More Democrats for Mike Rogers

မနေ့က မီရှီဂန်က အထင်ကရဒီမိုကရက်တွေစုပြီး ရီပါဘလစ်ကန် မိုက်ခ်ရောဂျားစ်ကို ထောက်ခံကြောင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ လူမည်းအစုအဖွဲ့နဲ့ ဂျူးအစုအဖွဲ့တွေ ပါဝင်ပါတယ်။ ပါတီကို လက်ဝဲစွန်းတွေ ချုပ်ကိုင်လာနေတာကို အလယ်အလတ်သမားတွေက မခံနိုင်ကြတော့လို့ ခုမှ ပေါက်ကွဲထွက်ကုန်ကြတာပါ။

အဗဒူက ဟေလီစတီဗင်စ်ကို မောင်းထုတ်ခဲ့တာဟာ နစ်ခ်ရှာလီတို့ မွတ်များတဲ့အရပ်ကို ဝင်လာလို့ မောင်းထုတ်ခံရသလိုပါပဲ။ သူတို့က ခုမှကြုံဖူးတော့ အဲဒီလိုတွေ တပြည်နယ်လုံး တနိုင်ငံလုံးမှာဖြစ်လာမှာကို ကြောက်သွားကြပုံ ရပါတယ်။

နောက်တချက်က အဗဒူလ်ကို ထောက်ခံပေးနေတဲ့ Hasan Piker က 9/11 ဖြစ်ရပ်က ဖြစ်သင့်တယ်လို့ ပြောခဲ့သူဖြစ်တာက အန္တရာယ်သတိပေးချက်ခေါင်းလောင်း ထိုးနေသလိုပါပဲ။

ဟေလီက ပါတီက အထုတ်ခံရတာကို လက်မခံပဲ သူက တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်ပေးမယ့် မိုက်ရောဂျားစ်ကို ထောက်ခံတာဟာ ဘာမှမမှားဘူးလို့ တုန့်ပြန်ခဲ့တာကို အဆိုပါအုပ်စုတွေက အားရပါးရ ထောက်ခံသွားကြပါတယ်။

သူတို့ပြောတဲ့ထဲမှာ အဓိကအချက်တွေက

  • မိုက်ရောဂျားစ်ကို ထောက်ခံရတာက မီရှီဂန်ပြည်သူတွေကို ခွဲခြားမပစ်ပဲ စုစုစည်းစည်း ဦးဆောင်မှုပေးနိုင်မှာဖြစ်လို့ဖြစ်ကြောင်း၊ လူဖြူ၊ လူမဲ၊ ဒီမိုကရက်၊ ရီပါဘလစ်ကန် စသဖြင့် သွေးကွဲနေစရာမလိုပဲ​ တိုင်းပြည်အတွက် အားလုံးညီညွတ်နေဖို့ အရေးကြီးကြောင်း၊ နိုင်ငံရေးထက် လူတွေက ပဓါနပိုကျကြောင်း၊
  • University of Michigan ဒေသကိုယ်စားလှယ်လောင်းတဦးက သူတို့တက္ကသိုလ်မှာလည်း အဗဒူလ်တို့လိုလူစုကိုပဲ ပ စားပေးနေကြပြီး ဂျူးတွေ လူမည်းတွေက အနှိမ်ခံတွေ ဖြစ်လာနေကြောင်း၊ ဒါက ကွန်မြူနတီတိုင်းမှာ ဖြစ်လာနေတာကို တွေ့ရကြောင်း၊ ဒါဟာ တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ မူတွေနဲ့ ကွဲလွဲနေတဲ့အတွက် လက်မခံနိုင်ကြောင်း၊
  • အနှစ် ၄၀ ဒီမိုကရက်လုပ်ခဲ့သူအမတ်တဦးက ဒီမိုကရက်ပါတီထဲ ဝင်သွားပြီးရင် အားလုံးက ကိုယ့်စိတ်နဲ့ကိုယ် စဥ်းစားခွင့်၊ ပြောဆိုခွင့် မရှိကြတော့ပဲ အပေါ်ကချမှတ်ပေးတဲ့ ဇတ်လမ်းအတိုင်းပဲ လိုက်ကရတော့တာဖြစ်ကြောင်း၊ ခုချိန်ကစပြီး ငါက ရီပါဘလစ်ကန်ဘက် မပြောင်းပေမယ့် ကိုယ့်တိုင်းပြည်ကိုချစ်မှာ ကိုယ့်အလံကို အမြတ်တနိုး ကိုင်ဆောင်မှာ သူ့ကလေးတွေ ကိုယ်တိုင် ကြိုက်ရာအလုပ်လုပ်ပြီး ဝင်ငွေရှာနိုင်အောင် တိုက်တွန်းမှာ ဖြစ်ကြောင်း၊ အမေရိကန်ဟာ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်လို့ ဒီမိုကရက်ဖြစ်သည့်တိုင် ကိုယ့်စိတ်နဲ့ကိုယ် တွေးခေါ်နိုင် ဆုံးဖြတ်နိုင်ရမှာဖြစ်ကြောင်း၊ အမေရိကန်ဟာလည်း ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ဂရိတ်တက်စ်နိုင်ငံဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ သူ့မဲဆန္ဒနယ်က ဘင်ဂါလီတွေများတဲ့အတွက် ဒီရကပမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒီလမ်းကြောင်းမှာပဲ ဆက်နေသွားမှာ ဖြစ်ကြောင်း၊
  • ဂျူးရက်ဘိုင်(ဘုန်းကြီး)တဦးက အဗဒူလ်ဟာ လွန်ခဲ့တဲ့လအနည်းငယ်က လူ ၁၄၀ကျော်ရှိတဲ့ အစ္စရေးဆင်နာဂေါ့ (ဘုရားကျောင်း)မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအပေါ် ပိုအထိအခိုက်များစေဖို့ ဆန္ဒပြုတဲ့စကားပဲ ထွက်ခဲ့တဲ့တာက သူ့ရဲ့ အကြမ်းဖက်မှုလိုလားတဲ့ သဘောထားကို ပြတာဖြစ်လို့ တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးပါကြောင်းများ ပြောသွားကြပါတယ်။

သူတို့ထွက်လာတာ အနည်းငယ် နောက်ကျကောင်းနောက်ကျနေပေမယ့် သူတို့ရဲ့ ရင်တွင်းစကားတွေ အရ ရှေ့လျောက် ဒီမိုကရက်ပါတီဟာ မွတ်နဲ့ ကွန်မီတွေရဲ့ ကြိုးဆွဲချုပ်ကိုင်မှုကို ငုံ့ခံမနေတော့မယ့် သူတွေ ထပ်ထွက်လာကြပြီး ပါတီတွင်းသန့်စင်ရေးတွေ ပြန်လုပ်သွားတဲ့အထိ ရောက်လာနိုင်ပါတယ်။ ပလိုးစီတောင် damage control ထွက်လုပ်လာရတဲ့အခြေအနေဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်ရင် အားလုံးအတွက် အပေါင်းလက္ခဏာပါ။ ခက်တာက သူတို့ထဲမှာ ကြောင်ချေး ဟူစိန်ထက်ပိုပြီး လည်တဲ့ ထက်တဲ့သူ မရှိနေတာပါပဲ။

ဒီမိုကရက်ပါတီဟာ မွတ်နဲ့ ကွန်မီဘောမနေရတဲ့ အခြေအနေက ကင်းလွတ်ပြီး ကိုယ့်စိတ်နဲ့ကိုယ် ပြောနိုင်ဆိုနိုင်သူတွေ ပေါ်ထွက်လာဖို့ အဲဒီလို အရည်အချင်းရှိသူတွေကို အခွင့်အရေးပေးဖို့လည်း လိုပါတယ်။ အဲဒီအခြေအနေရောက်ဖို့က ဝေးနေနိုင်သေးပေမယ့် ရောက်လာခဲ့တဲ့အခါ တိုင်းပြည်ကောင်းကျိုးအတွက် နှစ်ပါတီအကြိတ်အနယ် ယှဥ်ပြိုင်မှုတွေမှာ ပြည်သူတွေ ရန်မဖြစ် အမုန်းမပွားကြပဲ ဉာဏ်နဲ့ယှဥ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်။

https://fb.watch/KF-LRDZhOV

Leave a Reply