမယ့် မကြာသေးမီနှစ်တွေမှာ ပြောင်းလဲချမှတ်ထားတဲ့ ဦးစားပေးပုံစံသစ်တွေကြောင့် သိပ္ပံနဲ့ နည်းပညာမေဂျာတွေမှာ အခက်အခဲတွေ တွေ့နေရတယ်လို့ သိရပါတယ်။ အစဥ်အလာအရ အမေရိကန်မှာ လူငယ်တွေက ကိုယ်ဝါသနာပါတာကို ကိုယ်ရွေးချယ်သင်ကြားကြပြီး ကိုယ်စိတ်ဝင်တစားလေ့လာထားသလောက် (သို့)ကိုယ့်ပင်ကိုယ်အရည်အချင်းပေါ်မှာ မူတည်ပြီး နာမည်ကြီးကောလိပ်တွေက အကောင်းဆုံးဆိုတာတွေကို ရွေးခေါ်ကြပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရက်တွေက အရည်အချင်း/ပင်ကိုယ်စွမ်းရည်ထက် အသားအရောင်၊ လိင်ကို ဦးစားပေး ရွေးချယ်စေကြတာကြောင့် နာမည်ကြီးကောလိပ်တွေက သိပ္ပံနဲ့ နည်းပညာဆရာကြီးတွေက သူတို့နဲ့တွဲပြီး အတွေးကောင်းကောင်းနဲ့ တီထွင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်မယ့် ကျောင်းသားတွေ ရှားလာတာနဲ့ ကြုံနေရပါတယ်။ The College Fix ဆိုတဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြနေတဲ့ website က အဲဒီအခြေအနေက အကောင်းဆုံးသိပ္ပံပညာတွေကို ဖန်တီးဖို့ အခြေအနေကိုContinue reading “ဇန်နဝါရီ ၈ ရက် ၂၀၂၂”
CalCare အတွက် တိုးမယ့်အခွန်
ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်က ဒီလ ၅ရက်နေ့မှာ ပြည်နယ်အဆမ်ဘလီအခြေခံဥပဒေ ပြင်ဆင်ချက် ၁၁ ကို ပြည်နယ်အမတ် Ash Kalra နဲ့ Alex Lee တို့က တင်သွင်းလိုက်ပါတယ်။ ပူးတွဲတင်သွင်းသူတွေမှာ ပြည်နယ်အောက်လွှတ်တော်အမတ် ၅ဦးနဲ့ ပြည်နယ်ဆီနိတ်တာ ၅ဦး ပါဝင်ပါတယ်။ ထုံးစံအတိုင်းပါပဲ၊ ကယ်လီဖိုးနီးယားမှာ ဘာဥပဒေထုတ်ထုတ် ထုတ်သမျှက အခွန်တိုးဖို့(သို့) အခွန်တိုးတာကို ဖြစ်စေမယ့် ပဏာမ အခင်းအကျင်း (သို့) အချောင်သမားတွေကို အခွင့်အရေးပိုပေးဖို့ တခုခုပဲ ဖြစ်မှာပါ။ အခုကိစ္စကတော့ ပြည်နယ်တွင်းက လူတိုင်းကို ကျန်းမာရေးအာမခံချက်ပေးဖို့အကြောင်းပြပြီး အိုဘားမားကဲလိုဟာမျိုး ပြည်နယ်မှာ လုပ်မှာဖြစ်ပါတယ်။ ACA 11 မှာ အခုတက်ဖို့တာစူနေတဲ့အခွန်က ပုံစံ ၃မျိုးနဲ့ လာမှာဖြစ်ပါတယ်။ ၁။ လက်ရှိတဦးချင်းတနှစ်ဝင်ငွေအပေါ် စည်းကြပ်နေတဲ့အခွန်တွေကို အောက်ပါအတိုင်း တိုးကောက်မှာဖြစ်ပါတယ်။ $149,509Continue reading “CalCare အတွက် တိုးမယ့်အခွန်”