Bio Research Labs in Ukraine

ဆီနိတ်တာမာကိုရူဘီယိုက ဘိုင်ဒန်ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနူလန်ကို ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်တွေရှိလားလို့ လွှတ််တော်မှာ မေးတော့ လ/ထနိုင်/ဝန်က အဲ…. ဇီဝဓါတ်ခွဲခန်း/စမ်းသပ်ခန်းတွေတော့ရှိတယ်၊ အဲဒါကြောင့် ရုရှားတပ်တွေ အဲဒါတွေရသွားမှာ ငါတို့ အရမ်းစိုးရိမ်နေလို့ ယူကရိန်းအရာရှိတွေနဲ့ ပူးပေါင်းအဖြေရှာနေပါတယ်လို့ ဖြေပါတယ်။

တပ်ကာက ငါသာဆို အစထဲက ရုရှားစစ်ပြင်နေမှန်းသိလျက်နဲ့ ဘာကြောင့် လုံခြုံအောင် မလုပ်ခဲ့တာလဲဆိုတဲ့အကြောင်းကို ဆက်မေးမှာလို့ ဆိုပါတယ်။ မာကိုက ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်သုံးထားတဲ့ အရိပ်အငွေ့များတွေ့လား၊ တွေ့ရင် အဲဒါတွေက ရုရှားလက်ချက်လို့ ၁၀၀% သေသေချာချာ ပြောနိုင်မလားလို့ မေးရာမှာတော့ နူလန်က ရုရှားပဲပေါ့၊ သူတို့ပဲသူတို့လုပ်မယ့်ဟာတွေကို သူများလို့ လက်ညှိုးထိုးတာလို့ ဖြေသွားပါတယ်။ သူမအဖြေက တွေ့ရှိချက်ပေါ်မှာ အခြေခံထားတာမဟုတ်ပဲ ခံစားချက်၊ လူပြောသူပြောနဲ့ စွပ်စွဲနေတော့ နင်မဟုတ် နင့်အဖေပဲလို့ ပြောနေသလို ဖြစ်နေတာပါ။ ပူတင်ကို ကာကွယ်တာနဲ့ အမှန်တရားပေါ်ပေါက်ဖို့ ကြိုးစားတာနဲ့တော့ မတူတာ ကွဲကွဲပြားပြားသိကြပါစေ။

လွန်ခဲ့တဲ့ ၄ရက်က ယူကရိန်းမှာ ဓါတုလက်နက်တွေ ရှိသလားလို့မေးရင် မေးတဲ့လူက ငကြောင်ဖြစ်မှာပါ။ ယူကရိန်းက ချမ်းသာတဲ့နိုင်ငံမဟုတ်လို့ ဆေးသုတေသနဓါတ်ခွဲခန်းတွေတောင် အဆင့်မှီမှီ များများစားစား ရှိဖို့ မတတ်နိုင်တာကြောင့်ပါ။ ရှိနိုင်တယ်လို့ ပြောတဲ့လူတိုင်းကိုလည်း ယူအက်စ်အေတူဒေးက ဖက်ချက်ကာတွေက အကြိမ်ကြိမ်လိုက်ပိတ်ပင်ပါတယ်။

မကြာသေးမီက တရုပ်ပြည်က ယူကရိန်းမှာရှိတဲ့ ဇီဝဓါတ်ခွဲခန်း ၂၆ခုအကြောင်း ဖော်ထုတ်ဖို့ ဘိုင်ဒန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီနောက်မှ ဆီးနိတ်ကော်မီတီတခုမှာ ဘိုင်ဒန်ရဲ့ လ/ထ နိုင်/ဝန်ကို ခေါ်စစ်တာပါ။ မာကိုရူဘီယိုကိုလည်း တပ်ကာက ယူကရိန်းက ဇီဝဓါတ်ခွဲခန်းတွေနဲ့ ပတ်သက်ပြီး အင်အာဗျူးဖို့ ဖိတ်ခေါ်ထားပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ တရုပ်ပြည်က စွပ်စွဲသလိုပဲ ရုရှားကလည်း ယူကရိန်းမှာ အမေရိကန်က ထောက်ပံ့ထားတဲ့ ဇီဝလက်နက်စမ်းသပ်ဓါတ်ခွဲခန်းတွေ ရှိတယ်လို့ ကြေငြာပါတယ်။

ဘလင်ကန်ကတော့ အဲဒီစွပ်စွဲချက်က လုံးဝ မမှန်ပါဘူး၊ အဲဒါရုရှားလုပ်နေကျ ဝါဒဖြန့်တာပါ၊ ငါတို့က ယူကရိန်းမှာ ဘာဇီဝလက်နက်.စမ်းသပ်/ဓါတ်ခွဲခန်းမှ မရှိပါဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပြီးသားပါ။ အဲဒီတော့ ဘလင်ကန်က လိမ်နေတာလား သူ့လက်ထောက်က မှန်တာကို ပြောနေတာလားဆိုတာကို စဥ်းစားဖို့ လိုပါတယ်။

အခုအချိန််မှာ ဘလိမ်းဂိမ်းနဲ့ ရှောင်တိန်လုပ်ဖို့ ကြိုးစားနေကြပေမယ့် အဲဒီဇီဝဓါတ်ခွဲခန်းက ဝူဟန်လိုဟာမျိုးလား၊ အဲဒါတွေနဲ့ ရုရှားတွေက ဘာလုပ်မလဲ၊ ယူကရိန်းတွေကိုရော ဒုက္ခမပေးနိုင်ဘူးလား၊ ကမ္ဘာသူ/သားတွေကိုရော ဘယ်လိုဒုက္ခပေးမှာလဲဆိုတာတွေကိုတော့ မေးမြန်းဆွေးနွေးအဖြေရှာတာမျိုး မတွေ့ရပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: