Trump on NATO over Dependence on Russia

ထရမ့်က နေတိုးအတွင်းရေးမှုးချုပ် စတိုလ်တန်ဘာ့ဂ်ကို ရုရှားရန်က ကာကွယ်ဖို့မှာ ဂျာမဏီက ရုရှားဆီက ရေနံဝယ်နေတာနဲ့ ဂျာမဏီကို ရုရှားရန်က ကာကွယ်ပေးနေတဲ့ နေတိုးရဲ့အသုံးစရိတ်အပေါ် အပြည့်အဝ မထည့်နေတဲ့အပေါ် နေတိုးအရာရှိက ဘာမှမလုပ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေတာပါ။ ထရမ့်လက်ထက်မှာ ဂျာမဏီကလည်း အရင်လို ချိုမိုင်မိုင်လုပ်မနေရဲပဲ ထည့်ဝင်သင့်တာ ထည့်ဝင်ခဲ့ရတဲ့အပြင် ရုရှားရဲ့ ပိုက်လိုင်းဆောက်တာတွေလည်း ရပ်ထားပြီး ရုရှားဆီက ရေနံ မဝယ်ခဲ့လို့ ပူတင်လိမ္မာနေခဲ့ရတာပါ။ ထရမ့်ရဲ့လေသံနဲ့ ဘိုင်ဒန်တို့ ကမလာတို့လေသံ ဘယ်သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ တကယ့်ခေါင်းဆောင်လဲဆိုတာ နှစ်ခါ စဥ်းစားစရာမလိုဘူးထင်ပါတယ်။

ဂျာမဏီက အရင်က ကျောက်မီးသွေးစက်ရုံတွေ နျူဓါတ်အားပေးစက်ရုံတွေ ရှိခဲ့ပေမယ့် ပိတ်ပစ်ခဲ့ပြီး ရုရှားဆီက ဆီဝယ်သုံးလာကြတာပါ။ သိပ္ပံပညာနဲ့ သက်သေမပြနိုင်တဲ့ ဂလိုဘယ်ဝမ်းမင်းကိစ္စကြီးက ကွန်မြူနစ်နိုင်ငံ အာဏာရှင်နိုင်ငံတွေကို အားကောင်းစေပြီး ဒီမိုကရေစီထွန်းကားတဲ့ အနောက်ကမ္ဘာကို ချိနဲ့စေတာတော့ အမှန်ပါပဲ။ နေတိုးနိုင်ငံချင်းတူတူ စွမ်းအင်ကို ပြည်ပက တင်သွင်းရတာချင်းတူတူ ပိုလန်က ရုရှားအပေါ် မှီခိုရမှာစိုးတော့ နီးတဲ့ရုရှားကမသွင်းပဲ တခြားကပဲ သွင်းပါတယ်။ ရုရှားအပေါ် မမှီခိုသင့်တာ ဆိုဗီယက်လက်အောက််ခံနိုင်ငံတွေထက် ဘယ်သူမှ ပိုသိနိုင်မယ် မထင်ပါဘူး။

ဒီမိုကရက်တွေကြားမှာ ထရမ့်က ပူတင်ရဲ့ ရုပ်သေးရုပ်လို့ မှိုင်းတိုက်ထားကြပြီး ဟေလာရီကလည်း ထရမ့်ကြောင့် ယူကရိန်းကျူးကျော်စစ် ဖြစ်ရတာလို့ လီဆယ်စွပ်စွဲထားပါတယ်။ ၂၀၁၄မှာဖြစ်ခဲ့တဲ့ ခရိုင်းမီးယားစစ်ကိုလည်း ထရမ့်လက်ထက်မှာ ရုရှားက ကျူးကျော်သွားသလိုလို မီဒီညာတွေက ပုံမှားရိုက်ထားကြလို့ အဲဒီလို ထင်နေသူတွေလည်း မနည်းမနောပါပဲ။ အစထဲက ဆင်ခြင်တုံတရားရှိသူဆိုရင်တော့ စေ့ငုပြီးမှ ယုံမှာဖြစ်ပေမယ့် များသောအားဖြင့်ကတော့ ဟုတ်/မဟုတ် မစဥ်းစားပဲ လွယ်လွယ်ယုံ၊ လွယ်လွယ်စွပ်စွဲ၊ လွယ်လွယ်ဆဲလိုက်ကြတော့တာပါပဲ။ ယူကရိန်းသမ္မတကတော့ ဘိုင်ဒန်က ဒီစစ်မဖြစ်အောင် ရှောင်လွှဲနိုင်ခဲ့ရဲ့သားနဲ့ မရှောင်လွှဲခဲ့ဘူးလို့ မနေ့က ကွန်ဂရက်စ်နဲ့ ဇူမ်းကောလ်မှာ ပြောသွားပါတယ်။

ယူကရိန်းတွေက စတင်ဂါဒုံးကျည်တွေကို ဒီဇင်ဘာထဲက ခယတောင်းနေခဲ့တာကို ဘိုင်ဒန်အစိုးရက အစထဲက ပေးမယ်လို့ ကတိပေးထားပေမယ့် ဖေဖေါ်ဝါရီလကုန်လောက်ကျမှ ယူကရိန်းကို ရောက်လာခဲ့တဲ့အကြောင်း၊ ပူတင်စိတ်ကွက်မှာစိုးနေတာနဲ့ ယူကရိန်းနိုင်ငံသားတွေ သေကြေဘဝပျက်ကြရတဲ့အကြောင်း ဖလော်ရီဒါက ကွန်ဂရက်စ်အမတ် Mike Waltz က ဖွင့်ချသွားပါတယ်။ ယူကရိန်းအမတ်တွေက စိုးရိမ်စိတ်လှုပ်ရှားစွာနဲ့ လက်နက်တွေ ရရှိဖို့ စောင့်စားနေခဲ့ပေမယ့် ဘိုင်ဒန်ကတော့ ယူကရိန်းကိစ္စက ခဏလေးပြီးသွားလိမ့်မယ်လို့ တွက်ခဲ့ပုံရကြောင်း ပြောသွားပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း Waltz က ဒီဇင်ဘာမှာ ယူကရိန်းကို သွားရောက်ခဲ့ပြီး အဲဒီအချိန်က ဖလော်ရီဒါနေရှင်နယ်ဂါ့ဒ်တွေက ယူကရိန်းမှာ စစ်ရေးလေ့ကျင့်နေဆဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ပြန်ပို့(သို့) ပိုလန်ကို ပြောင်းရွှေ့ထားလိုက်တယ်လို့ ဆိုပါတယ်။

နိုးဖလိုင်းဇုံကို လုပ်ခဲ့ရင် ရုရှားနဲ့ ထိပ်တိုက်တွေ့မှာစိုးနေတဲ့ အနောက်ကမ္ဘာက ခေါင်းရှောင်ကြီးများက အမေရိကန်တပ်တွေ ယူကရိန်းထဲမှာ ရှိနေရင် ရုရှားက အမေရိကန်နဲ့ ထိပ်တိုက်တွေ့မှာစိုးလို့ ရှောင်သွားမယ်လို့ မထင်ကြဘူးလားလို့ မေးချင်ပါတယ်။ အခုပုံစံက ရုရှားဝင်ဖို့ တွန့်နေမှာစိုးလို့ တမင်ဖယ်ပေးလိုက်သလို ဖြစ်နေတာပါ။ ကျောင်းတွေမှာ ဘူလီလုပ်တဲ့ ကလေးဆိုးတွေလိုပါပဲ။ ကြောက်မှန်းသိလေ ဖြဲချောက်လေပဲ ဖြစ်မှာပါ။ ယူကရိန်းရဲ့ အားသာချက်က တိုင်းပြည်ကို တကယ်ချစ်ပြီး သတ္တိရှိတဲ့ ခေါင်းဆောင်အောက်မှာ သတ္တိရှိပြီး စည်းလုံးတဲ့ပြည်သူရှိနေတာပါ။အာဏာရှင်လက်အောက်မှာ နေမယ့်အစား ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ခွင့်ကို တပြားမှ အဆုံးမခံဖို့ ဆုံးဖြတ်ထားတဲ့ ပြည်သူတွေရဲ့ ခမ်းနားတဲ့သမိုင်း အဆုံးသတ်လှပါစေလို့ ဆုတောင်းပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: