Operation Epic Fury (49)

သမ္မတထရမ့်ရဲ့ ဟော်မုဇ်ကို ပိတ်ဆို့မှုဟာ အမေရိကန်ရေတပ်က အဆင်သင့်နေရာယူပြီးတဲ့ ဒီနေ့မနက် အစောပိုင်းကစပြီး အသက်ဝင်ပြီဖြစ်သလို မိုင်းရှင်းမှုတွေကိုလည်း စတင်နေပြီဖြစ်ပါတယ်။ ဟော်မုဇ်ကို ပိတ်ရတဲ့အကြောင်းရင်းက နျုအစီအစဥ်ကို စွန့်လွှတ်ဖို့ အီရန်က သဘောမတူလို့ ဖြစ်ပါတယ်။ အဲဒီလို ပိတ်လိုက်တော့မှ အီရန်က အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားပုံရသလို အီရန်က ဟော်မုဇ်နဲ့ ကိုင်ပြီး အကြမ်းဖက် ငွေညှစ်နေတုန်းက စိတ်မပူခဲ့ကြသူတွေ စိတ်ပူကုန်ကြပြီဖြစ်ပါတယ်။

အမေရိကန် ဟော်မုဇ်ကို ပိတ်တယ်ဆိုတာက အီရန်ဆိပ်ကမ်းတွေအတွက်ပဲ ပိတ်တာပါ။ ဒေသတွင်းက တခြားနိုင်ငံတွေ ပူစရာမလိုသလို မိုင်းထောင် ငွေညှစ်နေတာလည်း မဟုတ်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေတောင် စောဒကမတက်ကြပါဘူး။ မနေ့ကဆို ဟော်မုဇ်ကိုဖြတ်တဲ့ သင်္ဘော ၃၄စီး အထိ ရှိလာပြီဖြစ်လို့ အီရန်က စပိတ်ပြီးကတည်းက အမြင့်ဆုံးနံပါတ် ဖြစ်ပါတယ်။

အီရန်ဆိပ်ကမ်းတွေကို ဝင်/ထွက်ခွင့်မရတော့ရင် အထိအနာဆုံးက အီရန်က လူသတ်အစိုးရနဲ့ သူ့ရဲ့ ဆြာတြုပ်တို့ပဲ ဖြစ်ပါတယ်။ တရုတ်ကာ/ဝန် Admiral Dong Jun က တရုတ်သင်္ဘောတွေအနေနဲ့ အီရန်နဲ့ သဘောတူထားတဲ့အတိုင်း ဟော်မုဇ်ကို ဖြတ်သန်းမြဲ ဖြတ်သန်းမှာဖြစ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ သူတို့ရဲ့ ကိစ္စတွေမှာ ဝင်မပါဖို့ သတိပေးလိုက်ပါတယ်။ သူ့ကြေငြာချက်မှာ အီရန်က ဟော်မုဇ်ကို ထိန်းချုပ်ထားတယ်လို့ ဆိုထားပြီး သူတို့ကိုတော့ ဖွင့်ပေးထားကြောင်းနဲ့ အီရန်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြောင်း ပါဝင်ပါတယ်။

ဟော်မုဇ်က ဟိုနှစ်ထောင်ချီထဲက ဒေသတွင်းနိုင်ငံ အားလုံး မျှသုံးနေကြတဲ့ နိုင်ငံတကာရေပိုင်နက် ဖြစ်ပါတယ်။ လမ်းထိပ်ကအိမ်က လမ်းထဲ အဝင်အထွက်တွေကို သွားထိန်းချုပ်ခွင့် မရှိသလိုပါပဲ။ ဘာစာထုတ်ထုတ် တရားမဝင်ပါဘူး။ တချို့က တရုတ်သင်္ဘောတွေ ပြန်လှည့်ရတယ်လို့ ဆိုပေမယ့် ပိတ်ဆို့မှုက ဒီနေ့မှစတာဖြစ်သလို တရုတ်ကလည်း အီရန်ကနေ ဆီတင်ပြီး တရုတ်ကိုပြန်မယ့် Rich Starry ရေနံတင်သင်္ဘောက ဒေသတွင်းမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

တရုတ်ကလည်း သူ့ ရေနံမရမှာ စိုးရိမ်နေပုံပါပဲ။ တရုတ်ရေတပ်ကြီးက သင်္ဘောပေါင်း ၃၀၀ကျော်နဲ့ အကြီးကြီးဆိုပြီး အရေအတွက်နဲ့ လှန့်နေပေမယ့် တကယ်တမ်းအများစုက ကမ်းရိုးတန်းပက်ထရို လှည့်တဲ့ ရေယာဥ်တွေပါ။ လေယာဥ်တင်သင်္ဘောက ၃စီးပဲရှိတာဖြစ်ပြီး တခါဖူးမှ တိုက်ပွဲအတွေ့အကြုံ မရှိသေးတာဖြစ်လို့ အမေရိကန်က ဂရုမစိုက်ရင် ဘာများဆက်လုပ်မလဲဆိုတာ သိချင်မိပါတယ်။

အီရန်ဘက်ကလာတဲ့သတင်းမှာ အီရန်ကိုယ်စားလှယ်တွေက ဝါရှင်တန်နဲ့ ဆွေးနွေးတာ ဆက်လုပ်ဖို့ ဆန္ဒ ရှိနေပါသေးတယ်လို့ ဆိုသလို သမ္မတထရမ့်ကလည်း တဖက်က သူ့ဆီကို ဖုံးတွေ ခေါ်နေတယ်လို့ ဆိုပါတယ်။ သတင်းတခုမှာလည်း အီရန်ဘက်က နျူအစီအစဥ်ကို လုံးဝ စွန့်လွှတ်ဖို့ စဥ်းစားနေကြောင်း ဖော်ပြသလို နယူးယောက်တိုင်းမ်စ်ကတော့ ၅နှစ်အထိ ဆိုင်းငံ့ချင်တာလို့ တင်ပြပါတယ်။ အဲဒီလို ရှုံ့ချီ နှပ်ချီနဲ့ ရိုးသားမှုမရှိပဲ  ဆက်ခေါင်းမာနေမယ်ဆိုရင် သူတို့ရဲ့လက်ကျန်သက်တမ်းကို သူတို့ ကန့်သတ် လိုက်သလို ဖြစ်နေမယ်ဆိုတာ သဘောပေါက်သင့်ပါပြီ။။ သိပ်ရန်လိုတဲ့သူတွေကို ခေါင်းဆောင်နေရာမှာ ဆက်ထားသင့်/မသင့် အမေရိကန်နဲ့ အစ္စရေး သိပါတယ်။

အမေရိကန်က အပစ်ရပ် ၂ပတ်မကုန်ခင်မှာ အီရန်နဲ့ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ပေးဖို့ စဥ်းစားနေကြောင်းလည်း သတင်းထွက်နေပါတယ်။ နျူကိစ္စနဲ့ ပတ်သက်လို့ သမ္မတထရမ့်က လက်ရှိ သန့်စင်ထားတဲ့ ယူရေနီယံတွေကို အမေရိကန်က လာယူမယ်၊ (သို့) အင်အားနဲ့ ဝင်သိမ်းမယ်လို့ ရှင်းရှင်းပဲ ပြောထားပါတယ်။ ဆွေးနွေးပွဲမှာ သမ္မတထရမ့်က သူလိုချင်တဲ့အချက်တွေကို ၉၀ – ၉၅% ရလာမျိုး မလိုချင်ပဲ ၁၀၀% ပဲရချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

ဘဏ္ဍာရေးဌာနရဲ့ ခန့်မှန်းချက်အရ ဟော်မုဇ်ကို အီရန်ဆိပ်ကမ်းတွေအတွက် လုံးဝပိတ်လိုက်ရင် အီရန်အတွက် တရက်ကို ပို့ကုန်ကဝင်ငွေ ၂၇၆သန်း နစ်နာပြီး သွင်းကုန် ၁၅၉သန်းဖိုးလည်း ဆုံးရှုံးမှာပါ။ အီရန်ရဲ့ တနှစ်ကုန်သွယ်မှုပေါင်းရဲ့ ၉၀% ကျော်ဖြစ်တဲ့ ၁၀၉.၇ ဘီလီယံက ဟော်မုဇ်ကနေ သွားတာပါ။

အီရန်ဆိပ်ကမ်းက ရေနံတင်ပို့နေတာတွေ ရပ်သွားပြီး ၁၃ရက်ကြာရင် သူတို့မှာ ရှိသမျှ ရေနံလှောင်ကန်တွေ အကုန်ပြည့်သွားမှာဖြစ်လို့ ရေနံတွင်းတွေကနေ ထုတ်လုပ်မှု ရပ်တံ့ရဖို့ ဖြစ်လာမှာပါ။ ဒီလိုထုတ်လုပ်မှုမျိုးက ရပ်တံ့ပြီးရင် ချက်ခြင်းပြန်ဖွင့်လို့ မရပါဘူး။ အချိန် တလလောက် ယူရပါတယ်။ တွင်းအိုတွေဆိုရင် အနာဂတ်ထုတ်လုပ်မှု အများကြီးလျော့တဲ့အထိ ဖြစ်သွားနိုင်တာပါ။ အိမ်နီးချင်းတွေရဲ့ ရေနံ iinfrastructure တွေကို တိုက်ခိုက်ခဲ့တာ ဝဋ်လည်ချိန်များ ဖြစ်မလားပါပဲ။

ဆိုရှယ်လစ်စပိန်က အမေရိကန်တပ်တွေ ဟော်မုဇ်ကို ပိတ်ဆို့ပြီး အီရန်ဆိပ်ကမ်းတွေဆီ အဝင်အထွက် မရှိရအောင် တားဆီးတာကို ကန့်ကွက်လိုက်ပါတယ်။ သူတို့မှာ အီရန်က လူမိုက်တွေ ဟော်မုဇ်ကို အကြပ်ကိုင် ငွေညှစ်နေတာကို ကန့်ကွက်ခြင်းမရှိသလို အမေရိကန်နဲ့ အစ္စရေးက အီရန်ကိုတိုက်တာ ကန့်ကွက်ပေမယ့် အီရန်က ဘာမှမဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေက အရပ်ဖက်ပစ်မှတ်တွေကို ပစ်ခတ်တာကိုတော့ မတားမြစ်ပြန်ပါဘူး။ အဲဒီတော့ သူတို့ကန့်ကွက်တယ်ဆိုတာ ဆြာတုတ်အလိုကျ ကန်ပြနေတာပဲ ဖြစ်နေတာပါ။

အရှေ့အလယ်ပိုင်းမှာ ဟော်မုဇ်အရေးပါသလိုပဲ အာရှမှာ မလက္ကာရေလက်ကြားက အရေးပါပါတယ်။ မလက္ကာရေလက်ကြားက မလေးရှားနဲ့ အင်ဒိုနီးရှားက စုမထြာကြားမှာ ရှိတာပါ။ အဲဒီဒေသကိုလည်း တရုတ်က မျက်စေ့ကျတာပါပဲ။ ဒီနေ့တော့ အကွက်မြင်တဲ့ သမ္မတထရမ့်က ပင်တဂွန်မှာ စစ်ရေးဝန်ကြီး ဟက်ဆက်သ်ကို အင်ဒိုနီးရှားကာ/ဝန်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးတဲ့ စာချုပ်ကြီးတခု ချုပ်စေခဲ့ပါတယ်။ အဲဒီစာချုပ်နဲ့ စစ်ရေးခေတ်မှီဖို့၊ ပူးပေါင်းလေ့ကျင့်ရေးတွေလုပ်ဖို့၊ ရေကြောင်းသွားလာရေး၊ ရေအောက်မှာ နည်းပညာနဲ့ သမားရိုးကျနည်းတွေ ရောသုံးတဲ့ အဆင့်မြင့် စစ်ရေး နည်းပညာ ပူးပေါင်းထုတ်လုပ်ဖို့၊ အလိုအလျောက်စနစ်တွေ တီထွင်ဖို့ တို့ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ အင်ဒိုပစိဖိတ်ဒေသမှာ အရေးပါတဲ့ ရေလမ်းကြောင်းတွေ ပိုင်ဆိုင်ထားပြီး နယ်ချဲ့တရုတ်က လွတ်လပ်စွာသွားလာမှုနဲ့ ဒေသတွင်းငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

နေတိုးဥရောပမဟာမိတ်ဆိုသူတွေက အီရန်လူသတ်အစိုးရဖက် ခုမှလိုက်နေတာလို့ထင်ရင် မှားပါမယ်။ UN Committee for Program and Coordination ဆိုတဲ့ လူ့အခွင့်အရေး၊ လက်နက်ဖြုတ်သိမ်းရေး နဲ့ အကြမ်းဖက်မှု ကာကွယ်ရေး ကော်မီတီထဲမှာ မိန်းမဆိုတာ လူလို့တောင် သတ်မှတ်မထားတဲ့ မူလာတွေရဲ့ အကြမ်းဖက်အီရန်နိုင်ငံ ပါဝင်ိဖို့ အမည်စာရင်းတင်သွင်းခဲ့တာကို ထောက်ခံခဲ့တဲ့ နိုင်ငံတွေက ယူကေ၊ စပိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ နော်ဝေ၊ ဩစတေးလျ၊ ဩစတီးယား၊ ဖင်လန်၊ နယ်သာလန် စတဲ့ နေတိုးမဟာမိတ်တွေ ဖြစ်နေပြန်ပါတယ်။

ပစ်ချခံရတဲ့ F-15 က WSO ကို ကယ်တင်ဖို့ လုပ်နေစဥ်မှာ IRGC တွေက လူအင်အားနဲ့ ရှာကြပါတယ်။ အဲဒီအချိန်မှာ CIA က သူတို့ ဇဝေဇဝါဖြစ်အောင်လို့ IRGC ကွန်မန်ဒါတွေရဲ့ ဖုံးတွေကို Pegasus spyware နဲ့ hack ပြီး အမေရိကန်ကို တွေ့ထားပြီ၊ အမေရိကန်ကို အီရန်ပြည်တွင်းကနေ ကယ်ထုတ်သွားပြီ စတဲ့ မက်ဆေ့ချ်အတုတွေ အများကြီး ပို့ထားခဲ့တယ်လို့ ဆိုပါတယ်။  

Leave a comment