CA Call to Action

ကယ်လီဖိုးနီးယားမှာ ကလေးငယ်များနဲ့ပတ်သက်တဲ့ မလုပ်မနေရဥပဒေများအပြင် စီစီပီပိုးအကြောင်းပြပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို တင်းကြပ်ကန့်သတ်ပစ်မယ့် ဥပဒေကြမ်းတွေကို ပြဌာန်းဖို့ ကြိုးစားနေကြပါတယ်။​ အဲဒါတွေကတော့

SB 871 မွေးကင်းစကနေ ၁၇နှစ်အထိ ကလေးအားလုံးကို ကလေးထိန်းကျောင်း (သို့) ကျောင်းတက်ဖို့ လိုအပ်ချက်တခုအဖြစ် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ကာကွယ်ဆေးကို မထိုးမနေရလို့ သတ်မှတ်ဖို့။ (ဘာကြောင့်အငြင်းပွားစရာ ဖြစ်နေသလဲဆိုတာ အကျဥ်းရေးပြရရင် မ မျိုးပွားမှုပြဿနာ၊ ကိုယ်ဝန်ပျက်ကျ၊ နှလုံးရပ်၊ ကျားလူငယ်နှလုံးယောင်၊ သွေးမတိတ်၊ ရေယုံ၊ အာရုံကြောပုံမှန်မဟုတ်၊ အစရှိတာတွေအပြင် ထုတ်လုပ်စဥ်ကလည်း ဖုတ်ပူမီးတိုက် ထုတ်လုပ်ခဲ့လို့ ပုံမှန်ပြုလုပ်ရတဲ့ ဘေးကင်းစေမယ့် အဆင့်တွေကို ကျော်သွားခဲ့ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းတင်တဲ့အဖွဲ့က မနှစ်က ဒီဇင်ဘာလဆန်းအထိ ဘေးထွက်ဆိုးကျိုးပေါင်း ၉သိန်း၂သောင်း ၇ထောင်ကျော်ရှိပြီး အဲဒီထဲက နှစ်သောင်းနီးပါးက အသက်ပါဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဆေးထိုးတဲ့လူတသိန်းမှာ တဦးနှုန်းလောက် ပစ်ရတယ်လို့ ပြောရမှာပါ။ ပုံမှန်ဆို လူ၁၀ဂဏန်းမပြည့်ခင် ရီကောခေါ်ရပါတယ်။ အခုတော့ မခေါ်တဲ့အပြင် မန်ဒိတ်ပါ ထပ်ချနေသေးတာပါ။ ဆေးဖော်တဲ့ထဲမှာပါတဲ့ ဆရာဝန်ကြီးက ပလိုးစီကို ဘေးဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိနဲ့သုံးကြဖို့ သတိပေးခဲ့တာအားလုံးကို ပယ်ရှားပစ်ပြီး ဘေးဖြစ်နိုင်ခြေ ရှိမှန်းသိသိနဲ့ မန်ဒိတ်အတင်းလုပ်နေကြတာ ဖြစ်ပါတယ်။ အရင်ကာကွယ်ဆေးတွေက အချိန်အကြာကြီးယူဖော်စပ်ခဲ့ပြီး သုံးခဲ့တဲ့နှစ်ပေါင်းရှည်ကြာရှိခဲ့ပြီဖြစ်လို့ အရင်ဆေးတွေနဲ့ တန်းမညှိကြဖို့တော့ လိုပါတယ်။)

SB 866 အသက် ၁၂နှစ်မှ ၁၇ထိ ကလေးတိုင်းကို စီစီပီပိုးကာကွယ်ဆေးကို မိဘခွင့်ပြုချက် တောင်းစရာမလိုပဲ ထိုးခွင့်ပေးဖို့၊ (မိဘတွေရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည့်မှေးမှိန်အောင် လုပ်လာတာက လက်ဝဲလမ်းစဥ်အစစ်ပါပဲ။)

SB 1749 ကျောင်းတွေမှာ ကလေးတွေ ပိုးရှိ/မရှိ ဆက်လက်စစ်ဆေးဖို့နဲ့ ဘယ်နှစ်ကြိမ် ဘယ်လိုစစ်မယ်ဆိုတဲ့ စီမံချက်တွေ မလုပ်မနေရ သတ်မှတ်ဖို့၊ (နှာခေါင်းအတွင်းထဲ အာခေါင်အတွင်းထဲ ထိုးစမ်းရတာတွေမှာ စစ်ဆေးသူအမှား ရှိနိုင်သလို စစ်ဆေးမယ့်ပစ္စည်းက မသန့် နေတာမျိုးလည်း ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် တကြိမ်တခါမဟုတ်ပဲ အကြိမ်ကြိမ်အစစ်ခံနေရရင် ဖြစ်နိုင်ခြေက တိုးလာမှာပါ။)

SB 1018 အွန်လိုင်းပလက်ဖောင်တွေကနေ စားသုံးသူတွေဆီကို သတင်းအချက်အလက်တွေ ပိုမိုပွင့်လင်းမြင်သာစွာ စီးဆင်းနိုင်စေဖို့၊ (ဒါက အသံကောင်းဟစ်တာလို့ ပြောလဲရသလို သူတို့ဖော်ပြစေချင်တာကို မဖော်ပြတဲ့ သတင်းဌာနေတွကို အရေးယူဖို့ နှပ်ကြောင်းပေးတာလည်း ဖြစ်နိုင်ပါတယ်။)

SB 1464 အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးနဲ့ဆိုင်တဲ့ မလိုက်နာမနေရတဲ့ ဥပဒေတွေကို ရဲတွေက ပြည်သူတွေ လိုက်နာအောင် ထိန်းကျောင်းဖို့၊ (လက်ရှိမှာ အခြေခံဥပဒေနဲ့ မညီတဲ့ ဖောစ်ချိတို့ နျူဆမ်တို့ သတ်မှတ်တဲ့ မန်ဒိတ်တွေကို ရဲတွေက ကြတ်မတ်ထိမ်းကျောင်း ဖမ်းဆီးဖို့ တာဝန်မရှိပါဘူး။)

AB 1993 ကယ်လီဖိုးနီးယားမှာ အလုပ်လုပ်မယ့် ကန်ထရိုက်တာတွေအပါအဝင် ဝန်ထမ်းတွေအားလုံး အလုပ်လုပ်ဖို့ ဆေးထိုးထားကြောင်း ပြသဖို့၊ (နယူးယောက်မှာတောင် အဲဒီလို ဘလန့်ကက်ဥပဒေ မရှိတော့ပါဘူး။)

AB 1797 ကယ်လီဖိုးနီးယားရဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံဒေတာဘေ့စ်ကို ပြုပြင်ပြင်ဆင်ဖို့၊ (လက်ရှိကယ်လီနီးယားမှာ ဘယ်အသက်မှာ ဘာဆေးထိုးရမယ်ဆိုတဲ့ Recommendation ရှိပေမယ့် မထိုးမနေရ မဟုတ်သလို ဘယ်သူက ဘာဆေးထိုးထားတယ်ဆိုတာ ကိုယ့်ဖာသာကိုယ်နဲ့ ကိုယ့်ဆေးခန်းကပဲ မှတ်တမ်းထားတာပါ။ အစိုးရက မပိုင်ပါဘူး။)

AB 2098 ဆရာဝန်တွေ ဆာဂျင်တွေဟာ အစိုးရခွင့်ပြုထားတာမဟုတ်တဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ သိသင့်တာတွေကို လူနာတွေကို ပြောခဲ့ရင် သတင်းအမှားဖြန့်တယ်လို့ သတ်မှတ်ပြီး စည်းကမ်းမလိုက်နာမှုနဲ့ အရေးယူဖို့၊ စတာတွေပဲဖြစ်ပါတယ်။ (ကိုယ့်လူနာအကျိုးစီးပွားကို ဦးထိပ်ထားဖို့ သစ္စာဆိုထားရတာ၊ အစိုးရရဲ့ မတရားတဲ့အမိန့်ကို သစ္စာခံပါမယ်လို့ သစ္စာဆိုထားတာ မဟုတ်ဘူးလေ။)

တစထက်တစ တိုးတိုးပြီး ကျပ်လာနေတဲ့ အဆိုပါ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ မဆွေးနွေးခင် ပြည်သူက ကန့်ကွက်ကြောင်း သဘောမတူကြောင်း ပြသခွင့်ရှိပါတယ်။ အဲဒီအခွင့်အရေးကို အပြည့်အဝအသုံးချကြပါလို့ တိုက်တွန်းပါတယ်။ ပူးတွဲပါပုံမှာပါတဲ့ ဖုံးနံပါတ်တွေအားလုံးကို ဖုံးခေါ်ပါ။ မကြာပါဘူး။ I am calling to let senator know that I don’t agree with SB 871. အဲဒီလိုပြောလိုက်ပါ။ သူတို့က သင့်နာမည် မေးပါလိမ့်မယ်၊ ပြောလိုက်ပါ။ ကော်မီတီက သင့် zip code တောင်းပါတယ်။ ဆီးနိတ်တာတွေက ဘယ်နားကလဲလို့ မေးပါတယ်၊ ကိုယ်နေတဲ့အပိုင်း မြောက်/တောင်/ဗေးဧရိယာ/စသဖြင့် ပြောလိုက်ပါ။ ဒါပါပဲ။ ဖြစ်နိုင်ရင် ဒီနေ့ခေါ်ကြပါ။

ပြီးရင် Email ပို့လို့ရတဲ့ လူ၇ဦးကိုလည်း email ပို့ပေးကြပါ။ Freedom is not free ဆိုတော့ သူများတွေ လက်နက်တွေနဲ့ ရှေ့တန်းထွက်တိုက်နေကြတဲ့အချိန်မှာ ကိုယ့်ကလေးတွေလွတ်လပ်ခွင့်အတွက် ဖုံးလေးခေါ် email လေးပို့ပြီး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပါတယ်။ ကယ်လီဖိုးနီးယားမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: