ဖလော်ရီဒါက တပ်ထွက်ဂါဗာနာ ရွန်ဒီဆန်းတစ်စ်က ပူတင်ကို ဆိုဗီယက်ထံက နျူလက်နက်တွေ အမွေရထားတဲ့ အာဏာရူး ဓါတ်ဆီဆိုင်ဝန်ထမ်းလို့ ဝေဖန်သွားပါတယ်။ အိုဘားမားလက်ထက်နဲ့ ထရမ့်လက်ထက်အစောပိုင်းမှာ ဒီဆန်းတစ်စ်က အမတ်ဖြစ်ခဲ့တဲ့အတွက် သူ့အတွေ့အကြုံအရ အိုဘားမားလက်ထက်တုန်းက ပြည်တွင်းရေနံလုပ်ငန်းတွေကို ပိတ်ပင်ပြီး ရုရှားဆီက ရေနံဝယ်ယူခဲ့တဲ့အပြင် ယူကရိန်းကို လက်နက်မထောက်ပံ့ခဲ့ဘူးလို့ ဆိုပါတယ်။ ထရမ့်တက်လာတော့မှ သူက လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးသူဖြစ်ပေမယ့် တိုင်းပြည်လုံခြုံရေးနဲ့ဆိုင်တဲ့ စွမ်းအင်လို ကဏ္ဍတွေမှာ တပါးနိုင်ငံ အထူးသဖြင့် ရန်လိုသူနိုင်ငံတွေအပေါ် မမှီခိုသင့်တာကြောင့် ပြည်တွင်းစွမ်းအင်ဖူလုံရေးကို ဦးစားပေးခဲ့ပါတယ်။ ရုရှားရဲ့ အင်အားကောင်းမလာအောင် ငွေဝင်ပေါက်တွေ ပိတ်တဲ့အနေနဲ့ ရေနံအဝယ်ရပ်လိုက်သလို မဟာမိတ်နိုင်ငံများကိုလည်း ရုရှားဆီက မဝယ်ဖို့ တားမြစ်ခဲ့ပါတယ်။
ထရမ့်လက်ထက်ပထမ ၂နှစ်မှာ ယူကရိန်းကို အထောက်အပံ့ပေးဖို့ ထရမ့်က သဘောမတူခဲ့ဘူးလို့ ဟိုဖက်က ပြောနေကြတာ တစိတ်တပိုင်းပဲ မှန်ပါတယ်။ ထရမ့်အဲဒီတုန်းက ပြောခဲ့တဲ့ ဗီဲဒီယိုအစအဆုံးကို ကြည့်ရင် အဲဒီတုန်းက ယူကရိန်းအစိုးရက ခြစားမှုနဲ့ တော်တော်နာမည်ပျက်ရှိနေခဲ့တာကြောင့် မပေးချင်တာလို့ ပြောသွားတာ တွေ့မှာပါ။ ဒါပေမဲ့ လက်ရှိသမ္မတဇယ်လန်းစကီးတက်လာပြီးနောက် ထရမ့်က ဇယ်လန်းစကီးက ရိုးသားသူဖြစ်တဲ့အတွက် သူသဘောကျကြောင်းပြောပြီး စစ်လက်နက်တွေအပါအဝင် အထောက်အပံ့တွေ ပြန်ပေးခဲ့ပါတယ်။ မီဒီယာက အထင်အမြင်လွဲစေမယ့် အပိုင်းလေးတွေ ခွဲစိတ်ဖြတ်တောက်ပြီး သူတို့မြင်စေချင်တဲ့အပိုင်းကိုပဲ ရွေးပြတတ်တယ်ဆိုတာ သင်ခန်းစာယူသင့်လို့ ပြန်ရှင်းပြနေတာပါ။
ဒီဆန်းတစ်စ်က ပူတင်လို အာဏာရှင်မျိုးကို ထိထိရောက်ရောက် ပညာပေးချင်ရင် နာမဲ့နေရာကို ရွေးရိုက်လို့ ပြောပါတယ်။ သူ့ဆီက ဆီမဝယ်မယ့်သူအများကြီးလျော့သွားရင် သူလည်း ငစွာကြီး လုပ်နိုင်တော့မှာ မဟုတ်သလို (demand and supply အရ) တကမ္ဘာလုံးက ဆီဈေးတွေလည်း ကျလာဖို့ ရှိပါတယ်။ ဘိုင်ဒန့်လုပ်ရပ်က ရန်သူကို အားဆေးကျွေးပြီး ကိုယ့်ပြည်သူပြည်သားတွေကိုတော့ လည်မျိုတက်နင်းထားသလိုပါပဲလို့ ဝေဖန်သွားပါတယ်။ အိုဘားမားလက်ထက်မှာ ခရိုင်းမီးယားကိစ္စဖြစ်ချိန်တဝိုက်က ရေနံစိမ်းဈေးက တစည်ကို $110 ကျော်သွားခဲ့ပြီး ထရမ့်လက်ထက်မှာ တစည်ကို ၈၀ကနေ ၆၀ နောက် ပြည်တွင်းရေနံဖူလုံလာတော့ တစည်ကို $20 လောက်အထိ ကျသွားတာပါ။ အခုတော့ တစည် ၁၂၀နားမှာ ပြေးနေပါပြီ။
ကယ်လီဖိုးနီးယားမှာလည်း အနိမ့်ဆုံးတောင်တဂါလံ $5ကို တော်တော် ကျော်သွားပါပြီ။ မြင့်တဲ့နေရာတွေမှာ $6 ကျော်သွားပါပြီ။ ဘိုင်ဒန်တို့က ဘာမှလုပ်ဦးမယ့်ပုံ မပြသေးပါဘူး။ ရုရှားက မဟာမိတ်တွေသပိတ်မှောက်လို့ သူပါရောရောင်အဝယ်ပိတ်သည့်တိုင် နောက်ဝယ်ဖို့စဥ်းစားနေတဲ့ နိုင်ငံတွေက အာဏာရှင်နိုင်ငံတွေပဲဖြစ်နေတော့ ဈေးကမသက်သာမယ့်အပြင် လွတ်လပ်တဲ့ကမ္ဘာအတွက် နိုင်ငံရေးအရလည်း အမြတ်ထွက်မှာ မဟုတ်ပါဘူး။