PA ပြည်နယ်က ယောခ့်ကောင်တီမှာ Audit the Vote PA အဖွဲ့က အိမ်ပေါင်း ၄၈၆အိမ်ကို တံခါးခေါက်ပြီး ဆာဗေးဆင်းခဲ့တာမှာ ၂၀၆အိမ်က အိမ်မှာလူလည်းရှိ ဆာဗေးလုပ်ဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ အဲဒီထဲက ၄၅% က အိမ်ရှိ မဲပေးခဲ့တဲ့ လူဦးရေနဲ့ ကောင်တီမှာ လက်ခံရရှိတဲ့ မဲအရေအတွက်က ကွာဟနေတယ်လို့ ဆိုပါတယ်။ ဥပမာ အိမ်မှာမဲပေးဖို့ စာရင်းရှိ ၃ဦးဖြစ်ပေမယ့် ကောင်တီမဲစာရင်းမှာ ၅ဦး ဖြစ်နေတာမျိုးပါ။ အဲဒါကို သူတို့က phantom မဲလို့ခေါ်ပါတယ်။ တကယ့်လူမရှိတဲ့မဲဆိုပါတော့။
တပြည်နယ်လုံးကို ၄၅% နဲ့မတွက်ပဲ လျော့လျော့ပေါ့ပေါ့ ၁၇% နဲ့ တွက်ကြည့်ရင်တောင် ရလာဒ်က လုံးဝ ပြောင်းပြန်ဖြစ်သွားနိုင်တာပါ။ အဲဒီ ၄၅% ထဲက ၃၇% က မဲမှတ်ပုံတင်တာနဲ့ ရေတွက်ရာမှာ ကွဲလွဲသွားတာဖြစ်ပြီး ၂၃% က တကယ့်ကို ဖန်တမ်လုပ်ထားတာဖြစ်ပါတယ်။