California

ထူထဲတဲ့ တောင်တန်းတွေ သစ်တောတွေရှိပြီး Silicone Valley, Napa Valeey, Hollywood, Golden Gate, အစရှိတာတွေနဲ့ ကြော်ကြားတဲ့ California ပြည်နယ်မှာ အခုနောက်ပိုင်း နာမည်ကြီးစရာနောက်တခုထပ်တိုးလာတာကတော့ မီးပျက်တာပါတဲ့။ နိုင်ငံတနိုင်ငံလိုတွက်မယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားဟာ ကမ္ဘာပေါ်မှာ နံပါတ် ၅ အဆင့်စီးပွားရေးအဆင့် ရှိနေပေမဲ့ နွေအကုန် ဆောင်းဦးအစောပိုင်း သစ်ရွက်ကြွေလေထန်တဲ့ အချိန်မျိုးမှာဆိုရင် ပြည်သူတွေ ရက်အတော်ကြာမီးဖြတ်ခံရတာ မဆန်းတော့တဲ့အဖြစ်ကို ရောက်နေပါပြီ။ မီးဖြတ်ရတဲ့အကြောင်းရင်းကတော့ အိုဟောင်းနေတဲ့ မီးတိုင်တွေကြောင့် မီးလောင်မှာကြောက်လို့ဖြစ်ပါတယ်။ ထူထဲတဲ့တောင်တန်းတွေ သစ်ကြိတ်သားတွေနဲ့ ဆောက်ထားတဲ့အိမ်တွေများပြီး နွေအခါမှာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ရှိတဲ့အတွက် မီးလောင်တာဟာ အဆုံးအရှုံးတော်တော်ကြီးသွားနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။

တောမီးလောင်တာကတော့ မိုးကြိုးပစ်တာ၊ တောထဲစခန်းချ ချက်ပြုတ်စားသောက်ပြီး မီးသေချာငြှိမ်းမသွားတာ၊ ဆေးလိပ်တိုကို မီးမသတ်ပဲ ပစ်ချတာ၊ တမင်ရှို့တာစသဖြင့် အကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းလောင်သမျှမီးရဲ့ တဝက်လောက်က ဓါတ်တိုင်အိုတွေကြောင့်ပါတဲ့။ ဒီလောက်ချမ်းသာတဲ့ပြည်နယ်မှာ မီးကြိုးဓါတ်တိုင်တွေကို ဘာလို့အသစ်မလဲနိုင်တာလဲလို့ မေးစရာရှိပါတယ်။ ဒီမိုကရက်အုပ်ချုပ်သူများကတော့ မီးလောင်တာကို ကမ္ဘာကြီးနွေးလာလို့/ဥတုဖောက်ပြန်လို့လို့ ပြောကြပါတယ်။ (Global Warming ဆိုတာကိုစခဲ့တဲ့ သိပ္ပံပညာရှင်ကတောင်မှ ဒါဟာအမှားကြီး/ လိမ်ဆင်ကြီးပါဆိုတာ လူသိရှင်ကြား ဝန်ခံသွားပါပြီ။) ဒါဆို ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေလုပ်လို့ရတာမရှိတော့ဘူးလား၊ မီးလောင်တိုင်းလည်စင်းပြီး ကြိတ်ခံနေရတော့မှာလားလို့ မေးစရာရှိလာပါတယ်။ တကယ်တမ်းက လုပ်မယ်ဆို လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။

California မှာ မီးလောင်တယ်ဆိုတာ ဟိုတုန်းထဲကပါ။ လူဦးရေတိုးတက်များပြားလာပေမဲ့ အားလုံးက သတိရှိခဲ့ကြပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတာပါ။ အရင်က သစ်ထုတ်လုပ်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုခဲ့ပါတယ်။ မီးလောင်ခဲ့ရင် မကျယ်ပြန့်စေဖို့ မီးတားလွင်ပြင်တွေဖြစ်အောင် လိုအပ်တဲ့နေရာတွေကို အရင်ကြို မီးရှို့ပြီး စနစ်တကျအပြောင်ရှင်းထားခဲ့ကြပါတယ်။ အခုတော့ အရင်လိုမဟုတ်တော့ပါဘူး။ အခုနောက်ပိုင်း climate change အသံတွေ ပိုမိုကျယ်လောင်လာတာနဲ့ အမျှ သစ်ခုတ်လုပ်ငန်းတွေလဲခွင့်မပြုတော့တဲ့အပြင် မီးတားလွင်ပြင်တွေလုပ်ဖို့ စနစ်တကျထိန်းပြီးရှို့နေကျလုပ်ရပ်တွေကိုတောင် ခွင့်မပြုတော့ပါဘူး။ တောတွင်းမှာ camping သွားကြရင်လဲ သစ်ကိုင်းခြောက်တွေ လဲကျနေတဲ့သစ်ပင်အခြောက်တွေကို ထင်းအဖြစ်လုံးဝမသုံးရ မသယ်ရ နေရာမရွှေ့ရတာ ကိုယ်တွေ့ပါ။ အဲဒါတွေက ပူပြင်းခြောက်သွေ့တဲ့ရာသီအကုန် လေထန်တဲ့ရာသီအဝင်မှာ လောင်စာတွေစုပေးပြီး မီးလောင်ဖို့အကောင်းဆုံးအနေအထားတွေကို ဖန်တီးပေးနေတာ အသေအချာပါပဲ။

အဲဒီလိုပဲ နိုင်ငံရေးလှုံ့ဆော်ချက်တွေကြောင့်ဖြစ်ရတဲ့ နောက်ပြဿနာတခုက California ကို အဓိကမီးပေးနေတဲ့ PG&E စွမ်းအင်ကုမ္ပဏီက Governor Brown လက်ထက်မှာ ချမှတ်ခဲ့တဲ့ ၂၀၄၅မှာ ပြည်နယ္ရဲ့ စွမ်းအင်လိုအပ်ချက်တွေအားလုံးကို renewable energy ဖြစ်တဲ့ လေအားလျှပ်စစ်နဲ့ ဆိုလာပြားတွေနဲ့ အစားထိုးမယ်လို့ဆိုတာကြောင့် စရိတ်စကကြီးတဲ့ အဲဒီစီမံကိန်းတွေပါ်မှာ ရှိသမျှအင်အားတွေ အရင်းအမြစ်အများစုကို ပုံထားရတာကြောင့် လက်ရှိမီးပေးစနစ်က အိုမင်းဟောင်းနွမ်းနေတဲ့ ဓါတ်ကြိုးလိုင်း/တိုင်တွေကို ပြုပြင်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ မသုံးစွဲနိုင်တော့ဘူးလို့ဆိုပါတယ်၊ အဆိုးဆုံးတခုဖြစ်တဲ့ အိမ်ခြေ၁၀,၀၀၀ကျော်နဲ့ လူ၈၅ဦးဆုံးရှုံးခဲ့ရတဲ့ ၂၀၁၈တုန်းကလောင်တဲ့မီးရဲ့ အကြောင်းကတော့ အိုမင်းပျက်ယွင်းတဲ့ equipment တွေကြောင့်ပါတဲ့။ ရလာဒ်ကတော့ နွေကုန်လို့ သစ်ရွက်ကြွေ လေပြင်းတဲ့ရာသီမှာ တတိယကမ္ဘာနိုင်ငံတွေလို မီးဖြတ်ခံရတာပါပဲ။

ပြည်နယ်အစိုးရကတော့ အဲဒီလိုကိစ္စနဲ့မီးလောင်ရင် PG&E ကို တရားစွဲဖို့လုပ်တာပါပဲ။ ဘာကြောင့်ဒါတွေမလုပ်နိုင်တာလဲ၊ ဘာတွေပံ့ပိုးပေးရမလဲ၊ နောက်မဖြစ်အောင်ဘာတွေလုပ်သင့်သလဲ ဆိုတာတွေတော့ စဥ်းစားကြရဲ့လား ဆွေးနွေးကြရဲ့လား သိချင်မိပါတယ်။ လုပ်ငန်းရှင်တွေကို အပြစ်တင်/တရားစွဲလိုက်တာနဲ့ ပြဿနာတွေဟာ မျက်လှည့်ပြလိုက်သလို ပျောက်သွားမှာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

၂၀၁၈ တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ သစ်ပင်အသေပေါင်း ၁၂၉သန်း ရှိပြီး ၂၀၁၉ မှာတော့ သစ်ပင်သေပေါင်း ၁၄၉သန်းအထိ တိုးလာခဲ့ပါတယ်။ ဒါတွေက မီးမွှေးရင် သုံးတဲ့ ရှားမီးတံလေးတွေလို မီးလောင်အား ကောင်းသထက်ကောင်းအောင် ပံ့ပိုးပေးရာမှာ အဓိကကျတယ်လို့ ပြောလို့ရမှာပါ။ တကယ်တမ်းက ဒီအချက်အလက်တွေဟာလည်း လျို့ဝှက်ချက်တွေမဟုတ်ပဲ သတင်းစာကြီးတွေမှာ ၂၀၁၈မတိုင်ခင်ထဲက ပါနေတဲ့ သတင်းတွေဖြစ်ပါတယ်။ အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ ကယ်လီဖိုးနီးယားမှာ အခုနောက်ပိုင်း လောင်သမျှ တောမီးတွေရဲ့ ၈၅%က လူတွေရဲ့စနက်နဲ့ မကင်းပါဘူးတဲ့။ စည်းကမ်းနဲ့ သစ်ထုတ်လုပ်တာတွေလဲခွင့်မပြု၊ သဘာဝအလျောက် လဲသွား ခြောက်/သေသွားတဲ့ အပင်တွေကိုလည်း မရွှေ့ရ၊ ယူပြီးထင်းအဖြစ်မသုံးရ၊ မီးတားဧရိယာတွေလုပ်ဖို့ အပြောင်ရှို့ဖို့ကျတော့လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်ဆိုပြီး ခွင့်မပြုတော့ လူတွေရဲ့ အသိဉာဏ်နဲ့ တိုးတက်နေတဲ့ နည်းပညာတွေကို ဘယ်နားသွားထားလဲဆိုတာ တွေးစရာဖြစ်လာပါတယ်။ မီးအန္တရာယ်အတွက် သတိအထားသင့်ဆုံးကတော့ သစ်တောထူပြီး ပူပြင်းခြောက်သွေ့တဲ့ ကယ်လီဖိုးနီးယားကုန်းတွင်းလို နေရာတွေမှာပါ။ ပြောရမယ်ဆိုရင်တော့ အမေရိကန် အနောက်ဘက်ကမ်းတခုလုံးပါပဲ။

ထူးခြားတာက တောမီးတွေဟာ အနောက်ဖက်ခြမ်းခြင်းတူတူ ကနေဒါနဲ့ မက္ကဆီကိုတွေမှာ မတွေ့ရပဲ အမေရိကန်ပြည်ထဲမှာတင် ရှိနေရုံမက အဲဒီလို တောမီးတွေနဲ့ ဝေဆာနေတဲ့ အနောက်ဖက်ခြမ်းက ပြည်နယ်၃ခုဟာလည်း ဒီမိုကရက်တွေ ကြီးစိုးနေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုး Gavin Newsom က မှတ်တမ်းဗီဒီယိုထဲမှာ climate change ဆိုတာကို မယုံရင် ကယ်လီဖိုးနီးယားကို လာခဲ့ပါ၊ သိပ္ပံတွေဘာတွေထားလိုက်ဦး၊ ကိုယ့်မျက်စိနဲ့ကိုယ်တိုင် လာကြည့်လှည့်လို့ မီးလောင်ပြင်ကိုနောက်ခံထားပြီး ရယ်ရယ်မောမောနဲ့ ပြောနေတာ တွေ့ရမှာပါ။ (ဒါဆိုရင် ၈၅%သော တောမီးတွေက လူတွေကြောင့်ဖြစ်တယ်ဆိုတာကြီးနဲ့ တော်တော့်ကို ကွဲနေတာတွေ့ရမှာပါ။ Data ကလိမ်သလား Newsom က လိမ်သလားတော့ အသိသာကြီးပေါ့) ကြီးကြီးကျယ်ကျယ်တွေနဲ့ချောက်မှ လူတွေကကြောက်၊ လူတွေကြောက်တော့ အစိုးရကို အားကိုး၊ အစိုးရမှာ အလုံးစုံအာဏာရှိအောင် တွန်းပို့၊ အစိုးရအာဏာကြီးလာလေလေ လူတွေတဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ သေးငယ်လျော့နည်းသွားလေလေပါပဲ။ အဲဒီလိုနဲ့ပဲ အာဏာရှင်စနစ်ကို ရောက်သွားကြတာပါ။ လမ်းကတော့ ရိုးပါတယ်။ သတိမူမိဖို့နဲ့ ခြေရာခွက်ထဲက ထွက်ကြည့်ချင်စိတ်ရှိဖို့ပဲလိုတာပါ။

အခုကယ်လီဖိုးနီးယားမှာ သုံးနေသမျှ စွမ်းအင်ရဲ့ ၈၀%က သူတို့သိပ်ကြောက်တဲ့ fossil fuel ကနေ လာတာပါ။ Fossil fuel မှာ ဘာတွေပါလည်းကြည့်မယ်ဆိုရင် ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေးလို ဟာမျိုးတွေပါပါတယ်။ မီးအားပေးဖို့ နျူကလီးယားလောင်စာကလည်း တော်တော်အသုံးဝင်ပါတယ်။ သူတို့အတင်းတွန်းနေတဲ့ လေအား နေအားပေးစွမ်းအင်တွေက ကြားလို့ကောင်းပေမဲ့ သေချာတဲ့အရင်းအမြစ်တွေမဟုတ်တဲ့အပြင် စရိတ်ကလည်း မသေး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကလည်း အကောင်းအဆိုး ဒွန်တွဲနေတာပါပဲ။ လေမတိုက်လို့ မီးမလာ၊ မိုးအုံ့ရင်လဲ မီးမရဆိုရင်လဲ မဖြစ်သေးဘူးလေ။

ဆိုလာပြားတွေဆိုတာကလည်း သက်တမ်းတခုပဲခံတာပါ။ သူတို့ကို ထုတ်လုပ်ရာမှာလဲ သိပ်အသန့်ရှင်းကြီးမဟုတ်သလို သက်တမ်းကုန်လို့ လွှတ်ပစ်ရရင်လဲ ပတ်ဝန်းကျင် ညစ်ညမ်းတာပါပဲ။ လေရဟတ်ကြီးတွေ ဆောက်ပြီးတော့လည်း ပျက်သွားရင် စရိတ်ကြီးလို့ မပြင်နိုင်၊ ဖျက်မသိမ်းနိုင်၊ မလွှတ်ပစ်နိုင်ပဲ ဒီတိုင်းပစ်ထားရတာတွေ အများကြီးပါ။​ ဒါတွေကလည်း ပတ်ဝန်းကျင်အတွက် ကောင်းမယ်မထင်ပါဘူး။ အဲဒီ Gavin Newsom က ရွေးကောက်ပွဲတုန်းကလဲ ဘာ စကားရည်လုပွဲမှ မတက်၊ သူ့အာဘော်နဲ့မကိုက်တဲ့ သတင်းဌာနတွေကို အင်တာဗျူးမပေးပဲ ရှောင်နေခဲ့တာပါ။ တခါတလေတော့လည်း သူတို့အာဘော်တွေ အစီအစဥ်တွေအောင်မြင်ဖို့အတွက်များ မီးနဲ့ကစားနေတာလားလို့တောင် သံသယဖြစ်မိပါတယ်။

သူတို့လေထုညစ်ညမ်းမှာစိုးလို့ ပေးမရှို့တဲ့ မီးတားကွင်းတွေထက် အခုလို ထိမ်းမနိုင် သိမ်းမရတောမီးတွေက လေထုဘယ်လောက်တောင် ပိုညစ်ညမ်းစေမလဲဆိုတာ တော်ရုံအသိဉာဏ်နဲ့ သိနိုင်နေတာပါ။ တတ်နိုင်တဲ့ ကယ်လီဖိုးနီးယန်းတွေ ကတော့  မီးမလာလဲ မီးစက်ဝယ်တပ်၊ လေထုညစ်ညမ်းလဲ အိမ်မှာ လေသန့်စင်စက်လေး ဝယ်တပ်လိုက်ကြတာပါပဲ။ မီးဖိုပေါ်က ရေအိုးထဲရောက်နေတဲ့ ဖားလိုပေါ့။ အေးဆေးပါ။ မတတ်နိုင်သူတွေကျတော့လည်း စားဝတ်နေရေး လုံးပန်းနေရတာနဲ့ လုံးချာရိုက်နေမှာပါပဲ။

ဒီမီးတွေ မီးခိုးတွေ မီးပျက်တာတွေက မတတ်နိုင်တဲ့သူတွေ (အထူးသဖြင့် ကျန်းမာရေးမကောင်းလို့ စက်ပစ္စည်းအကူအညီယူနေရသူတွေ)၊ ငှက်တွေ၊ တောရိုင်းတိရစ္ဆာန်တွေ၊ အကျိုးပြုပိုးမွှားတွေအပေါ် သက်ရောက်မဲ့အနေအထားက လန့်စရာပါ။ သဘာဝ ecosystem ပျက်သွားရင် မျှခြေပြောင်းသွားရင် အားလုံးအပေါ် သက်ရောက်မှုရှိလာမှာပါ။ လူ့ရဲ့အခန်းကဏ္ဍက လူတွေလိုပါပဲ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါ။ ပတ်ဝန်းကျင်ပျက်စီးမယ်ဆိုပြီး ဘာမှမလုပ်ပဲ မဖြစ်နိုင်တာတွေနဲ့ အချိန်ကုန်နေကြမယ့်အစား လူ့အသိဉာဏ်နဲ့ ရှိတဲ့အနေအထားကနေ အကောင်းဆုံး အဖြစ်နိုင်ဆုံးအဖြေရှာရင်တော့ မှားစရာမရှိဘူးထင်ပါတယ်။ Climate change လို လူကဖန်တီးထားတဲ့ အစီအစဥ်ကြီးကို ကြောက်ကြမလား၊ တကယ်ဖြစ်နေတဲ့ ဆိုးကျိုးတွေ၊ နှစ်တို၊ နှစ်ရှည်မှာဖြစ်လာမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြောက်ကြမလားဆိုတာတော့ ကိုယ်တိုင်ပဲ ဆုံးဖြစ်ကြရမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: