တြုပ်ပြည်က ကပ်ပိုးကာ/ဆေးထိုးထားတဲ့ ၃နှစ်က ၁၁နှစ်ကြား ကလေးငယ်တွေမှာ လူကီးမီးယားဖြစ်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ပုံမှန်ကျန်းမာတဲ့ ၄နှစ်သမီးလေးတဦးက ပထမအလုံးထိုးအပြီးမှာ ဖျားနာချောင်းဆိုးဖြစ်ခဲ့ပြီး ဆေးရုံတင်ဆေးသွင်းလိုက်တော့မှ သက်သာသွားတာပါ။ ဒုတိယအလုံးထိုးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ မျက်စိတဝိုက် ယောင်ယမ်းလာပြီး ခြေထောက်တွေနာကျင်လာကာ အညိုအမဲကွက်တွေ ထွက်ပေါ်လာပါတယ်။ စစ်ဆေးကြည့်လိုက်တော့မှ အကျူလင်ဖိုဘလပ်စတစ်လူကီးမီးယားဖြစ်နေတယ်လို့ တွေ့တာပါ။
အဲပွတ်ခ်တိုင်းမ်စ်က စုံစမ်းရသလောက် အဲဒီကလေးလိုပဲ တခြားကလေး ၈ဦးကလည်း အလားတူပြဿနာမျိုး ခံစားနေရတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာကစလို့ လအနည်းငယ်အတွင်းမှာ အဲဒီလိုငယ်ရွယ်တဲ့အုပ်စုက လူကီးမီးယားဖြစ်တာတွေ ခုန်တက်သွားတယ်လို့ ဆိုပါတယ်။ အခုသူမတက်နေတဲ့ ဆေးရုံမှာ ၃-၈နှစ်အတွင်း သူမလို ခံစားနေရသူပေါင်း အနည်းဆုံး ၂၀လောက် တက်ရောက်ကုသမှု ခံယူနေရပါတယ်။ ဆီနိုဖမ်နဲ့ဆီနိုဗက်ဆေးတွေ စထွက်လာခါစက မိဘတွေက ကလေးငယ်တွေထိုးဖို့ တွန့်ဆုတ်ခဲ့ကြပေမယ့် အာဏာရှင်စနစ်အောက်မှာ အမိန့်ကို ငြင်းဆန်ဖို့ မတတ်နိုင်ခဲ့ကြပါဘူး။ ကာလီဖိုးနီးယားမှာ ကလေးငယ်ငယ်လေးတွေကအစ ကပ်ပိုးဆေးမန်ဒိတ်လုပ်ချင်နေကြတာကို ထောက်ခံနေသူများ သတိချပ်သင့်ပါတယ်။
မူယောင်ရွှေဆိုတဲ့ အသက် ၇၅နှစ်ရှိ ပြည်သူ့ကျန်းမာရေးလှုပ်ရှားသူက ကလေးငယ်တွေကို ဆေးစထိုးဖို့လုပ်ကထဲက ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ စမ်းသပ်ထားတဲ့ဒေတာတွေ တောင်းနေခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။ မူစုဆောင်းထားတဲ့ ဘေးထွက်ဆိုးကျိုးခံစားနေရသူ မိသားစုပေါင်း ၅၀၀ကျော်ပါတဲ့အုပ်စုကလည်း ဝီချက်ကနေ ဆယ်ရှားခဲခဲ့ရလို့ ကင်ဆာလူနာကလေးငယ် ၂ရာကျော်ရဲ့ အချက်အလက်တွေပါ ဖျက်ဆီးဖယ်ရှားခံခဲ့ရတာပါ။ မူတို့အုပ်စုက တခြားကလေးငယ်တွေ မခံစားစေချင်လို့ မီဒီယာကို ပြောပြဖို့ ကြိုးစားတဲ့အနေနဲ့ စီစီတီဗီကို ဖုံးခေါ်ကြလို့ ဆေးထိုးတဲ့အကြောင်းပြောလိုက်တာနဲ့ လူကီးမီးယားဖြစ်နေတာလားလို့ ပြန်မေးကြတဲ့အထိပါပဲ။ ဖြစ်တဲ့ကလေးတွေအတွက် ကုသစရိတ်က ဒေါ်လာ၆သောင်း၃ထောင်ကနေ ၈သောင်းနီးပါးအထိဖြစ်လို့ ပျှမ်းမျှတနှစ်ဝင်ငွေရဲ့ အဆ ၂၀လောက် ရှိနေတာပါ။ (အဲဒါလည်း သင်ခန်းစာပါပဲ၊ အရာရာအလကားရမယ်ထင်လို့ လက်ဝဲလမ်းစဥ်သွားချင်သူများ မုန့်တော့မဝေဘူး၊ ဒုတ်ပဲဝေမယ့်ဘဝတွေပဲ ရကြမှာပါ။
အရေးပေါ်ဆရာဝန်ဒေါက်တာ ဂျိုးဆက်ဖ်ဖရိုင်မန်က ကိုယ့်ကလေးတွေကို ဆေးထိုးပေးသင့်မသင့် ဝေခွဲမရဖြစ်နေတဲ့ မိဘတွေကို အကြံပေးထားတဲ့ထဲမှာ ပထမဆုံးစီစစ်သင့်တာက (ပိုးကူးလို့) သေ/မသေဆိုတဲ့အပေါ်မှာ ထိုးတာနဲ့ မထိုးတာ အကျိုးဘယ်လောက်ကွာ/မကွာဆိုတာကို ကြည့်စေချင်ကြောင်း၊ လက်ရှိကိန်းဂဏန်းတွေအရ ကျန်းမာတဲ့ကလေး ၁သန်းမှာ ပိုးကြောင့်သေဆုံးတာက ၂ဦးဖြစ်ပြီး သေခဲ့တဲ့ ၂၅ဦးမှာ ၁၅ဦးက အသက်အန္တရာယ်ရှိတဲ့ ရောဂါအခံတွေ ရှိခဲ့ကြတာပါ။ အဲဒီတော့ ရောဂါအခံကြောင့်သေတာလား၊ ပိုးကြောင့်သေတာလားဆိုတာ ခွဲခြားပြောဖို့ မလွယ်လှပါဘူး။
နောက်တချက် စီစစ်သင့်တာက ကျန်းမာတဲ့ကလေးတွေမှာ ဆေးထိုးတာနဲ့ ပိုးကူးတာယှဥ်ကြည့်ရင် ဘယ်ဟာက ဆိုးကျိုးပိုများမယ်ဆိုတာကိုပါ။ ပိုးကူးခံရတဲ့ ကလေးအများစုမှာ ပျော့တဲ့လက္ခဏာတွေလောက်ပဲဖြစ်ကြပေမယ့် ရှားရှားပါးပါးတချို့မှာတော့ စနစ်(အင်္ဂါ)ပေါင်းစုံ ယောင်ယမ်းခြင်းလက္ခဏာတွေ ပြတတ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလက္ခဏာတွေဟာ ကုသနိုင်တာဖြစ်လို့ အများစုက ပြန်ကောင်းသွားကြတာပါ။ အသက် ၁၂-၂၀ကြားအုပ်စုမှာ အဲဒီလက္ခဏာစုမျိုးကို ၂၀၂၀ဒီဇင်ဘာကနေ ၂၀၂၁ ဩဂုတ်လအတွင်းမှာ ၂၁မှုတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ၁၂-၂၄နှစ်အုပ်စုမှာတော့ နှလုံးယောင်ယမ်းတာကို ပိုးကူး(သို့)ဆေးထိုး နှစ်အုပ်စုလုံးမှာ တွေ့ရတယ်လို့ သိရပါတယ်။ ခုနောက်ပိုင်းအတွေ့များလာတာကတော့ ထိုးဆေးဖော်ခဲ့တုန်းကပိုးနဲ့ လက်ရှိပျံ့နှံ့နေတဲ့ ပိုးက အများကြီးကွာခြားသွားပြီဖြစ်တဲ့အတွက် ထိုးရင်တောင် ကောင်းကျိုးရဖို့ အခွင့်သိပ်မရှိနေတာပါ။
ဆွီဒင်က သုတေသီတွေက ဖဇထိုးဆေးမှာပါတဲ့ တမန်တော်(ဆူး)ပရိုတင်းဟာ လူတွေရဲ့ အသည်းဆဲလ်တွေထဲ ဝင်ရောက်သွားပြီးနောက်မှာ ဒီအန်အေအဖြစ် ၆နာရီအတွင်းမှာ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ဖောက်စိတို့ဌာနက ထိုးဆေးဟာ အဲဒီလို ဒီအန်အေကို ဘယ်လိုနည်းနဲ့မှ မပြောင်းပါဘူးလို့ အစဥ်တစိုက်ကြေငြာလာတာပါ။ အဆိုပါသုတေသီတွေက အသည်းဆဲလ်တွေပေါ်မှာ သွားစိုက်နေတဲ့ ဆူးပရိုတင်းတွေကို ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က သွားတိုက်ခိုက်နိုင်တဲ့အတွက် အဲဒီလိုအခြေအနေမျိုးမှာ အော်တိုအင်မြူမ်းအသဲရောဂါဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆူးပရိုတင်းက ဆေးထိုးတာကနေရော အကူးခံရတာကောကြောင့် ဖြစ်နိုင်တာပါ။
ဆူးပရိုတင်းက ခန္ဓာကိုယ်ကထုတ်တဲ့ တခြားပရိုတင်းတွေလို ထိုးထဲ့လိုက်တဲ့နားမှာပဲ ရက်သတ္တပတ်အတော်ကြာနေလိမ့်မယ်လို့ အရင်က ထင်ထားခဲ့ကြပေမယ့် လေ့လာတွေ့ရှိချက်တွေက အဲဒီလိုမဟုတ်မှန်း ပြသနေတာပါ။
ဂျပန်သုတေသီတွေရဲ့ ကြွက်တွေအပေါ်စမ်းသပ်မှုမှာတော့ ဆူးပရိုတင်းက အသည်း၊ သရက်ရွက်၊ မျိုးဥအိမ်နဲ့ အဒရီနယ်ဂလင်းတွေကို ၄၈နာရီအတွင်း ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ နောက်လေ့လာတွေ့ရှိမှုတခုထဲမှာတော့ ဆူးပရိုတင်းတွဗက သွေးထဲနဲ့ ဆဲလ်တွေထဲမှာ ဒုတိယအလုံးထိုးပြီးချိန်ကနေ နောက် အနည်းဆုံး ၄လလောက်အထိ လည်ပတ်ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ အဲဒီဆူးတွေက ယောင်ယမ်းခြင်းကို ဖြစ်စေတဲ့ အဓိကလက်သည်တွေဖြစ်လာနိုင်ပြီး ဆွီဒင်ပညာရှင်တွေအဆိုအရ ခရိုမိုဆုမ်းပြောင်းလဲခြင်းတွေနဲ့ ရောဂါအသစ်တွေဖြစ်လာနိုင်တယ်လို့ ရေးသားထားပါတယ်။ လူ့ကျန်းမာရေးအပေါ် ဘယ်လောက်အထိသက်ရောက်လာနိုင်တယ်ဆိုတာကို အတိအကျပြောဖို့ သုတေသနများများထပ်လုပ်ဖို့ လိုနေသေးကြောင်းကိုတော့ ဝန်ခံထားကြပါတယ်။
ထိုးဆေးကြောင့်ဖြစ်ဖြစ် ကူးလို့ပဲဖြစ်ဖြစ် ရလာမယ့် ဆူးပရိုတင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ကောင်စီရဲ့ ဂိုက်လိုင်းကို ဘလော့မှာ တင်ပေးထားပါတယ်။ ဆေးထိုးမယ့်သူများကတော့ မထိုးခင်မှာ ဆိုးကျိုးနည်းအောင် ကြိုတင်ပြင်ဆင်ဖို့အတွက် မထိုးခင် ၁နာရီမှာ ငါးကြီးဆီသောက်သွားဖို့၊ မထိုးခင်လေးတင်မှာ ကယ်လစီယံဖြည့်စွက်စာကို လျှာအောက်မှာ ငုံထားဖို့၊ ထိုးပြီးပြီးချင်းမှာ ထိုးထားတဲ့နေရာကို ရေခဲအိတ်ကပ်ဖို့၊ ထိုးပြီးနောက်မှာတော့ ယောင်ကိုင်းခြင်းကို ကာကွယ်ဖို့ ဗိုက်တာမင် အီး၊ စီ၊ ဇင့်နဲ့ ငါးကြီးဆီတို့ကို တလလောက်အထိ မှီဝဲပေးဖို့ အော်ဂဲနစ်လိုက်ဖ်စတိုင်မဂ္ဂဇင်းမှာ အကြံပြုထားပါတယ်။





