အမေရိကန်မှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှုတို့ဟာ သာမာန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ပြင်းထန်စွာ ရိုက်ခတ်နေပါတယ်။ ဒါပေမယ့် ဆီဈေးကြီးမြင့်မှု၊ ဆပ်ပလိုင်းချိန်းပြဿနာတွေနဲ့ ငွေဖောင်းပွမှုတို့ကို ကုစားဖို့ ဘာမှ ကုစားမနေတဲ့ ဘိုင်ဒန်အစိုးရဟာ ရုရှားကျူးကျော်စစ်မစခင် မနှစ်တုန်းက ဖြစ်သမျှပြဿနာတွေကို ပန်ဒဲမစ်အပေါ် အပြစ်ပုံချခဲ့ပြီး အခုတော့ အားလုံးဟာ ပူတင့်အပြစ်လို့ လွယ်လွယ်ပဲ ပုံချလိုက်ပါတယ်။
နောက်ဆုံးပေါ်ပုံချခံရဖို့ ထီပေါက်သွားတာကတော့ ရီပါဘလစ်ကန်ဆီနိတ်တာတွေပါပဲ။ ဘိုင်ဒန်က ဖက်ဒရယ်ရီဆာ့ဖ်မှာ ခန့်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေက ကလိုင်းမိတ်ချိန့်အက်တီဗစ်တွေဖြစ်ကြပြီး ရေနံဓါတ်ငွေ့ ကျောက်မီးသွေးစတဲ့ ကိုယ့်တိုင်းပြည်မှာပေါပေါများများရှိနေတဲ့ လောင်စာထုတ်လုပ်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ချေမှုန်းဖို့ မောင်းတင်ထားကြသူတွေပါ။
ဘိုင်ဒန်တက်လာလာချင်း လက်မှတ်လေးလွယ်လွယ်ထိုးပြီး နယ်စပ်တွေဖွင့်ပေး၊ ကုန်ကျစရိတ်တွေပေးပြီးသား ပြည်တွင်း ရေနံပိုက်လိုင်းဆောက်တာတွေကို ရပ်ပစ်ခဲ့တဲ့အပြင် လက်ရှိတူးဖော်နေတဲ့ တွင်းလေးတွေကို လုပ်ရကိုင်ရခက်အောင် ကလိုင်းမိတ်ချိန့်အကြောင်းပြပြီး ဥပဒေတွေအများကြီးနဲ့ ချည်နှောင်ထားလိုက်လို့ ဓါတ်ဆီစျေးတွေ မာရသွန်တက်နေတာဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်ကျတော့လည်း ကလိုင်းမိတ်နဲ့ လိင်/ အသားရောင်တူညီဖို့ အကြောင်းပြပြီး မဟားဒယားဘတ်ဂျက်တွေ သုံးထားတာပါ။ အဲဒီလိုလူတွေကို ပေါ်လစီလုပ်တဲ့နေရာထပ်ခန့်ရင် ကုန်ဈေးနှုန်းက ဒီထက်ဆတိုးတက်ဖို့ပဲ ရှိတာကြောင့် သူ့ပါတီက မန်ချင်ကပါ မထောက်ခံခဲ့တာပါ။
ခက်ခဲနေတဲ့ ပြည်သူတွေအတွက် သူတို့ရဲ့ တခုတည်းသောအကြံက လျှပ်စစ်ကား ဝယ်စီးပါတဲ့။ ရိုးရိုးကားကို ဒေါ်လာထောင်ဂဏန်းနဲဲနဲနဲ့ ရနိုင်ပေမယ့် လျှပ်စစ်ကားက အနည်းဆုံး သုံးလေးသောင်းမပေးပဲ မရနိုင်ဘူးဆိုတာ အင်တာနက် ၅မိနစ်လောက် ခေါက်လိုက်ရင် သိနိုင်နေတာပါ။
ဘိုင်ဒန်အစိုးရစွပ်စွဲတဲ့ ဂျီအိုပီဆီနိတ်တာတွေက ဘိုင်ဒန်ခန့်ချင်တဲ့ ဖက်ဒရယ်ရီဆော့ဖ်ဂါဗာနာတွေကို ကန့်ကွက်နေလို့ ငွေကြေးဖောင်းပွမှုက ဆိုးရွားနေတာပါဆိုတဲ့ စွဲချက်အပေါ် သတင်းထောက်က ဖက်ဒရယ်ရီဆာ့ဖ်ချဲမင်း ဂျရုမ်းပေါင်းဝဲလ်ထံ မှန်/မမှန် မေးမြန်းရာမှာတော့ ပေါင်းဝဲလ်က လုံးဝမမှန်ဘူးလို့ ပြောသွားပါတယ်။ (၂၂မိနစ်လောက်နားမှာပါ။)