ဟူစိန်အိုဘမအစိုးရရဲ့ FBI/ DHSက ၂၀၁၆ နွေရာသီကတည်းက အီလ်ဟန်အိုမာ သူ့မောင်အရင်းကို လက်ထပ်တဲ့ ကိစ္စအပေါ် စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ လိမ်လည်ထားတဲ့အထောက်အထားတွေ တွေ့ခဲ့ရကြောင်း လက်ရှိနဲ့ အရင်အရာရှိတွေက ပြောခဲ့ကြတယ်လို့ နယူးယောက်တိုင်းမ်စ်က တင်ပြထားပါတယ်။ ဟူစိန်အိုဘမက အဲဒီတုန်းက လုပ်သင့်လုပ်ထိုက်တာကိုမလုပ်ပဲ ဖုံးကွယ်ထားပြီး အဲဒီတွေ့ရှိချက်တွေကိုပဲ ထရမ့်က ပြန်ထုတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်တော့မှ ရွံစရာကောင်းတဲ့ နိုင်ငံရေး အမြတ်ထုတ်မှုပါလို့ တပြန်စွပ်စွဲတာဟာ အလွန်အရှက်မဲ့ပြီး အဆင့်မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆တုန်းက အဖြစ်မှန်ကို မဖော်ထုတ်ခဲ့တာက အမှုက ၅နှစ်ကျော်နေလို့ သက်တမ်းလွန်ဆိုပြီး ဆက်မလိုက်ကြတာလို့ အကြောင်းပြကြပါတယ်။ ဒါပေမယ့် ၅နှစ်သက်တမ်းသတ်မှတ်ချက်ဟာ နိုင်ငံသားဖြစ်ဖို့အတွက် သာမန် လိမ်လည်လက်ထပ်မှုတွေနဲ့သာ ဆိုင်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကို မထိခိုက်ပါဘူး။ ဒါပေမယ့် အီလ်ဟန်လို လက်ထပ်တာကို အကြောင်းပြုပြီး မိသားစုလိုက် လိမ်လည်ဖို့ ကြိုးစားတာက ပိုကျယ်ပြန့်ပြီး တရားမမှုဖြစ်သွားတဲ့အတွက် ပြည်နှင်ခံရတဲ့အထိ ဖြစ်နိုင်ပါတယ်။
အဲဒီအမှုကို အစဖော်သူတိုင်းကိုလည်း အီလ်ဟန်နဲ့ ဒီမိုကရက်တွေက right-wing conspiracy theorist လို့ စွပ်စွဲခဲ့ကြတာပါ။ အိုဘမအစိုးရရော မင်နီဆိုးတားက Tim Waltz အစိုးရကပါ ဒီကိစ္စကို သိချင်ဖော်ချင်ကြတဲ့ မီဒီယာတွေကို ရှင်းပစ်ချင်ခဲ့ကြတာပါ။ အီလ်ဟန်အိုမာနိုင်ငံရေးလောကထဲ စဝင်လာတဲ့ ၂၀၁၆တုန်းက ဒေသန္တရသတင်းဌာနတခုက ဒီအကြောင်းကို တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အီလ်ဟန်အိုမာက ဒီမိုကရက်၊ မိန်းမ၊ လူမည်း၊ မွတ် စတဲ့ DEI သတ်မှတ်ချက်အားလုံးနဲ့ ကိုက်နေတော့ မင်နီဆိုးတာအစိုးရရှေ့နေ Andrew M, Luger က သူ့ရုံးက ဒီအမှုကို စစ်ဆေးပေးမှာ မဟုတ်သလို စစ်ဆေးပေးဖို့ တောင်းဆိုမှာလည်းမဟုတ်ဘူးလို့ စာထုတ်ပေးခဲ့ပါတယ်။
အီလ်ဟန်က နိုင်ငံသားဖြစ်ပြီးတော့ သူ့မောင် Ahmed Nur Said Elmi ကို ၂၀၀၉မှာ လက်ထပ်ခဲ့ပြီး ၂၀၁၇မှာ ကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီးလည်း DOJ က သူမအမည်ကို Ilhan Nur Said Elmi လို့ပဲ သုံးစွဲနေပါသေးတယ်။ ဒါကိုကြည့်ရင် DOJ က Omar ဆိုတဲ့နာမည်ကို နာမည်ရင်းလို့ မသတ်မှတ်ပဲ aliasလို့ပဲ သတ်မှတ်တာတွေ့ရမှာပါ။ သူ့မောင်က သူနဲ့လက်ထပ်ပြီးတော့ အမြဲတမ်းနေထိုင်ခွင့် ဂရင်းကဒ်ရသွားပေမယ့် နိုင်ငံသားလျောက်တဲ့အချိန်မှာ အီလ်ဟန်နဲ့ လက်ထပ်တာတရားဝင်ကြောင်း အစစ်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ မပြတော့ပဲ နိုင်ငံက ထွက်ခွာဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။
DOJ က အီလ်ဟန်ကို စစ်ဆေးရေးလုပ်နေတာ ဘယ်လောက်ထိ ကျယ်ပြန့်လဲဆိုတာကို မသိရသေးပေမယ့် ဒီလိမ်လည်လက်ထပ်မှုထက်တော့ အများကြီးပိုပါလိမ့်မယ်၊ စီးပွားရေးနဲ့ လိမ်လည်မှုတွေက ငွေရေးကြေးရေး အရှုပ်အရှင်းတွေ၊ ဖခင်ပေါ်မှီပြီး နိုင်ငံသားလျောက်လို့ရအောင် အသက်လိမ်ထားတာ၊ သူ့ဖခင်ကိုယ်တိုင်က အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရဖို့ လိမ်ထားခဲ့တာ အဲဒါတွေအားလုံး ဖြစ်နိုင်ခြေရှိနေပါတယ်လို့ Breibert က သုံးသပ်တင်ပြထားပါတယ်။
လွှတ်တော်မှာ တရားရေးဌာနက အီလ်ဟန်ရဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးခဲ့တဲ့အပေါ် ကန့်ကွက်ပြီး နောက်ထပ် ဘာမှထပ်မစစ်တော့ဖို့ ရှေ့နေချုပ်နဲ့ DHS ဝကတို့ကို တိုက်တွန်းထားတဲ့စာကို ဒီမိုကရက်အမတ် ၁၇၅ဦးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။ လက်မှတ်မထိုးထဲ့ ဒီမိုကရက်အမတ် ၄၀ထဲမှာ အီလ်ဟန်ကိုယ်တိုင်ရော အင်မတန်လည်တဲ့ နန်စီပလိုးစီပါ ပါနေတာ တွေ့ရပါတယ်။
အီလ်ဟန်က သူကိုယ်စားပြုတဲ့ပြည်နယ်မှာ ဖြစ်နေတဲ့ လိမ်လည်မှုတွေကို ပြစ်တင်ရှုတ်ချပြီး အများပြည်သူအကျိုးအတွက် ပူးပေါင်းဖော်ထုတ်ရမယ့်အစား ဖော်ထုတ်စစ်ဆေးသူတွေကိုပဲ ရန်ရှာနေခဲ့တာက ဒီလိမ်လည်မှုတွေမှာ သူပါပါနေသလားဆိုတာ သံသယရှိစရာ ဖြစ်နေပါတယ်။ သူ့ယောက်ျားနာမည်နဲ့ ဝိုင်/စပျစ်ခြံလုပ်ငန်းမှာ အမြတ်ငွေ သန်း၃၀ပြတာကနေ နောက်တော့ accounting error ဆိုပြီး ၁သိန်းတောင် မပြည့်တော့တဲ့အထိ လျော့ချသွားခဲ့ပါတယ်။
နောက်သတင်းတပုဒ်မှာ ဆိုမာလီနိုင်ငံဖွား Safari စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဟောင်း Salim Said ကို ခုထိ မင်နီဆိုးတားရဲ့ အကြီးဆုံးလိမ်လည်မှုဖြစ်တဲ့ Feeding Our Future ဆိုတဲ့ ကလေးတွေကို အစီအစဥ်မှာ တကယ်မရှိပဲ စာရင်းလိမ်ပြထားတဲ့ ကလေးတွေကို သူ့စားသောက်ဆိုင်က ကျွေးပေး ပို့ပေးနေပါတယ်ဆိုပြီး အစိုးရဆီက ပိုက်ဆံလိမ်ယူခဲ့လို့ ထောင်အနှစ် ၃၀ ချလိုက်ပါတယ်။
Feeding Our Future ကို တည်ထောင်သူ Aimee Bock ကလည်း စွဲချက်အားလုံးမှာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၄၂နှစ်နီးပါး ကျခံနေရပြီဖြစ်ပါတယ်။ ထောင်ဒဏ်အပြင် သူတို့တရားခံတွေပေါင်းပြီး ငွေ ၄၄သန်းကိုပါ ပေးလျော်ရမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဥ်က နာမည်လေးလှသလောက် ကဗကိုမှီပြီး ဖြစ်လာတဲ့ လိမ်ဆင်တွေ အများကြီးထဲက တခုပါ။
ဒါကြောင့်လည်း ပလန်ဒဲမစ်ကို ဒီမိုကရက်တွေ အကြိုက်တွေ့ပြီး တရုပ်တို့ ကမ္ဘာ့ရွာသမားတို့နဲ့အတူ ပိုကူး ပိုသေတဲ့ပိုးတွေ စမ်းသပ်နေကြတာပါ။ ဟူစိန်အိုဘမနဲ့ ဘေလ်ဂိတ်စ်က ပန်ဒဲမစ်ဖြစ်လာရင် ဒီနိုင်ငံ အဆင်သင့်မဖြစ်သေးဘူးလို့ မဖြစ်ခင် ၁-၂နှစ်လောက်ထဲက ပြောနေကြပေမယ့် နှာခေါင်းစည်း၊ ဆေးဝါးကအစ တရုပ်အားထားနေခဲ့ကြတာ စက်ရုံတွေ ပြည်တွင်းကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့အထိပါပဲ။ ဒီမိုကရက်တွေ လုပ်ကျွေးနေတဲ့တရုပ်၊ ကာကွယ်ပေးနေတဲ့ အီရန်က အမေရိကန်အတွက်ရော မြန်မာပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ အန္တရာယ်ရှိတယ်ဆိုတာ ထပ်ရှင်းပြဖို့ မလိုဘူးထင်ပါတယ်။
သမ္မတထရမ့်က စက်ရုံတွေ ပြည်တွင်းမှာပြန်ဖွင့်နိုင်ဖို့ မနေမနား ကြိုးစားနေတဲ့အတွက် ပြည်ပကနေ ၉ထရီလီယံ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး ပြည်တွင်းမှာ ထုတ်လုပ်ရေးတွေ ပြန်စတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် တတိယ ၃လပတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၃.၄% ဖြစ်ပြီး စားသုံးသူသုံးစွဲမှုက အများကြီး တိုးလာပါပြီ။ ဒီမိုကရက်တွေက စီးပွားရေးဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာ လုံးဝမသိ၊ နားမလည်၊ လုပ်ချင်စိတ်လည်းမရှိပဲ ဟိုလူ့အိတ်ကပိုက်ဆံ ဒီလူ့တွေအိတ်ထဲထဲ့တာ၊ နာမည်လှလှနဲ့ ပရိုဂရမ်လေးတွေထွင်ပြီး လိမ်စားတာပဲတတ်တော့ အင်အားများလာရင် အဆင်းဘီးတပ်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ချစ်တတ်ကြပါစေ။