-မျ-ကျောက်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ပက်ထရစ်ရှာတော်လ်ဆန်က အဲပုခ်တိုင်းမ်စ်မှာ တင်ဆက်ထားပါတယ်။ မကကို ပထမဆုံးတွေ့ရှိခဲ့တာက ၁၉၅၈မှာဖြစ်ပြီး သုတေသနလုပ်ဖို့ လှောင်ထားတဲ့ အကောင်တွေမှာ ဖြစ်ခဲ့တာပါ။ ဘယ်ကစလာတာလည်းတော့ ခုထိ မသိသေးပါဘူး။ လူမှာဖြစ်တာက ၁၉၇၀နောက်ပိုင်းမှပါ။ ဒီနှစ်မတိုင်ခင်က အဲဒီကျောက်က အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကမှာပဲ တွေ့ခဲ့ပြီး အဲဒီတိုက်အပြင်မှာ တွေ့ရှိသမျှဟာလည်း နိုင်ငံတကာခရီးသွားတွေနဲ့ ပတ်သက်နေခဲ့တာချည့်ပါပဲ။ ဝဟကပ်ပိုးမပြန့်ခင် လအနည်းငယ်မှာ အီဗန့်တူးအိုဝမ်းနာမည်နဲ့ စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြတာကို ဒေါက်တာဆာယိဟိုင်ဒါက ကပ်ပိုးစပြန့်ပြီး တနှစ်လောက်အကြာမှာ သိရှိခဲ့ပါတယ်။
အဲဒီလေ့ကျင့်ခန်းမှာ ကမ္ဘာ့အရပ်ရပ်က အစိုးရတွေပါ လိုက်နာလာမယ့်အနေအထားမျိုးရောက်အောင် ဘယ်လိုမောင်းမယ်ဆိုတာကို ပြင်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။ ကပ်ပိုးကာလတလျောက်လုံး လော့ဒေါင်းတို့ မတ်တပ်တို့ စတဲ့ ဖောက်ချိတို့ ဟူးတို့တတွေ ပေးခဲ့တဲ့ ပြည်သူတွေ လိုက်နာရမယ့်အချက်တွေက အဲဒီလေ့ကျင့်ခန်းက လာတာဖြစ်ပြီး အဲဒါကို မေးခွန်းထုတ်တဲ့သူတွေကို အလိမ် အမှားတွေအဖြစ် တံဆိပ်တပ်ပြီး နှိမ်နှင်းဖို့ စတဲ့ ခေါင်းစဥ်တွေပါ လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပါတယ်။
မကျောက်မစခင် ပြီးခဲ့တဲ့နှစ်မတ်လမှာလည်း အလားတူလေ့ကျင့်ခန်းမျိုး ပြုလုပ်ခဲ့ကြပါသေးတယ်။ နျူခြိမ်းခြောက်မှုဆိုင်ရာ စီမံကိန်းနဲ့ မြူးနစ်လုံခြုံရေးညီလာခံတို့က ဦးစီးကျင်းပခဲ့ကြတာပါ။ ဆွေးနွေးလေ့ကျင့်တာကတော့ ဇီဝနည်းပညာနဲ့ ထုတ်လုပ်ထားတယ်လို့ ယူဆထားပြီး အကြမ်းဖက်အုပ်စုတခုခုက လက်နက်အဖြစ် ဒီနှစ် မေလလယ်မှာ ကမ္ဘာကို ဖြန့်ခဲ့တဲ့ ထူးခြားတဲ့ မကျောက်မျိုးကွဲဆိုတာကို လေ့ကျင့်ခဲ့ကြတာပါ။ အဲဒီလေ့ကျင့်ခန်းကမျိုးကွဲဟာ ကျောက်ကြီးအတွက် ကကဆေးမတိုးဘူးလို့ သတ်မှတ်ထားကြပါတယ်။
ဟိုင်ဒါကတော့ သာမာန်ကျောက်ကကဆေးဟာလည်း မကျောက်အတွက် သုံးလို့ရသင့်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သူတို့ လေ့ကျင့်ခန်းမှာ မှန်းခဲ့တဲ့ ရက်ကနေ တရက်-နှစ်ရက်အတွင်း စပြန့်တယ်လို့ တွေ့ရတာပဲ ဖြစ်ပါတယ်။
နောက်မသင်ကာစရာကောင်းတာက ခုပြန့်နေတဲ့ မကမျိုးကွဲဟာ ပုံမှန်မဟုတ်တာတွေ့ရလို့ပဲ ဖြစ်ပါတယ်။ သဘာဝမကျောက်ဟာ ဘယ်တုန်းကမှ ကျားကျားချင်းဒချိသူတွေကြား အဓိကပြန့်တာ မရှိခဲ့သလို ဗီဇပြောင်းတာကလည်း အလွန်နှေးကွေးပြီး သဘာဝအတိုင်း နောက်ဆုံးတွေ့ခဲ့တဲ့မျိုးကွဲနဲ့ လက်ရှိမျိုးကွဲကြား ကွဲပြားမှုက ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။
မကအတွက် လေ့ကျင့်ခန်းမှာ ပါဝင်တဲ့ သုတေသီတွေဟာ အရင်တခါတုန်းကလိုပဲ မတ်တပ်ဖို့တို့ လော့ဒေါင်းလုပ်ဖို့တို့ ကကဆထိုးဖို့တို့ကို တိုက်တွန်းအကြံပြုသွားကြပါတယ်။ ဟိုင်ဒါကတော့ အရင်တခါလိုလုပ်တာက လက်တွေ့မှာ ပြောပလောက်အောင် အကျိုးမရှိတဲ့အတွက် အဲဒီလို ထပ်လုပ်ဖို့ သဘောမတူပါဘူး။ ကူးပုံကလည်း အရင်ပိုးလိုမဟုတ်ပဲ နှေးကွေးပြီး ဖြစ်တဲ့သူတွေကို သီးသန့်ခွဲထားတာလောက်နဲ့ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
နမ်းရှုပ်တာနဲ့ ၆နာရီလောက် မျက်နှာချင်းနီးကပ်နေတာတွေက လုံးဝမကူးဘူးလို့ မပြောနိုင်ပေမယ့် အများကြီးကို ကူးစေမှာတော့ မဟုတ်ပါဘူး။ အဓိကကူးတာက ဖြစ်နေတဲ့သူရဲ့ အဖုတွေနဲ့ အဲဒီအဖုက အရည်တွေနဲ့ ထိတွေ့တာကတဆင့် ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်နေပြီလို့ မသင်္ကာတာနဲ့ သီးခြားခွဲနေလိုက်ရင် ထိန်းချုပ်ဖို့ မခဲယဥ်းတာကို ပြောချင်တာပါ။
ဟိုင်ဒါစိတ်ပူနေတာတခုက ရကပွဲကလည်း နီးလာပြီဆိုတော့ အရင်လိုတွေ ပြန်ကြပ်ရင် စီးပွားရေး လူမှုရေးဒုက္ခတွေနဲ့ မှောင်ခိုလက်နက်၊ အရက်၊ မူးယဆေးစတာတွေက လွယ်လွယ်ရနေတာနဲ့ဆိုတော့ ဆေးအတွက်လေးနေတာတွေ ဖြစ်ကြမှာစိုးတာပါ။ စီဒီစီရဲ့ အစီရင်ခံစာအရ ဒီလဆန်းအထိ ကပ်ပိုးကြောင့် ဆုံးရှုံးရသူတွေရဲ့ ၉၅ရာနှုန်းက တခြားသေလောက်တဲ့ ရောဂါတွေ ရှိကြပါတယ်။ ဥပမာ တုတ်ကွေး/အဆုတ်ယောင် ၄၄.၂ရာနှုန်း၊ သွေးတိုး ၁၈.၂ရာနှုန်း၊ ဆီးချို ၁၃.၆ရာနှုန်း၊ သတိမေ့/ဦးနှောက်ကျုံ့က ၁၀.၃နဲ့ သွေးဆိပ်တက်က ၁၁ရာနှုန်းတို့ ဖြစ်ပါတယ်။ နှလုံးတို့ မတော်တဆတို့လို တခြားအကြောင်းတွေနဲ့ ကြွသွားရင်လည်း ဟိုရောဂါလို့ပြရင် ဘတ်ဂျက်ပိုရအောင် လုပ်ထားတဲ့အတွက် အဲဒီလိုပြကြတာတွေလည်း မနည်းမနောပါပဲ။
မကနဲ့ ပတ်သက်ပြီး သူအကြံပြုတာက အရမ်းမကြောက်ပဲနဲ့ စိတ်အေးအေးထားပြီး မှန်မှန်ကန်ကန် တုန့်ပြန်ဖို့ပါ။ အရင်တခါကလည်း အစတုန်းက ဘာမှမဟုတ်သလို အတင်းလုပ်နေကြပြီး နောက်ကျမှ မီဒီယာအားနဲ့ ညာသံဝိုင်းပေးတာ နံပါတ်တွေကစားပြီး ခြောက်တာကနေ ရိုက်ခတ်သွားတဲ့အရှိန်က မိသားစုထဲ ရင်းနှီးသူတွေကြားထဲမှာတောင် အက်ရာလှိုင်လှိုင်ပေးသွားခဲ့တာ မမေ့ကြဖို့ လိုပါတယ်။
ဟိုင်ဒါပြောတာတွေကို တဖက်သက်အမှန်လို့ မျက်စိမှိတ်ယုံဖို့ မလိုသလို ဘာဖြစ်ဖြစ် မယုံဘူးကွာလို့ ဘူးခံဖို့လည်း မသင့်ပါဘူး။ ချင့်ချိန်ရမှာက အသိဉာဏ်ရှိတဲ့ လူသားတိုင်းရဲ့ အလုပ်ပါ။ ခက်တာက လောလောဆယ်မှာ အစိုးရယန္တယားက ဗျူရိုကရက်အဖွဲ့အစည်းတွေရဲ့ ဓမ္မဒိဌာန်မကျပဲ တဖက်စောင်းနင်းဖြစ်နေမှုတွေ၊ အုပ်ချုပ်သူတွေရဲ့ ခြစားမှုတွေက ပြည်သူ့တွေရဲ့ အသက်ကို သွယ်ဝိုက်ပြီး ထိခိုက်နေတာပါ။ အကုန်လုံးက ဆက်စပ်နေတာပါပဲ။
နောက်သတင်းတပုဒ်မှာ အခုတဖန် ထွက်လာတဲ့ ပိုးက ၅နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်တဲ့ ခရမ်းချဥ်သီးတုတ်ကွေးပါတဲ့။ ဒီနှစ် ၅လပိုင်းတုန်းက အိန္ဒိယက ကီရာလာပြည်နယ်မှာမှာ စတွေ့တာဖြစ်ပြီး ယခုထိ ၈၂ယောက် ကူးထားပါတယ်။ အားလုံးက ၅နှစ်အောက်တွေပါ။ ဒီပိုးက အင်မတန်ကူးစက်မြန်ပြီး ၁၀နှစ်အောက် နောက်ကလေး ၂၆ဦးမှာလည်း အဲဒါဖြစ်နေတယ်လို့ သင်္ကာမကင်း ဖြစ်နေပါတယ်။
ဒီပိုးက အရေပြားပေါ်မှာ အနီဖုလေးတွေဖြစ်လို့ ခရမ်းချဥ်သီးလို့ ခေါ်တာဖြစ်ပြီး အဖျားနဲ့ အဆစ်နာတာတွေ တွဲဖြစ်တယ်လို့ ဆိုပါတယ်။ နီးနီးကပ်ကပ်နေထိုင်သူများကို ကူးတတ်ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ တခြားလက္ခဏာတွေမှာ ပျို့အန်၊ ဝမ်းလျော၊ ရေဓါတ်ခမ်းခြောက်နဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ပါဝင်ပါတယ်။ လက်၊ ခြေ၊ ပါးစပ်ရောဂါနဲ့ ဆင်တဲ့အတွက် သတိထားမကာကွယ်ရင် လူကြီးတွေကိုပါ ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ကူးလာခဲ့ရင် အရည်များများသောက်၊ အိပ်ယာမှာနားပြီး ၅-၇ရက် တကိုယ်တည်း ခွဲနေဖို့ အကြံပြုထားပါတယ်။
သဘာဝကပဲလာလာ လူကပဲလုပ်လုပ် ကိုယ်ခံအားမကောင်းရင်ဖြစ်ဖြစ် အကြောက်လွန်လို့ မှန်မှန်ကန်ကန် မသုံးသပ်နိုင်ရင်ဖြစ်ဖြစ် ပိုဒုက္ခများဖို့ပဲ ရှိပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ လူမှုရေးနဲ့ စိတ်ဓါတ်ကျန်းမာရေးတွေလည်း ပြီးခဲ့တဲ့ကပ်ပိုးမှာ တော်တော် ထိခိုက်ခဲ့တော့ ဘာမှ ထပ်မဖြစ်စေချင်တော့ပါဘူး။ ဒါပေမယ့်လည်း အာဏာနဲ့မှ လုပ်စားတတ်သူတွေကတော့ အာဏာလက်မလွှတ်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြဦးမှာပါ။ သတိရှိကြဖို့ လိုပါတယ်။