ဇူလိုင် ၆ ရက် ၂၀၂၆

အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ပြည့် မွေးနေ့မှာ တိုင်းပြည်ဟာ တိုင်းပြုပြည်ပြုဖခင်ကြီးများရဲ့ အမျှော်အမြင်ကြီးကြီးနဲ့ ရေးဆွဲချမှတ် ထားတဲ့ အခြေခံဥပဒေပေါ်မှာ လျောက်လှမ်းခဲ့လို့ ကမ္ဘာမှာ တပေါင်းတည်း စုစည်းရေးဆွဲထားတဲ့ သက်တမ်းအရင့်ဆုံး ခြေ/ဥအဖြစ်ရော ဆက်တိုက်သက်တမ်း အကြာဆုံး ခေတ်သစ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံအဖြစ်ပါ မှတ်တမ်းတွင်ခဲ့ပါပြီ။

တိုင်းပြည်ကို အခုလို ဂရိတ်ဖြစ်လာအောင် တဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ အရည်အချင်းတွေကို ကန့်သတ်မထားသလို ပြည်နယ် တခုချင်းစီရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့စနစ်ကို ဆက်လက် ထိန်းသိမ်းရမယ့်အစား ဒီမိုကရက်တွေက ဖျက်ဆီးဖို့ ကြိုးစားနေခဲ့တာ ကျွန်စနစ်ကို မဖျက်သိမ်းချင်၊ လူမည်းတွေကို တန်းတူအခွင့်အရေး မပေးချင်တဲ့ ကေသုံးလုံးလက်ထက်ကတည်းကပါပဲ။ အခုကျပြန်တော့လည်း မဲရဖို့အတွက် အလုပ်ကြိုးစားသူနဲ့ အလုပ်မလုပ်ချင်သူ၊ ရိုးသားသူနဲ့ ခိုးစားသူ၊ နိုင်ငံသားနဲ့ ခိုးဝင်၊ ဥပဒေလေးစားသူနဲ့ ရာဇဝတ်ကောင်၊ တော်သူနဲ့ လျှော်သူ၊ အားလုံးကို တန်းညှိချင်တဲ့ အပြင် နောက်အုပ်စုတွေကိုပါ အခွင့်အရေး ပိုပေးချင်နေကြ ပြန်ပါတယ်။

ဘိုင်ဒန်က ယူကရိန်းကိုကူတဲ့ (ယူကရိန်းက ဂရင်းအင်နာဂျီပရောဂျက်တွေကိုပေးတဲ့) အမေရိကန် အခွန်ထမ်းတွေရဲ့ သန်းရာချီတဲ့ ပိုက်ဆံတွေကို သူ့ရဲ့ ၂၀၂၄ ရကပကမ်ပိန်းနဲ့ ဒီမိုကရက် နေရှင်နယ် ကော်မီတီအတွက် သုံးဖို့ ပြန်လွှဲဖို့ ယူကရိန်းအစိုးရနဲ့ ညှိနေတာကို အမေရိကန်ထလရက အသံဖမ်းပြီး သိမ်းထားတဲ့ဖိုင်က အခုထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဟေလာရီက သူသမ္မတမဖြစ်ရတာ electoral college ကြောင့်လို့ ယူဆပြီး အဲဒါကို ဖျက်သိမ်းစေချင်ကြောင်း ခဏခဏ ပြောပါတယ်။ အဲဒီလိုသာ ဖျက်သိမ်းလိုက်ရင် လူဦးရေနည်းတဲ့ ပြည်နယ်လေးတွေမှာ ဘာပါဝါမှမရှိတော့ပဲ ဖြစ်သွားမှာပါ။ အဲဒါဆို ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ် ပျောက်သွားပါလိမ့်မယ်။

အခု ဒီမိုကရက်ဘက်က လူကြိုက်တဲ့ မူလည်းမရှိ၊ တိုင်းပြည်ကို တိုးတက်အောင် ခေါင်းဆောင်ဖို့ အလားအလာရှိသူလည်းမရှိတဲ့အခါမှာ ဒီမိုကရက်အများစုက ဆိုရှယ်လစ်/ကွန်မြူနစ်စနစ်ကို မယုံကြည်သော်ငြားလည်း လူပိန်းကြိုက်တွေနဲ့ ဆွဲဆောင်နိုင်တဲ့ ဒီအက်စ်အေတွေ ကွန်မီတွေကြိုးဆွဲရာ ကနေရပြီဖြစ်ပါတယ်။ နိုင်ငံသားတွေပဲ မဲမှတ်ပုံတင်နဲ့ အိုင်ဒီနဲ့မှ မဲပေးနိုင်တဲ့ the SAVE Act ကို ဆီးနိတ်မှာ မအောင်ဖို့ အသည်းအသန် ကြိုးစားနေကြတာဟာလည်း သူတို့အာဏာဘယ်တော့မှ ပြန်မရနိုင်မယ့်လမ်း ဖြစ်နေလို့ပါ။

ဆီးနိတ်က သက်တမ်းအရှည်ဆုံးအမတ်မက်ကောနယ်က ဇွန်လ ၁၄ရက်နေ့မှာ အိမ်မှာ သတိလစ်နေလို့ အရေးပေါ်ခေါ်ပြီး advanced life support (ALS) တောင်းပါတယ်။ အဲဒါက နှလုံးရပ်သွားရင် ရှော့ခ်ရိုက်ပြီး အတင်းပြန်နှိုးတာ၊ အသက်မရှူတော့ရင် ပိုက်သွင်းပြီး အဆုတ်ကို အောက်ဆီဂျင် ပို့ပေးတာ စတဲ့ စက်နဲ့ အသက်ဆွဲဆန့်တဲ့ လုပ်ငန်းစဥ်တွေ ပါဝင်ပါတယ်။ သူက မမာနေတာ ကြာပါပြီ၊ လွှတ်တော်လာရင်တောင် ဘီးတပ်တွန်းလှည်းနဲ့ လာရတာပါ။

မက်ကောနယ်ဆေးရုံတက်ကတည်းက ဘယ်သူနဲ့မှ အဆက်အသွယ်မရပေမယ့် သူခန့်ထားတဲ့ သူ့တပည့် ရီပါဘလစ်ကန်လူများစုခေါင်းဆောင် ဂျွန်သွန်းကတော့ သူနဲ့အဆက်အသွယ်ရှိတယ်လို့ပဲ ပြောနေပါတယ်။ မက်ကောနယ် သတိလစ်လို့ အရေးပေါ်ကားခေါ်ရတဲ့အကြောင်း ပြန့်သွားတော့မှ ဆေးရုံမှာပါလို့ တုန့်ပြန်လာပါတယ်။ သွားရှာပြီ ဆိုတဲ့ ကောလဟလတွေပြန့်လာတော့မှ သူ့မိသားစုက သက်သာနေပြီလို့ တုန့်ပြန်ပါတယ်။ အသေးစိတ်တော့ မပြောပါဘူး။ တချို့ကလည်း ဦးနှောက် သေသွားပြီလို့ ဆိုပါတယ်။ ဦးနှောက်သေတယ်ဆိုတာ စက်တွေကြောင့် အသက်ရှင်နေတဲ့ သဘောပါ။ အဲဒါကြောင့် proof-of-life ပြဖို့ အသံတွေ ထွက်လာကြပါပြီ။ သူ့သမီးအကြီးဆုံးကတော့ ဆိုရှယ်မီဒီယာအကောင့်တွေကို ဖျက်သွားပါပြီ။ မေးမှာစိုးလို့ထင်ပါတယ်။

နှလုံးရပ်သွားလို့ အမ်ဗျူလန့်စ်ခေါ်ရတဲ့ မက်ကောနယ်ကို ဒီမိုကရက်တွေနဲ့ သူတို့ကြိုးဆွဲတွေက လုံးဝ သေစေချင်ဦးမှာ မဟုတ်ပါဘူး။ မက်ကောနယ်က ရီပါဘလစ်ကန်ဖြစ်ပေမယ့် ယူနီပါတီ establishment သမား ဖြစ်တော့ အရေးမကြီးတာဆိုရင် ရီပါဘလစ်ကန်တွေနဲ့အတူ မဲပေးပြီး the SAVE Act လို ခြတွေကို ဖြုတ်မယ့်ဥပဒေမျိုးဆိုရင် ရီပါဘလစ်ကန်တွေကို ခြေကန်ပြီး ဒီမိုကရက်တွေနဲ့ အတူ မဲပေးကြတဲ့သူတွေပါ။ မက်ကောနယ်ရှိနေရင် the SAVE Act ကို ရီပါဘလစ်ကန်ထဲက ကန့်ကွက်မဲ တမဲကတော့ သေချာတယ်လေ။ ဒီလောက် လုပ်စရာတွေ များနေတဲ့အချိန်မှာ သွန်းက ဆီးနိတ်ကို ၁၆ရက် အနားပေးထားပြီး ဇူလိုင် ၁၃မှ ပြန်စမယ်ဆိုတာ သူ့ဆရာ မက်ကောနယ်ကို စောင့်နေတာများလားလို့တောင် ထင်စရာပါ။

မက်ကောနယ်က ထပ်မံအရွေးခံမှာမဟုတ်ဘူးလို့ ကြေညာထားပြီး သူ့ရာထူးက လာမယ့်ဇန်နဝါရီအထိ ဖြစ်ပါတယ်။ မက်ကောနယ်သေဆုံးသွားခဲ့ရင် ကန်တပ်ကီဥပဒေအရ ကျန် ၆လအတွက် လစ်လပ် နေရာကို အထူးရကပ ပြုလုပ်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ ရကပမလုပ်ခင် ၃လအတွင်း လစ်လပ်လာခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ မရှင်းလင်းတဲ့အတွက် သူမရှိတော့ရင် အဲဒီနေရာကို ဇန်နဝါရီအထိ ဒီမိုကရက်ဂါဗာနာက ခန့်ထားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မက်ကောနယ် အသက်ကို ဆွဲဆန့်ချင်နေတာလည်း ဖြစ်နိုင်ခြေတခုဖြစ်ပါတယ်။ ပဏာမရကပတုန်းကတော့ မက်ကောနယ်နေရာအတွက်  သမ္မတထရမ့် ထောက်ခံပေးထားတဲ့ အောက်လွှတ်တော်အမတ် Andy Barr ကို ရီပါဘလစ်ကန်တွေက တခဲနက် ရွေးချယ်ထားကြပါပြီ။

စိတ်ဝင်စားစရာကောင်းတာက မက်ကောနယ်ရဲ့ တြုပ်မဇနီး ထရမ့် ၄၅ခေတ်က ပို့ဆောင်ရေးဝက လုပ်ခဲ့သူ အီလိန်းချောင်က မက်ကောနယ်ဆေးရုံတက်ပြီး ၃ရက်အကြာမှာ တြုပ်ပြည်ကို သွားပြီး ဒုသမ္မတ ဟန်ဂျန်းနဲ့ တွေ့ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ တြုပ်ပြည်မှာမွေးတဲ့ သူ့ဖခင်ရဲ့ သင်္ဘောကုမ္ပဏီက စီစီပီနဲ့ နီးကပ်မှုရှိနေတာ ဖြစ်ပါတယ်။ ထရမ့်ပထမသက်တမ်းတုန်းက အထက်လွှတ်တော် ရီပါဘလစ်ကန်ခေါင်းဆောင်အဖြစ် နှစ်ရှည် တာဝန်ယူလာတဲ့ မက်ကောနယ်ကို ယုံတယ်ထင်ပါတယ်။ သူ့မိန်းမကို ပို့ဆောင်ရေးဝက ခန့်ခဲ့တဲ့အပြင် သူလှော်ပေးတဲ့ အေမီကိုနေဘာရက် ကိုလည်း ဆူပရင်းမ်ကုတ်မှာ တင်ခဲ့တာပါ။

သူ့ဇနီး အီလိန်းချောင်က သေလုလုယောက်ျားကို ထားခဲ့ပြီး တြုပ်ပြည်မှာ ဘာဆက်လုပ်ရမလဲ သွားပြီး အမိန့်နာခံနေသလားလို့ ထင်ချင်စရာဖြစ်နေပါတယ်။ တကယ်တော့ အီလိန်းက ဒုတိယဇနီးဖြစ်ပြီး ၁၉၉၃မှာမှ လက်ထပ်ထားတာပါ။ မက်ကောနယ်မှာ အရင်ဇနီးနဲ့ပဲ သမီး ၃ယောက် ရှိတာပါ။ သူတို့ လက်ထပ်တုန်းက မက်ကောနယ်က ၅၁ ဆိုပေမယ့် အီလိန်းက အသက် ၄၀ပဲ ရှိသေးတာပါ။

အီလိန်းက သမ္မတထရမ့်လက်ထက်ကျမှ ပို့ဆောင်ရေးဝက ဖြစ်လာပေမယ့် အဲဒီကို ရောက်လာဖို့ ၁၉၈၃ သမ္မတရေဂင်ခေတ်ထဲက အိမ်ဖြူ domestic policy council နဲ့ national maritime policy မှာ စလုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ အီလိန်းဖခင် ဂျိမ်းစ်ချောင်က နောင်သမ္မတဖြစ်လာမယ့် ကျန်ဇီမင်းရဲ့ ဝကဌာနနဲ့ နီးကပ်တဲ့တရုပ်အစိုးရပိုင် marine electronic equipment manufacturer မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ၁၉၈၆ မှာတော့ အီလိန်းက Federal Maritime Commission မှာ deputy administrator ဖြစ်လာခဲ့ပြီး ၁၉၈၈ ကျတော့ အဲဒီမှာ ဥက္ကဋ္ဌ တန်းဖြစ်သွားတာပါပဲ။

ဘုရှ်၄၁ တက်လာတော့ အီလိန်းက ပို့ဆောင်ရေး ဝကဌာနမှာ ဒုဝက အဖြစ် ၁၉၈၉-၉၁ အထိ လုပ်ခဲ့ပါတယ်။ ဂျိမ်းစ်ရဲ့ shipping ကုမ္ပဏီ the Foremost Group ကလည်း တရုပ်အစိုးရ သင်္ဘောဆောက်လုပ်ရေး ကော်ပိုရေးရှင်းနဲ့ ကန်ထရိုက်တွေအများကြီးထိုးပြီး အဲဒီက သင်္ဘောကျင်းတွေမှာ သူတို့ကုမ္ပဏီအတွက် သင်္ဘောတွေ အများကြီး ဆောက်လုပ်ခဲ့ပါတယ်။ မက်ကောနယ်လို တိုင်းပြည်အတွက် အရေးပါတဲ့ ရာထူးယူထားရသူက တရုပ်နဲ့ အဲဒီလောက် လက်ပွန်းတတီးရှိနေသူနဲ့ အိမ်ထောင်ပြုတာဟာ ထောက်စရာဖြစ်နေပေမယ့် establishment ကို ထိုးနှက်မယ့် ထရမ့်လိုလူမျိုး မဟုတ်တဲ့အတွက် မီဒီညာက နှာစေးနေကြပုံ ရပါတယ်။

DHS ဝက မြူလင်က ကနေ့ထိ ဘိုင်ဒန်လက်ထက်မှာ ပျောက်ဆုံးနေခဲ့တဲ့ ကလေးတွေထဲက ၁၄၆,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း၊ အဲဒီထဲက တချို့ကလေးတွေဟာ အကြိမ်ပေါင်း ၆၀၀-၇၀၀ခန့်အထိ မုဒိမ်းကျင့်ခံထားရကြောင်း၊ ပျောက်ဆုံးစုစုပေါင်းက ၄သိန်းခွဲခန့်ဖြစ်လို့ နောက်ထပ်တွေ့ရှိဖို့ ၃သိန်းခန့် ကျန်နေသေးကြောင်း၊ အဲဒီကလေးတွေ အများစုကို ဘယ်မှာတွေ့ရလဲဆိုတော့ sanctuary city တွေမှာ တွေ့ခဲ့ရတာဖြစ်ကြောင်း၊ အမျိုးသမီး အားလုံးရဲ့ ၁/၃ဟာ အမေရိကန်နယ်စပ်ကို လာတဲ့လမ်းမှာ လိင်စော်ကားခံခဲ့ကြရကြောင်း ပြောသွားပါတယ်။

ပြည်တွင်းရေးရာဝန်ကြီး Doug Burgum က ဝါရှင်တန်ဒီစီမြို့ထဲက ပျက်စီးနေတဲ့ monument ၄၈ခု၊ ရေပန်း ၂၂ခု တို့ကို ပြုပြင်ပြီးခဲ့တဲ့အပြင် မှုတ်ဆေးတွေနဲ့ အရုပ်ဆိုးအောင် လုပ်ထားတဲ့ နေရာပေါင်း ၁၀၀၀ကျော်ကို သန့်ရှင်းပြီးပြီလို့ ဆိုပါတယ်။ TDS ကနေ တိုင်းပြည်ကိုပါ မုန်းလာပြီး သန့်ရှင်းအောင် လှပအောင် လုံခြုံအောင် လုပ်ပေးတာတွေကို ကန့်လန့်တိုက် အပြစ်ပြော ဖျက်လိုဖျက်ဆီးထပ်လုပ် ကြတာလည်း စိတ်ဓါတ်အဆင့်အတန်းတွေကို ပြနေတာပါပဲ။

ထရီလီယံဒေါ်လာချမ်းသာတဲ့ ကမ္ဘာ့ပထမဦးဆုံးလူသား အီလွန်မတ်စ်အပေါ် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဆင်းရဲတဲ့လူတွေနဲ့ မျှဝေပေးသင့်တယ်လို့ လက်ဝဲသမားတွေက ညာသံပေးလာကြပါတယ်။ အမှန်မှာတော့ အာဖရိကကို ၁၉၆၀ကတည်းကစပြီး ၂.၆ ထရီလီယံ ကူညီခဲ့ပြီးဖြစ်ပေမယ့် ဆင်းရဲမွဲတေမှုက ပပျောက်မသွားခဲ့ပါဘူး။ ဒီလိုဆိုရင် ယိုယွင်းနေတဲ့ ပညာရေးစနစ်မှာ သုံးကြမယ်လေ ဆိုပြန်တော့ အမေရိကန်မှာ အစိုးရက တနှစ်ကို ၁.၃ ထရီလီယံ သုံးနေတာပါ။ ဒါဆိုလည်း ပြည်တွင်းမှာပဲ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရအောင်ဆိုတော့ အဲဒီကိစ္စအတွက် အမေရိကန်အစိုးရက ၂၂ ထရီလီယံ  သုံးခဲ့ပြီးပါပြီ။​ ကမ္ဘာပေါ်မှာရော အမေရိကန်မှာရော ဆင်းရဲမွဲတေမှုက ပျောက်သွားလား၊ ပညာရေးရော ဘယ်လောက်တိုးတက်လာသလဲ၊ ကြည့်ရင်မြင်ပါတယ်နော်။​

ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ လူသား/ တိုင်းပြည်အကျိုး ပြုပြု လူတယောက် အဲဒီလောက်ချမ်းသာနေတာ မဖြစ်သင့်ဘူးဆိုပြီး ဒဏ်ပေးတဲ့အနေနဲ့ အခွန်အများကြီး ကောက်ပစ်လိုက်ရင် လူတွေရဲ့ အစွမ်းအစကို အဆုံးစွန်အထိ မြှင့်တင်နိုင်ဖို့ ရေခံမြေခံကောင်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ကြာကြာဆက်ပြီး ဂရိတ်ဖြစ်နေမှာ မဟုတ်ပါဘူး။ အခုဆို Space X CEO Gwynne Shotwell နဲ့ သူ့အမျိုးသားက သူတို့ပိုင် Space X ရှယ်ယာ တွေထဲက ရှယ်ယာ ၂သန်းကျော် (ဒေါ်လာ သန်း၃၂၅ခန့်) ကို အသက် ၁၁-၁၇ကြား ဝင်ငွေနည်းဒေသတွေနဲ့ Space X ရုံးချုပ်နားက ကျောင်းသားတွေအပါအဝင် ကလေး ၂သန်းကျော်ရဲ့ Trump account တွေအတွက် လှူဒါန်းလိုက်ပါပြီ။ အကောင့်ပိုင်ရှင်ဖြစ်လာမယ့် ကလေးတွေက mutual funds တွေအပြင် Space X ရှယ်ယာ တခုစီရကြမယ့်သဘောလို့ ဆိုပါတယ်။

Leave a comment