နယူးမက္ကဆီကို ပြည်နယ်ဆီးနိတ်အတွက် ဝင်ပြိုင်ခဲ့ဖူးတဲ့လူက ဒီမိုကရက်တွေကြီးစိုးတဲ့ သူ့ပြည်နယ်မှာ ရွေးကောက်ပွဲနီးမှ ကပ်ပိုးအကြောင်းပြပြီး ပျက်ကွက်မဲတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့ကြကြောင်း၊
အရင်က ပျက်ကွက်မဲပေးသူဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ဒီမိုကရက်တဦး၊ ရီပါဘလစ်ကန်တဦးနဲ့ လစ်ဘတေးနီးယန်းလိုမျိုး တခြားပါတီက တဦး ပေါင်း judge ၃ဦးပါဝင်တဲ့အဖွဲ့က စစ်ဆေးပြီး အရည်အချင်းပြည့်မှီတဲ့မဲကိုသာ ထည့်သွင်းရေတွက်ကြတာဖြစ်ကြောင်း၊
၂၀၂၀နှောင်းပိုင်းမှ ပြုလုပ်လိုက်တဲ့ ဥပဒေအရ ကောင်တီစာရေးကသာ စစ်ဆေးခွင့်ရှိပြီး ပျက်ကွက်မဲ ရေတဲ့နေရာတွေမှာပါ ရီပါဘလစ်ကန် judge တွေကို ပေးမဝင်တော့တဲ့အပြင် ဘေးကရပ်ကြည့်ပြီး မတော်တာတွေ့ရင် ပြောနိုင်တဲ့ challenger တွေကိုပါ ဝင်ခွင့်မပြုကြတော့ကြောင်း၊
အဲဒါကြောင့် မျှတမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒီမိုကရက်ရော ရီပါဘလစ်ကန်တွေအပါအဝင် ပြည်သူအားလုံးက ကောင်တီစည်းဝေးပွဲတွေကို တက်ရောက်ကြပြီး ကိုယ့်မြို့ ကိုယ့်ပြည်နယ်မှာ ဘာတွေလုပ်နေကြသလဲဆိုတာကို သိအောင်လုပ်ကြဖို့ အရေးကြီးကြောင်း၊
မှားမှားယွင်းယွင်းလုပ်လိုက်တဲ့မဲကြောင့် မဲအားလုံးရဲ့ တန်ဖိုးတွေ ကျဆင်းသွားနိုင်ကြောင်း၊ သေချာစဥ်းစားရင် ဘယ်ပါတီကမဆို ကိုယ့်အသံ ကိုယ့်ဆန္ဒကို အမှန်တကယ်မထင်ဟပ်မှာမျိုး ဖြစ်လာမှာကို ကြိုးစားကာကွယ်ကြပါလို့ တိုက်တွန်းပြောကြားသွားပါတယ်။
https://rumble.com/vui1x2-former-n.m.-state-senate-candidate-claims-foul-play-in-2020-election.html