မိုဒနက မစမ်းသပ်ရသေးတဲ့ ကဗကကဆ စပိုက်ဗက်စ်ကို ယူကေမှာ ဖြန့်ဖို့ ပါမစ်ရသွားပါပြီ။ အရင်ကကဆတွေက မူရင်းဝဟပိုးအတွက်ဖြစ်ပြီး ခုဖြန့်မယ့်ဆေးက မူရင်းပိုးရော အမခရမျိုးကွဲ ဘအ၁ အတွက်ပါဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးကူးမှာကြောက်တဲ့စိတ်က ကိုယ့်ရဲ့ လေ့လာအား၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုတို့ထက် ကြီးနေတဲ့အခါမှာ ကကဆအသစ်ထွက်ပြီဆိုလိုက်တာနဲ့ အင်္ကျီလက်မောင်းလေး တပင့်ပင့်နဲ့ သွားတန်းစီကြဦးမှာပါပဲ။ တကယ်က အဲဒီနှစ်မျိုးလုံးက တကမ္ဘာလုံး ဘယ်နေရာမှာမှ လည်ပတ် ပြန့်နှံ့နေတာ မဟုတ်တော့ပါဘူး။
လောလောဆယ် ယူအက်စ်မှာ ကူးနေတာတွေက ဘအ၄ ဘအ၅ ဘအ၂— စတာတွေဖြစ်ပြီး ဥရောပမှာတော့ ဘအ၂ ဘအ၄ ဘအ၅တွေ ဖြစ်နေတာပါ။ ကူးမြန်တဲ့ ပိုးတွေဟာလည်း ရောဂါမပြင်းထန်သလို အသွင်ပြောင်းမြန်လွန်းတဲ့အတွက် သမိုင်းမှာ ဘယ်တုန်းကမှ ကကဆ ထုတ်လေ့မရှိတာဖြစ်ပါတယ်။ တကယ်လို့ ထုတ်ချင်ရင်တောင် ဖော်ရ၊ စမ်းရတာက အချိန်ပေးရတော့ အချိန်မီထွက်ဖို့ မလွယ်တဲ့အပြင် ပြင်းထန်တာလည်းမဟုတ်တော့ အတင်းမန်ဒိတ်မလုပ်ရင် တွက်ခြေမကိုက်ဖို့က သေချာနေလို့ပါ။
နောက်ထပ်မေးစရာဖြစ်နေတာက အရင်ထုတ်ထားတဲ့ ကကဆတွေတောင် လွှင့်ပစ်လိုက်ရတာ အလုံးသန်း၁၀၀ကျော်နေပြီဖြစ်လို့ ခုတခါ ထပ်ထုတ်တာ ဖြစ်သင့်ရဲ့လားဆိုတာ ဖြစ်ပါတယ်။ တန်ဖိုးအရဆိုရင် ဘီလီယံနဲ့ချီတဲ့ ပြည်သူ့ပိုက်ဆံတွေသာ ပလုံသွားပေမယ့် အဲဒီကကဆ အလုံးပေါင်း သန်း၁၀၀ကျော်ကို သဘာဝပတ်ဝန်းကျင် မထိခိုက်ပဲ ဘယ်လို ဖျက်ဆီးပစ်မယ်ဆိုတာ ကလိုင်းမိတ်ချိန့်လို့ ဖပြဲအောင် အော်နေသူတွေ စိတ်ပူကြပုံ မရပါဘူး။ ဒါမျိုးကလည်း သာမာန်အမှိုက်လို လွယ်လွယ်ပစ်လို့ ရတာမဟုတ်ဘူးလေ။
ပိုစိတ်ဝင်စားစရာကောင်းတာက ဘယ်သူတွေဦးစီးပြီး ထုတ်တာလဲဆိုတာပါ။ ထောက်လှမ်းရေး သတင်းသမား ဝှစ်တ်နီဝက်ဘ်တွေ့ရှိထားတာက ဒီဘုစ်တာဖော်ဖို့ ဗီဇတွေကို ကန်ထောက်လှမ်းရေး အဖွဲ့တွေနဲ့ တော်တော်လေးပတ်သက်နေတဲ့ နေရှင်နယ်ရီဆေးလီယန့်စ်ဆိုတဲ့ အဖွဲ့သစ်က ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဘီအိုဒီမှာ စီအိုင်အေအရာရှိများအောက်မေ့ဖွယ်ဖောင်ဒေးရှင်းရဲ့ ဘီအိုဒီထဲမှာပါတဲ့ ခရစ်ဒါဘီပါသလို စား/သောက်/ဆေးကြီးကြပ်ကော်မစ်ရှင်နာဟောင်းလဲဖြစ် ဖဇဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာစကော့ဂေါ့လိတို့ ပါဝင်နေပါတယ်။ အဲဒါကြောင့်လည်း လွယ်လွယ်ကူကူ မီးစိမ်းရသွားတာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဘိုင်ကြီးလက်ထက်အမေရိကန်ကဏ္ဍစုံမှာ တရုပ်စတိုင်တွေ လုပ်လာတာ များများလာပါတယ်။ အရင်က တကမ္ဘာလုံးက အတုခိုးရတဲ့ အမေရိကန်စတိုင်ဆိုတာ သူတို့လက်ထက်ကျမှ အမှိုက်ပုံးထဲရောက်ပြီး သူတို့ဆရာတင်ထားတဲ့ တရုပ်ရဲ့ နည်းတွေကို သိသိသာသာရော မသိမသာပါ သုံးလာကြတာပါ။ တရုပ်ပြည်မှာ ပေါ်လစီပိုင်း၊ ဗျူဟာပိုင်းအရ အရေးပါတဲ့လုပ်ငန်းတွေကို အစိုးရ(သို့) ဗျူရိုကရက်တွေ(သို့)သူတို့ဩဇာခံတွေက တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်ဖြစ် ကိုင်ထားတတ်ကြပါတယ်။ လော့ဒေါင်းတို့ မန်ဒိတ်တို့ဆိုတာတွေကလည်း အာဏာရှင်နည်းတွေပါ။ ဗဆပတ်စ်ပို့ဆိုတာကလည်း တရုပ်မူအတိုင်းပါပဲ။
နောက်တခု တရုပ်ဆီက ကူးချထားတာက ကယ်လီဖိုးနီးယားမှာ ရေသုံးများတဲ့သူတွေကို ဒဏ်မရိုက်တော့ပဲ အမည်နဲ့တကွ ကြေငြာပြီး အရှက်ခွဲဖို့ လုပ်နေတာပါ။ ခြံကျယ်ကျယ် မြက်ခင်းအကျယ်ကြီးရှိရင် ရေကုန်မှာပါပဲ။ နြူဆမ်တို့ကတော့ တပတ် ၃ကြိမ်ထက်ပိုပြီး ရေမလောင်းဖို့ အကြံပြုထားပါတယ်။ မြက်ခင်းတွေ အပင်တွေသေကုန်လို့ ပတ်ဝန်းကျင် ပိုခြောက်လာရင် ဂေဟစနစ်အတွက် ပိုဆိုးမလား ဆိုတာကိုတော့ ထည့်စဥ်းစားရမယ်ထင်ပါတယ်။
မြက်ခင်းတုတွေကလည်း သူတို့ကြောက်ပြကြတဲ့ ဇီဝရုပ်ကြွင်းတွေက ထုတ်ရတာပဲဖြစ်ပြီး မြက်ခင်းတုတွေနားမှာ အပူချိန် သာမန်ထက် ပိုမြင့်တာ၊ ပိုခြောက်သွေ့တာကလည်း အမှန်တရားတခုပဲ ဖြစ်ပါတယ်။ မြက်ခင်းတုတွေဟာလည်း ဆိုလာပြားတွေ လေရဟတ်တွေလိုပဲ သဘာဝမဟုတ်တဲ့ လူလုပ်ပစ္စည်းသာဖြစ်တော့ သက်တမ်းတခုသာခံပါတယ်။ သက်တမ်းကုန်ရင် ပတ်ဝန်းကျင်အပေါ် ပိလာမယ့်ဒဏ်က ရမယ့်အကျိုးကျေးဇူးထက် ပိုများ/မများဆိုတာ နောက် ၁၀နှစ် အနှစ်၂၀လောက်ကြာရင် အဖြေထင်ရှားလာပါလိမ့်မယ်။
ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်ခြေကြီးတဲ့ ကိစ္စတွေ၊ လူ့အသက်တွေ ဘဝတွေနဲ့ ပတ်သက်နေတဲ့ ကကဆလို ကိစ္စတွေကို အကြောက်တရားနဲ့ခြောက်ပြီး အလောသုံးဆယ် တွန်းနေတာကလည်း အာဏာမစွန့်ချင်တာနဲ့ ပတ်သက်နေပြန်ပါတယ်။ ဒါကြောင့်လည်း ဖောက်ချိတို့ သိပ္ပံပညာဆိုတာကို ပါးစပ်ကမချပဲ လုပ်တော့ ဆန့်ကျင်ဖက်တွေချည့် ဖြစ်နေတာပါ။ အာဏာရှင်စနစ်မှာ မေးခွန်းထုတ်တာ မကြိုက်သလို မေးခွန်းထုတ်မိသူ ဝေဖန်မိသူများလည်း ဘယ်လောက်ကြီးတဲ့ အကောင်ကြီးဖြစ်ဖြစ် ပညာပြခံရတာ ဂျက်မားကြီးကိုပဲ ကြည့်ပေါ့။ လွတ်လပ်တဲ့နိုင်ငံ/လူ့အသိုင်းအဝိုင်းမှာ ဝေဖန်တာ မေးခွန်းထုတ်တာတွေက ရှိကိုရှိရတဲ့ ကိစ္စတွေပါ။
အဝေဖန်မခံနိုင်ဘူး၊ မေးခွန်းထုတ်တာ မခံနိုင်ဘူးဆိုတာတွေက အနာရှိလို့ စပ်တဲ့သဘော၊ မှတ်ကျောက်တင်မခံနိုင်တဲ့သဘောလို့ ယေဘုယျပြောလို့ ရပါတယ်။ အဲဒါကလည်း အာဏာရှင်နိုင်ငံတွေ ခြစားအစိုးရတွေရဲ့ ထုံးစံတခုပါပဲ။ အာဏာရှင်နိုင်ငံတွေမှာ ထောင်ချ၊ ခြိမ်းခြောက်၊ ဘာမသုံးရ၊ ညာမသုံးရ လုပ်ကြသလို ခြစားအစိုးရတွေရှိတဲ့နိုင်ငံတွေမှာလည်း နည်းမျိုးစုံနဲ့ အသံမထွက်နိုင်အောင်၊ ရှိနေပေမယ့် သုံးမရအောင် ပိတ်ပင်တတ်ကြပါတယ်။ အဲဒီလို ပိတ်ပင်မှုတွေကြောင့် လွတ်လပ်စွာဖော်ထုတ်ခွင့်တင် ဆုံးရှုံးတာ မဟုတ်တော့ပဲ အဖြစ်မှန်တွေကို ဖုံးဖိထားတဲ့အတွက် ဘဝတွေ အသက်တွေပါ ဆုံးရှုံးရတယ်ဆိုတာ ပဒမကာလမှာ အထင်အရှား တွေ့ရမှာပါ။ အနာရှိတဲ့ အစိုးရမျိုးလက်ထက်မှာ လူ့အသက်ဆိုတာလည်း နံပါတ်တခုထက် မပိုပါဘူး။
ခုတဖန် ဝဟပိုးမွှားတက္ကသိုလ်က စိတ်ဝင်စားနေတဲ့ပိုးက လန်ဂျာပိုးလို့ ခေါ်ပြီး ခုကပ်ပိုးနဲ့ ဆင်တဲ့ ယူနန်ပြည်နယ် မိုကျန်ဂူတွေထဲမှာက လင်းနို့တွေမှာတွေ့ရတဲ့ မိုကျန်ပိုးနဲ့ အမျိုးတော်ပါတယ်။ ၂၀၁၉ကနေ ခုထိ တရုပ်ပြည်က ရှန်ဒုံနဲ့ ဟီနန်ပြည်နယ်တို့မှာ လူပေါင်း ၃၅ဦး ကူးထားတာဖြစ်ပါတယ်။
အဲဒီတက္ကသိုလ်ဆိုတာကလည်း ဗျူဟာပိုင်းအရ အရေးပါလေတော့ အစိုးရနဲ့ စစ်တပ်ရဲ့ အနီးကပ်ထိန်းချုပ်မှု အောက်မှာ ရှိနေတာပါ။ လန်ဂျာပိုးက ဟေနီပါပိုးမိသားစုဝင်ဖြစ်ပြီး တခြားဟေနီပါမိသားစုဝင် တွေထဲမှာ ဟန်ဒရာပိုး၊ မိုကျန်ပိုးတွေအပြင် သေနှုန်းမြင့်တဲ့ နီပါပိုးလည်း ပါနေပါတယ်။ လန်ဂျာပိုးရဲ့ လက္ခဏာတွေထဲမှာ ဖျားနာ၊ မစားချင်မသောက်ချင်၊ ချောင်းဆိုး၊ အားနည်း၊ ကြွက်သားနာ၊ သွေးဖြူဥနည်း စတာတွေက ၅၀ရာနှုန်းလောက်မှာ ဖြစ်ကြပြီး နောက်အဖြစ်များတာတွေက အသည်းရဲ့ လုပ်ငန်းဆောင်တာ ချို့ယွင်းတာ၊ သွေးဥမွှား လျော့ကျတာနဲ့ ခေါင်းကိုက်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဝဟက ပညာရှင်တွေ အသည်းအသန်လေ့လာနေတာက ဖိတ်စင်နှုန်းမြင့်တဲ့ နီပါပိုးကို ပြန်လည်တည်ဆောက်ကြည့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ နီပါပိုးဟာ တရုပ်ပြည်မှာ အများပြည်သူ ကျန်းမာရေးအတွက် စိတ်ပူစရာ ဘာမှ မရှိနေတဲ့အတွက် ဘာဖြစ်လို့ ဝဟက ပညာရှင်တွေ အသည်းအသန်စိတ်ဝင်စားနေရတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ၂၀၂၄အတွက် ကြိုကြံနေကြတာများ ဖြစ်မလားပါပဲ။