တရုပ်ပြည်ကထုတ်တဲ့ ကာဘွန်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေ အားလုံးပေါင်းနဲ့ တူညီနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၈ရာနှုန်းရှိတဲ့နိုင်ငံက ကျန်ကမ္ဘာ့ ၈၂ရာနှုန်းရဲ့ သက်ရောက်မှုနဲ့ သွားတူနေတယ်ဆိုတာ နဲနဲနောနော ညစ်ညမ်းမှုတော့ မဟုတ်တာ သေချာပါတယ်။
ငါးဖမ်းလုပ်ငန်းမှာလည်း သားပေါက်ဖို့မချန်ပဲ အပြောင်ရှင်းဖမ်းကြတာကြောင့် မ/ကရယက တံငါလှေတွေက သူတို့နားက ပင်လယ်တွေမှာ ဖမ်းစရာ ဘာမှမကျန်တဲ့အတွက် ဂျပန်နားအထိ သွားဖမ်းကြရလို့ ဆီကုန်ငါးမတွေ့ဖြစ်ပြီး ပင်လယ်ထဲတင် သေကုန်ကြတာတွေလည်း မနည်းတော့ဘူးလို့ သိရပါတယ်။ ပင်လယ်စာတင် အပြောင်ဖမ်းတာလားဆိုတော့ ပင်လယ်ကလည်း မိုက်ခရိုပလပ်စတစ်တွေနဲ့ စွန့်ပစ်အဆိပ်တွေ ပြည့်နှက်နေပြီး တရုပ်ရေပြင်တွေမှာ ဖမ်းတဲ့ငါးတွေမှာလည်း အဲဒီညစ်ညမ်းမှုတွေ တွေ့နေရပါတယ်။ တရုပ်ပြည်ကလာရင် အော်ဂဲနစ်တို့ wild caught တို့ကိုလည်း စိတ်မချသင့်တဲ့သဘောပါ။
အဲဒါတွေကို ဒီမိုကရက်တွေ သိပ်ဝင်ချင်လွန်းနေခဲ့တဲ့ ပဲရစ်သဘောတူညီချက်က ဘာများပြောမယ် ထင်ပါသလဲ။ နတ်သင်းပါ။ လုံးဝ မပြောရဲပါဘူး။ အမေရိကန်က ကမ္ဘာ့ကျန်နိုင်ငံတွေနဲ့ယှဥ်ရင် လောင်စာထုတ်လုပ်တာမှာ အသန့်ရှင်းဆုံး နည်းပညာတွေ ပိုင်ဆိုင်ထားပြီး လယ်ယာထုတ်လုပ်မှုမှာ ဖွံ့ဖြိုးဆဲတွေ၊ အာဏာရှင်နိုင်ငံတွေနဲ့ယှဥ်ရင် အဆင့်အများကြီးမြင့်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း ပဲရစ်သဘောတူညီချက်အရ အဖွဲ့ရဲ့ စားရိတ်တွေကို အမေရိကန်ကသာ အများဆုံးထည့်ဝင်နေရပြီး ကျန်အဖွဲ့ဝင်တွေနဲ့စာရင် အသန့်ရှင်းဆုံးပင် ဖြစ်လင့်ကစား အဓိပ္ပါယ်မရှိ လက်တွေ့မကျတဲ့ ကိုယ့်ခြေလက်ကိုယ် တုပ်ချည်တဲ့ စည်းမျဥ်းတွေကို လိုက်နာနေရတာပါ။ တရုပ်တို့ အိန္ဒိယတို့ကတော့ သာသာယာယာပါပဲ။
ရပ်ကွက်ထဲမှာ ကိုယ့်အိမ်က စည်းကမ်းတကျ အမှိုက်ပစ်တယ်၊ ရေပိုက်တွေ စနစ်တကျသွယ်တယ်၊ စည်းမျဥ်းလိုက်နာတယ်၊ ဒါပေမဲ့ ပိုက်ဆံရှိသော်လည်း စည်ကမ်းမဲ့ အကျောကြီးတဲ့ အိမ်တချို့ကြောင့် ရပ်ကွက်ထဲပါ ညစ်ပတ်လာတဲ့ အနံ့အသက် ကျန်းမာရေးဆိုးကျိုးတွေ ခံစားရတဲ့အပြင် သူတို့အမှိုက်သိမ်းခတွေပါ ကိုယ်က ပေးနေရတယ်ဆိုရင် ဖြစ်သင့်လားလို့ စဥ်းစားကြပါ။