မစ်တမ်းရွေးကောက်ပွဲကပေးတဲ့ သင်ခန်းစာများ

ပြည်သူတွေက မကျေနပ်ချက်တွေ ရှိလာရင် ရကပတွေမှာ ထုတ်ပြကြတဲ့အတွက် ၂နှစ်တခါ ချိန်သီးလွှဲတဲ့သဘောမျိုးက ရှိနေတာဖြစ်ပါတယ်။ swing voter အများစုက လက်ရှိပါတီကြောင့် ကြပ်တည်းတယ်ထင်ရင် လတ်တလော ဖြေရှင်းပေးမယ် လို့ ကတိပြုတဲ့ နောက်ပါတီကို မဲပေးကြပါတယ်။ ဒီတခါမှာ မဲဆန္ဒရှင်တွေ မကျေနပ်ကြတာက မပြီးနိုင်တဲ့စစ်နဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေလို့ ဆိုပါတယ်။ အဲဒီအကြောင်းပြချက်တွေ တကယ်ပဲလား၊ တခြားဘာတွေ ရှိနိုင်သေးလဲဆိုတာကို ကြည့်ကြရအောင်။

စစ်ဆိုတာကို စစ်နဲ့လုပ်စားကြတဲ့ နီယိုကွန်တွေ နီယိုလစ်ဘ်တွေကလွဲလို့ ဘယ်ပြည်သူကမှ မကြိုက်သလို သမ္မတထရမ့်ကလည်း စစ်ကို ဆန့်ကျင်ကြောင်း အမြဲပြောနေခဲ့တာပါ။ မျှမျှတတ ယှဥ်ကြည့်မယ်ဆိုရင်

– ဘုရှ် ၄၃လက်ထက်မှာ အာဖဂန်စစ်က ၈နှစ်၊ အီရတ်စစ်က ၆နှစ်နဲ့ စစ်သည် ၅၀၀၀ကျော် ဆုံးရှုံးခဲ့ပါတယ်။

– အိုဘမလက်ထက်မှာ အာဖဂန်စစ်က အထွဋ်အထိတ်ရောက်ခဲ့ပြီး ISIS ပေါ်ပေါက်လာခဲ့သလို အာရပ်နွေဦးတွေနဲ့ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနိုင်ငံတွေမှာ ပြည်တွင်းစစ်တွေ ချန်ရစ်ခဲ့တာပါ။ တပ်အင်အား ၂၀၀၀ခန့် ဆုံးရှုံးခဲ့ပါတယ်။

– ထရမ့်ပထမသက်တမ်းမှာ အိုဘမလက်ကျန်စစ်တွေကို အစသတ်ခဲ့ပြီး ဗုံး/မိုင်းတွေကြောင့် တပ်သား ၁၀၀ခန့် သေဆုံးခဲ့ပါတယ်။

– ဘိုင်ဒန်လက်ထက်မှာ အာဖဂန်ကနေ ကသောင်းကနင်းတပ်ရုပ်ရာမှာ ချန်ခဲ့တဲ့တပ်သား ၁၃ဦး အသတ်ခံရတဲ့အပြင် ၇.၂ ဘီလီယံဖိုး စစ်လက်နက် ယာဥ် ယန္တရားတွေထားခဲ့လို့ တာလီဘန်၊ အယ်ကိုင်းဒါးနဲ့ ယူကရိန်း တရုပ်ဆီ ရောက်သွားခဲ့ပါတယ်။

– အီရန်စစ် ၈လကျော်မှာ တကယ်တိုက်ခဲ့တာက ၂လတောင်မပြည့်ပဲ တပ်အင်အား ၂၃ဦး ကျဆုံးခဲ့ပါတယ်။ လောလောဆယ်က စီးပွားရေး ပိတ်ဆို့တဲ့အပိုင်းပါ။ အဲဒီအပိုင်းကမှ တရုပ်က တိုင်ဝမ်ကို စစ်ဆင်ဖို့ အဟန့်အတားဖြစ်စေသလို အီရန်အပေါ် စွမ်းအင်/လေယာဥ်ဆီ/ လက်နက်/ငွေ မှီခိုနေရတဲ့ အကြမ်းဖက်အုပ်စု/ အစိုးရတွေ အကြပ်တွေ့မယ့်အပြင် အကြမ်းဖက်ယန္တရားတွေ အသက်ဆက်နေနိုင်တဲ့ ငွေကြေးစီးဆင်းမှု သွေးကြောတွေကို ရပ်တံ့စေမှာပါ။

အရင်သမ္မတတွေလိုပဲ အီရန်က ဘယ်လောက်အန္တရာယ်ကြီးကြောင်း တဖွဖွပြောပြီး လက်တွေ့ကျမှ ဘာမှမလုပ်ခဲ့တာမျိုး နေမယ်ဆို နေလို့ရပါတယ်။ အိုဘမလို ပိုက်ဆံပုံပေးပြီးဖားလည်း ရတာပဲ၊ ကိုယ့်အိတ်ထဲက ကုန်တာမှမဟုတ်တာ။ နိုင်ငံရေးသမားဆိုရင် အဲဒီလိုပဲ လုပ်ကြမှာပါ။ ဒါပေမယ့် ပုဂ္ဂလိကကဏ္ဍက လာတဲ့သူက ပြဿနာရှိရင် အချိန်မဆွဲပဲ ဖြေရှင်းဖို့ ကြိုးစားတဲ့ ထုံးစံအတိုင်း သိပ်သတိကြီးတဲ့ မူလာတွေ ဆုံတောင့်ဆုံခဲ စုနေချိန်မှာ ထရှင်းလိုက်တာဖြစ်ပါတယ်။

အီရန်က နျူလက်နက် လုပ်နိုင်ဖို့ နဲနဲပဲလိုတော့တယ်ဆိုတာက အိုဘမလည်း ပြောခဲ့သလို အီရန်ကလည်း မငြင်းပါဘူး။ ဒါပေမယ့် အိုဘမက ၁၀၀-၁၅၀ ဘီလီယံပေးပြီး အချိန်ဆွဲဖို့ လာဘ်ထိုးပါတယ်၊ တကယ်စီစစ်တာတော့ မဟုတ်ပါဘူး။ ရလာဒ်က အဲဒီငွေနဲ့ အီရန်က လက်နက်လှိမ့်ထုတ်၊ အကြမ်းဖက်တွေမွေးပြီး အစ္စရေးကို အကြိမ်ကြိမ် သွားတိုက်နေတော့တာပါ။

အီရန်သာ နျူလက်နက်ပိုင်သွားရင် ဆင်ခြင်အားနည်းပြီး ရန်လိုတဲ့ မူလာတွေနဲ့ ဒေသတည်ငြိမ်ရေး ကမ္ဘာ့ငြိမ်းချမ်းရေးတို့ အကြီးအကျယ်ထိခိုက်လာမှာဖြစ်လို့ အခွင့်အရေးပေးတုန်း ရှင်းလိုက်ချင်တဲ့ ထရမ့်က မှားနေသလို ပြောကြသူတွေဟာ အီရန်ကမူလာတွေ နိုင်စေချင်တဲ့ပါတီက ဖြစ်နေပါတယ်။

နျူမရှိဘူးပဲထား၊ အီရန်ထုတ်ထားတဲ့ လက်နက်တွေက ဥရောပကို ပြာချလိုက်နိုင်တဲ့ ပမာဏဖြစ်တဲ့ အပြင် ဥရောပနိုင်ငံတွေအထိ ရောက်အောင်ပစ်နိုင်စွမ်းရှိနေတာကို အမေရိကန်က ဝင်တိုက်လိုက်တာက ဥရောပမဟာမိတ်တွေကို ကာကွယ်ခြင်းတမျိုးပါပဲ။

စစ်ကြောင့် ရီပါဘလစ်ကန်ကို မဲမပေးတော့တာပါ၊ စစ်ကြောင့် ရကပရှုံးတာပါဆိုရင် ဘာဖြစ်လို့ အမေရိကန်ကို ဟန်ဆောင်ပြီးတောင် မချစ်နိုင်ပဲ ပျက်စီးရာပျက်စီးကြောင်း လုပ်မယ့် ကမ္ဘာမှာ စစ်သွေးဆူအောင်လုပ်မယ့် လူစုတွေကို ဘာကြောင့်ရွေးကောက်ထားကြတာပါလဲ။

စစ်ကြောင့် ရေနံဈေးတက်လို့ မဲမပေးတာပါဆိုရင် စစ်မတိုင်ခင် ရေနံပေါများဖို့ စီစဥ်ခဲ့သလို အီရန်စစ်ပွဲကာလအတွင်း ရေနံဈေးတက်တာကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ ပြည်တွင်းထုတ်လုပ်မှု ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပြီး အမြင့်ဆုံးထုတ်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ရေနံစိမ်း ၁စည် ၁၀၀ကျော်တာ ပထမသက်တမ်းမှာမရှိပဲ ဒုတိယသက်တမ်းမှာ ရက်၃၀ကျော်ပဲ ရှိတာဖြစ်ပါတယ်။ အိုဘမခေတ်တုန်းက ရက် ၃၀၀ကျော်ပါတယ်။ ဒါကလည်း အီရန်ရဲ့ ခြိမ်းခြောက်မှု ကင်းဖို့အတွက် ရေတိုပေးဆပ်မှုလို့ အကြိမ်ကြိမ် ပြောခဲ့တာပါ။

ကုန်ဈေးနှုန်မှာလည်း ကား(ဟောင်း)ဈေး၊ အိမ်ဈေး၊ အခြေခံစားကုန်ဈေး၊ သက်သာလာတာက အရှိတရားဖြစ်ပြီး ရေနံဈေးက ယာယီဖြစ်ပါတယ်။ ငွေဖောင်းပွမှုက ဘိုင်ဒန်အိပ်နေသလောက်ပါ။

အီရန်စစ်မှာကုန်မယ့် ၄၇ဘီလီယံကို ကျန်းမာရေးအတွက် သုံးပါလားလို့ ပြောတဲ့လူတွေကပဲ အမေရိကန်နဲ့ ဘာမှမဆိုင်တဲ့ ယူကရိန်းစစ်မှာ ဘီလီယံ ၁၈၀ကျော် ပေးထားတာကိုတောင် အကန့်အသတ်မရှိ ထပ်ပေးစေချင်ကြသေးတာပါ။ အီရန်စစ်က မတိုက်ရင် အမေရိကန်နဲ့ လွတ်လပ်တဲ့ကမ္ဘာကို သေတွင်းပို့နိုင်ပါတယ်။ ယူကရိန်းစစ်က အဲလိုမဟုတ်ပါဘူး။

စစ်ကြောင့် ရေနံဈေးတက်တာမျိုးမဖြစ်အောင် ဈေးကွက်ထဲမှာ ရေနံတွေလိုသလောက်ရနိုင်အောင် လုပ်ထားပေမယ့် ဂလိုဘယ်လစ်တွေ ထိန်းချုပ်ထားတဲ့ လန်ဒန်က ဘရန့်ရေနံဈေးကွက်နဲ့ လွိုဒ်အာမခံတို့က ဦးဆောင်ပြီး ဈေးတက်အောင် ကစားကြတဲ့အတွက် ပြည်သူတွေအတွက် ဈေးကြီးပေမယ့် ရေနံကုမ္ပဏီကြီးတွေ အမြတ်ကြမ်းကုန်ကြပါတယ်။ ဈေးကစားတာ ဟုတ်/မဟုတ် ရကပမတိုင်ခင်က ရေနံစိမ်းစည် $105 ကနေ ရကပပြီးတာနဲ့ $85 အထိ ခုန်ဆင်းသွားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် CA မှာ ဓါတ်ဆီဈေးက ကျမသွားပါဘူး။ ဘာကြောင့်ပါလဲ။

အီရန်စစ်ကို ကွန်ဂရက်စ်မပါပဲ ဆက်တိုက်လို့ရမလားဆိုတော့ ကလင်တန်တုန်းက ကွန်ဂရက်စ်ကို ဘာမှအကြောင်းမကြားပဲ ဆားဗီးယားကိုသွားဗုံးကြဲခဲ့တာနဲ့ အိုဘမတုန်းက ကွန်မြူနစ်ကျူးဘားနဲ့ သံပြန်ဆက်ဆံတာ၊ အီရန်နဲ့ နျူသဘောတူညီချက် JCPOA လုပ်တာ၊ ယူအန်ရဲ့ မညီမျှမှုကို ဝေဖန်ခဲ့တဲ့ ကဒါးဖီးရဲ့ လစ်ဗျားကို ဝင်တိုက်တာ စတဲ့ အတော်ဆိုးရွားတဲ့ နိုင်ငံခြားရေးပေါ်လစီတွေကိုတောင် ကွန်ဂရက်စ် မပါပဲ ချခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ခုတောင် ပြန်တိုက်နေပါပြီ။

အရင်သမ္မတတွေနဲ့ မတူတာက စနစ်တကျ ဂုဏ်သိက္ခာလုပ်ကြံမှု၊ တရားရေးလုပ်ကြံမှု၊ အသက်လုပ်ကြံမှု စတာတွေကို ဒီမိုကရက်တွေ မခံရပဲ ပေါင်းမစားတဲ့ သမ္မတထရမ့်နဲ့ သူ့လူတွေက ခံရတာပါ။ သမိုင်းမှာ လူလိမ် ဂျပိုး သူခိုးတွေ လုပ်ကြံတာ ခံကြရလို့လား။

ထရမ့်လက်ထက်မှာ သတင်းစာရှင်းလင်းပွဲ အများကြီးလုပ်ပေးနေသလို တိုးတက်မှုအစီရင်ခံစာတွေ တင်ပြတဲ့ ကက်ဘိနက်အစည်းအဝေးတွေမှာ သတင်းသမားတွေ တင်ဆက်ခွင့် မေးမြန်းခွင့် ပြုထားသလို အိမ်ဖြူမှာလည်း သတင်းအမှန် အမြဲတင်ပေးနေပါတယ်။ သမ္မတထရမ့်က အားလုံးအသံကို နားထောင်သလို သူ့ဆီ တိုက်ရိုက်ဖုံးခေါ်ပြီး မေးကြတဲ့ မီဒီယာတွေကိုတောင် ပြန်ဖြေလို့ အံ့ဩနေကြတာပါ။ ဒါပေမယ့် နိုင်ငံရေးကျားဖြန့်တွေက မုသားမှိုင်းတွေ၊ noise တွေကို အမှန်တရား တိုးမပေါက်နိုင်အောင် ထုနဲ့ထည်နဲ့ လုပ်နေကြတဲ့အတွက် သတင်းအမှန်ကို source ကိုလိုက်မကြည့်တဲ့သူနဲ့ ခေါင်းအေးအေးထားပြီး ဆင်ခြင်တုံတရားနဲ့ ချိန်ဆလေ့မရှိသူတွေက အမှားတွေကို နားယောင်မှာပါပဲ။

နိုင်ငံရေးကျားဖြန့်တွေကလည်း အမှန်တကယ်ရှိနေတာပါ။ SI bot တွေနဲ့ ထောင်ချီတဲ့အကောင့်တွေနဲ့ မှန်/မှားရောတဲ့သတင်း၊ မမှန်သတင်း(အတင်း) တွေကို ဖြန့်ပေးတဲ့အဖွဲ့၊ divisive ကွန်မန့်တွေနဲ့ ပြန်ပြီး လူစိတ်ဝင်စားအောင် ပွဲဆူအောင် ဖိုက်ပြကြတဲ့အဖွဲ့တွေ ရုတ်တရက်ကြီး များလာတာ ယူကျု၊ ဖဘတွေမှာ အထင်အရှားပါပဲ။ ၂၀၂၂တုန်းက အိုဘမရဲ့ အိမ်ဖြူဝန်ထမ်းဟောင်း စတက်ဖနီဗလန်ရှာရဲ့ LMN မီဒီယာက ဆိုရော့စ်ဆီကရတဲ့ပိုက်ဆံနဲ့ အမေရိကန်က စပန်းနစ်ရေဒီယိုစတရှင် ၁၈ခုကို သန်း၆၀နဲ့ ဝယ်ခဲ့တာလည်း အခုလို မှိုင်းတွေအတွက် သုံးတာ ဖြစ်နိုင်ပါတယ်။

ဆက်စဥ်းစားသင့်တာတခုက ပြီးခဲ့တဲ့ တက္ကဆက်ဂါဗာနာရကပ ၃ကြိမ်မှာ လက်ရှိဂါဗာနာအက်ဘော့က မဲ၄သန်းခွဲဝန်းကျင်နဲ့ လာသမျှဒီမိုကရက်ပြိုင်ဖက်က ၃သန်းခွဲ ပုံမှန်ရကြတာပါ။ ဒီတကြိမ်မှာ အက်ဘော့က အရင်တခါကထက် မဲတသိန်းကျော်ပိုရခဲ့ပေမယ့် အနီပြည်နယ်က ဆိုရှယ်လစ်မက ခါတိုင်း ဒီမိုကရက်တွေရနေကျမဲထက် ၁.၇သန်းပိုရပြီး ၅.၂သန်း ရသွားတယ်ဆိုတာက ယုံနိုင်စရာ မရှိပါဘူး။ တပြည်လုံးမှာလည်း အရင်မစ်တမ်းထက် ရီပါဘလစ်ကန်မဲပေးသူ ၁သန်းခွဲတိုးလာတဲ့ အချိန်မှာ ဒီမိုကရက်က ၁၉သန်းကျော် တိုးလာတာလည်း ယုံချင်စရာမရှိပါဘူး။ ၂၀၂၀တုန်းက ဘိုင်ဒန် မဲ ၈၁သန်းရတယ်ဆိုတာကို ယုံကြသူတွေပဲ ဆက်ယုံကြဦးမှာပါ။ မယုံရင် ခိုးတာ ဝန်ခံသလိုဖြစ်နေမှာပေါ့။

DHS ဝကကြေညာချက်ထဲ ၄ပြည်နယ်ကို စစ်တာမှာ နိုင်ငံသားမဟုတ်သူ ၂သိန်းခွဲ မဲမှတ်ပုံတင်ထားတာ စာရင်းထွက်ထားပြီဆိုတော့ ကျန် ၄၆ပြည်နယ်ပါပေါင်းရင် သန်းနဲ့ချီမှာပါ။ ဝန်ကြီးက သင်ဟာ တရားဝင်မဲပေးခွင့် မရှိပဲ အမေရိကန်ရကပတွေမှာ မဲပေထားတယ်ဆိုရင် သင့်ကိုတွေ့အောင် လိုက်ရှာမယ်၊ တခြားအေဂျင်စီတွေနဲ့ပေါင်းပြီး အကိုးအကား၊ ပက်တန်၊ ရာဇဝင် တယောက်ချင်းစီ အကုန်တိုက်စစ်ပြီး တရားဥပဒေစိုးမိုးဖို့နဲ့ ရကပမှန်ကန်မှုရှိဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရကပမသမာမှုတွေတွေ့လို့ သတင်းပို့ရင် ဆုကြေးရမယ့်ဆီမှာလည်း ထောင်နဲ့ချီတဲ့ သတင်းပို့မှုတွေ ရရှိထားပြီးဖြစ်ပါတယ်။

SI ကို သုံးပြီး သတင်းမှားတွေ အပုတ်ချသတင်းတွေ လှိုင်လှိုင်တက်နေသလိုပဲ တရုပ်လုပ်မဲရေစက် တွေကို ဆက်သုံးနေတာကလည်း သံသယရှိစရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄လခန့်က သမ္မတထရမ့် ပြောသွားသလိုပဲ တရုပ်မှာ အမေရိကန်ရှိမဲပေးနိုင်သူ သန်း၂၂၀ရဲ့ ဒေတာတွေ ရှိနေပါတယ်။

MyPillow ပိုင်ရှင် Mike Lindell ရဲ့ ဆိုင်ဘာစီကျူရတီအဖွဲ့က တက္ကဆက်စ်၊ ကန်းဆပ်စ်အပါအဝင် ပြည်နယ်တွေမှာ ပုံစံတူအယ်လ်ဂိုရစ်သမ်တွေ တွေ့နေရတယ်လို့ ဆိုပါတယ်။ LA မြို့ဝန် ပဏာမရကပမှာ လက်ရှိကာရင်ဘက်စ်နဲ့ စပန်ဆာပရက်တို့နောက် တော်တော်လှမ်းလှမ်းမှာ ရောက်နေလို့ ငိုခဲ့ရတဲ့ ဆိုရှယ်လစ်မ Nithya Raman က မည်သို့မည်ပုံလုပ်လိုက်သည်မသိပဲ ဒုတိယဆင့် ရောက်လာပြီး ခုတော့ မြို့ဝန်နေရာနိုင်သွားပါပြီ။

ရီပါဘလစ်ကန်ထဲမှာ အဓိကပြဿနာတခုက ရိုင်နိုခြတွေ ရှိနေတာပါပဲ။ အောက်လွှတ်တော်က မဲပေးဆုံးဖြတ်ပြီးတဲ့ ဥပဒေကြမ်း ၇၀၀နီးပါးကို လက်ရှိ ရီပါဘလစ်ကန် လူများစုခေါင်းဆောင် ရိုင်နိုဂျွန်သုန်းက ပစ်ထားပြီး ဆီးနိတ်ကို အကြိမ်ကြိမ်အနားပေး၊ သမ္မတခန့်တဲ့သူတွေ မခန့်နိုင်အောင်လုပ် စသဖြင့် အမျိုးစုံ ကန့်လန့်တိုက်ပါတယ်။ SAVE Act ကိုသာ အတည်ပြုပေးခဲ့ရင် မဲပြဿနာတွေ အတော်ရှင်းသွားပြီး ရကပက သန့်သွားမှာပါ။

ခုလိုရှင်းပြရတာက အနာတခြားဆေးတခြားဆိုရင် ပါတီတွင်း ဘလိမ်းဂိမ်းတွေဖြစ်လာပြီး ပိုဆိုးမှာစိုးလို့ပါ။ အဲဒီလိုဖြစ်အောင်လည်း လုပ်နေကြပါတယ်။ ရီပါဘလစ်ကန်တွေအနေနဲ့ ပိုကောင်းအောင်လုပ်နိုင်တဲ့ နေရာတွေ အများကြီးရှိသေးသလို ဒီမိုကရက်တွေအနေနဲ့ လူထုထောက်ခံမှု အမှန်တကယ်ရှိတာလို့ ယုံကြည်ရင် the SAVE America Act ကို အတည်ပြုပေးဖို့ လိုပါတယ်။

Leave a Reply