မစ်တမ်းတွေမှာ သမ္မတမဟုတ်တဲ့ပါတီက အနိုင်ရကြတာ ထုံးစံလိုဖြစ်တဲ့ထဲမှာ ဒီနှစ်ကလည်း ချွင်းချက် မဟုတ်ခဲ့ပါဘူး။ ဒီလိုဖြစ်ရတာလည်း အကြောင်းများစွာရှိပါတယ်။
ရီပါဘလစ်ကန်အများစုက စာတိုက်မဲတွေကို အယုံအကြည်မရှိကြတဲ့အတွက် လူကိုယ်တိုင်ပေးကြတဲ့ အစဥ်အလာရှိပါတယ်။ ဒီမိုကရက်တွေက စာတိုက်မဲကို အားကိုးကြတာပါ။ ဒါကြောင့်လည်း မဲပေးတဲ့ရက်တွေမှာ မီးပျက်တာတွေ၊ မဲပေးစက်ပျက်တာတွေ၊ နေရာပြောင်းထားတာ မသိလိုက်ကြလို့ ရွာလည်ကြပြီး မဲရုံပိတ်ချိန်မမှီတာတွေ၊ စတာတွေကြုံတွေ့ကြရတဲ့အခါ မဲနစ်နာမှုတွေ ရှိလာပါတယ်။
ကာလီဖိုးနီးယားရဲ့ နိုင်ငံသားမဟုတ်သူ အနည်းဆုံး ၂သောင်းရဲ့ စာတိုက်မဲတွေကို ထည့်မရေဖို့ တရားရုံးကို လျောက်ထားခဲ့တာကို 9th Circuit ရဲ့ အယူခံရုံးက ပယ်ချခဲ့တဲ့အတွက် DOJ က မနေ့က ဆူပရင်းကုတ်ကို လျောက်ထားခဲ့ပါတယ်။ အဲဒီမဲတွေက နိုင်ငံသားတွေရဲ့မဲတွေနဲ့ ရောသွားပြီးရင် ပြန်ဖယ်ထုတ်လို့ မရနိုင်တော့တာကြောင့် အခုလို လျောက်ထားနေပေမယ့် အချိန်မှီ ဆုံးဖြတ်ချက်ချဖို့ လွယ်မှာမဟုတ်ပါဘူး။
မဲလိမ်တာကတော့ အပြာပြည်နယ်တွေမှာ ဖြစ်နေကျပါ။ မင်နီဆိုးတားမှာ မွတ်လိုဝတ်သွားတဲ့ James O’Keefe က သူကနိုင်ငံသားမဟုတ်ပါဘူး၊ မဲပေးလို့ရမလားဆိုတာကို အာရေဗီစကားပြောတဲ့ မဲရုံဝန်ထမ်းက သမ္မတရကပမဟုတ်လို့ ပေးလို့ရပါတယ်လို့ ပြောခဲ့တာ တင်ထားပါတယ်။ ဥပဒေက နိုင်ငံသားမဟုတ်ရင် ဖက်ဒရယ် ဆီးနိတ်၊ အောက်လွှတ်တော် ဘယ်ဟာမှ ပေးလို့မရပါဘူး။ မင်နီဆိုးတားမှာ တယောက်ပေးနိုင်ရင် အဲဒီတယောက်နေ နောက် ၈ယောက်အထိ ခေါ်လာမဲပေးခွင့် တရားဝင်လည်းရှိ၊ ID လည်းမလိုနေတော့ ဘယ်လိုလုပ်ပြီး နိုင်မှာပါလဲ။
မဲတွေ သမာသမတ်ကျသလားဆိုရင် မဲပေးဖို့ ID လိုသလားဆိုတာနဲ့ တိုင်းရပါမယ်။ အမေရိကန်မှာ ပြည်နယ် ၅၀ရှိတဲ့အနက် ၂၄ခုကပဲ ဓါတ်ပုံပါတဲ့ ID ပါမှ မဲပေးလို့ရတာ ဖြစ်ပါတယ်။ အဲဒီ ၂၄ပြည်နယ်က ရီပါဘလစ်ကန်ပြည်နယ်တွေပါ။ ပြည်နယ် ၁၂ခုက ID ဖြစ်ရင်ပြီးရော ဓါတ်ပုံပါစရာမလို ဆိုတော့ ID မလိုတာနဲ့ သိပ်မထူးပါဘူး။ ပြည်နယ် ၁၄ခုကတော့ ဘာ ID မှ မလိုတဲ့အပြင် ကာလီဖိုးနီးယားတို့ နယူးယောက်တို့ဆို အပြကို မခံပါဘူး။ အဲဒါတွေကတော့ အပြာပြည်နယ်တွေမှန်း ခန့်မှန်းနိုင်ကြမှာပါ။
မဲခိုးမယ့်ပါတီက photo ID လိုတာ နိုင်ငံသားဖြစ်ကြောင်းပြဖို့လိုအပ်တာ စတဲ့ ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားပါ့မလားဆိုတာ တမင်အရူးလုပ်နေကြသူတွေကလွဲရင် ကျန်သူတွေ နားလည်နိုင်မှာပါ။ ပြည်နယ် ၅၀ထဲက ၁၂ပြည်နယ်ကသာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်မှ မဲပေးရန် မှတ်ပုံတင်ခွင့်ရှိမယ်ဆိုတဲ့ ဥပဒေ ထုတ်ထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ တက္ကဆက်စ် မပါပါဘူး။ အဲဒီ
၁၂ပြည်နယ်ထဲမှာလည်း တင်းပြည့်ကျပ်ပြည့် လိုအပ်တာက ၄ပြည်နယ်ပါ၊ ကျန်တာတွေက အခြေအနေ တမျိုးမျိုးရှိမှတို့၊ ဘယ်ကနေမှတ်ပုံတင်မှတို့ဆိုတဲ့ ချွင်းချက်တွေပါနေပြီး KS နဲ့ NH နှစ်ပြည်နယ်က တရားရုံးက ပယ်ချခံထားရပါတယ်။ အလာဘားမားနဲ့ လူဝီစီယားနားတို့က ဥပဒေထွက်ပေမယ့် မလုပ်ရေးချမလုပ်ပါ။ ဖလော်ရီဒါက လာမယ့်နှစ်မှ စတင်သက်ရောက်မှာပါ။
ဒါကြောင့် မဲပေးဖို့ ID လိုတယ်ဆိုပေမယ့် နိုင်ငံသားမဟုတ်ပဲ မဲစာရင်းထဲ ရောက်နေနိုင်တာက တက္ကဆက်စ်မှာ ဒီမိုကရက်တွေ နိုင်ရတဲ့ အကြောင်းတခု ဖြစ်နိုင်ပါတယ်။ တက္ကဆက်စ်မှာ မွတ်တွေ အင်အားကောင်းလာပြီး ကာလီဖိုးနီးယားက အပြာတွေ အလုံးအရင်းနဲ့ ပြောင်းလာကြတာက နောက်အကြောင်း၂ခု ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့သူတွေ မဲပေးနှုန်းက ၅၀% လောက်ရှိမယ့်အချိန်မှာ သူတို့က ၁၀၀% ကျော်အောင် ထွက်ပေးကြမှာ သေချာပါတယ်။
ဒါကြောင့်လည်း သမ္မတထရမ့်ရဲ့ the SAFE Act ကို ဒီမိုကရက်တွေနဲ့ အမည်ခံရီပါဘလစ်ကန် (ရိုင်နို) တွေက အကြီးအကျယ် ကန့်ကွက်နေခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ နိုင်ငံသားမဟုတ်ပဲ ID မလိုပဲ မဲပေးလို့ရတဲ့နိုင်ငံက အမေရိကန်တခုပဲရှိမှာပါ။ ခိုးပြီးနိုင်တယ်ဆိုတာ နိုင်တဲ့အပေါ် ဂုဏ်ယူစရာ ဘာမှ မရှိတဲ့အပြင် ရှက်တတ်မယ်ဆိုရင် ရှက်စရာတောင် ကောင်းပါသေးတယ်။
အလက်စ်ကားမှာ ရီပါလစ်ကန်ဆီးနိတ်ကိုယ်စားလှယ်နဲ့ နာမည်တူတဦးကို ဒီမိုကရက်တွေက ရှာပြီး သေချာသင်ပေးထားကာ ဖွက်ထားပါတယ်။ ရီပါဘလစ်ကန်တွေက မဲပြားပေါ်ပါလာမှ သိကြရတဲ့ အဖြစ်ပါ။ နာမည်တူတော့ မှားချစ်မိကြတာနဲ့ တကယ့်ရီပါဘလစ်ကန်ကိုယ်စားလှယ်က ထောင်နဲ့ချီတဲ့ မဲတွေ ဆုံးရှုံးသွားခဲ့တာပါ။ အဲဒီအတွက် တရားစွဲခဲ့ပေမယ့် တရားရုံးက ပလပ်ခဲ့ပါတယ်။ ၂၀၂၀ တုန်းက ညတွင်းချင်း မဲရေတာ ရပ်ပြီးတော့ကို အပြတ်အသတ် ခိုးကြတုန်းကတောင် အောက်ရုံးနဲ့ အထက်ရုံး ဘော်လီဘော ပုတ်ခဲ့ကြတာဆိုတော့ ခုကိစ္စလောက်က အကင်းပါပဲ။ ဒီကိစ္စဖြစ်တော့ မြန်မာပြည်မှာ ၂၀၂၀ ရကပတုန်းက NLD နဲ့ နာမည်ဆင် Logo ဆင်တာတွေ အများကြီးထွက်လာတာ သတိရမိပါတယ်။
မုသားမှိုင်းကလည်း အတော်တာသွားပါတယ်။ ဆီဈေးတက်တာကို ထရမ့်ကို အပြစ်တင်တယ်။ အပြစ်တင်တာက လွယ်တယ်လေ။ ဘာမှ နားလည်စရာလည်းမလိုတော့ လူပိန်းလည်းကြိုက်တာပေါ့။ တကယ်တော့ ဈေးကွက်ထဲမှာ ရေနံတွေ အလျံပယ်ရှိပါလျက်နဲ့ ဈေးတက်နေတာက လန်ဒန်က ဘရန့်နဲ့ တက္ကဆက်စ်က WTI နဲ့က သတ်မှတ်ကြတာပါ။ ကမ္ဘာ့ရွာသမားတွေနဲ့ အလွမ်းသင့်တဲ့ ဘရန့်က ရေနံစိမ်းဈေးကို ဆွဲတင်ချင်တာနဲ့ ရေနံကုမ္ပဏီကြီးတွေက ဝယ်ရောင်းအဆင့်ဆင့်လုပ်ကြပြီး အမြတ်အိတ်ထဲထဲ့ကြတာရယ် အီရန်နဲ့ တပည့်တွေက လှမ်းလှမ်းပစ်ပြနေတယ်ဆိုတဲ့ သတင်းတွေ တက်လာလေလေ Lloyd Insurance က ဟော်မုဇ်နဲ့ ပင်လယ်နီဘက်က ဖြတ်သမျှ သင်္ဘောတွေရဲ့ အာမခံကြေး တက်ပစ်တာတွေရယ်ကြောင့် ရေနံဈေးက ကစားလို့ကို တက်တာဖြစ်နေပါတယ်။
တပြည်ထဲချင်းတူတူ ရေနံချက်စက်ရုံပိတ် ပိုက်လိုင်းပိတ်အောင်လုပ်တဲ့ အခွန်များတဲ့ ကာလီဖိုးနီးယားမှာ ဆီဈေးက ၂ဆလောက်ဖြစ်နေတာလည်း တမင်ကို မကျအောင် လုပ်နေတာ ထင်ရှားစေတာပါပဲ။ ဒါပေမယ့် ရှင်းပြလည်း နားလည်အောင် ကြိုးစားမယ့်သူက အနည်းစုဆိုတော့ ဘလိမ်းတာကပဲ များများ မြန်မြန်ပြန့်ပါတယ်။
သမ္မတထရမ့်က အီရန်စစ်ကို တိုက်နေတာ အီရန်ကိုတင် တိုက်တာမဟုတ်ပါဘူး။ အီရန်ရဲ့နောက်မှာ တရုပ်၊ ရုရှားအပြင် ဒီမိုကရက်တွေ၊ ကမ္ဘာ့ရွာဥရောပခေါင်းဆောင်တွေ ရှိနေတာ ကြည့်ရင် မြင်မှာပါ။ အမေရိကန်ရဲ့ ခြအုံကြီးက တနည်းပြောရရင် ကမ္ဘာရဲ့ ခြအုံကြီးပါပဲ။ တရုပ်ဘာလုပ်လုပ် အဲဒီအုပ်စုက ရေငုံနေကြ၊ ငုံ့ခံကြတာကိုကြည့်ရင် သူတို့တွေက ရန်ဖက်လား တဖက်တည်းလားဆိုတာ သိမှာပါ။ ပူတင်ကတော့ သူ့အာဏာမြဲဖို့အတွက် လည်သလိုလုပ်စားမှာပါပဲ။
အဲဒီအုပ်စုက ကမ္ဘာမှာ သူတို့ကို ဩဇာခံမယ့် အစိုးရတွေတက်လာအောင် USAID နဲ့ NGO တွေကတဆင့် color revolution တွေဖြစ်လာအောင် ဖန်တီးပြီး အာဏာအပြောင်းအလဲဖြစ်ဖို့ ကြိုးစားကြပါတယ်။ ယူကရိန်းကလည်း တခုအပါအဝင်ပါပဲ။ ရုရှားနဲ့ အဆင်ပြေတဲ့အစိုးရတွေကို ခြစားလို့ဆိုပြီး ဖြုတ်ချ၊ သူတို့ကြိုးဆွဲရာကမယ့်သူ တက်ဖို့ ပံ့ပိုးပေးတာပါ။
အဲဒီအာဏာသိမ်းမှုတွေကို ကြိုးကိုင်တာက ဒီမိုကရေစီနိုင်ငံတွေဖြစ်လို့ ဒီမိုကရေစီကျတဲ့ အစိုးရတွေ တက်လာအောင် ပံ့ပိုးမယ်လို့ မထင်လိုက်ပါနဲ့။ အီရန်မှာ မူလာတွေ တက်လာတာ အဲဒီကွန်ယက်ရဲ့ စနက်ပါ။ ရှားဘုရင်လက်ထက်မှာ တိုင်းပြည်က လွတ်လပ်၊ တိုးတက် အေးချမ်းပေမယ့် ခြစားတယ်လို့ စွပ်စွဲပြီး ဖြုတ်ချဖို့ မြှောက်ပေးကြတာပါ။ အဓိကအကြောင်းက ရှားဘုရင်လက်ထက်မှာ တိုင်းပြည်က သိပ်တိုးတက်ပြီး သူတို့ ကြိုးဆွဲမရတော့လို့ဖြစ်ပါတယ်။ ဒီမိုကရေစီကျတဲ့ အစိုးရတွေက သူများကြိုးဆွဲတိုင်း မကပါဘူး။ ဒေါ်စုကို သူတို့တွေ မကူကြတာလည်း ဒေါ်စုက သူတို့ကြိုးဆွဲတာ မခံလို့ပါ။
အီဂျစ်က Anwar Sadat က အစ္စရေးနဲ့ Camp David Accords ကို လက်မှတ်ထိုးပြီး ၂နှစ်အကြာမှာ လုပ်ကြံခံရတာပါ။ အာရပ်စပရင်းမှာ မူဘာရက်ကို ဖြုတ်ချပြီးနောက်မှာ ရကပလုပ်ပြီး မွတ်ဘရားသားဟုက မော်စီတက်လာပါတယ်။ သူ့ကို တပ်က အာဏာပြန်သိမ်းတာ ခုထိ တပ်ကလူ အုပ်စိုးနေဆဲပါ။ လစ်ဗျားလည်း ပြည်တွင်းစစ်၊ ဆီးရီးယားလည်း ပြည်တွင်းစစ်၊ ယီမင်လည်း အီရန်တပည့် စစ်သွေးကြွတွေဒဏ်ခံရပြီး ပြည်တွင်းစစ် ဖြစ်နေပါတယ်။ အာရပ်စပရင်းစခဲ့တဲ့ တူနီးရှားမှာ အစက ဟုတ်မလိုလိုနဲ့ နောက်တော့ စီးပွားရေးအဆင်မပြေ၊ နိုင်ငံရေးပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဒီမိုကရေစီပါ လျော့ကျလာနေပါပြီ။ ဒီမိုကရေစီဆိုတဲ့ ကမ္ဘာ့ရွာနိုင်ငံတွေကိုယ်၌မှာ ဒီမိုကရေစီ တစစ ဆိတ်သုဥ်းလာနေတာ ဥရောပကိုကြည့်ရင် ရှင်းပါလိမ့်မယ်။
တိုတိုပြောရရင် သူတို့ဝင်ပါလိုက်တဲ့နိုင်ငံတွေဟာ အာဏာရှင်လက်အောက် ရောက်ရင်ရောက်၊ မရောက်ရင် ပြည်တွင်းစစ်နဲ့ ဒုက္ခများကုန်ကြတာပါပဲ။ စစ်ဖြစ်တော့ လူသေတာလည်း ကမ္ဘာမှာ လူဦးရေသိပ်များနေတယ်လို့ ယူဆကြတဲ့ ကမ္ဘာ့ရွာအကြိုက်ဖြစ်သလို သူတို့နဲ့ သူတို့တပည့်နိုင်ငံတွေ လက်နက်ရောင်းရတာလည်း အမြတ်ပဲဖြစ်ပါတယ်။ တရုတ်တို့ အီရန်တို့လက်နက်ရောင်းရတာ သူတို့ကျေးဇူးတွေ များပါတယ်။
သမ္မတထရမ့်က သမ္မတ ဝီလီယံမက်ကင်လေတို့လိုပဲ ပြည်တွင်းကုန်ထုတ်လုပ်မှုကို ဦးစားပေးတာ၊ ပြည်သူကို အခွန်မကောက်ပဲ ပြည်တွင်းကုန်ထုတ်လုပ်မှုကို ကာကွယ်ပေးတဲ့ ကုန်သွယ်ခွန်နဲ့ တိုင်းပြည်ကို လည်ပတ်စေတာတွေ လုပ်ပေးချင်တာအပြင် စီအိုင်အေတို့ USAID တို့က ကမ္ဘာမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားအောင် ပြုလုပ်တာမျိုး၊ ကိုယ့်အချုပ်အချာအာဏာထက် ကမ္ဘာ့ရွာအီလိတွေ အကျိုးစီးပွားကို ရှေ့တန်းတင်ရမှာမျိုးတွေကို အဆုံးသတ်ချင်တာဖြစ်လို့ လုပ်ကြံခံရတဲ့ မက်ကင်လေလိုပဲ အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားခံခဲ့ရတာပါ။ ကိုယ့်နိုင်ငံနယ်ခြားကို သူတို့ဖိအားပေးလို့ ဖွင့်ပေးရမယ်ဆိုတာက ကိုယ့်အချုပ်အချာအာဏာကို စော်ကားတာပါပဲ။ မြန်မာနိုင်ငံမှာလည်း အနောက်တခါးကိစ္စက အပေါ်ကအုပ်စုရဲ့ စနက်မကင်းပါဘူး။
အခုလို လွှတ်တော်မှာ ဒီမိုကရက်အများစုဖြစ်တော့ ဘာတွေဖြစ်လာမလဲဆိုရင် ဘိုင်ဒန် ၄နှစ်ကလိုပဲ တိုင်းပြည်အတွက် ဘာအကျိုးရှိတာမှ လုပ်ပေးမှာမဟုတ်ပဲ သူတို့ခိုးစားနေတဲ့ စားခွက်ကိုဖျောက်ပစ်တဲ့ သမ္မတထရမ့်ကိုပဲ impeach လုပ်ဖို့၊ သမ္မတရဲ့ မိသားစု သစ္စာခံသူတွေကို နှောက်ယှက်ခြိမ်းခြောက်ဖို့ ကြိုးစားကြပါလိမ့်မယ်။ 9/11 ကို ဖြစ်သင့်တယ်လို့ဆိုတဲ့သူ ထောက်ခံထားတဲ့ အဗဒူလ်အပြင် ၉/၁၁ ဖြစ်ခဲ့တာဟာ အမေရိကန်ရဲ့အပြစ်လို့ ဆိုသူ ပရိုဟာမာ့စ် မွတ်စလင် Aber Kawas က
နယူးယောက်ပြည်နယ်လွှတ်တော်မှာ နိုင်သွားတဲ့အတွက် နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ ကျမအကောင့်မှာ ပုံမှန်လာဆဲနေကြသူတွေကလည်း ၉/၁၁ ကို ထောက်ခံသူတွေက အများစုပါ။
သူတို့လက်နက်ဖြစ်တဲ့ ကလိုင်းမိတ်လက်နက်တွေ ပြန်ဆွဲထုတ်လာပြီး ပြီးခဲ့တဲ့ ၂နှစ်အတွင်း အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရောက်နေတဲ့ ကုမ္ပဏီတွေကို ကြပ်ဖို့ ပြန်ပြေးအောင်လုပ်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါတွေက တိုင်းပြည်နဲ့ ပြည်သူအတွက် ဘယ်လိုမှ အကျိုးမရှိမှာ သိသာပေမယ့် သူတို့အတွက် ဒါက အရေးမကြီးပါဘူး။ သူတို့လိုချင်တဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့ လော်ဘီတွေ အလုပ်များများ ရပြီး ထောကြပါလိမ့်မယ်။ သူတို့ဘက်သား အရည်အချင်းမရှိတဲ့ ရုပ်သေးတွေ တက်နိုင်အောင် DEI ကို ပြန်အသက်သွင်းတာမျိုးလည်း ဖြစ်လာနိုင်ပါမယ်။
တကယ်တော့ ပြီးခဲ့တဲ့ ၂နှစ်မှာလည်း သမ္မတထရမ့်လုပ်ခဲ့သမျှထဲမှာ လွှတ်တော်ရဲ့ အကူအညီ ပါတာက Tip တို့ Social Security income တို့ပေါ်မှာ ဝင်ငွေမကောက်တဲ့ the Big Beautiful Bill ပဲရှိပါတယ်။ ကျန်တာက Executive Order ခေါ်တဲ့ သမ္မတအမိန့်တွေနဲ့ပဲ လုပ်ခဲ့ကြတာဖြစ်လို့ ရှေ့လျောက်ပြီးလည်း ဒီလိုပဲ ဆက်လုပ်သွားရမှာပါ။ နိုင်ငံခြားရေးပေါ်လစီက သမ္မတက ချရတာဖြစ်လို့ အဲဒါလည်း အပြောင်းအလဲရှိလာမှာ မဟုတ်ပါဘူး။ တခုရှိတာက Executive Order တွေက သမ္မတသက်တမ်း အတွင်းမှာပဲ အကျုံးဝင်တာဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ အခွန်လျော့တဲ့ဥပဒေတွေကလည်း ကွန်ဂရက်စ်က သက်တမ်းမတိုးခဲ့ရင် ၂၀၂၈အထိပဲ ခံမှာပါ။
ဟူစိန်အိုဘမလက်ထက်တုန်းကလည်း “ငါ့မှာ ဖုံးတလုံး၊ ဘောပင်တချောင်းရှိရင် ဆက်လုပ်လို့ရပြီ၊ လွှတ်တော်တွေမှာ ရီပါဘလစ်ကန်တွေကြီးစိုးလည်း ငါ့အပေါ် ဘာမှ သက်ရောက်မှုမရှိဘူး” လို့ ပြောခဲ့တာပါပဲ။ ဒီမိုကရေစီရေးကို အားပေးပါတယ်လို့ မြန်မာတွေ ထင်နေကြတဲ့ ဒီမိုကရက်/ ဟူစိန်အိုက ကွန်မြူနစ်ကျူးဘားကို အပြည့်အဝ အသိအမှတ်ပြုခဲ့သလို ခုလည်း ပြည်သူကို ထင်သလိုသတ်ဖြတ်နေတဲ့ အီရန်ကို ထောက်ခံနေပြန်တာကိုကြည့်ရင် ဒီမိုကရေစီ/ ပြည်သူကို တန်ဖိုးထား/မထား သဘောပေါက်သင့်နေပါပြီ။
ဒီမိုကရက်တွေရဲ့ lawfare ကို ကိုင်တွယ်ဖို့ သမ္မတထရမ့်က Mr. Veto လုပ်မယ်လို့ ပြောထားပြီး ဒီမိုကရက်တွေ ပြဿနာရှာနိုင်တဲ့ သူအစိုးရအဖွဲ့ဝင်တွေကို ပါဒန်တွေ ပေးသွားမယ်လို့ ပြောထားပါတယ်။ အပြစ်လုပ်ထားတာ မဟုတ်ပေမယ့် မြန်မာပြည်လိုပဲ အပြစ်မဲ့သူတွေ မတရားစွဲချက်မျိုးစုံနဲ့ နှိပ်ကွပ်ခံနေရတဲ့နေရာမှာ သမ္မတက ပါဒန်ပေးနိုင်နေသေးတာက မြန်မာပြည်ထက် သာတဲ့အချက်ပါပဲ။
ဒီမိုကရက်တွေ ကြီးစိုးပြီးတဲ့ပြည်နယ်တွေဟာ အနီပြန်တက်ဖို့ အင်မတန် ခက်ပါတယ်။ ဒီမိုကရက်တွေက စီသူတို့ကို ကြိုက်လွန်းလို့ဆိုတာထက် မဲပေးတဲ့ ဥပဒေတွေကို ခိုးလို့ လွယ်အောင် လုပ်တာရယ်၊ နိုင်ငံသားမဟုတ်သူ၊ အိမ်ယာမဲ့ စတဲ့ သူတို့ကိုမဲပေးမှာ (မဲရအောင်လုပ်နိုင်မှာ) သေချာသူတွေကို အကုန်အကျခံပြီး တမင်ကို မွေးထားကြတာရယ်ကြောင့်ပါ။
မဲစာရင်းကိုင်တဲ့ ပြည်နယ်တွေက States Department တွေနဲ့ DMV တွေက အစိုးရဝန်ထမ်းတွေ ဖြစ်ကြတော့ မြန်မာပြည်က ဝန်ထမ်းအများစုလိုပဲ ခွင်ဖန်ပေးနိုင်တဲ့ ဒီမိုကရက်ဖက် ပါကြပါတယ်။ မဲခိုးနိုင်တဲ့ မြို့ကြီးတွေက ခရိုင်ရှေ့နေတွေကလည်း အိုဘမလက်ထက်ကတည်းက ဆိုရော့စ်က လက်ဝဲအဆန်ဆုံးလူတွေကိုရွေးပြီး အရွေးခံရအောင် သေချာပံ့ပိုးပေးထားခဲ့တာဖြစ်လို့ အမှန်တရားပေါ်ပေါက်ဖို့က ခက်ပါတယ်။ Judicial Watch က မဲစာရင်းတွေ သန့်သွားအောင် တရားလိုက်စွဲနေတာ နိုင်တာချည့်ပါပဲ။ ဒါပေမယ့် လုပ်မယ်ပြောပြီး တကယ်ထိထိရောက်ရောက် မလုပ်တော့လည်း ထိရောက်မှုက အများကြီးရှိမနေပါဘူး။
ကျောင်းတွေမှာ ကလေးတွေကို လိင်ကိစ္စနဲ့ ရင်းနှီးစေလိုတာ ပညာရေးအဆင့်နှိမ့်ချင်တာတွေအတွက် ကျောင်းဘုတ်အဖွဲ့တွေ မြို့တွေမှာ သမာသမတ်ကျဖို့ မြို့ကောင်စီတွေမှာ ဝင်အရွေးခံကြရမှာပါ။ ရီပါဘလစ်ကန်တွေဆိုရင် ဝိုင်းပြီး နှောက်ယှက်ဆဲဆိုကြတဲ့ ဒီမိုကရက်ဗျူဟာကြောင့် အေးအေးနေချင်တဲ့ ရီပါဘလစ်ကန်တွေက ဝင်မပါကြတာက အမှားကြီးတခုပါ။ မဲရုံတွေမှာ စောင့်ကြဖို့ မဲဆွယ်စည်းရုံးကြဖို့ကိုလည်း တွန့်ကြပါတယ်။
ရီပါဘလစ်ကန်တွေက အစိုးရဆီက ခိုးစား ချူစားသူတွေ မပါပဲ အလုပ်ကြိုးစားလုပ်ကြလို့ အချိန်မရှိကြတာလည်း ပါသလို ကိုယ်ပိုင်အလုပ် လုပ်သူတွေကျတော့လည်း ကိုယ့်ဖောက်သည်တွေက ပါတီစုံကဖြစ်နိုင်ပြီး လခစားလုပ်ပြန်တော့ ထမင်းအိုးကွဲမှာစိုးကြတဲ့အတွက် တက်ကြွလှုပ်ရှားဖို့ ခက်ကြပြန်ပါတယ်။ ဒီနိုင်ငံမှာ ဘူလီတွေကပဲ လုပ်ချင်တာလုပ်ခွင့်ရှိသလို ဖြစ်နေတာပါ။ ဒါပေမယ့် ကိုယ့်လက်ထက်မှာ မလုပ်ချင်တာကို တွန်းမလုပ်ခဲ့ရင် ကိုယ့်ကလေးတွေလက်ထက်ကျတော့ ပိုဆိုးပါလိမ့်မယ်။
အလုပ်ပုံမှန်လုပ်၊ စိတ်ရှုပ်မခံ၊ အများကို ဒုက္ခမပေး၊ အချိန်တန် မဲသွားပေးရုံနဲ့ အစစအဆင်ပြေသွားမယ်ဆိုတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ ရှေ့ကို ဒီလိုပဲ ဆက်နေသွားပြီး သူများတွေလုပ်လိမ့်မယ်ဆိုတဲ့ စိတ်ဓါတ်ထားနေသ၍ အဓမ္မဝါဒီတွေ ကြီးစိုးနေဦးမှာပါပဲ။ ညစ်တဲ့သူတွေနဲ့ပြိုင်ရင် မှန်ကန်တဲ့သူက ပိုကြိုးစားရတာ သဘာဝပါ။
တခုရှိတာက ၂၀၂၀ကလွဲလို့ သမ္မတရကပဆိုရင် မဲခိုးဖို့က ပိုခက်တဲ့အတွက် ၂၀၂၈မှာ တိုင်းပြည်အကျိုးပြုပါတီ နိုင်ဖို့အတွက် ခုထဲက ကိုယ်ပါနိုင်တဲ့နေရာတိုင်းမှာ ကြိုးစားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။