ဇန်နဝါရီ ၂၅ ရက်နေ့က တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ကန်နိုင်ငံခြားရေးဌာနကနေ အမေရိကန်သံတမန်တဦး တရုပ်ပြည်မှာ ဟိုပိုးရှိမရှိစစ်တာကို ပုံမှန်အတိုင်း နှာခေါင်းထဲတင်မက နောက်ပေါက်ထဲကိုပါ စစ်ခဲ့တယ်ဆိုတဲ့ ၁၁ မျက်နှာရှိတဲ့ မှတ်တမ်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုစစ်တာကို ခံခဲ့ရတာ အနည်းဆုံးတဦးဖြစ်ပြီး သူနေထိုင်တဲ့ ဘေဂျင်းကတိုက်ခန်းမှာ ကြိုတင်အကြောင်းကြားထားခြင်းမရှိပဲ အစစ်ခံခဲ့ရတာပါ။ တရုပ်ဖက်ကတော့ ဒါက မှားပြီး လုပ်မိတာပါ၊ သတ်မှတ်ချက်ထဲမှာ သံတမန်တွေ မပါပါဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးသင်ဖူးရင် သိကြမှာက သံတမန်ရေးက အင်မတန်ဆတ်ပါတယ်။ လုံးဝ အတိမ်းအစောင်း အတင် အကြောမခံပါဘူး။ ခုကိစ္စက လူ့ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့အပြင် အိမ်တွင်း ပတ်ဝန်းကျင်ကိုပါ စစ်တယ်ဆိုတာ သံဝန်ထမ်းတွေရဲ့အိမ်မှာ မဖြစ်သင့်ပါဘူး။ ထရမ့်လိုခေါင်းဆောင်အောက်မှာ ဖြစ်မှာမဟုတ်သလို ဖြစ်ခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူမှာပါ။ ဘိုင်ဒန်အစိုးရကတော့ ဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက် ကွန်ပလိန့်တောင် မတက်ခဲ့ကြပါဘူး။ နောက်နောင် အတင်းအကျပ် လုပ်လာရင်သာ ချက်ခြင်း ပြည်တော်ပြန်ခဲ့ကြဖို့ နိုင်ငံခြားရေးဌာနက သံဝန်ထမ်းတွေကို ၂၇ရက်နေ့က email ပို့တယ်လို့တော့ ဆိုပါတယ်။
ကနေဒါမှာ ဗက်ဆင်းမန်ဒိတ်ကို ဆန္ဒပြတဲ့အနေနဲ့ ထရပ်ကားသမားတွေက မြို့တော်ကို ပိတ်ဆို့ထားကြတဲ့အတွက် ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကထဲက မြို့တော်ကနေ ရှောင်သွားတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ထရူဒိုက ဒီလိုဆန္ဒပြတာက လူနဲနဲလေးက လုပ်တာပါလို့ပြောခဲ့ပြီးနောက် ထရပ်ကားပေါင်း ၅သောင်းကျော်က မြို့တော်ကို ပိတ်ဆို့ထားတဲ့အပြင် အမေရိကန်နယ်စပ်တလျောက် ပိတ်ဆို့တဲ့နောက်ထရပ်ကားတန်းကြီးမှာလည်း ထရပ်ကာတွေ အများကြီး ပါဝင်ဆင်နွဲနေကြပါတယ်။
မြို့တော်မှာ ဆန္ဒပြထရပ်ကားတွေ ဝင်လာကြတာကို ကနေဒါရဲ့ ရေခဲမှတ်အောက် တော်တော်ကျတဲ့ ခါးသီးတဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံအံတုပြီး လူ ၅သိန်းလောက် လာဂုဏ်ပြုကြတဲ့အပြင် ဖြတ်သွားရာ လမ်းဆုံလမ်းခွတွေ မှာလည်း ကနေဒါအလံတွေ ဝှေ့ရမ်းပြီး အားပေးနေကြပါတယ်။ အလံဝှေ့ရမ်း၊ စာတမ်းတွေကိုင်ပြီး အားပေးကြတဲ့အပြင် စားစရာတွေ၊ လက်လုပ်ဂုဏ်ပြုလက်ဆောင်တွေပါတဲ့ အိတ်ကလေးတွေပေးကြတာ ထရပ်ကာကြီးတွေ မျက်ရည်လည်ရတဲ့အထိပါပဲ။
ညီညွတ်ခြင်းသည်သာ ပြည်သူရဲ့ အစွမ်းဆုံးအင်အားပါ။ အစိုးရဆိုတာ ပြည်သူ့ဝန်ကို ထမ်းဖို့ အလှည့်ကျတဲ့ ပြည်သူထဲကပြည်သူပဲ ဆိုတာ မေ့နေပြီး ပြည်သူ့အထက်ကလို အာဏာပြ အာဏာ ယစ်မူးနေသူတွေ အတွက် သင်ခန်းစာ ဖြစ်သင့်ပါတယ်။
ကန်းဆပ်စ်ပြည်နယ်မှာ ဆရာမလုပ်ခဲ့ဖူးသူ ကလေး၅ယောက်မိခင်တဦးက ၂၀၀၈ ခုနှစ်ကထဲက အရှေ့အလယ်ပိုင်းမှာသွားနေခဲ့ရာကနေ ပထမအမေရိကန်ခင်ပွန်းဆုံးပြီးနောက် ဘကုံးတိုင်းပြည်က ထင်ရှားတဲ့ အိုင်အက်စ်ခေါင်းဆောင်တဦးနဲ့ လက်ထပ်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အကြမ်းဖက်ဖောက်ခွဲမှုတွေကို အမေရိကန်မြေပေါ်က ရှော့ပင်းမောလ်တွေ ကောလိပ်ကမ်းပတ်စ်တွေမှာ ပြုလုပ်ဖို့ စီစဥ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဆီးရီးယားနိုင်ငံမှာ ဖက်ဒရယ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။
သူမက ၄၂နှစ်အရွယ်ဖြစ်ပြီး သူ့ကလေးအငယ်ဆုံးက ၁၃နှစ်ရှိပြီဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း အိုင်အက်စ်မှာ ကလေးငယ်တွေပါဝင်တဲ့ အမျိုးသမီးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးအဖြစ် ၃နှစ်ခန့် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး အမေရိကန်မှာလည်း လူထိများမယ့် လူစည်တဲ့နေရာတွေမှာ ကြီးကြီးမားမားဖောက်ခွဲမှုလုပ်ဖို့ အမြဲတွေးနေခဲ့တယ်လို့ သက်သေတဦးက ပြောကြားသွားပါတယ်။ ပြစ်မှုထင်ရှားရင်တော့ သူမက အများဆုံး ထောင် အနှစ် ၂၀ကျခံရမှာဖြစ်ပါတယ်။
အဲဒီလို အနောက်နိုင်ငံတွေမှာ မွေး/ကြီးပြီး ကိုယ့်နိုင်ငံကို ပြန်အကြမ်းဖက်ချင်တဲ့ လူဖြူတွေထဲမှာ သူမက ပထမဆုံး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်ချက်အုဋ်မြစ် မခိုင်ရင် တပါးအယူ အလွယ်တကူ လွှမ်းမိုးနိုင်တဲ့ သက်သေပါ။ အဲဒါကြောင့်လည်း လက်ဝဲစွန်းတွေက အမေရိကန်နဲ့ အနောက်ကမ္ဘာမှာ လူများစုခရစ်ယာန်တွေရဲ့ အစဥ်အလာတွေကို တဖြည်းဖြည်းကျပ်လာနေတာကို လက်မခံသင့်တာပါ။