ပြီးခဲ့တဲ့ ၂၄နာရီအတွင်းလောက်မှာ အီရန်က အမေရိကန်တပ်တွေ စောင့်ရှောက်ပေးနေတဲ့ ဟောမုဇ်ရဲ့ အိုမန်ဘက်နိုင်ငံတကာရေပြင်မှာ ဖြတ်သန်းနေတဲ့ ကုန်သင်္ဘော ၃စင်းကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သမ္မတထရမ့်က ဒါဟာ လက်ခံနိုင်စရာမရှိဘူးဆိုပြီး အမေရိကန်က အီရန်ကို ရေနံရောင်းချဖို့ ယာယီခွင့်ပြုထားတာကို ပြန်ရုတ်သိမ်းလိုက်တဲ့အပြင် အီရန်အနောက်တောင်ပိုင်းက Bandar Abbas ကို အကြီးအကျယ် ဗုံးကြဲခဲ့ပါတယ်။ CENTCOM ကတော့ အီရန်က သူတို့ရဲ့ ရန်လိုမှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဆိုပါတယ်။
အီရန်နဲ့ ထိုးထားတဲ့ MOU အရ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ Office of Foreign Assets Control အောက်က the financial enforcement and sanctions arm of the agency က အီရန်ကို ထုတ်လုပ်၊ ရောင်းချ၊ ပို့ဆောင်ခွင့် လိုင်စင်ပေးထားတာကို အပစ်ရပ်ချိုးဖောက်တာရယ်၊ ဟော်မုဇ်ကို အနှောက်အယှက် ပြုတာရယ်တွေက စာချွန်လွှာကို ဖောက်ဖျက်တာဖြစ်လို့ GL X လိုင်စင် ပြန်ရုတ်သိမ်းလိုက်တာပါ။
ရောင်းချခွင့် ပို့ဆောင်ခွင့်တွေပါ တပါတည်း ရုတ်သိမ်းခံရတဲ့အတွက် ပင်လယ်ပြင်မှာ ရောက်နေတဲ့ ရေနံတွေဟာလည်း ဆက်ပို့ခွင့် မရှိတော့ပဲ ဆက်ပို့ဖို့ ကြိုးစားခဲ့ရင် အရင်ကလို အမေရိကန်က ဖမ်းပြီး သိမ်းဆည်းလိုက်နိုင်မယ်လို့ ထင်ပါတယ်။ အစကတည်းက စောင့်ကြည့်မယ်၊ ဆက်လိမ္မာရင် အဲဒီအခွင့်အရေးတွေ ဆက်ရမယ်၊ မလိမ္မာရင် မရဘူးလို့ ပြောထားပြီးသားကို ကိုယ့်အခြေအနေ ကိုယ်နားမလည်ပဲ မိုက်တွင်းနက်ချင်ကြတဲ့ အုပ်စုတွေကြောင့် ခက်ခဲတဲ့အခြေအနေကို ပြန်ရောက်ပါတော့မယ်။
ခါမေနီဈာပနမှာ ဂါလီဘတ်ဖ်က ငိုပြတော့ သူ့ကို ဆဲကြသူတွေ နဲနဲငြိမ်သွားပေမယ့် သူနဲ့အတူ ဆွေးနွေးပွဲသွားတဲ့ အာရာ့ချီက ငိုမပြတော့ ပိုအဆဲခံရတဲအပြင် ရန်ရှာခံရမယ့်ပုံ ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ပြန်တည်ဆောက်ဖို့ အရေးကြီးတာ နားလည်သူတွေက အမေရိကန်နဲ့ သဘောတူညီမှု ရယူတာကို လိုအပ်ချက်တခုလို့ မြင်ကြပေမယ့် တချို့ကလည်း ဒါက လိုအပ်ချက်အရ လုပ်ရတာပါ၊ ခါမေနီအတွက် ကလဲ့စားချေဖို့က ပထမ ဦးစားပေးဖြစ်တယ်လို့ ဆူပရင်းကောင်စီဝင် အီဇာတိုလာဇာဂမီက ဆိုပါတယ်။
ခါမေနီရဲ့ အအေးခေါင်းကို သယ်ဆာင်သွားတဲ့လမ်းမှာ သမ္မတထရမ့်အသက်ကို သန်း ၁၀၀ဆုကြေးနဲ့ ပေးမယ့်ပုံတွေ၊ ထရမ့်နဲ့ ဘီဘီပုံတွေကို ပစ်မှတ်လုပ်ထားကြတာတွေအပြင် တခြားနိုင်ငံတွေက တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တွေ အသီသီး ဂါရဝပြုစဥ် ဖတ်ကြားတဲ့ ကိုရမ်ထဲက စာပိုဒ်တွေက တက်ရောက်တဲ့အဖွဲ့ကို စောင်းပြောဖို့ တမင်တကာ ရွေးချယ်ထားသလိုပဲလို့ ပြောကြပါတယ်။ ဆော်ဒီက မကောင်းတတ်လို့ တဖွဲ့လွှတ်လိုက်ပေမယ့် ယူအေအီးကတော့ အဲဒီလည်းမသွား၊ ဝမ်းနည်းကြောင်းစာလည်း မပို့ပဲ သူတို့ရဲ့ Al Fursan aerobatic team က လေယာဥ်တွေက အမေရိကန်ရဲ့ နှစ် ၂၅၀ပြည့်မွေးနေ့ကို အမေရိကန် Navy Blue Angels တွေနဲ့အတူ ဂုဏ်ပြုဆင်နွဲခဲ့ပါတယ်။
ခါမေနီရဲ့ ဈာပနမှာ တက်ရောက်သူတွေ များပြားတာ တွေ့ရမှာဖြစ်ပေမယ့် အာဏာရှင်နိုင်ငံတွေ ထုံးစံအတိုင်း အစိုးရဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းတွေ မတက်မနေရ တက်ခိုင်းလို့ စိတ်ပျက်ကြတဲ့ သတင်းတွေရော၊ တိုင်းပြည်/ ပြည်သူက အစစကြပ်တည်းနေချိန်မှာ ငွေအများကြီး အကုန်ခံပြီး ၅ရက်ကြာ ကြီးကြီးကျယ်ကျယ် လုပ်ကြတာကိုရော ဝေဖန်ကြတာတွေလည်း မနည်းပါဘူး။ အီရန်မှာ နွားတွေကိုတောင် ကျွေးစရာမရှိလို့ ဆေးရုံအမှိုက်ပုံအပါအဝင် အမှိုက်ပုံတွေမှာ ရှာစားနေကြရတဲ့အတွက် အဲဒီအသားတွေဟာ လူစားဖို့ သင့်တော်ပါ့မလားလို့ မေးစရာဖြစ်နေပါတယ်။
မတ်လဆန်းမှာ ရာထူးရကတည်းက လူရှေ့မထွက်တဲ့ IRGC အကြီးအကဲ ဗာဟီဒီ ဈာပနကို တက်ရောက်ခဲ့ပေမယ့် မော့တာဘာကိုတော့ မတွေ့ရပါဘူး။ မော့တာဘာက ဂေးဖြစ်ပေမယ့် ခါမေနီကို ဆက်ခံဖို့ဖြစ်လာပေမယ့် ခါမေနီမှာ သား ၄ယောက်ရှိပြီး မော့တာဘာက နံပါတ် ၂ ပါ။ တခြားရွေးစရာ ရှိပါလျက်နဲ့ ဂေးကိုရွေးတယ်ဆိုတာ ဘာကြောင့်ပါလိမ့်။
အားလုံး ထင်ထားကြသလိုပဲ အီရန်က အမေရိကန်နဲ့ ဆွေးနွေးနေစဥ်အတွင်းမှာ Pickaxe တောင်အောက်က နျူစက်ရုံ တွေကို ပြန်ဆောက်နေတာဖြစ်ပြီး နိုင်ငံတကာက စစ်ဆေးသူတွေလည်း ရှိမနေတဲ့အတွက် နျူလက်နက်ဖျက်သိမ်းဖို့ အမေရိကန်နဲ့ သဘောတူထားတယ်ဆိုတာကို သံသယ ဖြစ်စေပါတယ်။ အမေရိကန်ကလည်း ဂြိုလ်တုကနေ စောင့်ကြည့်နေတာဖြစ်လို့ သူတို့လှုပ်ရှားမှုတွေကို သိနေမှာပါပဲ။ အရင်တခါ အပစ်ရပ်တုန်းက ဒုံးကျည်တွေ ရွှေ့ပြောင်းတာ လုပ်ခဲ့တဲ့အတွက် ပြန်တိုက်တဲ့အခါမှာ ဒုံးကျည်တိုက်တွေကို တိုက်ခိုက်ခ့ပါတယ်။ ကျောက်တောင်အောက်တွေမှာ ထားရှိတဲ့ လက်နက်တိုက်တွေကိုတော့ ဝင်ပေါက်ထွက်ပေါက်တွေကိုပဲ မှတ်ထားပြီး လိုက်ဖြိုရတာပါ။
ဂါဇာကို နှစ် ၂၀ကျော် အုပ်ချုပ်ခဲ့တဲ့ ဟာမာ့စ်တွေက ဂါဇာအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းတယ်လို့ ကြေငြာသွားပါပြီ။ အနှစ် ၂၀ဆိုပေမယ့် ၂၀၀၆မှာ တခါရကပနိုင်ပြီးကတည်းက မဆင်းတော့တာပါ။ ဂါဇာကမ်းမြှောင်ကို ပါလက်စ်တိုင်း technocratic committee က နိစ္စဓူဝကိစ္စတွေကို စီမံမှာ ဖြစ်ပါတယ်။ မနှစ်အောက်တိုဘာမှာ အစ္စရေးနဲ့ ဟာမာ့စ်တွေကြား ထရမ့်အစိုးရက ကြားဝင်စေ့စပ်ပေးခဲ့အပြီးမှာ ဟာမာ့စ်တွေက နိစ္စဓူဝ အုပ်ချုပ်ရေးလုပ်ငန်းတွေကနေ ဖယ်ရှားပေးမယ်လို့ ပြောနေခဲ့တာပါ။ လက်နက်စွန့်မစွန့်ကတော့ မသိရသေးပါဘူး။ ဟာမာ့စ်တွေက စားဝတ်နေရေး ခက်ခဲလာကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုအရှိန်မြင့်လာတာကို နှိမ်နှင်းဖို့ ကြိုးစားခဲ့ပြီးမှ အခုလို ကြေငြာတဲ့အထိ ဖြစ်လာတာပါ။ အီရန်ကိစ္စမှာ ဟာမာ့စ်တွေ ဟူသီတွေ ငြိမ်နေတာ သမ္မတထရမ့်က ကြိုတင်စီမံထားလို့ ဖြစ်ပါတယ်။
ဂါဇာမှာ အကြမ်းဖက် လုပ်ရပ်တွေအတွက် ဟာမာ့စ်တွေ ဆောက်ခဲ့တဲ့ စနစ်တကျ အခိုင်အမာ တည်ဆောက်ထားတဲ့ လေမီးအစုံနဲ့ ၁၆ကီလိုမီတာရှည်တဲ့ လှိုဏ်ခေါင်းကွန်ယက်ကိုလည်း အစ္စရေးက ဘိလပ်မြေ တန်ချိန် အမြောက်အများသုံးပြီး ပိတ်ပစ်လိုက်ပါပြီ။ အန္တရာယ်က လက်တကမ်းမှာတင် အုံနဲ့ ကျင်းနဲ့ ရှိနေတဲ့အတွက် အစ္စရေးမှာ ဆေးရုံတွေကို တနေရာထဲမှာ စုမထားပဲ အများကြီး ဖြန့်ထားရပြီး နေရာအနှံ့မှာ ဆေးသေတ္တာတွေ လူနာတင်ယာဥ်နဲ့ အရေးပေါ်အဖွဲ့တွေကို အဆင်သင့်ထားထားရတာပါ။ ဗီဇဆိုတာ ဖျောက်ဖို့ခဲယဥ်းပေမယ့် အခုလို စစ်သွေးကြွတွေ အုပ်ချုပ်တာကနေ ပညာရှင်တွေ အုပ်ချုပ်မှု ပြောင်းသွားတဲ့နောက် လူသားအားလုံး အကျိုးအတွက် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။
အီရတ်မှာ အစိုးရက နိုင်ငံတွင်းက အီရန်လိုလားတဲ့ အုပ်စုတွေကို စက်တင်ဘာ ၃၀မတိုင်ခင် လက်နက်စွန့်ဖို့ ရာဇသံ ပေးထားလိုက်ပြီဖြစ်ပါတယ်။ လက်ဘနွန်မှာတော့ Kataeb ပါတီခေါင်းဆောင် Samy Gemayel က လက်ဘနွန်အများစုက ဟဇ်ဘိုလာရဲ့ ဓါးစာခံတွေအဖြစ် နေဖို့ အဆင်သင့် မဖြစ်သေးပါဘူး၊ ဟဇ်ဘိုလာရဲ့ လက်နက်တွေနဲ့ အတူ ယှဥ်တွဲနေထိုင်မှာလည်း မဟုတ်ပါဘူး၊ သူတို့ကသာ ငါတို့နိုင်ငံရဲ့ အချုပ်အချာအာဏာအောက်မှာ နေထိုင်ရပါလိမ့်မယ်လို့ ပြောသွားပါတယ်။ ဒါက ဟဇ်ဘိုလာတွေနဲ့ ပတ်သက်ပြီး လက်ဘနွန်တွေ အမြင်/ ခံယူချက် ပြောင်းလာတာကို ပြတာပါ။ ဆယ်စုနှစ်ပေါင်းများစွာ တိတ်နေခဲ့ရာက အခုဆိုရင် အရပ်သားတွေ အရပ်ဖက်အဆာက်အဦတွေ ထိခိုက်မှုများလာတဲ့အတွက် ခရစ်ယာန်တွေ၊ ဆွန်နီတွေနဲ့ ရှီအိုက်တွေ အားလုံးက ဟဇ်ဘိုလာရဲ့ စစ်ရေးမှာ ဗိုလ်ကျနေတာကို ဖျက်ပစ်ချင်နေကြပါပြီ။
ယီမင်မှာလည်း သမ္မတဦးဆောင်ကောင်စီရဲ့ အကြီးအကဲ Rashad al-Alimi က အီရန်လေယာဥ်ဟာ ခွင့်ပြုချက်မရပဲ ယီမင်က မြို့တော် Sanaa ကို လာပြီး ဟူသီခေါင်းဆောင်တွေကို ခါမေနီဈာပနတက်ဖို့ လာခေါ်ခဲ့တဲ့အတွက် နိုင်ငံတကာက အီရန်အပေါ် ပိုမိုကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အီရန်က ဟူသီတွေကို ပဋိပက္ခသက်ဆိုးရှည်ဖို့ ဆက်လက်မြှောက်ပေးနေပြီး ယီမင်ရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်နေတဲ့အပေါ် နိုင်ငံတကာက စစ်ဆေးပေးဖို့ al-Alimi က တောင်းဆိုထားပါတယ်။