Pete on soaring energy prices

ဘိုင်ဒန်အစိုးရရဲ့ ပို့ဆောင်ရေးဝန်ကြီး ပိဒ်ဘူတဂျပ်က အမေရိကန်မှာ စွမ်းအင်ကို ပြည်တွင်းမှာ အပြည့်အဝ ထုတ်လုပ်နေရင်တောင်မှ ဆီဈေးက ကျဆင်းသွားဖို့ မရှိဘူးလို့ အခြေအမြစ်မရှိ ပြောသွားပါတယ်။ ထရမ့်လက်ထက်က အမေရိကန်သမိုင်းမှာ အနှစ် ၇၀ကျော်အတွင်း ပထမဆုံး ပြည်တွင်းစွမ်းအင်ဖူလုံအောင် လုပ်ဆောင်ခဲ့ပြီးနောက်မှာ အမေရိကန်ဆီဈေးရော ကမ္ဘာ့ဆီဈေးပါ အများကြီးကျဆင်းသွားခဲ့တာ ၅နှစ်လောက်ပဲရှိသေးတော့ မမေ့လောက်ကြသေးပါဘူး။

အခုနိုင်ငံခြားကသွင်းနေရတယ်ဆိုတာ ပြည်တွင်းမှာ မလောက်လို့လို့လည်း ပြောသွားပါတယ်။ ဒုတိယမ္ပိမုသာဝါဒပါ။ ပြည်တွင်းက စွမ်းအင်လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရခက်အောင် မဖြစ်နိုင်တဲ့ ဥပဒေတွေနဲ့ ချည်နှောင်ထား၊ သမ္မတအမိန့်နဲ့ တူးဖော်ခွင့်တွေ ရပ်၊ ပိုက်လိုင်းဆောက်တာတွေရပ်ခဲ့တာ ၁၅လ မပြည်သေးတော့ မမေ့သင့်ကြသေးပါဘူး။

ဉာဏ်ကြီးရှင်က ပြည်တွင်းမှာ ရေနံအပြည့်ထုတ်နိုင်တယ်ဆိုရင်တောင် ပြည်ပက ဖြစ်နေတာတွေကြောင့် ဈေးတက်နိုင်သေးကြောင်း၊ ပြည်တွင်းစွမ်းအင်ကို ပြန်လည်ဆန်းသစ်နိုင်တဲ့ နေ လေ ရေ စတာတွေက အပြည့်အဝ မဖြည့်စည်းပေးနိုင်သ၍ စွမ်းအင်ဈေးက မြင့်တက်နေမှာလို့ ပြောသွားတာပါ။

ဘိုင်ဒန်က ရွေးကောက်ပွဲမတိုင်ခင်က အခုလို ပြည်တွင်းလက်ရှိထုတ်နေတဲ့ စွမ်းအင်တွေကို ပိတ်ပြီး အလျင်စလို နေ လေ စတာတွေဘက်ပြောင်းမလားလို့ မေးကြတော့ သင့်တော်တဲ့အချိန်မှ ပြောင်းမယ် ပြော(လိမ်)သွားတာပါ။ ဖောင်ဖွဲ့လို့မပြီးသေးပဲ ပင်လယ်ထဲ တွန်းချပြီးမှ ဖောင်ဆက်ဖွဲ့ကြတာပေါ့ဆိုရင် ဘယ်လိုနေကြမလဲ စဥ်းစားကြည့်ဖူးကြလား။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေမှ အစိုးရကို အားကိုးကြရတဲ့အဖြစ်ကို ရောက်ဖို့တွန်းနေသူတွေကိုပဲ ဆက်တင်နေရင် ဒုက္ခနဲ့ အရင်ငြားမယ်ဆိုတာတော့ မမေ့ကြဖို့ လိုပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: