နိုဝင်ဘာ ၂၂​ ရက် ၂၀၂၁

မနေ့က ဝစ္စကွန်ဆင်ပြည်နယ် ဝေါကီရှာမြို့လေးမှာ ပြုလုပ်ခဲ့တဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ ပါဝင်တဲ့ ခရစ်စမတ်ချီတက်ပွဲထဲကို လူတဦးက SUV အငယ်စားကားနဲ့ ဒုန်းမောင်းချလာတဲ့အတွက် လူ ၅ဦးသေဆုံးပြီး ကလေး ၁၈ယောက်အပါအဝင် ၄၀ကျော် ဒဏ်ရာရသွားပါတယ်။ ဒီနေ့မှာတော့ အဲဒီလူက အသက် ၃၉နှစ်အရွ​ယ် ဒါရဲလ် ဘရွတ်က်စ်ဖြစ်ပြီး ဝစ္စကွန်ဆင်မှာတင် ရာဇဝတ်မှု ၂မှုနဲ့ အချုပ်ကျနေရာက အာမခံနဲ့ လွတ်လာပြီး နီဗားဒါးပြည်နယ်မှာလည်း ၁၅နှစ်သမီးနဲ့ လိင်ဆက်ဆံတဲ့လိင်ရာဇဝတ်မှုနဲ့ အလိုရှိနေတာဖြစ်ပါတယ်။ ၂၀၂၀ တုန်းက အမှုမှာ နမော်နမဲ့ ဘေးဖြစ်စေမှုနဲ့ ရာဇဝတ်ကောင်အနေနဲ့ လက်နက်ကိုင်ဆောင်မှု နှစ်မှုနဲ့ ဖမ်းထားပြီး အာမခံ $ တသောင်း ချထားပါတယ်။​ အာမခံငွေကို နောက်တော့ $ 7500 သို့ လျှော့ချလိုက်တယ်လို့ ခရိုင်ရှေ့နေရုံးက ဆိုပါတယ်။Continue reading “နိုဝင်ဘာ ၂၂​ ရက် ၂၀၂၁”

နိုဝင်ဘာ ၂၁ ရက် ၂၀၂၁

ကိုင်လ်ရဲ့ အမှုပြီးသွားတော့ နောက်ဆက်တွဲအနေနဲ့ ကိုင်လ်တို့သားအမိတင် အန္တရာယ်ပြုခံရမယ့်ဘေး ကြုံနေရတာမဟုတ်ပဲ မြို့ကြီးတွေ တော်တော်များများမှာ ရဲတွေကို တပ်လှန့်ထားရပြီး လုပ်ငန်းရှင်ငယ်လေးတွေ ပြည်သူတွေ အလုခံရမလား၊ ရန်ပြုခံရမလား၊ ဖျက်ဆီးမီးရှို့ခံရမလားလို့ ရင်မနေရတဲ့ အချိန်ပါပဲ။ ကီနိုရှာကိစ္စကို ဖြစ်စေခဲ့တဲ့ မီးပွားကတော့ ဂျေကပ်ဘ် ဘလိတ်ခ် ဆိုတဲ့ လူမည်းကို အိမ်တွင်းပြဿနာကြောင့် ရဲခေါ်ရာက အသာတကြည်အဖမ်းမခံပဲ လက်မြှောက်ထားလို့ ပြောနေတဲ့ကြားက ကားထဲဝင်ပြီး ဓါးယူဖို့လုပ်ခဲ့လို့ ရဲက ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလူက  အရင်ကလည်း လိင်အကြမ်းဖက်မှုနဲ့ အဖမ်းခံထားခဲ့ပြီး အဲဒီမတိုင်ခင်လကမှ ရဲက စွဲချက် ၃ခုနဲ့ အလိုရှိနေသူဖြစ်ပါတယ်။​ အဲဒီအိမ်ကလည်း သူရှောင်ရမယ့်အိမ် ဖြစ်နေတာပါ။ ရဲက  ၇ ချက် ပစ်ခတ်ခဲ့ပြီးနောက် အသက်မသေပဲ အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဂျေကပ်ဘ်ကို ကာမလာက ဘလိတ်ခ်မိသားစုဆီ ၁နာရီကြာသွားရောက်ပြီးContinue reading “နိုဝင်ဘာ ၂၁ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၉ ရက် ၂၀၂၁

အမေရိကန်အများ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ Kyle Rittenhouse အမှုကတော့ ကနေ့အဆုံးသတ်သွားပါပြီ။ ၃ရက်လောက် အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက်ကို မရောက်နေခဲ့လို့ လူတွေရဲ့ စိုးရိမ်မှုက အထွတ်အထိပ်ကို ရောက်နေခဲ့တာပါ။​ ဒီကြားထဲ စွမ်းအားရှင်လိုလူမိုက်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ မီဒီယာရဲ့ လိုရာဆွဲပုံဖော်မှုတွေ၊ ဘိုင်ဒန်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များရဲ့ ကိုယ့် သား/မြေးလောက်အရွယ်အပေါ် အခြေအမြစ်မရှိ စွပ်စွဲနှုတ်သရမ်းမှုတွေကြောင့် ဇတ်ရှိန်က မြင့်သထက် မြင့်နေခဲ့ပါတယ်။   တကယ်တမ်းမှာ အခင်းဖြစ်တဲ့နေ့က ကိုင်လ်က ကျောင်းတကျောင်းမှာ မှုတ်ဆေးနဲ့ ဆွဲချင်ရာဆွဲထားတာတွေကို ခွင့်ပြုချက်ယူပြီး သွားရှင်းလင်းဆေးကြောပေးနေခဲ့တာပါ။ နောက်မှ ကီနိုရှာမှာ လုယက်မယ့်သတင်းတွေ ရှိနေတော့ သူနဲ့သိတဲ့ လုပ်ငန်းရှင်တွေက အကူအညီတောင်းလို့ သွားကာကွယ်ခဲ့တာပါ။ သူကိုင်တဲ့သေနတ်ကတော့ သူ့သူငယ်ချင်းက တရားမဝင် ဝယ်လာပေးတာပါ။ အဲဒီသေနတ်သာ မရှိခဲ့ရင် သူလည်း ခုဆို လူ့ပြည်မှာContinue reading “နိုဝင်ဘာ ၁၉ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၈ ရက် ၂၀၂၁

FDA က ဖိုင်ဇာဗက်ဆင်းကို အတည်ပြုရာမှာ ပါတ်သက်နေတဲ့ သက်သေခံ အထောက်အထားတွေကို နောက် ၅၅နှစ်ကြာမှ လူထုဆီအပြည့်အဝထုတ်ပြန်ချပြဖို့ ဖက်ဒရယ်တရားသူကြီးတဦးကို လျောက်ထားလိုက်ပါတယ်။ အဲဒီလိုလျောက်ထားရတဲ့ အကြောင်းရင်းကတော့ Freedom of Information Act အရ ဆေးလောက ပွင့်လင်းမြင်သာမှုအတွက် ကြိုးပမ်းနေတဲ့ Public Health and Medical Professionals for Transparency က FDA ကို အဆိုပါ အထောက်အထားတွေ ထုတ်ပြန်ပေးဖို့ တရားစွဲလိုက်လို့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ယေးလ်တက္ကသိုလ် ဆေးကျောင်းက ကူးစက်ရောဂါပါမောက္ခ Dr. Harvey Risch အပါအဝင် ဆရာဝန်တွေ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါတယ်။ သူတို့က FDA ကို တောင်းဆိုတာ FDA က ပေးဖို့အချိန်ဆွဲနေလို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။Continue reading “နိုဝင်ဘာ ၁၈ ရက် ၂၀၂၁”

ဖဘနဲ့ ဖက်ချက်ကင်း

ဖဘက ဖက်ချက်ကာဆိုတဲ့ အမှားကိုအမှန် အမှန်ကိုအမှားဖြစ်အောင် ဆင်ဆာလုပ် ဦးနှောက်ဆေးပေးနေတဲ့ လူတွေကို ပိုက်ဆံပေးပြီး သတင်းဌာနတွေမှာ လိုက်ထည့်ထားတဲ့အကြောင်းကို ဒီစီအခြေစိုက် သတင်းထောက်အဖြစ် အနှစ် ၂၀ကြာ လုပ်လာသူတဦးက ဖွင့်ချလိုက်ပါတယ်။ သူက ဝိကလီးစတန်းဒတ် မဂ္ဂဇင်းမှာ လုပ်ခဲ့တာဖြစ်ပြီး ဖဘက ကမ္ဘာ့အကြီးဆုံး ဆင်ဆာအဖွဲ့ကြီးဖြစ်မလာခင်နှစ်တွေထဲက သတိထားစရာ မသင်္ကာစရာတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ဆင်ဆာလုပ်လာကြပြီး အခု ၁နှစ်အကြာမှာလည်း လျော့မသွားပဲ ဘယ်တော့မှ လျော့/အဆုံးသတ်မယ်ဆိုတာကိုတောင် မြင်ကြည့်လို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။ သူလုပ်ခဲ့တဲ့ မဂ္ဂဇင်းတိုက်မှာလည်း ဖဘက လခပေးထားတဲ့ ဖက်ချက်ကာ ရှိနေပြီး  မျှမျှတတမဟုတ်ပဲ ထရမ့်ကို တချိန်လုံးပုတ်ခတ်ပြီး အခုလိမ်ဆင်ကြီးမှန်း ပေါ်သွားတဲ့ ထရမ့်က ရုရှားတွေနဲ့ ပါတ်သက်နေတယ်ဆိုတဲ့ စွဲချက်ကိုသာ နှစ်နဲ့ချီContinue reading “ဖဘနဲ့ ဖက်ချက်ကင်း”

နိုဝင်ဘာ ၁၆ ရက် ၂၀၂၁

ကူမိုနေရာကို ဆက်ခံတဲ့ နယူးယောက် ဂါဗာနာ ကေသီဟိုချုးလ်က ရေဖိုး၊ မီးဖိုး၊ ဖုံးဖိုး၊ အင်တာနက်ဖိုး စတာတွေကောက်တဲ့ ကုမ္ပဏီတွေကို သုံးစွဲသူက (မည်သည့် တရားဝင်နာမည်ရှိရှိ သူတို့ကို ခေါ်စေချင်တဲ့နာမည်ကိုသာ ခေါ်ဖို့နဲ့ နာမ်စားတွေမှာလည်း သူတို့ကို ရည်ညွှန်းစေချင်တဲ့ နာမ်စားကိုသာ အသုံးပြုဖို့ ဥပဒေတခု လက်မှတ်ထိုး ပြဌာန်းလိုက်ပါတယ်။ ဒီကိစ္စကို အရည်မရ အဖတ်မရတို့ လူပိန်းကြိုက်တို့ ပြောရင်လည်းရပါတယ်။ တကယ်တမ်း အဲဒီထက်ကြီးတဲ့ အာဂျင်ဒါတခုခုကို ပျိုးနေတာလည်း ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတွေဖက်ကတော့ သပိတ်မမှောက်နိုင်သေးသ၍ ထုတ်ထားတဲ့ ဥပဒေအတိုင်းပဲ လိုက်လုပ်ကြရတာပါပဲ။ ပိုအလုပ်ရှုပ်လာရင် လူပိုငှားရပါမယ်၊ ကုန်ကျစရိတ်တွေ တက်လာပါမယ်၊ ဥပဒေအသစ်က ကိုယ်မှန်နေတောင် တရားစွဲခံရနိင်တဲ့ ဥပဒေမျိုးဆိုရင် တရားရုံးစားရိတ်တွေ ရှိလာနိုင်ပါတယ်။ လျော်ကြေးပေးရဖို့တွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်လိုမျိုး လက်ဆုပ်လက်ကိုင်Continue reading “နိုဝင်ဘာ ၁၆ ရက် ၂၀၂၁”

Kyle Rittenhouse အမှုမှ ဒီမိုကရက်နဲ့ မီဒီယာ လိမ်လည်မှုများ

အခုတလော သတင်းတွေထဲမှာ နေရာယူနေတာကတော့ မနှစ်က ဝစ္စကွန်ဆင်ပြည်နယ် ကီနိုရှာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘီအယ်လ်အမ်နဲ့ အန်တီဖာဆူပူသောင်းကျန်းမှုများမှာ ဘီအယ်လ်အမ်နဲ့ အန်တီဖာ အကြမ်းဖက် လုယက်သူတွေက ကီနိုရှာမြို့က အိမ်တွေ ဆိုင်ခန်းတွေကို မီးရှို့/ဖျက်ဆီးမှာစိုးလို့ လက်နက်နဲ့ သွားရောက်စောင့်ကြပ် ကာကွယ်ပေးတဲ့ အဲဒီအချိန်က ၁၇နှစ်သားလေး ကိုင်လ်ကို အစိုးရရှေ့နေက လူသတ်မှုနဲ့ တရားစွဲထားလို့ အမှုစစ်ဆေးနေတဲ့ သတင်းဖြစ်ပါတယ်။​ ကိုင်လ်က ကီနိုရှာမြို့ကနေ မိုင် ၂၀နီးပါးဝေးတဲ့ အန်းတိယော့မြို့မှာ သူ့မိခင်နဲ့အတူ နေထိုင်သူဖြစ်ပြီး အန်းတိယော့မြို့ရဲ့ မီးသတ်တပ်ဖွဲ့မှာ လူငယ်တွေအတွက် ဖွဲ့ပေးထားတဲ့ cadet အဖွဲ့ဝင် ဖြစ်ပါတယ်။ အရံမီးသတ်တပ်ဖွဲ့ဝင်သဘောမျိုး ဖြစ်မယ်ထင်ပါတယ်။ သူဟာ Grayslake ရဲဌာနမှာလည်း cadet အဖွဲ့ဝင်တဦးဖြစ်ပြီး YMCA မှာ lifeguard နဲ့ အရေးပေါ်လူနာတင်ယာဥ်တွေမှာ လူနာပြုစုဖို့Continue reading “Kyle Rittenhouse အမှုမှ ဒီမိုကရက်နဲ့ မီဒီယာ လိမ်လည်မှုများ”

နိုဝင်ဘာ ၁၄ ရက် ၂၀၂၁

ဩစတြီးယားနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများဟာ စားသောက်ဆိုင်၊ ဘား၊ ရုပ်ရှင်ရုံ/ဖျော်ဖြေရေးနဲ့ ဆိုင်တွေထဲကို ဝင်ခွင့် တားမြစ်ထားခဲ့တာပါ။ သူတို့က အလုပ်သွား/ပြန်နဲ့ မရှိမဖြစ်တွေ ဝယ်ဖို့လောက်ပဲ ထွက်ခွင့်ရှိနေခဲ့တာပါ။ မနက်ဖြန် တနင်္လာနေ့ကစပြီးတော့ တရစ်ထပ်ကြပ်ပါပြီ။ ကာကွယ်ဆေးအပြည့်အဝ မထိုးထားသူများက လော့ဒေါင်းလုပ်ရပါမယ်။ ရဲက မသင်္ကာတဲ့သူရှိရင် တားပြီး ကာကွယ်ဆေးထိုးထား/မထား စစ်ဆေးခွင့် ရှိသွားပါပြီ။ ခုလောလောဆယ်မှာ တိုင်းပြည်လူဦးရေရဲ့ ၁/၃ ပုံဟာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများ ဖြစ်ကြပါတယ်။ အဲဒီလော့ဒေါင်းမှာ ၁၂နှစ်အောက်နဲ့ လောလောလတ်လတ် ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းခါစလူတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အဲဒီလော့ဒေါင်းကို ၁၀ရက်ကြာ ပြုလုပ်မယ်လို့ သိရပါတယ်။​ ၁၀ရက်နဲ့ ပြီးမလားဆိုတာတော့ စောင့်ကြည့်ကြပေါ့နော်။ သေချာစဥ်းစားကြည့်ရင် ကာကွယ်ဆေးထိုးပြီးကြောင်း စစ်ဆေးဖို့ဆိုတာကို အကောင်အထည်ဖော်ဖို့အတွက် သန်းပေါင်းများစွာသောလူတွေရဲ့ လွတ်လပ်ခွင့်တွေContinue reading “နိုဝင်ဘာ ၁၄ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၃ ရက် ၂၀၂၁

အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ငွေဖောင်းပွမှုဟာ အနှစ် ၄၀အတွင်းမှာ အကြီးဆုံးပြဿနာကြီး ဖြစ်လိမ့်မယ်လို့ ဖေဖေါ်ဝါရီလထဲက ကလင်တန်နဲ့ အိုဘားမားလက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး လုပ်ခဲ့တဲ့ လာရီဆမ်းမားစ်က ဟောကိန်းထုတ်ခဲ့တာပါ။ အဲဒီလောက်ကြီးတဲ့ ပြဿနာဖြစ်လာဖို့ Federal Reserve ကရော ဘိုင်ဒန်အစိုးရကပါ မျှော်လင့်မထားခဲ့ကြတဲ့အတွက် ဘာမှ ကုစားဖို့ မပြင်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ ငွေဖောင်းပွမှုရဲ့ အဓိကအကြောင်းရင်းတခုကတော့ တိုင်းပြည်မှာလည်ပတ်နေတဲ့ ငွေတွေထဲကို ငွေစက္ကူသစ်တွေ ထပ်မံရိုက်နှိပ်ပြီး ထိုးထဲ့လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ လည်ပတ်နေတဲ့ ငွေပမာဏများလာလေ ရှိပြီးသားငွေက တန်ဖိုးကျလေပါပဲ။ အဲဒီလို ရိုက်ထုတ်ရတဲ့ အကြောင်းရင်းကလည်း ကိုဗစ်ပိတ်ဆို့မှုတွေကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူကို ကူညီဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ ၁.၉ ဘီလီယံ အစိုးရအသုံးစရိတ်က စပါတယ်။ စာမျက်နှာပေါင်း ထောင်ချီတဲ့ ဥပဒေကြမ်းကို ကြိုးစားပြီး ရသလောက်ဖတ်ခဲ့ကြတဲ့ အမတ်က လက်တဆုပ်စာထက်Continue reading “နိုဝင်ဘာ ၁၃ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၂ ရက် ၂၀၂၁

ဘိုင်ဒန်က FDA ကို ဦးဆောင်ဖို့ အမည်စာရင်းတင်သွင်းမယ်လို့ မျှော်လင့်ထားတဲ့သူဟာ နှလုံးအထူးကု ဒေါက်တာ ရောဘတ် ကာလစ်ဖ်ဆိုတာကို သိသိချင်း ဒီမိုကရက်ဆီနိတ်တာ ဂျိုးမန်ချင်က ရောဘတ်ရဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုကြောင့် ချက်ချင်းကို ကန့်ကွက်လိုက်ပါတယ်။ ရောဘတ်က အိုဘားမားလက်ထက်တုန်းက FDA ကို ခေတ္တဦးဆောင်ဖူးပါတယ်။ အဲဒီတုန်းကလည်း မန်ချင်က ကန့်ကွက်ခဲ့ပါတယ်။ ရောဘတ်ကို အမည်စာရင်းတင်သွင်းတာဟာ ဆေးစွဲလို့ ဘဝပျက်ကြသူတွေနဲ့ မိသားစုတွေကို စော်ကားလိုက်သလိုပါပဲ၊ သူ့အနေနဲ့ ဘိုင်ဒန်အစိုးရကို တိုက်တွန်းချင်တာက FDA ကော်မစ်ရှင်နာလုပ်မယ့်သူဟာ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးတွေ စွဲနေကြတဲ့ လူတွေရဲ့ အခြေအနေနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကောင်းကောင်းသိရှိဖို့လိုသလို ဆေးဝါးလောကရဲ့ လောဘကို တိုက်ဖျက်နိုင်တဲ့ FDA ရဲ့ အခန်းကဏ္ဍကို ကောင်းစွာနားလည်ဖို့ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။ အမေရိကန်မှာContinue reading “နိုဝင်ဘာ ၁၂ ရက် ၂၀၂၁”