အခုတလော အနောက်ကမ္ဘာမှာတွေ့နေရတဲ့ ရုပ်တုဖြိုဖျက် ပန်းချီဖယ်ရှား၊ သူတို့နဲ့ ယုံကြည်ချက်မတူတဲ့/ သမ္မတကိုထောက်ခံတဲ့ လူတွေ ကုမ္ပဏီတွေကို သပိတ်မှောက်ိ စတာတွေကိုခေါ်တာပါ။ အစကတော့ လူမဲလုပ်ရှားမှုအကြောင်းပြုလို့ ကျွန်စနစ်ရှိတုန်းကလူတွေ ခေါင်းဆောင်အရုပ်တွေဖယ်တာကစတယ်ပြောရမှာပါပဲ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်ရုပ်တုတွေရော ကျွန်စနစ်နဲ့ဘာမှ မပတ်သက်တဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးများရဲ့ ရုပ်တုစတာတွေကိုပါ ဖျက်ဆီးလာကြပါတယ်။ သမိုင်းအမွေအနှစ်ဆိုတာ နိုင်ငံသားတိုင်း လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စပါ။ လူတစုမကြိုက်တာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖြိုဖျက်ပစ်တယ်ဆိုတာ အင်မတန်အကျည်းတန်တဲ့ကိစ္စပါ။ ဖျက်ဆီးတာလွယ်သလောက် ရှေးဟောင်းလက်ရာတွေကို ပြန်တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ရင်တောင်မှ အချိန်တွေ ပိုက်ဆံတွေအများကြီးသုံးရမဲ့ကိစ္စပါ၊ ဖြစ်ချင်မှလည်း ဖြစ်နိုင်မှာပါ။ တရုတ်ယဥ်ကျေးမှုတော်လှန်ရေးနဲ့ အကြမ်းဖက်အုပ်စုတွေ ကြီးစိုးတဲ့တိုင်းပြည်တွေမှာ ပြည်သူမသိစေချင်တဲ့သမိုင်းကို ဒီလိုပဲ လွယ်လွယ်လေး ဖျက်ဆီးပစ်ကြတာ အစဥ်အလာပါ။ အမေရိကန်လိုနိုင်ငံမျိုးမှာ ဒါမျိုးဖြစ်တာကတော့ ရာဇဝင်ရိုင်းတယ်လို့ပဲ ပြောရမှာပါပဲ။ စိတ်မကောင်းစရာဖြစ်ရတာက ဒီမိုကရက်ခေါင်းဆောင်ပိုင်းကပါ Cancel culture ကိုအားပေးအားမြှောက်ပြုနေတာပါ။