Trump at NATO

မီဒီယာကြီးတွေမှာ မတွေ့ရမယ့်အပိုင်းတွေပါ။ ဂျူလီယာနီက နေတိုးဆမ်းမစ်မှာ ထရမ့်က တော်တော်လေးနောက်ကျပြီးမှ ရောက်လာပါတယ်။ ဘောရစ်ဂျွန်ဆင်အပါအဝင် ကျန်ခေါင်းဆောင်များက ဘာမှ သိပ်မပြောကြပေမယ့် အန်ဂလာမာကဲလ်ကတော့ ရှင်နောက်ကျတယ်လို့ ပြောလိုက်ပါတယ်။ ထရမ့်က ဘာပြန်ပြောသလဲဆိုတော့ ဒီစရိတ်တွေ ငါပေးထားတာလေလို့ ပြန်ပြောပါတယ်။ မာကဲလ်က ရှင်တို့က သူဌေးနိုင်ငံပဲလို့ပြောတော့ ထရမ့်က ဂျာမဏီလည်း ချမ်းသာတဲ့နိုင်ငံပဲ၊ ဒါပေမဲ့ နေတိုးစရိတ်ရဲ့ ၁%တောင် ထည့်နေလို့လားလို့ ပြန်မေးလိုက်ပါတယ်။ ကြည့်ရတာ ထရမ်ုက သူပေးထားရတယ်ဆိုတာကို လေးနက်စေချင်လို့ တမင်နောက်ကျပြီးမှ လာတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ပဲလူစုံစုံ သူမပါပဲ အစည်းအဝေး စလို့မရဘူးလေ။ သူရောက်လာတော့လည်း သမားရိုးကျနိုင်ငံရေးသမားတွေက သူ့ကို ဘေးဖယ်ထားချင်သလို ပညာပြကြပေမယ့် ထရမ့်ကတော့ နေတိုးအဖွဲ့ကြီးကို တလက်တည်းခေါင်းဆောင်ကာကွယ်နေတဲ့နိုင်ငံရဲ့ ခေါင်းဆောင်ပီပီ အလယ် အရှေ့မှာပဲ ရအောင်နေရာယူခဲ့ပါတယ်။ ပူတင်နဲ့တွေ့တော့လည်း ပူတင်ကို လက်ဆွဲနှုတ်ဆက်သလိုနဲ့ အားနဲ့ဆွဲလိုက်တာကို ဂျူလီယာနီက မြင်အောင် ပြပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အသေးစိတ်ကလေးတွေက အရမ်းစကားပြောတယ်ဆိုတာ သေချာလေ့လာရင် သိပါလိမ့်မယ်။ ဘုရှ်လက်ထက်မှာ ပူတင်က ဂျော်ဂျီယာတစိတ်တပိုင်းကို သိမ်းခဲ့ပြီး အိုဘားမားလက်ထက်မှာ ခရီုင်းမီးယားကို သိမ်းခဲ့တာပါ။ ထရမ့်လက်ထက်ကိုကျော်ပြီး ဘိုင်ဒန်လက်ထက်ကျမှ ယူကရိန်းတပြည်လုံးကို သိမ်းဖို့ လုပ်လာတာ ဖြစ်ပါတယ်။ ဘိုင်ကြီးတခုခုဖြစ်လို့ ကာမလာတက်ရင် ဥရောပပါကုန်လေမလားလို့ ဟာသလုပ်နေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: