ဒီရက်ထဲ လစ်ဗျဲတွေဘက်မှာ ဂေးလို့ ရေးထား တင်ထားကြတာတွေ အများကြီးတွေ့ရမှာပါ။ အဲဒါမီဒီညာတွေ လုပ်နေကျ အမှားကြီးကို မီဒီယာအားနဲ့ဖိပြီး အမှန်လိုလုပ်ပစ်ချင်တဲ့ မုသားမှိုင်းတခုသာဖြစ်တယ်ဆိုတာ လက်တွေ့ကြည့်ကြပါ။ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က လွှတ်တော်နှစ်ရပ်လုံးမှာ အတည်ပြုပြီးတဲ့ မိဘအခွင့်အရေးဘေလ်ကို လက်မှတ်ထိုးတော့မှာပါ။ အဲဒီဘေလ်အရ ကျောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သူငယ်တန်းက ၃တန်းအထိ ကလေးတွေကို ကျားနဲ့မ ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ်ယူတဲ့အတိုင်း ဖြစ်တာအပါအဝင် အသက်အရွယ်နဲ့ မသင့်တော်တဲ့ လိင်နဲ့ပတ်သက်တဲ့ ကိစ္စများကို သင်မယ်ဆိုရင် မိဘတွေကို အကြောင်းကြား အသိပေးရမယ်ဆိုတဲ့ ပြဌာန်းချက် ပါဝင်ပါတယ်။
အဲဒါကို မီဒီညာတွေက ဒီဆန်းတစ်စ်ဟာ လိင်တူချစ်သူတွေကို ကြည့်မရတဲ့ ဂေးဆန့်ကျင်သူအဖြစ် အင်တိုက်အားတိုက် ပုံဖော်ကြပြီး သူ့ဘေလ်ကိုလည်း “ဒုန့်ဆေးဂေး” ဘေလ်လို့ လီဆယ်ခေါ်ဆိုနေကြပါတယ်။ အဲဒီဘေလ်ကို ဖတ်မကြည်ပဲ သံယောင်လိုက်ကြသူများကလည်း ဆရာဆရာမတွေကို ဟိုလိုမခေါ်နဲ့ ဒီလိုမခေါ်နဲ့ဆိုတော့ လုပ်ရကိုင်ရခက်ကုန်တော့မှာပေါ့လို့ ပြောတဲ့သူတွေရှိပြီး များသောအားဖြင့်ကတော့ အဲဒီလံကြုတ်ဇတ်အတိုင်းလိုက်ပြီး အရွဲ့တိုက်တဲ့အနေနဲ့ ဂေးလို့ပြောတယ်ကွာ ဘာဖြစ်လည်းဆိုတဲ့သဘောနဲ့ အားလုံး တဂေးထဲ ဂေးနေကြတာပါ။ အဖြစ်မှန်သိရင်တော့ ရှက်ကြမလား၊ -င်ပိတ်ငြင်းကြမလား တခုခုပါပဲ။
ဒီဆန်းတစ်စ်ကို သတင်းထောက်တဦးကလည်း ဒုန့်ဆေးဂေးဘေလ်လို့ ညွှန်းပြီးမေးပါတယ်။ ဂါဗာနာက အဲဒီဘေလ်မှာ အဲဒီလိုပါသလားလို့ ၃ကြိမ်မေးပါတယ်။ အကြိမ်တိုင်းမှာ သတင်းထောက်က အဲဒီမေးခွန်းကို မဖြေပဲ သူပြောချင်တာချည့်စွတ်ပြောနေတာပါ။ ဘိုင်ဒန့်ပြန်ဝန်ကလည်း အဲဒီဘေလ်ကို horrific, bullying လို့ လိမ်နေပါတယ်။ ၁၉၉၀ခုနှစ်တွေက ဆီနိတ်တာဘိုင်ဒန်က ဂေးဆန့်ကျင်တဲ့ဘေလ်တခုကို ထောက်ခံခဲ့တဲ့အကြောင်းမေးတော့ စကားလွှဲပြီး ဖလော်ရီဲဒါကိုပဲ တိုက်ခိုက်ခဲ့ပါတယ်။ အမှားကြာရင် အမှန်ဖြစ်မှာစိုးလို့ ရှင်းပြထားတာပါ။
ဘာဖြစ်လို့ လက်ဝဲတွေက ကလေးငယ်တွေကို လိင်ကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်နေစေချင်သလဲဆိုတာကတော့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ကိစ္စစိတ်ဝင်စားသွားတဲ့ကလေးတွေက ပညာဖက်မှာအားနည်းမယ်၊ မိဘက စည်းနဲ့ ကမ်းနဲ့ အုပ်ထိန်းမယ်၊ မဖြစ်သင့်တာ မဖြစ်ရအောင် တားမယ်ဆိုရင် ကလေးတွေ မိဘနဲ့ ဝေးသထက် ဝေးသွားမှာဖြစ်လို့ ကလေးက သူတို့ထိန်းချုပ်သလိုခံရဖို့ ပိုများလာပါမယ်။ ကလေးတွေ မိဘတွေနဲ့ ဝေးသွားမှ လက်ဝဲဝါဒမှိုင်း ကောင်းကောင်းသွပ်လို့ ရမှာဖြစ်လို့ မိဘကဏ္ဍကို လျော့ချပယ်ထုတ်ပစ်ချင်ပြီး ကလေးတွေ မစဥ်းစားတတ်အောင် စိတ်ရှုပ်ထွေးအောင် လုပ်လာကြတာလည်းဖြစ်ပါတယ်။
ဟိုဖက်ကငြင်းမယ့်ဉာဏ်ကြီးရှင်များလည်း ကိုယ့်ကလေးကို အဲဒီလိုဟာတွေ သင်ပေးဖို့သဘောတူရင် ကိုယ့်သဘော ကိုယ့်လောကပါပဲ။ သူများကလေးတွေပါလာရင် သဘောမတူသူရှိတယ်ဆိုတာကို အသိအမှတ်ပြု လေးစားရမှာပါ။ သူများပြောတဲ့စကားမှာ လမ်းမဆုံးအောင်လို့ ဘေလ်ပေ့ချ်ရော ဗီဒီယိုရော တင်ပေးလိုက်ပါတယ်။
