အမေရိကန်အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးမှာ အစားအစာဆိုတာ ပြောစရာမလိုအောင်ကို အမျိုးအမည်ရော အရေအတွက်ပါ ပေါများလှပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ အစားအစာ ရှားပါး လာတော့မယ်လို့ ပြောရင် အများစုက ဘယ်လိုမှ ယုံနိုင်ကြမှာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆိုရင်လဲ ကမ္ဘာနဲ့ချီပြီး စားစရာရှားမယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒေသတချို့မှာ ပြဿနာဖြစ်ရင် တခြားဒေသ/နိုင်ငံတွေက ရိက္ခာတွေနဲ့ ဖြည့်တင်းလို့ ရနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်ပဲ ကမ္ဘာကြီးရဲ့ ရိက္ခာအိုးတော်တော်များများကို အဖွဲ့အစည်းတချို့က ကြိုးကိုင်ပြီး တပုံစံထဲ တွန်းလာပြီဆိုရင်တော့ တခါမှ မကြုံဖူးတဲ့ အတိုင်းအတာတွေ ဖြစ်လာနိုင်ပါတယ်။
အမေရိကန်မှာ ယူကရိန်း-ရုရှားစစ်စပြီးနောက် အဲဒီ နှစ်နိုင်ငံက ဂျုံနဲ့ ဓါတ်မြေဩဇာတွေ အဓိက တင်သွင်းနေရတဲ့အတွက် အမေရိကန်စားသောက်ကုန်ကဏ္ဍကို ထိခိုက်လာပါတယ်။ ဓါတ်မြေဩဇာကို အစားထိုးလောက်တဲ့ ကြက်ချေး၊ နွားချေး၊ မြေဆွေးဆိုတာတွေက ပြောပလောက်အောင် ထွက်တာ မဟုတ်တဲ့အပြင် အခြောက်ခံ၊ အိတ်သွတ်၊ သယ်ပို့ စတာတွေက ဘာမှ အဆင်သင့်ဖြစ်မနေသေးတော့ လယ်ယာ သီးနှံတွေ အထွက်နှုန်းက တော်တော်လေး ကျလာနိုင်ပါတယ်။
မြေဩဇာပဲလားဆိုတော့ ကယ်လီဖိုးနီးယားလို စိုက်ပျိုးရေးလုပ်တဲ့ အပြာပြည်နယ်တွေမှာ မိုးရေကို ခံပြီး သုံးဖို့လည်း ခွင့်မပြုသလို မြေအောက်က ရေထုတ်သုံးမယ်ဆိုတော့လည်း အကြောင်း မျိုးစုံပြပြီး ကန့်သတ်/တားဆီးပြန်ပါတယ်။ မိုးရေမသုံးတာနဲ့ မြေအောက်ရေသုံးတာတွေကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေက အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုထားတာတွေ မဟုတ်တဲ့အပြင် လောကနိယာမအရလည်း အနီးဆုံးပြဿနာကို အရင်ဆုံးရှင်းပြီး ဝေးသေးတဲ့ပြဿနာကို တဖြည်းဖြည်း ရှင်းရတာပါ။
သီးနှံထွက်နှုန်းကျလာရင် နဂိုက ဆီဈေးနဲ့ ငွေဖောင်းပွမှုတွေကြောင့် အထွေထွေကုန်စည်တွေက ဈေးတက်နေတာဖြစ်တော့ ရတဲ့ ရှိတဲ့ ထုတ်ကုန်တွေ ဈေးက မြောက်လာတော့မှာပါ။ တိရိစ္ဆာန်တွေ ကျွေးဖို့အစာကလည်း ဝယ်လို့ ရရင်တောင် ဈေးကြီးပေးဝယ်ရမှာဆိုတော့ သားငါးဈေးတွေလည်း တက်ဦးမှာပါပဲ။ ဈေးတက်ရုံပဲလားဆိုတော့ မတတ်နိုင်တဲ့ လယ်သမား မွေးမြူရေးသမား လုပ်ငန်းရှင်လေးတွေ ဆက်မလုပ်နိုင်တော့ရင် ပိုရှားလေ ပိုဈေးတက်လေဖြစ်မှာပါ။ ရှားပြီဆိုမှတော့ ဝယ်မစားနိုင်တဲ့သူတွေ ဒုက္ခရောက်ပြီပေါ့။
တောင်အာဖရိကမှာ လယ်သမားတွေ တလကို ၆-၇ ယောက်လောက်နှုန်းနဲ့ ရက်ရက် စက်စက် နှိပ်စက် မုဒိန်းကျင့်ပြီး အသတ်ခံနေရတာ ၂၀၂၀ထဲကပါ။ တောင်အာဖရိကမှာ တက်လာတဲ့ သမ္မတ စိုင်ရေးလ် ရာမာဖိုဆာက တောင်အာဖရိကကို လူမည်းတွေပဲ ပိုင်ရမယ်၊ လူဖြူပိုင်တာမှန်သမျှ ဘာလျော်ကြေးမှ မပေးပဲ ပြန်ယူကြဖို့ ကျုံးဝါးထားတာပါ။ အဲဒီမှာ လယ်ယာ လုပ်ကိုင်ကြတဲ့ လူဖြူ လယ်သမားတွေ အကြီးအကျယ်နှိပ်စက် သတ်ဖြတ်ခံကြရတော့တာပါပဲ။ တချို့ဥရောပနိုင်ငံတွေက တောင်အာဖရိကက လူဖြူလယ်သမားတွေကို ခိုလှုံခွင့်ပေးမယ်လို့ ဖိတ်ခေါ်ကြပေမယ့် တချို့က မျိုးရိုး ၂ဆက် ၃ဆက် အဲဒီမှာ လယ်လုပ်လာတာဖြစ်တော့ တခြားပြောင်းဖို့ ခက်နေကြပုံ ရပါတယ်။
တောင်အာဖရိကက လူမည်းအကြမ်းဖက်တွေရတဲ့ အတွေးအခေါ်ဟာ ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှ မကိုက်ညီဘူးလို့ ဆိုရပါမယ်။ တကယ်လို့ လူမည်းပဲ ပိုင်ရမယ်ဆိုရင်တောင် လွှတ်တော်မှာ မျှတတဲ့ ဥပဒေဆွေးနွေးပြဌာန်းပြီး တဆင့်ချင်း အေးအေးချမ်းချမ်း သွားသင့်တာပါ။ တကယ်တော့ အဲဒီလို အတွေးမျိုးက အမေရိကန်မှာ ကျွန်ဖြစ်ခဲ့ဖူးတာလည်းမဟုတ်၊ ကျွန်ဖြစ်ခဲ့ဖူးသူက ဆင်းသက်လာတာလည်း မဟုတ်သည့်တိုင် လူမည်းဖြစ်တာနဲ့ လျော်ကြေး ရရမယ်ဆိုတဲ့ အိုင်ဒီယာတွေ သွပ်သွင်းလာတာနဲ့ ဆင်နေသလို တချိန်ထဲလိုလည်း ဖြစ်လာတာပါ။
အဲဒီအချိန်ကလည်း ကမ္ဘာ့ရွာသမားတွေ ကပ်ပိုးအပါအဝင် ၂၀၂၀ရကပကို ကလဖန်ထိုးပြီး ဆင်ကြံကြံကြတာနဲ့ တိုင်မင်ကိုက်နေပါတယ်။ ဖြစ်နိုင်တာက ကပ်ပိုးကြောင့် လော့ဒေါင်းတွေ လုပ်ကြတာ တရုပ်ပြည်ကစလုပ်ပြ အမေရိကန်က လိုက်လုပ်ဆိုတော့ တကမ္ဘာလုံးက ဒီလိုပဲ လုပ်ရတယ်လို့ အထင်ရောက်သွားတာက စတယ် ထင်ပါတယ်။ တရုပ်က ကွန်မြူနစ်ဆိုတော့ ပြည်သူက ရွေးစရာမရှိ၊ ဖြစ်သမျှလည်စင်းခံ၊ သေကြရင်လည်း သတင်းပိတ်ဆို့ထားတော့ အစိုးရပြောသမျှပါပဲ။ အမေရိကန်မှာက လော့ဒေါင်းတွေလုပ်လို့ ပြည်သူတွေဒုက္ခရောက်တာကို ထောက်ပံ့ကြေးတွေနဲ့ ဖုံးထားလိုက်တော့ ပြဿနာက ပေါက်ကွဲတဲ့အထိ ဖြစ်မလာခဲ့ဘူး။
မြန်မာပြည်မှာလည်း လူထုကို/ကချစ်တဲ့ခေါင်းဆောင်ရဲ့ အုပ်ချုပ်မှုကို နာခံကြတာရယ် ပြည်သူချင်း ရိုင်းပင်းကြတာရယ်ကြောင့် ရာဇဝတ်မှုတွေ ထင်သလောက် တက်မလာခဲ့ပါဘူး။
တောင်အာဖရိကမှာတော့ အမေရိကန်က လူဖြူမုန်းတဲ့မှိုင်း ဝင်နေတာရယ် ငတ်လာကြတာရယ် ခေါင်းဆောင်က အာဃာတနဲ့ ဆိုတော့ အကြောင်းစုံသွားတယ် ဆိုရမှာပါ။ အာဖရိကက လယ်သမားတွေ ကြုံတွေ့နေရတာ ငါတို့နဲ့ ဘာဆိုင်လဲဆိုရင် သူတို့ဆီမှာ အထွက်နည်းသွားတာနဲ့ ကမ္ဘာ့ဝယ်လိုအားမှာ တိုးလာမှာ၊ တိုးလာပြီး ကမ္ဘာ့ထုတ်ကုန် တိုးမလာရင် ဈေးတက်မှာ ဖြစ်လို့ပါ။ ပိုဆိုးတာက အဲဒီလောက်ဖြစ်နေတာကို လူ့အခွင့်အရေးတို့ ဂျီနိုဆတို့ -င်ဆောင့်အော်နေတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ သူတို့အောက်ဆွဲမီဒီယာတွေက နှုတ်ပိတ်နေကြတာပါ။
သီရိလင်္ကာမှာ ပြဿနာတက်တာကလည်း အစားအသောက်က အရေးကြီးတဲ့အပိုင်းမှာ ပါပါတယ်။ သမ္မတရာဇပက်စက ၂၀၁၉မဲဆွယ်ပွဲထဲက ဓါတ်မြေဩဇာတင်သွင်းခွင့်ကို ပိတ်ပင်မယ်လို့ စပြောခဲ့ပြီး ဧပြီ၂၇ ၂၀၂၁မှာ ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလိုမပိတ်ခင် ပြည်တွင်းမှာ သဘာဝမြေဩဇာနဲ့ အစားထိုးစရာ လုံလောက်အောင် ရှိဖို့ကို ထည့်စဥ်းစားသွားပုံ မရပါဘူး။ ဓါတ်မြေဩဇာတင်မက လယ်ယာလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတာတွေအားလုံးကို ပိတ်ပင်လိုက်တဲ့အပြင် ကပ်ပိုး ကာလလဲ ဖြစ်တဲ့အတွက် သီးနှံထွက်နှုန်း ပက်ပက်စက်စက်ကျခဲ့ပါတယ်။
အဲဒီတော့မှ တရုပ်ဆီက အော်ဂဲနစ် မြေဩဇာ မက်ထရစ်တန် ၁သိန်းနီးပါး ဝယ်ပါတယ်။ ၂၀၂၁ စက်တင်ဘာမှာ တင်ပို့ခဲ့တဲ့ ရေညှိကထုတ်တဲ့ တရုပ်မြေဩဇာတွေထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးတွေပါနေတာကို စဝယ်တဲ့ ဩဂုတ်ထဲက နမူနာတွေမှာ တွေ့နေခဲ့ပြီးသားပါ။ ဒါပေမဲ့ လယ်စိုက်/ဝန်က စစ်ဆေးထားတဲ့နမူနာတွေကို လုံလုံခြုံခြုံမသယ်လို့ ဖြစ်တာပါလို့ အကြောင်းပြပြီး နောက်တခါ ပြန်စစ်ခိုင်းပါတယ်။ ဒုတိယအကြိမ်စစ်တာမှာလည်း ပိုးထပ်တွေ့တဲ့အတွက် မှာထားတာတွေကို အောက်တိုဘာလကုန်မှာ ပယ်ဖျက်ခဲ့ရပါတယ်။
ဒါပေမဲ့လည်း စက်တင်ဘာထဲက ပို့လိုက်တဲ့ မြေဩဇာတွေက သီရိလင်္ကာဆိပ်ကမ်းကို ရောက်ပြီး နေပါပြီ။ ကျသင့်ငွေ ၆.၉သန်းကိုလည်း ပေးပြီးဖြစ်ပါတယ်။ တံဆိပ်ပြောင်းပြီး ဖြန့်ဖို့ ကြိုးစားခဲ့ပေမယ့် လယ်သမားတွေက ကန့်ကွက်ခဲ့ကြတဲ့အတွက် ကမ်းမကပ်နိုင်ပဲ ၂လကျော် သောင်တင်နေခဲ့တာပါ။။ စင်္ကာပူမှာ တရားစွဲဖြေရှင်းကြတဲ့အခါ ပေးစရာမလိုဘူးလို့ အရင်ဆုံးဖြတ်ထားတာကို ပယ်ရှားလိုက်တဲ့ အတွက် ဖွတ်မရ ဓါးမဆုံး ဖြစ်ခဲ့ရပြန်ပါတယ်။ လယ်စိုက်ဝန်က နောက်တခါ ကောင်းတာဝယ်ပါ့မယ်၊ နမူနာအသစ်တွေ ထပ်ပို့ပါ့မယ်လို့ ပြောပြီး အရင်ကုမ္ပဏီကပဲ နောက်ထပ် ၅သန်းဖိုး ဒီနှစ် ဇန္နဝါရီမှာ ထပ်ဝယ်ပြန်ပါတယ်။ ဒီတခါတော့ မေလသာကုန်သွားတယ် ဘာမှ မရသေးပါဘူး၊ ပေးထားတဲ့ ပိုက်ဆံတွေလည်း ဘယ်ရောက်မှန်း ပြည်သူတွေ မသိရတော့ပါဘူး။
မေလကုန်မှာတော့ အစိုးရက ဓါတ်မြေဩဇာတင်သွင်းမှု ကန့်သတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီး အိန္ဒိယက နိုက်ထရိုဂျင်အရည် တင်သွင်းခဲ့ပါတယ်၊ ပေါက်ဈေးထက် ၂ဆ ၃ဆမြင့်တဲ့ ဈေးနဲ့ပါ။ ဒီမှာလည်း ပြဿနာက အဲဒီပိုက်ဆံတွေက ပုဂ္ဂလိကအကောင့်တခုကို သွားတယ်လို့ ပါလီမန်က တွေ့ရှိ ထားပါတယ်။ လယ်သမားတွေက စိုက်စရာမရှိ၊ ပြည်သူတွေမှာ စားစရာမရှိဖြစ်ရတာက နောက်ပိုင်း ပြဿနာတွေကို ပိုဆိုးသွားစေမှာပါ။ နှစ်ပေါင်းများစွာ ဆန်တင်ပို့ခဲ့တဲ့နိုင်ငံက အခုဆို ဆန်ကိုတောင် ပြည်ပက အကြွေးနဲ့ ပြန်ဝယ်စားနေရတဲ့အခြေအနေကို မြင်ယောင်ကြည့်စေချင် ပါတယ်။
သီရိလင်္ကာရဲ့ စိုက်ပျိုးရေးပြဿနာကို အသေးစိတ်ဖော်ပြရတာက ကမ္ဘာ့လက်မဲကြီးတွေက တကမ္ဘာလုံးကို အဲဒီပုံစံတွန်းလာနေတာ သိစေချင်လို့ ဖြစ်ပါတယ်။ နယ်သာလန်မှာလည်း နိုက်ထရိုဂျင်ပါတာတွေ စပိတ်လို့ လယ်သမားတွေက အကြီးအကျယ် ဆန္ဒပြနေရတာပါ၊ အဲဒါကို မီဒီညာတွေက လက်ယာစွန်းတွေရဲ့ စနက်လို့ ပုံဖော်ပါတယ်။ ပြည်သူစားနပ်ရိက္ခာဖူလုံပို့အပြင် နိုင်ငံခြားငွေရရှိဖို့ပါ လယ်ယာကဏ္ဍက အခရာကျပါတယ်။ အဲဒါကို လက်ယာစွန်းတံဆိပ်ကပ်ပြီး နှိပ်ကွပ်လို့ အကျိုးယုတ်မယ့်ထဲမှာ အုပ်ချုပ်သူတွေနဲ့ ခြစားတွေ မပါတာတော့ သေချာပါတယ်။
နယ်သာလန်တင်လဲ မဟုတ်ပါဘူး၊ အီးယူကလဲ အန္တရာယ်ရှိတယ်ဆိုတဲ့ ဓါတုပါဝင်ပစ္စည်း ၁၂,၀၀၀ ကျော်ကို ဘန်းဖို့ ဒီနှစ် ဧပြီလမှာ လမ်းပြမြေပုံထုတ်ပါတယ်။ သမိုင်းမှာ အကြီးဆုံးဘန်းမယ့် အစီအစဥ်ရဲ့ အကြောင်းပြချက်က ဂလိုဘယ်ဝမ်းမင်းနဲ့ ဆက်စပ်နေတဲ့ ဂလိုဘယ်အီကိုဆစ္စတမ်ကို ထိခိုက်စေတာကြောင့်လို့ ဆိုပါတယ်။ အန္တရာယ်ရှိတာ သေချာသက်သေပြနိုင်ရင်တော့ တဆင့်ချင်း ဖြည်းဖြည်းချင်း လျော့ချသွားရမှာပါ။ အခုလို ကမ္ဘာမှာ စားရေရိက္ခာ ရှားပါးမယ်လို့ ပညာရှင်တွေ သတိပေးထားတဲ့နှစ်ကျမှ အကုန်ပြုံဘန်းနေကြတာ ဘာကြောင့်လဲဆိုတာတော့ စေ့ငုဖို့ လိုပါလိမ့်မယ်။
ဥရောပမှာ တွန်းနေတဲ့ ဓါတ်မြေဩဇာဘန်းတာကို ကနေဒါ၊ နယူးဇီလန်တို့အပါအဝင် တခြားနိုင်ငံတွေကလည်း လိုက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ထည့်မပြောတာက မြေရဲ့ သဘာဝက ဓါတ်မြေဩဇာသုံးလာတဲ့ မြေကနေ သဘာဝမြေဩဇာ/ အော်ဂဲနစ်မြေဖြစ်ဖို့ နှစ်တော်တော်ကြာ စောင့်ပြီး ပြုပြင်ယူလာတယ် ဆိုတာပါ။ ချက်ချင်းဘန်း ချက်ချင်းပြောင်းရမယ်ဆိုတာက လက်ရှိ ဓါတ်မြေဩဇာသုံးတဲ့ လယ်သမားတွေကို ဆက်မလုပ်နဲ့တော့လို့ ဘန်းလိုက်တာနဲ့ တူတူပါပဲ။ ဆက်မစိုက်နိုင်လို့ ပစ်ထားလိုက်ရရင် အဲဒီမြေသားတွေက ခြောက်သွေ့၊ တီကောင်လေးတွေ သေ၊ မြေဆီပျက်သုဥ်းပြီး ဖုံထု/ဖုံလုံးကြီးတွေ ဖြစ်လာတော့မှာပါ။ တရုပ်ပြည်နေရာတချို့မှာ ဖုံလုံးကြီးတွေ စနေပါပြီ။ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တုန်းကလည်း မစိုက်နိုင်တဲ့နေရာတွေ အဲဒီလို ဖုံလုံးကြီးတွေ ဖြစ်ခဲ့တာပါပဲ။
အဲဒါကို လစ်လျူရှုပြီး အဲကွန်းခန်းထဲက နံကထိုင်ဝတ်တွေက အစိုးရအမိန့်/ဥပဒေနဲ့ အတင်းတွန်း လာတာက ရိုးသားရဲ့လားဆိုတာ စဥ်းစားဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ မြေဆီနဲ့ပတ်သတ်တဲ့ သိပ္ပံ ပညာရှင်တိုင်း ကမ္ဘာ့လူဦးရေအကုန်လုံးကို အော်ဂဲနစ်ကရတဲ့ အစားအစာနဲ့ ကျွေးထားဖို့ မလုံလောက်တာ သိကြသလို သတိပေးနေကြတာပါ။ အော်ဂဲနစ်က ရိုးရိုးစိုက်တာနဲ့စာရင် ထွက်နှုန်း အများကြီးနည်းသလို အော်ဂဲနစ်ကို တဆင့်ချင်းပြောင်းဖို့ ပညာရှင်တွေရဲ့ အကူအညီတွေ လေ့ကျင့် သင်ကြားပေးမှုတွေ၊ မြေစစ်ဆေးတာတွေ၊ ပိုးမကျအောင် သဘာဝနည်းနဲ့ ကာကွယ်တာတွေ အများကြီး လိုတာပါ။
အဲဒီလို အဆင်သင့်မဖြစ်သေးခင်မှာ ရုပ်ချည်းထပြောင်းဖို့ အမိန့်ပေးတာက အမေရိကန်မှာ ရေနံ/ဓါတ်ငွေ့ကို အစားထိုးဖို့ ဘာမှလုံလုံလောက်လောက် အဆင်သင့်ဖြစ်အောင် မစီစဥ်ရသေးခင်မှာ ပိုက်လိုင်းတွေ ပိတ်ပစ် တူးဖော်ခွင့်တွေ ကန့်သတ်လိုက်သလိုမျိုးနဲ့ တပုံစံထဲ ဖြစ်နေပါတယ်။ ကြက်ဆူပင် စိုက်ခိုင်းတာထက် ဆိုးမလားပါပဲ။ လောင်စာပြဿနာကြောင့် အစားအစာစက်ရုံတွေ လည်ပတ်ဖို့ ဖြန့်ဝေဖို့ပါ ခက်ခဲလာမှာကိုလည်း မေ့မထားသင့်ပါဘူး။
အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေမှာ လယ်သမားတွေအတွက် မူလီကြပ်ခံနေရတဲ့ အချိန်မှာပဲ အမေရိကန်မှာ တရုပ်နဲ့ ဘေလ်ဂိတ်စ်တို့က လယ်ယာမြေတွေ အကြီးအကျယ် ဝယ်ယူထားကြတာ တိုက်ဆိုင်မှုတခုထက်တော့ ပိုမယ်ထင်ပါတယ်။ မြန်မာပြည်မှာလည်း အတိအလင်းကြေငြာတာ မဟုတ်ပေမယ့် စိုက်ပျိုးမြေတွေ ငှားလုပ်နေကြတာ ကြားမိကြမှာပါ။ တရုပ်နဲ့ မကင်းနိုင်တဲ့ ကျန်နိုင်ငံတွေမှာလည်း ဒါမျိုးတွေ အများကြီး ရှိနေနိုင်ပါတယ်။
နယ်သာလန်အစိုးရရဲ့ ဓါတုမြေဩဇာဘန်းတာဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ သဘောတူညီချက်အရ ဖြစ်ပြီး အဲဒီဖိုရမ်နဲ့ ပေါင်းလုပ်/ကြိုးဆွဲနေတာက ဂိတ်စ်တို့ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။ တခြား ကမ္ဘာ့နိုင်ငံတွေမှာ အစပြုလာတဲ့ လယ်ယာနဲ့ပတ်သက်တဲ့ ခြုပ်ချယ်ကန့်သတ်ချက်တွေကလည်း အဲဒီအဖွဲ့တွေဆီက လာတာပါပဲ။ အဲဒါတွေကို မောင်းနှင်နေတာက အာဏာရှင်-ောမ ယူနိုက်တက်နတ်သင်းအဖွဲ့ကြီးရဲ့ ၂၀၃၀ အာဂျင်ဒါ ဖြစ်နေပါတယ်။ ခေါင်းစဥ်ကို ဆပ်စတိန်းနေဘဲလ် ဒီဗဲလုပ်မန့်အစီအစဥ်တွေလို့ နာမည်တပ်ထားတော့ သူတို့အာဂျင်ဒါအတိုင်း မသွားရင်ကို ဆပ်စတိန်းနေးဘဲလ်မဖြစ်တော့သယောင် ပုံမှားရိုက်ထားတာပါ။ (ဟိုကကဆလိုပါပဲ၊ မထိုးရင်ကို မကာကွယ်တော့သယောင် ထင်ယောင်ထင်မှား လုပ်ကြတာပါ။)
ယူနိုက်တက်နတ်သင်းကို ဘယ်သူကြိုးကိုင်နေလဲဆိုတာ အားလုံးရိပ်မိကြမယ်လို့ထင်ပါတယ်။ အလားတူပဲ ဂိတ်စ်တို့လို ကမ္ဘာမှာ လူတွေ သိပ်များနေတယ်လို့ အယူရှိတဲ့ ကမ္ဘာ့ရွာသမားတွေက ကမ္ဘာကို ကြိုးကိုင်ဖို့ ကြိုးစားနေကြတာလည်း ထင်ရှားသထက် ထင်ရှားလာနေပါတယ်။ အဲဒီအဖွဲ့တွေ၊ သူတို့ကို ကြိုးကိုင်နေသူတွေက ဘယ်ပါတီနဲ့ အလွမ်းသင့်တယ်ဆိုတာလဲ အထူးပြောစရာလိုမယ် မထင်ပါဘူး။ အားလုံးက ဆက်စပ်နေတာပါ။ လက်ဝဲနဲ့ လက်ယာ အားပြိုင်တာ၊ ပါတီချင်း အတိုက်အခံ လုပ်ကြတာထက် အများကြီးပိုပြီး နက်ရှိုင်းပါတယ်။
ကဲ ဟုတ်ပါပြီ၊ အဲဒီတော့ ငါတို့က ဘာလုပ်ရမှာလဲဆိုရင် အဆိုပါလက်မဲအုပ်စုတွေ ကြိုးဆွဲမခံတဲ့၊ အများပြည်သူအကျိုးအတွက် အားလုံးကို သတ္တိရှိရှိ ရင်ဆိုင်ပေးမယ့် အစိုးရမျိုးကို (ဘယ်နိုင်ငံ/ပြည်နယ်မှာမဆို) ရွေးတင်ဖို့ တာဝန်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။