မီရှီဂန်က အဗဒူလ်ရဲ့ ပဏာမရကပပြိုင်ဖက်ဟောင်း ဒီမိုကရက်အမတ် ဟေလီစတီဗင်စ်က ရီပါဘလစ်ကန်ဆီနိတ်တာလောင်း မိုက်ခ်ရောဂျားစ်ကို ပြောင်းလဲထောက်ခံလိုက်ပြီးနောက် ရီပါဘလစ်ကန်တွေက ဝိုင်းဝန်းဩဘာပေးခဲ့ကြပေမယ့် မီရှီဂန် ဒီမိုကရက်ပါတီဥက္ကဋ္ဌက ဟေလီကို ပါတီကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဟေလီက မိုက်ရောဂျားစ်ကို ထောက်ခံမှုမပေးခင် အဗဒူလ်နဲ့ အစ္စရေးဆန့်ကျင်တဲ့ကြော်ငြာနဲ့ပတ်သက်လို့ ပြဿနာတက်ခဲ့ရာက အဗဒူလ် အယ်ဆာယိက ဟေလီကို သူနဲ့အတူကမ်ပိန်းမလုပ်ဖို့ မောင်းထုတ်ခဲ့တာပါ။
ဟေလီ မိုက်ရောဂျားစ်ကို ထောက်ခံမှုမပြုခင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွန်မီ အေအိုစီက ဟေလီနဲ့ ၂၅မိနစ်ကြာ ဖုံးပြော၊ စာပို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဟေလီက အဗဒူအယ်လ်ဆာယိကို မထောက်ခံရတဲ့ အကြောင်းတခုက အဗဒူလ်ဟာ အစ္စရေးကိစ္စကိုပဲ အလွန်အကျွံ အာရုံထားလွန်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဗဒူရဲ့ မွေးသမိခင်/ မိသားစု/ ကမ်ပိန်းအလှူရှင်တွေက မွတ်ဘရားသားဟု၊ ဟာမာ့စ်၊ ဟဇ်ဘိုလာ၊ အယ်ကိုင်းဒါးစတဲ့ အကြမ်းဖက်တွေနဲ့ ဆက်နေတယ်ဆိုတာကို အဗဒူက သူ့က သူ့မိခင်နဲ့ ကြီးတာမဟုတ်ပါဘူးလို့ ငြင်းသွားပါတယ်။ သူ့ရဲ့ ဒီဘိတ်မှာပြောသွားတာတွေက အစ္စရေးကို ချေမှုန်းဖို့က အဓိကဖြစ်နေပြီး မက်ဒီကဲဖော်အောက ရှေ့ကဆေးခါးကြီးကို သကာအုပ်ပေးထားတာ ဖြစ်ပါတယ်။ အရင်ရေးခဲ့သလိုပဲ အစ္စရေးကိုမုန်းတဲ့သူတိုင်းက အမေရိကန်ကို မုန်းပါတယ်။ ကိုယ့်နိုင်ငံကို မုန်းတီးသူတွေကို မဲပေးတာ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာပါပဲ။
အဲဒီကြော်ငြာက ဖရီးပါလက်စ်တိုင်းဇတ်လမ်းရဲ့ ကျောရိုးဖြစ်တဲ့ ဂါဇာမှာ အပြစ်မဲ့သူတွေကို အစ္စရေးက သတ်တယ်၊ အစ္စရေးကို အမေရိကန်က ထောက်ပံ့နေလို့ ပါလက်စတိုင်းတွေကို သတ်ဖို့ ပိုက်ဆံကို ပြည်သူတွေက စားဖို့ထဲက ဖယ်ထားပေးရတယ်ဆိုတဲ့ လုပ်ဇတ်ပါ။ အဲဒီကြော်ငြာကို ဖန်တီးပေးခဲ့တဲ့သူဟာလည်း ၉/၁၁ ဟာ မရိုးသားဘူးဆိုပြီး သမိုင်းကို ပြင်ချင်သူဖြစ်နေပြန်ပါတယ်။
အစ္စရေးက ဂါဇာကနေ သူ့သဘောနဲ့သူဖယ်ပေးခဲ့တယ်ဆိုတာလည်း ရေးခဲ့ပြီးပါပြီ။ အောက်တိုဘာ ၇ လို ပက်ပက်စက်စက် ဆိုးဆိုးရွားရွားကိစ္စတွေသာ ဟာမာ့စ်တွေက မကျူးလွန်ခဲ့ရင် အစ္စရေးက လက်တုန့်ပြန်စရာ မလိုပါဘူး။ ပါလက်စတိုင်းပြည်သူတွေ သေရတာကလည်း သူတို့ရဲ့ ထုံးစံအတိုင်း သူတို့စခန်းတွေကို ကလေးကျောင်းတွေ ဆေးရုံတွေအောက်မှာ ဆောက်ထားသလို တခုခုဆိုလည်း ကိုယ့်ကလေးကိုယ် ဓါးစာခံလုပ်ကြလို့ပါ။ အစ္စရေးသာ သူတို့လိုရက်စက်မယ်ဆိုရင် ကလေးတွေနဲ့ ကာဗာယူတာမျိုး လုပ်လို့ရပါ့မလားဆိုတာ ရိုးရိုးလေးစဥ်းစားရင်တောင် သိနိုင်နေတာပါ။
လူ့အသက်/ မွတ်စလင်အသက်ချင်းတူတူ ပါလက်စ်တိုင်းသေတာထက် အဆပေါင်းများစွာ ပိုများတဲ့ သောင်းနဲ့ချီတဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ အီရန်က မူလာတွေကိုတော့ ဒီမိုကရက်တွေ ကာကွယ်ပေးနေကြတာက အပေါ်ကသဘောထားနဲ့ ကပြောင်းကပြန် ဖြစ်မနေုပေဘူးလား။
သမိုင်းပြင်ချင်တာကိုပြောရရင် ဟူစိန်အိုဘမက အမေရိကန်ရဲ့ အုတ်မြစ်ကို ချသွားတာ မွတ်စလင်တွေ လို့ ပြောခဲ့တာပါ။ ဒါက မွတ်တယောက်ယောက်က ငါ့စကားနွားရပြောတာဆိုရင် အရေးသိပ်မကြီးဘူး ဆိုနိုင်ပေမယ့် သူ့လို သမ္မတဟောင်း၊ ပါတီတွင်းမှာ ဩဇာအကြီးဆုံးထဲကတဦးက ပြောတာဖြစ်လို့ သမိုင်းကို ပြင်ချင်နေတာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း သူဖန်တီးခဲ့တဲ့ BLM တွေ ဆူပူကြတုန်းက တိုင်းပြည်သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေကို တမင်ရွးပြီး ဖျက်ဆီးခဲ့ကြတာ ဖြစ်မှာပါ။ သူတို့တွေက ဆက်တိုက်လမ်းခင်းနေတာပါ။ ဆက်စပ်နိုင်လောက်တဲ့ သုတမရှိသေးသူသာ အန္တရာယ်ကို မမြင်ကြသေးတာပါ။
အဲဒီနောက် ပြည်နယ်က အထင်ကရဒီမိုကရက်တွေ တယောက်ပြီး တယောက် ထွက်လာပြီး ဟေလီလိုပဲ မိုက်ခ်ရောဂျားစ်ကို ထောက်ခံပေးခဲ့ကြပါတယ်။ မီရှီဂန်က အကြီးဆုံးမြို့ဖြစ်တဲ့ ဒီးထရွိုက်က မြို့ကောင်စီဝင် တသက်လုံး ဒီမိုကရက်ဖြစ်ခဲ့တဲ့ Mary Waters က မိုက်ခ်ရောဂျားစ်နဲ့ သွားတွေ့မယ်လို့ သတင်းထွက်တာနဲ့ ဒီမိုကရက်တွေကြား ပွက်လောရိုက်ကုန်ကြလို့ သွားတွေ့တာနဲ့ ထောက်ခံပြီလို့ ပြောမရဘူး၊ သူက ဒီးထရွိုက်မြို့အကျိုးစီးပွားအတွက် ရွေးကောက်ခံထားရတာဖြစ်လို့ မြို့သူ/သား ၇သိန်းအတွက်ပဲ လက်တွေ့ကျကျ စဥ်းစားမယ်၊လို့ ပြန်ရှင်းခဲ့ရပါသေးတယ်။ လူချင်းတွေ့ ဆွေးနွေးအပြီးမှာ မဲပေးသူတွေကို ရီပါဘလစ်ကန် မိုက်ရောဂျားစ်ကိုပေးဖို့ တိုက်တွန်းသွားပါတယ်။
မေရီဝါးတားစ်က သူ့အနေနဲ့ သူ့မြို့ကကလေးတွေ ပညာရေးနဲ့ ဆင်းရဲမွဲတေမှုမှာ တပြည်လုံးမှာ အဆိုးဆုံးနီးပါးဖြစ်နေတာ၊ စစ်ပြန်တွေနဲ့ သက်ကြီးတွေကို လုံလုံလောက်လောက် မထောက်ပံ့နိုင်တာ၊ ကျွမ်းကျင်လုပ်သားအတွက် အလုပ်အကိုင်တွေ ပေါများစေချင်တာ၊ အများတတ်နိုင်တဲ့ အိမ်ဈေး ဖြစ်စေချင်တာတွေ ရှိတဲ့အတွက် အဲဒီကိစ္စတွေမှာ ပံ့ပိုးပေးနိုင်မယ့် ဘယ်ပါတီနဲ့မဆို အလုပ်တွဲလုပ်မယ် လို့ ပြောသွားပါတယ်။
အဗဒူအယ်လ်ဆာယိကို မထောက်ခံတာက သူက AOC တို့ ဘာနေဆန်းဒါးစ် တို့လို ဆိုရှယ်လစ်တွေနဲ့ မဟာမိတ်ဖြစ်တော့ ဒီးထရွိုက်က အလုပ်အကိုင်တွေ ပြေးကုန်မှာရယ်၊ အားလုံးအတွက် မက်ဒီကဲ လုပ်ရင် အဲဒီပိုက်ဆံက တနေရာရာက လာရမှာဖြစ်လို့ ပညာရေးနဲ့ ဆင်းရဲမွဲတေမှုက ပိုဆိုးမှာစိုးတာကြောင့် ဖြစ်ပြီး သူယုံကြည်တာ သူဖြစ်ချင်တာနဲ့ မိုက်ခ်ရောဂျားစ် ဖြစ်ချင်တာ ကိုက်နေတဲ့အတွက် မိုက်ခ်ကို ထောက်ခံတာလို့ ဆိုပါတယ်။
အငြိမ်းစားယူသွားတဲ့ ဒီမိုကရက်ဆီနိတ်တာ ဂျိုးမန်ချင်က ရီပါဘလစ်ကန် မိုက်ခ်ရောဂျားစ်ကို ထောက်ခံမှုပေးလိုက်ပြီး မီရှီဂန်က မီးသတ်သမားများသမဂ္ဂကလည်း အလားတူပဲ အဗဒူလ်ကို ထောက်ခံမှုရုပ်သိမ်းပြီး မိုက်ခ်ရောဂျားစ်ကို ပြောင်းလဲထောက်ခံ လာကြပါပြီ။ မီရှီဂန်က အခြားအမတ် အချို့အပြင် အဲဒီမှာနေထိုင်ကြတဲ့ တသက်လုံး ဒီမိုကရက်ဖြစ်ခဲ့တဲ့ ဂျူးတွေကလည်း မိုက်ခ်ရောဂျားစ်ကို မဲပေးကြမှာပါတဲ့။ သူတို့ကတော့ မဲတခုလုံးအနီပေးတာမျိုးထက် ဆီးနိတ်နေရာကို အနီပေးကြတာာ ဖြစ်ဖို့များပါတယ်။
မေရီတို့လို ပြည်သူအတွက် အမှန်တကယ်အကျိုးရှိမယ့်လမ်းကို စဥ်းစားတတ်တယ်ဆိုရင် ဘယ်ပါတီကဖြစ်ဖြစ် ထောက်ခံသင့်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေက ဖြတ်လမ်းလိုက်ပြီး မွတ်နဲ့ ဆိုရှယ်လစ်ကို ရှေ့တန်းတင်လာတာက ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။
မြောက်အမေရိကမှာ လုပ်သားအင်အား ၁.၃သန်းရှိတဲ့ International Brotherhood of Teamsters အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ Sean O’Brien ကလည်း ရီပါဘလစ်ကန်တွေဟာ သူတို့သမဂ္ဂနဲ့ လက်တွဲ အလုပ်လုပ်ပြီး အလုပ်သမားတွေရဲ့ ပင်စင်ကို ကာကွယ်ပေးတာ၊ လခကောင်းတဲ့ အလုပ်တွေကို ကာကွယ်ပေးတာ၊ သမဂ္ဂကဦးစီးပြုလုပ်တဲ့ အလုပ်သင်အစီအစဥ်တွေကို ထောက်ပံ့ခဲတာတွေ လုပ်ပေးခဲ့တဲ့အတွက် ချီးကျူးသွားပြီး သူနေတဲ့ ဖလော်ရီဒါက ဆီနိတ်တာ Ashley Moody ကို ဂုဏ်ယူစွာမဲပေးခဲ့ကြောင်း X မှာတင်သွားခဲ့ပါတယ်။ သမဂ္ဂတွေက အစဥ်အလာအားဖြင့် လုပ်သားတွေအရေးထက် ဒီမိုကရက်တွေနဲ့ပေါင်းပြီး အပြန်အလှန် ဩဇာသက်ရောက်ဖို့ပဲ အားထုတ်ကြတဲ့အတွက် ခုကိစ္စက အားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
ဟေလီက ရီပါဘလစ်ကန်ဆီနိတ်တာလောင်းကို ထောက်ခံလိုက်တာနဲ့ ပါတီက ထုတ်ပစ်တယ်ဆိုတာ တနိုးကင်းထဲ နိုးကင်းနေကြတဲ့ ဒီမိုကရက်တွေရဲ့ အာဏာရှင်လုပ်ရပ်ဖြစ်ပါတယ်။ ရီပါဘလစ်ကန်မှာ ဒီမိုကရက်တွေနဲ့အတူ မဲပေးကြသူ ရိုင်နိုတွေရှိပေမယ့် ပြည်နယ်ပါတီရော ဗဟိုပါတီရောက ထုတ်ပယ်တာမျိုး မရှိခဲ့ပါဘူး။ မူချင်း ယှဥ်ပြတာမျိုးနဲ့ပဲ လူထုကို ချပြကြတာပါ။
ဒီမိုကရက်တွေရဲ့ အာဏာရှင်လုပ်ရပ်က ခုမှမဟုတ်ပါဘူး။ ဟူစိန်အိုဘမတက်ပြီးနောက်မှာ အများကြီး တွေ့လာရပါတယ်။ ၂၀၁၆တုန်းက ဘိုင်ဒန်က ဝင်ပြိုင်ချင်ပေမယ့် ဟူစိန်အိုက သူ့ရဲ့ ဒုတိယသက်တမ်း ရကပမှာ သူမဲဆွယ်ဖို့ စီးပွားရေးပေါ်လစီတွေကို ဘေလ်ကလင်တန်က သင်ပေးပြီး အပြန်အလှန် အနေနဲ့ ဟေလာရီကို သမ္မတရကပဝင်နိုင်အောင် ကူညီပေးဖို့ဆိုတဲ့ ညှိနှိုင်းချက်နဲ့ ဘိုင်ဒန်ကို ဘေးဖယ်ထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ပဏာမအဆင့်မှာဟေလာရီထက် ဘာနီဆန်းဒါးစ်ကို လူပိုကြိုက်ကြပေမယ့် သူတို့ကမ်ပိန်းအလှူရှင်တွေက ဆိုရှယ်လစ်ကို လက်မခံလိုတဲ့အတွက် ဟေလာရီပဲ ရသွားတာပါ။
နောက်တော့ ၂၀၂၄မှာ သူဆက်ပြိုင်ပါမယ်လို့ အတင်းပြောနေတဲ့ ဘိုင်ဒန်ကို ဖယ်ထုတ်ပြီး သူ့လက်စွဲ ကမလာကို ဝင်ပြိုင်ခိုင်းပါတယ်။ အဲဒီအချိန်မှာ ပဏာမရကပက ပြီးနေပါပြီ။ ဘာဒီမိုကရေစီ နည်းလမ်းမှ မကျ၊ ဘာလုထုဆန္ဒကိုမှ အလေးမထားတဲ့အပြင် ဘိုင်ဒန်ကမ်ပိန်းရန်ပုံငွေကိုပါ ဥပဒေကိုဆန့်ကျင်ပြီး မယ်ပိုင်စီး သွားပါသေးတယ်။ ပါတီကို သူပိုင်လို ထင်ရာလုပ်နေတာ ထရမ့်လား ဟူစိန်အိုလားဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။