တနေ့စာမကတဲ့ အလွဲများ

ဒီကလူတွေနဲ့ မြန်မာတွေတော်တော်များများ ရီပါလစ်တန်တွေကို အမှတ်မှားနေကြတဲ့ အချက်တွေ ရှိပါတယ်။ မှန်/မမှန် တချက်ချင်း စဥ်းစားကြည့်ရအောင်ပါ။

၁။ ရီပါ့ဘလစ်ကန်တွေက လူဖြူကြီးစိုးတဲ့ဝါဒသမားတွေဖြစ်တယ်။

  • လုံးဝမှားပါတယ်။ လူဖြူကြီးစိုးရေးဝါဒကို ထူထောင်တာ ရီပါဘလစ်ကန်တွေမဟုတ်ပါ။ ရီပါဘလစ်ကန်တွေက ကျွန်စနစ်ပပျောက်အောင် လုပ်ပေးခဲ့တဲ့အပြင် လူမဲတွေကို အောက်လွှတ်တော်ထဲအထိရောက်အောင် အားပေးခဲ့တာကို မကျေနပ်လို့ လူဖြူကြီးစိုးရေးဝါဒီတွေက ရီပါဘလစ်ကန်တွေနဲ့ သူတို့ကိုထောက်ခံတဲ့ လူဖြူရော လူမဲရောကို တိုက်ခိုက်ခဲ့ကြတာပါ။ အရင်ရေးခဲ့ပြီးပါပြီ။

၂။ ရီပါဘလစ်ကန်တွေက လူချမ်းသာတွေ/ လူချမ်းသာတွေထောက်ခံတဲ့ပါတီဖြစ်တယ်။

  • ဒါလဲမှားပါတယ်။ လက်ရှိသမ္မတကို မဲပေးခဲ့ကြတဲ့လူတွေအများစုက လက်လုပ်လက်စားတွေဖြစ်တာကြောင့် ဒီမိုကရက်တွေနဲ့ ယှဥ်ရင် မဲဆွယ်စရိတ်လည်း ဘာမှကောင်းကောင်းမသုံးနိုင်ခဲ့ပါဘူး။ မီဒီယာတွေရဲ့ ၉၀%လောက်ကလည်း ဒီမိုကရက်တွေဘက်က တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အခမဲ့ မဲဆွယ်ပေးခဲ့ကြတာပါ။ ရွေးကောက်ပွဲကာလမှာ အိမ်တွေကို မဲဆွယ်စာစောင်တွေအပြိုင်ပို့ကြတာမှာ ရီပါဘလစ်ကန်တွေက အနည်းငယ်သာပို့နိုင်ပြီး ဒီမိုကရက်တွေကတော့ ဖောဖောသီသီပို့နိုင်ခဲ့တာ ကိုယ်တွေ့ပါ။ ချမ်းသာတဲ့ Celebrities တွေ၊ သူဌေးတွေနဲ့ globalists တွေကလည်း ဒီမိုကရက်တွေကို ပုံအောအားပေးခဲ့ကြတာပါ။

၃။ ရီပါဘလစ်ကန်တွေက သက်ကြီးပိုင်း လူဖြူ ခရစ်ယာန်တွေအများစုဖြစ်တယ်။

  • ဒါလည်းမှားတာပါပဲ။ ရီပါဘလစ်ကန်တွေအများစုက လူကြီးပိုင်းတွေမဟုတ်သလို အသားအရောင်စုံ ကိုးကွယ်ယုံကြည်မှုအစုံပါဝင်ကြပါတယ်။

၄။ ရီပါဘလစ်ကန်ပါတီက ရှေးရိုးစွဲဝါဒီတွေဖြစ်တယ်။

  • ရှေးရိုးစွဲဆိုတာ တိတိကျကျဘာလည်းလို့ပြောဖို့ခက်ပေမဲ့ မှားတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ရီပါဘလစ်ကန်တွေက သမ္မတကနေဒီတို့လက်ထက်က ဒီမိုကရက်တွေနဲ့ အများကြီးတူသွားပြီဖြစ်ပါတယ်။  သမ္မတကနေဒီလက်ထက်က ဒီမိုကရက်တွေက အခွန်အကောက်တွေလျော့ချဖို့ လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့ စစ်တပ်အင်အားတောင့်တင်းခိုင်မာစေဖို့ အစရှိတာတွေကို အားပေးပြီးတော့ ကိုယ်ဝန်ဖျက်ချတာကိုတော့ ကန့်ကွက်တဲ့အပြင် အမေရိကန်ဖြစ်ရတာကိုလည်း အင်မတန်ဂုဏ်ယူခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ လက်ရှိီဒမိုကရက်ပါတီမှာတော့ လက်ဝဲဝါဒီတွေ ကြီးစိုးနေတာဖြစ်ပြီး သမ္မတကနေဒီလက်ထက်က မူဝါဒတွေကနေ အများကြီး သွေဖယ်သွားပြီဖြစ်ပါတယ်၊

၅။ ရီပါဘလစ်ကန်တွေက အသားအရာင်ရှိသူတွေနဲ့ လိင်တူချစ်သူတွေကို မုန်းတီးကြတာဖြစ်တယ်။

  • ဒါလည်း မမှန်ပါဘူး။ ပါတီဝင်တွေရော ထောက်ခံသူတွေမှာပါ အမျိုးစုံပါပါတယ်။ ရီပါဘလစ်ကန်တွေက လူသားအားလုံးကို လူသားလို့ပဲမြင်တာကို အားပေးတဲ့ပါတီပါ။ လူသားတွေဆိုတာက အရောင်အမျိုးမျိုး အကြိုက်အထွေထွေလေ။ လူလူချင်း စိတ်ဝမ်းကွဲပြားစေနိုင်တဲ့ Identity politics ကိုတော့ အားပေးခြင်း မရှိကြပါဘူး။

၆။ ရီပါဘလစ်ကန်တွေက immigration ကို ဆန့်ကျင်သူတွေဖြစ်တယ်။

  • လုံးဝမမှန်ပါ။ အမေရိကန်ကို လောင်တိုက်သွင်းဖို့ကြိုးစားနေကြတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုတာ အားလုံးသိပြီးသားပါ။  အဲဒီလိုလူတွေကို မဆန်းမစစ်ဝင်ခွင့်ပေးလိုက်ရင် ပြည်တွင်းလုံခြုံရေးပြဿနာရှိလာမှာ သေချာတဲ့အတွက် ဝင်လာမဲ့သူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စီစစ်စေချင်တာပါ။ ယှဥ်ပြောမယ်ဆိုရင်တော့ အတိုက်အခံတွေက မစီမစစ်ပဲ လူတိုင်းကို ဝင်ခွင့်ပေးဖို့  ဖိအားပေးနေကြတာပါ။ နောက်တခုက ပြည်တွင်းမှာ ရှိပြီးသားလူတွေလုပ်နိုင်တဲ့ အလုပ်မျိုးတွေကို ပြည်တွင်းကလူတွေနဲ့ပဲ အရင်ဖြည့်စည်းပြီး လိုမှသွင်းရမယ်ဆိုတာ ပုံမှန်အတွေးအခေါ်ရှိသူတိုင်း တွေးလို့ရတဲ့ကိစ္စပါ။

၇။ ရီပါဘလစ်ကန်တွေက ခေတ်သစ်နာဇီတွေဖြစ်တယ်။

  • လုံးဝပြောင်းပြန်ပါ။ ဘယ်လိုကွာလဲ တချက်ချင်းကြည့်ရအောင်နော်။
  • နာဇီတွေက ဂျာမန်လူမျိုးသာလျှင် အမြင့်မြတ်ဆုံးလို့ယူဆပေမဲ့ ရီပါဘလစ်ကန်တွေက အသားအရောင်စုံ ဘာသာစုံ အကြိုက်မျိုးစုံတို့ အတူတကွ တန်းတူရည်တူ လက်တွဲကြတဲ့ပါတီပါ။
  • နာဇီတွေက ပြည်သူတွေ လွတ်လပ်စွာပြောဆို ရေးသား ထုတ်ပြန်ခွင့်တွေကို တင်းတင်းကျပ်ကျပ်ကန့်သတ်သလို သူတို့ကိုဝေဖန်လာရင်လည်း သည်းမခံပါဘူး။ ရီပါဘလစ်ကန်တွေကတော့ လူတိုင်းရဲ့ လွတ်လပ်စွာ ဖော်ထုတ် ရေးသား ပြောဆိုခွင့်တွေကို အလေးထားပါတယ်။ ဒါပေမဲ့ ရီပါဘလစ်ကန်တွေနဲ့ ထောက်ခံသူတွေကတော့ ကျောင်းတွေ အလုပ်ခွင်တွေအပါအဝင် နေရာတိုင်းမှာ အကြီးအကျယ် အတိုက်ခိုက်ခံနေကြရတာပါ။
  • နာဇီတွေက အာဏာရှင်တွေထုံးစံအတိုင်း ပြည်သူတွေလက်နက်ကိုင်ဆောင်ခွင့်ကို တားမြစ်ပါတယ်။ ရီပါဘလစ်ကန်တွေကတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို အခြေခံဥပဒေနဲ့အညီ အစဥ်တစိုက် အားပေးထောက်ခံလာကြတာဖြစ်ပါတယ်။

Fun Facts:

  • ရီပါဘလစ်ကန်ပါတီက ကျွန်စနစ်ကိုတင် တိုက်ဖျက်ခဲ့တာမဟုတ်ပါဘူး။ ယောက်ကျားတဦးကို မိန်းမတယောက်ထက်ပိုယူတဲ့ Polygamy ကိုလည်း တိုက်ဖျက်ခဲ့တာပါ။
  • ၁၈၇၀ကနေ ၁၉၃၅အထိ အောက်လွှတ်တော်မှာ ရွေးကောက်ခံခဲ့တဲ့ လူမဲအမတ်တွေ အားလုံး၊ ၁၉၇၉အထိ အထက်လွှတ်တော်မှာ ရွေးကောက်ခံခဲ့တဲ့ လူမဲအမတ်တွေအားလုံး၊ ပထမဆုံးအမျိုးသမီးအောက်လွှတ်တော်အမတ်၊ ပထမဆုံး Hispanic Governor, ပထမဆုံး​ Hispanic အထက်လွှတ်တော်အမတ်၊ ပထမဆုံးအာရှသားအထက်လွှတ်တော်အမတ် စသည်အားလုံးဟာ ရီပါဘလစ်ကန်ပါတီကပါ။
  • မြန်မာပြည်ဒီမိုကရေစီရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတဲက အားပေးထောက်ခံလာခဲ့ကြတာလည်း ရီပါဘလစ်ကန်တွေပါပဲ။ သူတို့ထဲက ထင်ရှားတဲ့ Mitch Mcconnell ကြီး ခုထိ အထက်လွှတ်တော်မှာ ရှိပါသေးတယ်။

ဒါတွေဟာ လူပြောသူပြောကို အခြေခံထားတာမဟုတ်ပါဘူး။ သေချာရှာကြည့် ယှဥ်ကြည့်ပြီးတော့မှ ရေးထားတာပါ။ လူဆိုတာတော့ သူယုံချင်တာယုံမှာပါပဲ။ ကာလာမသုတ်အတိုင်း သေချာလေ့လာရင်တော့ မမှားဘူးပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: