ဒီမိုကရက် အစ္စလာမ္မစ်နဲ့ ဆိုရှယ်လစ် သုံးပွင့်ဆိုင်အချစ်ဇတ်လမ်း

ခု hot နေတဲ့ မီရှီဂန်ဆီးနိတ်ရကပရဲ့ ဗဟိုချက်လိုဖြစ်တဲ့ မွတ်စလင်အများစုနေထိုင်ရာ Dearboan MI ကို နစ်ခ်ကသွားပြီး လူငယ်တွေကို အင်တာဗျူးတာမှာ အမေရိကန်နဲ့ မွတ်နိုင်ငံတခုခုနဲ့ စစ်ဖြစ်ရင် ဘယ်နိုင်ငံကို ကာကွယ်ပေးမှာလဲ ဆိုတော့ ငါတို့က ဒီမှာမွေးတာဆိုတော့ အမေရိကန်က ငါတို့နိုင်ငံပါ၊ ဒါပေမယ့် အစ္စလာမ်ဝါဒအရ ငါတို့က ငါတို့မွတ်ဘရားသားချင်းကို ကာကွယ်ပေးရမှာဖြစ်လို့ မွတ်ဘက်ကပဲ တိုက်ပေးပါမယ်တဲ့။ လူငယ်တွေစုပြီးတော့လည်း (ဂျီဟတ်ပြီးရင် အော်တတ်ကြတဲ့) အလ္လာဟုအက္ကဘာ ဆိုတာကို ရင်ကွဲမတတ် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်နေကြပါတယ်။

လာမေးတဲ့လူတွေက လူဖြူတွေဖြစ်တော့ ရေ့စစ်တွေ မဝင်ရဆိုပြီး မောင်းထုတ်ကြပါတယ်။ အဲဒါကြောင့် လူဖြူတွေအားလုံး ရေ့စစ်ဆိုပြီး အရင်နှပ်ကြောင်းပေးထားကြတာပါ။ မွတ်ချင်းတောင် လူမျိုးရေးခွဲခြားတာဆိုတော့ တခြားလူမျိုးတော့ လူတောင်ထင်မှာမဟုတ်ပါဘူး။ သူတို့တွေ သောင်းကျန်းနေလို့ မြို့ကောင်စီအစည်းအဝေးကို မလာရဲကြတော့ပဲ ဖျက်သိမ်းရမလို ဖြစ်နေပါတယ်။

ကမ္ယာပေါ်က ကိုးကွယ်ယုံကြည်မှုတွေဟာ ဘာာသာရေးနဲ့ နိုင်ငံရေး သပ်သပ်စီ ဖြစ်ပေမယ့် အဲဒီဝါဒက အကုန်လုံးရောထားတာဖြစ်ပြီး ထိန်းချုပ်ခြင်းကို လက်နက်အဖြစ်သုံးကာ ကမ္ဘာကို သူတို့ဝါဒ ပြန့်ပွားဖို့ လွှမ်းမိုးဖို့ ကြိုးပမ်းကြပါတယ်။ ထိန်းချုပ်တာက အဓိကဖြစ်တော့ ဒီမိုကရေစီနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာ သတိပြုရပါမယ်။

ဥရောပနိုင်ငံတချို့မှာ သူတို့လူဦးရေက ၁၀% လောက်ဆိုပေမယ့် သူတို့က လွှမ်းမိုးသလိုဖြစ်နေတာ သူတို့အာဂျင်ဒါကြောင့်ပါ။ သူတို့အင်အားမတောင့်သေးချိန်မှာ အင်မတန်ဖော်ရွေ၊ ရက်ရော၊ အနောက်နိုင်ငံ ယဥ်ကျေးမှုကို ကန့်လန့်မတိုက်ပဲ စံပြမိသားစုလေးတွေအဖြစ် နေပြကြပါတယ်။ တဖက်မှာလည်း တက္ကသိုလ်တွေမှာ ဂျူးမကောင်းကြောင်း မွတ်ကောင်းကြောင်း၊ ဂါဇာကို နှစ် ၃၀၀၀ကျော်ထဲက နေခဲ့တဲ့ ဂျူးတွေက မပိုင်ပဲ ၇ရာစုလောက်မှ ပေါ်လာတဲ့ အာရပ်တစုက ပိုင်သလိုလို ဇွတ်မောင်းနေတာဟာလည်း သူတို့အာဂျင်ဒါပါပဲ။

သူတို့က ရောက်တဲ့နေရာမှာ တနေရာထဲမှာ စုနေကြပြီး သူတို့ထဲ ရှိသမျှအကုန် ဝိုင်းမဲပေးကြလို့ လွှတ်တော်/အုပ်ချုပ်ရေးထဲ ၁-၂ယောက်လောက် ရောက်လာပြီဆိုရင် သူတို့ကို မဝေဖန်အောင် အမှန်မဖော်အောင် အစ္စလာမ်မိုဖိုးဘီးယားလို့ တွင်တွင်စွပ်စွဲကြပြီး ဟိတ်စပိချ် ဥပဒေ ပြဌာန်းဖို့ ကြိုးစားကြပါတယ်။ အဲဒါသာ ပြဌာန်းဖြစ်ပြီး ဥပဒေအတည်ဖြစ်သွားပြီးရင် သူတို့ထဲက ပြုသမျှ ညစ်လုံးတွေ ရာဇဝတ်မှုတွေ၊ အိမ်တွင်း အရပ်ထဲ အကြမ်းဖက်မှုမျိုးစုံ မီဒီယာပေါ် တက်မလာအောင် ဟန့်တားနိုင်ပါပြီ။ ဥရောပလည်း အဲဒီလိုနဲ့ မုဒိမ်းမှုတွေ၊ ဓါးထိုးမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ပလီဆောက်တာတွေကို ကိုယ့်ဥပဒေနဲကိုယ် ချည်ပြီးတုပ်ပြီး ဖုံးဖိပေးရသလို ဖြစ်နေတော့တာပါ။

ဒီမိုကရက်ခေါင်းဆောင်တွေ အနောက်နိုင်ငံခေါင်းဆောင်တွေက သူတို့ယဥ်ကျေးမှုအရဆိုပြီး သူတို့နိုင်ငံသွားလည်ရင် ခေါင်းမှာ ပုဝါခြုံရတာ ဟေလာရီရော၊ မီရှဲလ်ဟူစိန်ရော၊ ပလိုးစီရော၊ အေအိုစီရော သွားလေသူဘုရင်မကြီးအဲလစ်ဇဘက်တို့ ကိတ်တို့တောင် ပါပါသေးတယ်။ First Lady မီလာနီယာကတော့ ဘာပုဝါမှ မခြုံပါဘူး၊ ကိုယ့်ယဥ်ကျေးမှုအတိုင်း ခမ်းခမ်းနားနား ဝတ်သွားတာပါပဲ။ ခမ်းနားသင့်တဲ့နေရာကို ခမ်းခမ်းနားနား ဝတ်သွားတာဟာ အိမ်ရှင်ကို လေးစားခြင်းပါပဲ။

တကယ်တော့ အဲဒီအမျိုးသမီး ဒီမိုကရက်ခေါင်းဆောင်တွေက အမျိုးသားတွေနဲ့ တန်းတူရုံတင်မက သာတောင် သာချင်ကြတဲ့ သူတွေပါ။ အမျိုးသားတွေကို toxic masculinity ဆိုပြီး အညွန့်ချိုးထား ချင်ကြသူတွေက မိန်းမတွေကို တိရိစ္ဆာန်သာသာ သဘောထားတဲ့ဘာသာကိုမှ ဒူးထောက်ပြီး ခေါင်းခြုံပြနေကြတာ ရိုးသားတယ်လို့ မထင်မိပါဘူး။ တဖက်နဲ့တဖက် အသုံးချပြီး ကမ္ဘာ့ပါဝါအကြီးဆုံး နေရာကြီးကို လှမ်းချင်နေကြတာပါ။ လစ်ဘရယ်ဆိုတာက ဘာလာလာဒေါင်းတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို ချဥ်းကပ်လွှမ်းမိုးဖို့ မခဲယဥ်းပေမယ့် ဥရောပကိုကြည့်ရင် ဘယ်သူကချုပ်ကိုင်နေသလဲ ဘယ်သူက ချုပ်ကိုင်ခံနေရသလဲဆိုတာ သိသာပါလိမ့်မယ်။

မိန်းမတွေကို တိရိစ္ဆာန်သာသာလို့ပြောတာက သူတို့ဝါဒမှာ မိန်းမ က ကျားနဲ့စာရင် ဉာဏ်စွမ်းအား နည်းတဲ့အတွက် မိန်းမ ၂ဦးစကားကမှ ကျားတဦးစကားနဲ့ ညီတယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် မုဒိမ်းကျင့်ခံရရင်တောင် နောက်မိန်းမသက်သေတယောက် မပြနိုင်ရင် အလိုလိုရှုံးပြီး အရက်စက်ဆုံး ပြစ်ဒဏ်တွေ အချခံရပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးဘဝမှာလည်း မိဘက ပေးစား (ရောင်းစား)ခွင့်ရှိသလို ယောက်ျားကလည်း သူ့အလိုမကျရင်​ မုဒိမ်းကျင့်ခွင့်၊ ရိုက်နှက်ခွင့်ရှိပြီး ကွဲမယ်လို့ ၃ကြိမ်ပြောလိုက်ရုံနဲ့ ကွဲပြီးဖြစ်ပါတယ်။

မိဘပေးစားသူကို မယူပဲ ကိုယ့်သဘောနဲ့ကိုယ် တွဲရင်/ ယူရင် ဖခင်နဲ့ အကို/မောင်တွေရဲ့ အရှက် သိက္ခာကို ထိပါးတယ်ဆိုပြီး သတ်ဖြတ်ခြင်းကို ခံကြရပါတယ်။ ဒါက အနောက်နိုင်ငံတွေမှာတောင် နည်းပေမယ့် ဖြစ်လာနေပါပြီ။ မ အင်္ဂါကို ချုပ်ထား ဖြတ်ထားတာတွေလည်း အမေရိကန်ရော အနောက်နိုင်ငံတွေမှာပါ ခိုးလုပ်နေကြပါပြီ။ ဒါမျိုးက အမှောင်ကမ္ဘာမှာ ကြိတ်လုပ်ကြတာဖြစ်လို့ အပြင်လူက ဖမ်းဖို့ ခက်ပါတယ်။ လူ့အခွင့်အရေးဆိုတာကို လက်ခလယ်ပြနေသလိုပါပဲ။

မီရှီဂန်က ဟူစိန်အိုဘမ မဲဆွယ်ပေးနေတဲ့ အဗဒူလ်အသက်ထက်ဆုံး လိုက်နာကျင့်သုံးဖို့ သစ္စာပြုထားတဲ့ ရှရီးယားလောတွေ သူတို့များတဲ့ဒေသတွေမှာ အတည်ဖြစ်လာရင် အဲဒီက မိန်းကလေးတွေ ငရဲကျတာပါပဲ။ တသက်လုံး လတ်ဆပ်တဲ့ လေကောင်းလေသန့် မရှူရ နေရောင်ခြည် မထိရပဲ တကိုယ်လုံးဖုံး၊ ယောက်ျားကို ခြေသုတ်ပုဆိုးလို ရိုကျိုးပြုစုပေးခဲ့ရင်တောင် တမလွန်မှာ အလွန်ဆုံးရမှာက ကျားတွေခြွေရမယ့် အပျိုစင် ၇၂ဦးထဲက နောက်နားမှာပါ။ ကျားတွေကတော့ တနေ့ ၅ကြိမ်ဝတ်ပြုရင်ကို အဲဒီဆုလာဘ်ရမယ်လို့ ဆိုပါတယ်။

ဘာလို့ အဲဒီလောက်တောင် တဖက်စောင်းနင်းဖြစ်နေသလဲဆိုတော့ တောရိုင်းဥပဒေလိုပါပဲ။ ကျားတွေက ခွန်အားဗလကောင်းတော့ တောရိုင်းထဲမှာ မ တွေက ကျားပြုသမျှ နုရတာပါပဲ။ ကျားတွေမှာ အဓိကအကျဆုံး ၂ခုဖြစ်တဲ့ အတ္တကို အရောင်တင်ပေးပြီး လိင်စိတ်ကို မက်လုံးတွေ မျှော်လင့်ချက်တွေ တပုံတပင်နဲ့ ဆွဲဆောင်ထားတဲ့အတွက် ဒီဝါဒကျင့်သုံးဖို့ အဲဒါတွေကို မက်ကြတဲ့ ကျားတွေက အထူး စိတ်အားထက်သန်ကြပါတယ်။ တကမ္ဘာလုံးမှာလည်း အဲဒီဓလေ့တွေ ကျင့်သုံးနိုင်ဖို့အတွက် သူတို့ဝါဒ ကမ္ဘာကို ပြန့်ဖို့ ကြိုးစားကြပါတယ်။

အမေရိကန်က ဒီမိုကရက်တွေဟာ သူတို့မှာ ပြည်သူအများ လက်ခံနိုင်လောက်တဲ့ မူဘာမှ လောက်လောက်လားလား မရှိတဲ့အတွက် အသံကျယ်လောင် တက်ကြွတဲ့ ဆိုရှယ်လစ်/ကွန်မြူနစ်တွေ အစ္စလာမစ်တွေရဲ့ လောင်းရိပ်အောက်မှာ ခိုလှုံနေရတဲ့ အခြေအနေပါ။ အဲဒီအုပ်စုတွေက ငွေအားလည်း တောင့်တယ်လေ။ အစ္စလာမစ်တွေနောက်မှာ ရေနံသူဌေးနိုင်ငံတွေ ရှိနိုင်သလို ကွန်မီတွေနောက်မှာ အရင်က ဆိုဗီယက်ရုရား ခုတော့ တရုပ် ရှိနိုင်တာပါပဲ။

ရုရှားဆိုလို့ အီလ်ဟန်ဖခင်က ဆိုဗီယက်မှာ စစ်သင်တန်းသွားတက်လာပြီး ပြန်လာမှ ရာထူးအဆင့်ဆင့် အမြန်တက်ပြီး ဗိုလ်မှူးကြီးထိ ဖြစ်သွားခဲ့တာပါ။ အီလ်ဟန်အကိုတင်ထားပြီး အီလ်ဟန်အမက အဲဒီနေရာလေး လွမ်းလိုက်တာလို့ မန့်ထားတဲ့ပုံမှာ ရုရှားက မြင်ကွင်းတချို့ ပါနေတဲ့အတွက် ကင်ညာက ဒုက္ခသည်စခန်းမှာ ၄နှစ်နေခဲ့တာမဟုတ်ပဲ တမိသားစုလုံး ရုရှားမှာ သွားခိုနေတာ ဖြစ်နိုင်တယ်လို့ တွက်ဆနေကြတာပါ။ သမ္မတကြီးကတော့ အီလ်ဟန်ကို နှုတ်ထွက်ဖို့ ဆော်ဩထားပါတယ်။

ဒီမိုကရက်တွေအကြောင်း ပြန်ဆက်ရရင် ခါတိုင်း လူမည်းတွေနဲ့ အမျိုးသမီးတွေ လိင်ပြောင်းတွေကို အဖိနှိပ်ခံရသူတွေ အဖြစ် ပစ်မှတ်ထားမဲဆွယ်ကြပေမယ့် ဒီနှစ်မှာတော့ အစ္စလာမစ်တွေနဲ့ ကွန်မီတွေက ရှေ့တန်းက ဖြစ်လာပါတယ်။ ဒီမိုကရက်တွေအတွက် လူမည်းတွေက ရကပနှစ်တွေမှာပဲ စကားထဲ ထည့်ပြောခံရတာဖြစ်တော့ ခုနှစ်မှာ အပစ်ပယ်ခံလို ဖြစ်ကုန်ကြပါတယ်။ မွတ်စလင်တွေရဲ့  ၂၀% က လူမည်းဖြစ်ပေမယ့် လူမည်းတွေရဲ့  ၂% ကပဲ မွတ်စလင်ဖြစ်ပါတယ်။ အဲဒီ ၂၀% လူမည်းဆိုတာလည်း ထောင်ထဲမှာ အကာအကွယ်ပေးပြီး စည်းရုံးကြရာက ပြောင်းလာကြတာ အများစုပါ။

ကွန်မီတွေကျပြန်တော့လည်း အဘိဇ္ဈာက များလွန်းတော့ လုပ်ငန်းရှင်သူဌေးတွေ မျက်ခုံးလှုပ်ကြမှာပါ။ ကာလီဖိုးနီးယားမှာ ဘီလီယံနာတွေကို ပိုင်ဆိုင်မှုရဲ့ ၅% အခွန်ကောက်မယ်ဆိုတာ Proposition 40 အဖြစ် မဲပေးတဲ့ထဲ ထည့်လိုက်ပြီးမှ အားလုံးထွက်ပြေးကုန်ရင် မျှော်နေတာလည်းမရ၊ လက်ရှိရနေတာ လည်းဆုံး၊ ဝန်ထမ်းတွေပါ မ သွားရင် ပိုဆိုးမှာလို့ သူဌေးတွေက ဖိအားဝိုင်းပေးတော့မှ နျူဆမ်ရော ပလန်းပဲရင့်ဟွတ်ကစလို့ ဒီမိုကရက်လက်ကိုင်ဒုတ်တွေအကုန် vote no on prop 40 ဆိုပြီး အကြီးအကျယ် လှုပ်ရှားနေရပြီ။ အတော်လည်း ရီရတဲ့ဟာတွေ​။

ဒီမိုကရက်တွေရဲ့ မဏ္ဍိုင်ဖြစ်တဲ့ ဖရီးပါလက်စ်တိုင်းနဲ့ ဖရီးအဲဗရီးသင်းပေါ်လစီတွေက သူတို့အလှူရှင်တွေထဲမှာရော ပြည်သူတွေကြားမှာပါ ဟန်ကျပုံ မရပါဘူး။ ဒါကြောင့်လည်း နန်စီပလိုးစီက ဟူစိန်အိုဘမ မ ပေးနေတဲ့ အဗဒူလ်ရဲ့ ဂျူးဆန့်ကျင်ရေး သဘောထားကို မှားတယ်၊ ဒါက ကွန်ဂရက်စ်ထဲက ဒီမိုကရက်တွေကို ကိုယ်စားမပြုပါဘူးလို့ ထွက်ပြောရတဲ့အထိပါပဲ။

မီရှီဂန်က ဂျူးမဟုတ်တဲ့ ဒီမိုကရက် အမတ်နှစ်ဦးဖြစ်တဲ့ Hillary Scholten နဲ့ Haley Stevens တို့ကလည်း သူတို့ပါတီက အဗဒူလ်ကို မထောက်ခံပဲ ရီပါဘလစ်ကန်ဆီနိတ်တာလောင်း Mike Rogers ကို ထောက်ခံကြောင်း ကြေငြာသွားကြပါပြီ။ သူတို့ပေးတဲ့ အကြောင်းပြချက်က အဗဒူလ်ရဲ့ အစ္စရေးအပေါ် ထားတဲ့ သဘောထားကို လက်မခံနိုင်သလို သူတို့ပါတီကလည်း ဒေါသပဲကြီးနေပြီး အချင်းချင်း စာနာမှု ကင်းမဲ့နေတယ်လို့ ခံစားရလို့ပါလို့ ဆိုပါတယ်။ မဟုတ်တဲ့နေရာတွေမှာ သိပ်ကိုညီညွတ်လွန်းတဲ့ ဒီမိုကရက်တွေ ရှေ့လျောက် ညီကြပါဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။

May be an image of one or more people, headscarf and text

Leave a Reply