Covid-19 and Authoritarian Apps

ခုခေတ်မှာ လူတိုင်းလဲ ဖုံးကိုင်နေပြီ၊ နည်းပညာတွေလည်း တိုးတက်နေပြီ၊ အဲဒီတော့ ကပ်ပိုးကို နည်းပညာနဲ့ ခုခံကြမယ်ဆိုပြီး နည်းပညာကို လူတွေအကျိုးပြုတဲ့ဖက်မှာပဲ သုံးလိမ့်မယ်လို့ ပုံပြီး ယုံလို့ လုံးဝ မဖြစ်ပါဘူး။ အထူးသဖြင့် အာဏာရှင်အစိုးရတွေ၊ အာဏာရှင်ဖြစ်ချင်နေတဲ့ အစိုးရတွေ၊ အာဏာရှင်တွေနဲ့ ပေါင်းစားနေတဲ့ နည်းပညာသမားတွေကို အလျင်စလို ယုံလိုက်တာမျိုး လုံးဝ မလုပ်သင့်ပါ။

တရုပ်ပြည်မှာ သိကြတဲ့အတိုင်း ဇီးရိုးကိုဗစ် ပေါ်လစီလုပ်ထားတာပါ။ အဲဒီအတွက် ပြည်သူတွေကို ဖုံးထဲမှာ QR ကုဒ်နဲ့ အရောင်ခွဲပေးထားပါတယ်။ အစိမ်းရောင်ဆိုရင် ခရီးသွားခွင့်အပါအဝင် အကန့်အသတ်မရှိ သွားခွင့်ရှိပါတယ်။ အဝါဆိုရင် ကန့်သတ်ချက်တွေ စလာပါပြီ၊ ဥပမာ စားသောက်ဆိုင်ထဲမဝင်ရ၊ ဘတ်စ်မစီးရ စသဖြင့်ပေါ့။ လိမ္မော်ရောင်ဆိုရင်တော့ ပိုဆိုးပါတယ်၊ ဥပမာ ကိုယ့်ရပ်ကွက်မှာ တွေ့တယ်ဆိုရင် ကိုယ့်တိုက်/ကိုယ့်လမ်းအပြင် ကျော်ပြီး ပေးမသွားတာမျိုး ဖြစ်မယ်ထင်ပါတယ်။ အနီရောင်ဆိုရင်တော့ သူတို့အမိန့်ချ/ပို့တဲ့ ကွာရင်တိုင်းလိုနေရာကလွဲလို့ ဘယ်မှ သွားခွင့် မရှိတော့ပါဘူး။ အဲဒါကောင်းတာပေါ့လို့ ဆိုချင်သူများ ဆက်ကြည့်ပါဦး။

အာဏာရှင်တွေမှန်သမျှက အာဏာရှင်တွေကို မကြောက်တဲ့သူတွေ၊ ဆန့်ကျင်နိုင်တဲ့/ဖူးတဲ့သူတွေကို ဘယ်တော့မှ မျက်ခြေအပြတ်မခံတာ သိကြပါလိမ့်မယ်။ အခါကြီးရက်ကြီးနီးပြီဆိုရင်လည်း သူတို့ကို အရှက်ခွဲနိုင် ဆန္ဒပြနိုင်သူတွေကို အထဲဆွဲထည့်ထားတာ နောက်ယောင်ခံလိုက်နေတာမျိုး ကြုံဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အဲဒီလိုပါပဲ၊ အကြောက်တရားနဲ့ မှိုင်းတိုက်ထားတော့ ပိုထူးမလာမယ့် ကိုယ့်ရဲ့ လုံခြုံမှုဆိုတာအတွက် ကိုယ့်လည်ပင်းကိုယ် ချူဆွဲခံသလိုမျိုး ကိုယ့်ဖုံးထဲမှာ ဘာApp ညာApp တွေထည့်ခိုင်းပြီး သင်ရောက်ရာနေရာကို အနံ့ခံတဲ့အပြင် သင့်က သူတို့နဲ့ဆန့်ကျင်မိရင်ဖြစ်ဖြစ် ဆန့်ကျင်ဖူးတဲ့သမိုင်းရှိရင်ဖြစ်ဖြစ် အစိမ်းလေးကို ဝါလိုက် လိမ္မော်လိုက်ရုံလေးနဲ့ ဒုက္ခများသွားနိုင်ပါတယ်။ ဒါက ပိုးရှိ/မရှိနဲ့ မဆိုင်တော့ဘူးနော်၊ သက်သက်နိုင်ငံရေးအတွက် အသုံးချနေတာ။ (အဆုံးစွန်ပြောရရင် လုံးဝ သင့်ကို အများပြည်သူဒေတာဘေ့စ်ထဲက ဖျောက်ပစ်လိုက်ရင် သင်က သရဲသဘက်လိုတောင် ဖြစ်သွားနိုင်ပါသေးတယ်။)  

အာဏာရှင်တွေ/အစိုးရတွေက သုံးတဲ့ သတ်မှတ်ချက်တွေကလည်း အကုန်လုံး အဓိပ္ပါယ်ရှိတာတော့ မဟုတ်ပါဘူး၊ နီးကပ်မှုရှိခဲ့တယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုတာကအစ ကွာဟချက်တွေက တော်တော်ကြီးပါတယ်။ ဖြစ်တဲ့အချိန်ကလူရဲ့ မိုင်ဝက်အတွင်းစတဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သတ်မှတ်ချက်တွေ ရှိနေတယ်ဆိုတော့ အာဏာရှင်တွေထုံးစံအတိုင်း ထင်ရာမြင်ရာအမိန့်ချ၊ အောက်ကလည်း ဝိနည်းလွတ်ရတာတင်ပေါ့။ အဲဒါကြောင့်လည်း ဘာကြီးနဲ့ ဘယ်လောက်ပဲကြပ်ကြပ် တရုပ်ပြည်မှာဘယ်တုန်းကမှ ဇီးရိုးကိုဗစ် မဖြစ်ခဲ့ပါဘူး။

ဒီကြားထဲ တရုပ်အစိုးရက ကနေဒါကပါဆယ်အထုပ်က ကိုဗစ်ပိုး ပါလာတာလိုလို ဖိန့်ကြသေးတာပါ။ အဲဒီနောက်ပိုင်း နိုင်ငံခြားကလာတဲ့ စာတိုက်အထုတ်လက်ခံရရှိသူတိုင်းရဲ့ ကုဒ်တွေက အစိမ်းကနေ ဝါကုန်ကြတော့တာပါပဲ။ ထပ်ပြောပါမယ်၊ ပိုးတွေ့လို့/နီးစပ်လို့ ဝါတာမဟုတ်ဘူးနော်။ သူတို့ကို ဆန့်ကျင်ဖူးတဲ့မိသားစုတွေနဲ့ သွားတွေ့မယ့်လူတွေကိုပါ စိမ်းရာက အလိုလို နီပစ်တယ်ဆိိုတော့ လူတွေကျန်းမာရေးအတွက် အသက်ဘေးအတွက်လို့ ဟန်ပြထားတာက ဘီအက်စ်ဆိုတာ သိသင့်ပါတယ်။

အဲဒီ App တွေကို မသုံးတဲ့လူတွေလည်း ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ သူတို့အတွက် သွားလာလုပ်ကိုင်နိုင်တဲ့ နယ်က ကျဥ်းကျဥ်းသွားတာရယ် တနေရာရောက်တိုင်းရောက်တိုင်း ဘာလို့ ကုဒ်မရှိသလဲဆိုတာကို ရှင်းပြနေရတာက ခရီးမတွင်နေဘူးလို့ ဆိုပါတယ်။ ဒီမှာ ဗက်ဆင်းကဒ်ပြခိုင်းသလိုဖြစ်ပြီး အဲဒီထက် ပိုတော့ဆိုးမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: