Cancel culture

အခုတလော အနောက်ကမ္ဘာမှာတွေ့နေရတဲ့ ရုပ်တုဖြိုဖျက် ပန်းချီဖယ်ရှား၊ သူတို့နဲ့ ယုံကြည်ချက်မတူတဲ့/ သမ္မတကိုထောက်ခံတဲ့ လူတွေ ကုမ္ပဏီတွေကို သပိတ်မှောက်ိ စတာတွေကိုခေါ်တာပါ။ အစကတော့ လူမဲလုပ်ရှားမှုအကြောင်းပြုလို့ ကျွန်စနစ်ရှိတုန်းကလူတွေ ခေါင်းဆောင်အရုပ်တွေဖယ်တာကစတယ်ပြောရမှာပါပဲ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်ရုပ်တုတွေရော ကျွန်စနစ်နဲ့ဘာမှ မပတ်သက်တဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးများရဲ့ ရုပ်တုစတာတွေကိုပါ ဖျက်ဆီးလာကြပါတယ်။ သမိုင်းအမွေအနှစ်ဆိုတာ နိုင်ငံသားတိုင်း လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စပါ။​ လူတစုမကြိုက်တာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြိုဖျက်ပစ်တယ်ဆိုတာ အင်မတန်အကျည်းတန်တဲ့ကိစ္စပါ။ ဖျက်ဆီးတာလွယ်သလောက် ရှေးဟောင်းလက်ရာတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ရင်တောင်မှ အချိန်တွေ ပိုက်ဆံတွေအများကြီးသုံးရမဲ့ကိစ္စပါ၊ ဖြစ်ချင်မှလည်း ဖြစ်နိုင်မှာပါ။ တရုတ်ယဥ်ကျေးမှုတော်လှန်ရေးနဲ့ အကြမ်းဖက်အုပ်စုတွေ ကြီးစိုးတဲ့တိုင်းပြည်တွေမှာ ပြည်သူမသိစေချင်တဲ့သမိုင်းကို ဒီလိုပဲ လွယ်လွယ်လေး ဖျက်ဆီးပစ်ကြတာ အစဥ်အလာပါ။ အမေရိကန်လိုနိုင်ငံမျိုးမှာ ဒါမျိုးဖြစ်တာကတော့ ရာဇဝင်ရိုင်းတယ်လို့ပဲ ပြောရမှာပါပဲ။ စိတ်မကောင်းစရာဖြစ်ရတာက ဒီမိုကရက်ခေါင်းဆောင်ပိုင်းကပါ Cancel culture ကိုအားပေးအားမြှောက်ပြုနေတာပါ။

ယဥ်ကျေးမှုတော်လှန်ရေး (USA Version)

ယဥ်ကျေးမှုတော်လှန်ရေးလို့ ပြောလိုက်ရင် တရုတ်ပြည်ကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ အခုပြောမှာက အမေရိကန်နိုင်ငံမှာ ၂၀၁၀နောက်ပိုင်းဖြစ်လာတဲ့ လူတွေ တွေးပုံတွေ ရှုမြင်ပုံတွေပြောင်းလာအောင် တွန်းပို့လာတဲ့ပုံက တရုတ်ပြည်မှာလုပ်ခဲ့တဲ့ ယဥ်ကျေးမှုတော်လှန်ရေးကို သွားအမှတ်ရစေပါတယ်။ မှတ်မိသလောက်ကစပြီး အင်အားစုတခုက အမေရိကန်လူထုကို ပုံစံသွင်းလာပုံလေးတွေကို ဖော်ပြပေးသွားမှာပါ။ Merry Christmas & Happy New Year အားလုံးပဲ မှတ်မိကြမယ်ထင်ပါတယ်။ သမ္မတအိုဘားမားတက်လာပြီးနောက်ပိုင်းမှာ Christmas တို့ New Year တို့ ရောက်ခါနီးရင် ကဒ်လေးတွေပို့ပြီး Merry Christmas & Happy New Year လို့ ဆုတောင်းပေးခဲ့ကြတဲ့အစဥ်အလာဟာ ခရစ်ယာန်မဟုတ်သူတွေကို စိတ်မကောင်းဖြစ်စေမယ်ဆိုပြီး Happy Holidays လို့ ပြောင်းသုံးစေခဲ့ပါတယ်။ အရင်ထဲက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပျော်ပျော်ရွှင်ရွှင်ပြောဆိုဆုတောင်းခဲ့ကြတဲ့အစဥ်အလာဟာ ဒီခေတ်ကျတော့မှ အပြစ်ကြီးတခုလိုContinue reading ယဥ်ကျေးမှုတော်လှန်ရေး (USA Version)

လူမဲလှုပ်ရှားမှုရဲ့နောက်ကွယ်မှာ ဘာရှိသလဲ

အခုဖြစ်နေတဲ့ လူမဲအုံကြွမှုရဲ့ အဓိကအကြောင်းလို့ဆိုနိုင်တဲ့ George Floyd သေဆုံးရတဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးရွားတဲ့လူမျိုးရေးပြဿနာတခုဖြစ်ပြီး လူမဲတွေဟာ စနစ်တကျဖိနှိပ်ခံနေရပါတယ်လို့ အများကမြင်အောင် မီဒီယာက လမ်းကျောင်းထားပါတယ်။ ဒီကိစ္စမှာ Floyd သေဆုံးရမှုဟာ တရားပါတယ်လို့ ဘယ်သူမှလည်းမပြော အမှုမှာပါဝင်တဲ့ ရဲတွေကိုလည်း အပြစ်ပေးထားပြီးသားဖြစ်ပါလျက်နဲ့ ဒေါသတွေဆက်လက်ပေါက်ကွဲမဆုံးဖြစ်နေကြတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးစရာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် သူတို့အုံကြွမှုမှာ အသက်ပေးခဲ့ရတဲ့ လူမဲရဲတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရတဲ့ လူမဲတွေအကြောင်းကတော့ သူတို့မီဒီယာတွေမှာ သိပ်ဖော်ပြမခံရတာတွေက အပေါ်ကသံသယကို ပိုမိုကြီးထွားလာစေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတခုကတော့ သူတို့ပြောတာကို သဘောမတူတဲ့ လူမဲတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ တကယ်လို့သာ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက မျှမျှတတတင်ပြပြောဆိုခဲ့ကြမယ်ဆိုရင် ခါးသီးမှုရေချိန်က အကြမ်းဖက်ဖျက်ဆီးတာတွေအထိ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ဖက်ကိုပဲ မီးမောင်းထိုးကြတဲ့အခါကျတော့ အမုန်းမီးတွေကContinue reading လူမဲလှုပ်ရှားမှုရဲ့နောက်ကွယ်မှာ ဘာရှိသလဲ

အမေရိကန်မှ လက်မဲကြီးများ

တလောက သတင်းတခုမှာ ကာတာနိုင်ငံက အစိုးရပိုင် Qatar Charity Foundation ကနေတဆင့် အနောက်နိုင်ငံတွေမှာ အစ္စလာမ်နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲနေတဲ့အကြောင်း တွေ့လိုက်ပါတယ်။ ကာတာနိုင်ငံအစိုးရက Hamas, Muslim Brotherhood, Al Qaeda စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး ထောက်ပံ့နေတယ်လို့ သတင်းတွေထွက်နေတာတော့ ကြာပါပြီ။ အဲဒါကြောင့်ပဲ ဆော်ဒီ အီဂျစ် ဘာရိန်း UAE စတဲ့နိုင်ငံတွေနဲ့ အစေးမကပ်တော့တာဖြစ်ပါတယ်။ ရုရှားနဲ့ကလဲ သိပ်အဆင်ပြေလှတာ မဟုတ်တဲ့ အတွက် ၂၀၁၇နောက်ပိုင်းမှာ အီရန် တရုတ်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်လာတာ တွေ့ရပါတယ်။ ကာတာအစိုးရက အဲဒီလိုငွေအလုံးအရင်းနဲ့ သုံးစွဲနေတာရဲ့ ရည်ရွယ်ချက်က အမေရိကန်နဲ့ အစ္စရေး တို့ကို အင်အားချိနဲ့အောင်လုပ်ပြီး အစ္စရေးနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားစေဖို့Continue reading အမေရိကန်မှ လက်မဲကြီးများ